Premier League Transfer News

ေနာက္ဆုံးရ မန္ခ်က္စတာယူႏုိက္တက္သတင္းမ်ား စုစည္းမွဳ – ၁၇.၁၀.၂၀၂၀

– မန္ခ်က္စတာယူႏုိက္တက္အသင္းရဲ႕ ပုံစံေကာင္း မရွိတဲ့ အေျခအေနကို အခြင့္ေကာင္းယူၿပီး လာမယ့္ ဇန္နဝါရီအေျပာင္းအေရႊ႕မွာ အုိးလ္ထရက္ဖို႔ဒ္ကေန ကြင္းလယ္လူ ဘ႐ူႏုိ ဖာနန္ဒက္စ္ကို ဆြဲထုတ္ဖို႔ ရီးရဲလ္မက္ဒရစ္နဲ႔ ဘာစီလိုနာတုိ႔ စိတ္ဝင္စားလာၾက။

– အသင္းရဲ႕ ပုံစံေကာင္းမရွိတဲ့ ရာသီအစ ရလဒ္ေတြအတြက္ အသင္းသားေတြထက္ သူ႕ကိုပဲ အျပစ္တင္ၾကဖို႔ မန္ခ်က္စတာယူႏိုက္တက္နည္းျပ အုိလီဂန္နာ ဆုိးလ္ရွားက နယူးကာဆယ္လ္နဲ႔ အေဝးကြင္းပြဲမတုိင္ခင္ သတင္းစာရွင္းလင္းပြဲမွာ ေျပာၾကား။

– မန္ခ်က္စတာယူႏိုက္တက္ကိုသာ ကြင္းလယ္လူ ဂ်က္ခ္ ဂရီးလစ္ရွ္ ေျပာင္းေရႊ႕ျဖစ္ခဲ့ရင္ အခုလိုမ်ဳိး ေျခစြမ္းေတြနဲ႔ တုိးတက္တဲ့ ပုံစံကို ရရွိလိမ့္မွာ မဟုတ္ဘူးလို႔ လီဗာပူးလ္နဲ႔ အဂၤလန္တုိက္စစ္မွဴးေဟာင္း အီမီးလ္ ဟက္စကီးသုံးသပ္။

– စပိန္အသင္းေတြ စိတ္ဝင္စားေနၾကတဲ့ ကြင္းလယ္လူ ေပါလ္ ေပါ့ဘာကို လာမယ့္ရာသီကုန္မွာ အလြတ္ေျပာင္းေရႊ႕ေၾကးနဲ႔ လက္မလႊတ္ရေစဖို႔အတြက္ ယူႏုိက္တက္အေနနဲ႔ အသင္းဘက္က တစ္ႏွစ္စာခ်ဳပ္သက္တမ္းတုိးခြင့္နဲ႔ ၂၀၂၂ အထိ ရွိေနေစဖို႔ လုပ္ေဆာင္ထား။

– ကလပ္အသင္းေရာ ႏုိင္ငံအသင္းမွာပါ ႏွစ္ပြဲဆက္တုိက္ အမွားေတြ က်ဴးလြန္ထားခဲ့တဲ့ အသင္းေခါင္းေဆာင္ ေနာက္ခံလူ ဟာရီ မက္ဂြဳိင္းယားအေနနဲ႔ နယူးကာဆယ္လ္နဲ႔ ပရီးမီးယားလိဂ္အေဝးကြင္းပြဲစဥ္ကို ပါဝင္ႏိုင္ဖို႔ မေသခ်ာေသးဘူးလို႔ သတင္းေတြ ထြက္ေပၚလာ။

– မန္ခ်က္စတာယူႏုိက္တက္အသင္းရဲ႕ ျပင္သစ္တုိက္စစ္မွဴးေဟာင္း လူးဝစ္ ဆာဟာက ပရိသတ္ေတြနဲ႔ တာဝန္ရွိသူေတြအေနနဲ႔ နည္းျပ အုိလီဂန္နာ ဆုိးလ္ရွားကို ယုံၾကည္ေထာက္ခံေပးၾကဖို႔ လိုအပ္ေနတယ္လို႔ တုိက္တြန္းေျပာၾကား။

– အသင္းရဲ႕ ခံစစ္ပုိင္းအတြက္ ဗီလာရီးရဲလ္အသင္းရဲ႕ ေပါင္ ၃၅ သန္းတန္ ေနာက္ခံလူ ပါအူ ေတာရက္စ္ကို ဇန္နဝါရီမွာ ေခၚယူဖို႔ ယူႏုိက္တက္အသင္းအေနနဲ႔ ၿပဳိင္ဘက္ ပရီးမီးယားလိဂ္အသင္းေတြနဲ႔အၿပဳိင္ ႀကဳိးစားသြားဖို႔ရွိေန။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE:

– မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ပုံစံကောင်း မရှိတဲ့ အခြေအနေကို အခွင့်ကောင်းယူပြီး လာမယ့် ဇန်နဝါရီအပြောင်းအရွှေ့မှာ အိုးလ်ထရက်ဖို့ဒ်ကနေ ကွင်းလယ်လူ ဘရူနို ဖာနန်ဒက်စ်ကို ဆွဲထုတ်ဖို့ ရီးရဲလ်မက်ဒရစ်နဲ့ ဘာစီလိုနာတို့ စိတ်ဝင်စားလာကြ။

– အသင်းရဲ့ ပုံစံကောင်းမရှိတဲ့ ရာသီအစ ရလဒ်တွေအတွက် အသင်းသားတွေထက် သူ့ကိုပဲ အပြစ်တင်ကြဖို့ မန်ချက်စတာယူနိုက်တက်နည်းပြ အိုလီဂန်နာ ဆိုးလ်ရှားက နယူးကာဆယ်လ်နဲ့ အဝေးကွင်းပွဲမတိုင်ခင် သတင်းစာရှင်းလင်းပွဲမှာ ပြောကြား။

– မန်ချက်စတာယူနိုက်တက်ကိုသာ ကွင်းလယ်လူ ဂျက်ခ် ဂရီးလစ်ရှ် ပြောင်းရွှေ့ဖြစ်ခဲ့ရင် အခုလိုမျိုး ခြေစွမ်းတွေနဲ့ တိုးတက်တဲ့ ပုံစံကို ရရှိလိမ့်မှာ မဟုတ်ဘူးလို့ လီဗာပူးလ်နဲ့ အင်္ဂလန်တိုက်စစ်မှူးဟောင်း အီမီးလ် ဟက်စကီးသုံးသပ်။

– စပိန်အသင်းတွေ စိတ်ဝင်စားနေကြတဲ့ ကွင်းလယ်လူ ပေါလ် ပေါ့ဘာကို လာမယ့်ရာသီကုန်မှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ လက်မလွှတ်ရစေဖို့အတွက် ယူနိုက်တက်အနေနဲ့ အသင်းဘက်က တစ်နှစ်စာချုပ်သက်တမ်းတိုးခွင့်နဲ့ ၂၀၂၂ အထိ ရှိနေစေဖို့ လုပ်ဆောင်ထား။

– ကလပ်အသင်းရော နိုင်ငံအသင်းမှာပါ နှစ်ပွဲဆက်တိုက် အမှားတွေ ကျူးလွန်ထားခဲ့တဲ့ အသင်းခေါင်းဆောင် နောက်ခံလူ ဟာရီ မက်ဂွိုင်းယားအနေနဲ့ နယူးကာဆယ်လ်နဲ့ ပရီးမီးယားလိဂ်အဝေးကွင်းပွဲစဉ်ကို ပါဝင်နိုင်ဖို့ မသေချာသေးဘူးလို့ သတင်းတွေ ထွက်ပေါ်လာ။

– မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ပြင်သစ်တိုက်စစ်မှူးဟောင်း လူးဝစ် ဆာဟာက ပရိသတ်တွေနဲ့ တာဝန်ရှိသူတွေအနေနဲ့ နည်းပြ အိုလီဂန်နာ ဆိုးလ်ရှားကို ယုံကြည်ထောက်ခံပေးကြဖို့ လိုအပ်နေတယ်လို့ တိုက်တွန်းပြောကြား။

– အသင်းရဲ့ ခံစစ်ပိုင်းအတွက် ဗီလာရီးရဲလ်အသင်းရဲ့ ပေါင် ၃၅ သန်းတန် နောက်ခံလူ ပါအူ တောရက်စ်ကို ဇန်နဝါရီမှာ ခေါ်ယူဖို့ ယူနိုက်တက်အသင်းအနေနဲ့ ပြိုင်ဘက် ပရီးမီးယားလိဂ်အသင်းတွေနဲ့အပြိုင် ကြိုးစားသွားဖို့ရှိနေ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.