Premier League

ဂန်းနားပစ်မှတ်က ကိုင်ဆေဒိုထက်ကောင်းတယ်ဆိုပြီး အချွန်နဲ့မလိုက်တဲ့ ဂျိုးကိုး

အင်္ဂလန်တောင်ပံကစားသမားဟောင်း ဂျိုးကိုးက အာဆင်နယ်အနေနဲ့ ဒေါက်ဂလပ် လူးဝီးဇ်ကို ပေါင်သန်း ၁၀၀ ကျော် ပေးချေဖို့ လိုအပ်မှာဖြစ်တယ်လို့ ယုံကြည်နေပြီး အက်စတန်ဗီလာကြယ်ပွင့်ဟာ လက်ရှိမှာ ချဲလ်ဆီးကွင်းလယ်ကြယ်ပွင့် မွိုက်စ် ကိုင်ဆေဒိုထက်တောင် ပိုမိုကောင်းမွန်တဲ့ခြေစွမ်းပြသနေတယ်လို့ ခံစားနေရတာဖြစ်ပါတယ်။

ဘရာဇီးလ်ကွင်းလယ်ကစားသမားဟာ လာမယ့် ဇန်ဝါရီအပြောင်းအရွှေ့ကာလမတိုင်ခင် အာဆင်နယ်ရဲ့ ထိပ်တန်းကွင်းလယ်ပစ်မှတ်တွေထဲက တစ်ဦးဖြစ်ပေမယ့်လည်း ဂန်းနားတွေအနေနဲ့ အသက် ၂၅ နှစ်အရွယ်ကစားသမားကို မခေါ်ခင် ငွေကြေးရရှိအောင် ကစားသမားအချို့ကို ရောင်းထုတ်ဖို့လိုအပ်မှာဖြစ်ပါတယ်။

ဂျိုးကိုးက အာဆင်နယ်အနေနဲ့ ၂၀၂၆ ခုနှစ်အထိ အက်စတန် ဗီလာနဲ့ စာချုပ် ချုပ်ဆိုထားတဲ့ ဒေါက်ဂလပ် လူးဝီးဇ်ကို ခေါ်ယူနိုင်ဖို့အတွက် အဓိကကစားသမားတွေထဲက တစ်ဦးကို ရောင်းထုတ်ဖို့ လိုအပ်တယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။

“ခင်ဗျားသာ သူတို့စျေးတွေ(ဒီကလန် ရိုက်၊ ကိုင်ဆေဒို၊ အန်ဇို ဖာနန်ဒက်ဇ်)ကို ကြည့်လိုက်ရင် ဒီပမာဏတွေကတကယ်ကို မျှတပါတယ်။ သူက သူတို့လိုပဲ တူညီတဲ့လိဂ်မှာ စွမ်းဆောင်နေခဲ့ပြီး ကိုင်ဆေဒိုထက်တောင် ပိုကောင်းနေပါတယ်။ ရိုက်ကလည်း ထူးချွန်နေခဲ့ပါတယ်။ ဒါပေမယ့် သူက အဲဒီကိန်းဂဏန်းတွေ ဝန်းကျင်လောက်ဖြစ်မှာဖြစ်ပြီး အသင်းအတွက် သူက ကြီးမားတဲ့ တန်ဖိုးရှိတဲ့ကစားသမားပါ။”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အဂၤလန္ေတာင္ပံကစားသမားေဟာင္း ဂ်ိဳးကိုးက အာဆင္နယ္အေနနဲ႔ ေဒါက္ဂလပ္ လူးဝီးဇ္ကို ေပါင္သန္း ၁၀၀ ေက်ာ္ ေပးေခ်ဖို႔ လိုအပ္မွာျဖစ္တယ္လို႔ ယုံၾကည္ေနၿပီး အက္စတန္ဗီလာၾကယ္ပြင့္ဟာ လက္ရွိမွာ ခ်ဲလ္ဆီးကြင္းလယ္ၾကယ္ပြင့္ မြိဳက္စ္ ကိုင္ေဆဒိုထက္ေတာင္ ပိုမိုေကာင္းမြန္တဲ့ေျခစြမ္းျပသေနတယ္လို႔ ခံစားေနရတာျဖစ္ပါတယ္။

ဘရာဇီးလ္ကြင္းလယ္ကစားသမားဟာ လာမယ့္ ဇန္ဝါရီအေျပာင္းအေ႐ႊ႕ကာလမတိုင္ခင္ အာဆင္နယ္ရဲ႕ ထိပ္တန္းကြင္းလယ္ပစ္မွတ္ေတြထဲက တစ္ဦးျဖစ္ေပမယ့္လည္း ဂန္းနားေတြအေနနဲ႔ အသက္ ၂၅ ႏွစ္အ႐ြယ္ကစားသမားကို မေခၚခင္ ေငြေၾကးရရွိေအာင္ ကစားသမားအခ်ိဳ႕ကို ေရာင္းထုတ္ဖို႔လိုအပ္မွာျဖစ္ပါတယ္။

ဂ်ိဳးကိုးက အာဆင္နယ္အေနနဲ႔ ၂၀၂၆ ခုႏွစ္အထိ အက္စတန္ ဗီလာနဲ႔ စာခ်ဳပ္ ခ်ဳပ္ဆိုထားတဲ့ ေဒါက္ဂလပ္ လူးဝီးဇ္ကို ေခၚယူႏိုင္ဖို႔အတြက္ အဓိကကစားသမားေတြထဲက တစ္ဦးကို ေရာင္းထုတ္ဖို႔ လိုအပ္တယ္လို႔ ယုံၾကည္ေနတာျဖစ္ပါတယ္။

“ခင္ဗ်ားသာ သူတို႔ေစ်းေတြ(ဒီကလန္ ႐ိုက္၊ ကိုင္ေဆဒို၊ အန္ဇို ဖာနန္ဒက္ဇ္)ကို ၾကည့္လိုက္ရင္ ဒီပမာဏေတြကတကယ္ကို မွ်တပါတယ္။ သူက သူတို႔လိုပဲ တူညီတဲ့လိဂ္မွာ စြမ္းေဆာင္ေနခဲ့ၿပီး ကိုင္ေဆဒိုထက္ေတာင္ ပိုေကာင္းေနပါတယ္။ ႐ိုက္ကလည္း ထူးခြၽန္ေနခဲ့ပါတယ္။ ဒါေပမယ့္ သူက အဲဒီကိန္းဂဏန္းေတြ ဝန္းက်င္ေလာက္ျဖစ္မွာျဖစ္ၿပီး အသင္းအတြက္ သူက ႀကီးမားတဲ့ တန္ဖိုးရွိတဲ့ကစားသမားပါ။”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.