Saudi League

ဆော်ဒီမှာ ဘင်ဇီးမားတို့ အစ်တီဟတ်ကို ဟက်ထရစ်သွင်းပြီး ဆုံးမသွားခဲ့တဲ့ မီထရိုဗစ်ချ်

ဖူလ်ဟမ်အသင်းကနေ ဆော်ဒီကလပ် အယ်လ်ဟီဟယ်လ်ကို ပြောင်းရွှေ့သွားခဲ့တဲ့ တိုက်စစ်မှူး အလက်ဇန်းဒါး မီထရိုဗစ်ချ်ကတော့ အသင်းသစ်မှာ ခြေစွမ်းပြနေပြီး မနေ့ညကလည်း အမှတ်ပေးဇယားထိပ်က ၄ ပွဲဆက်တိုက် ရာနှုန်းပြည့်နိုင်ပွဲယူထားတဲ့ အယ်လ်အစ်တီဟတ်တို့ကို အဝေးကွင်းမှာ အနိုင်ယူခဲ့ရာမှာ ဟက်ထရစ်သွင်းခဲ့သလို ဘင်ဇီးမားတို့အုပ်စုကို ဆုံးမနိုင်ခဲ့ပါတယ်။

အယ်လ်အစ်ဟီဟတ်တို့အနေနဲ့ ဖာဘင်ညိုနဲ့ အန်ဂိုလို ကွန်တေတို့ကို ကွင်းလယ်မှာ အထိုင်ချခဲ့ပြီး တိုက်စစ်မှာတော့ ဘင်ဇီးမားကို အထောင်ထားပြီး ပွဲထွက်ခဲ့သလို ပွဲချိန် ၁၆ မိနစ်၊ ၃၈ မိနစ်နဲ့ ၄၅+၈ မိနစ်တွေမှာ သုံးဂိုးသွင်းယူပြီး ဦးဆောင်နေခဲ့ချိန်မှာ အယ်လ်ဟီယယ်လ်တို့အတွက်တော့ မီထရိုဗစ်ချ်က ပွဲချိန် မိနစ် ၂၀ မှာ ချေပဂိုးတစ်ဂိုး ပြန်သွင်းပေးနိုင်ခဲ့တာပါ။

ဒုတိယပိုင်းမှာတော့ ဆော်ဒီလိဂ်ရဲ့ အအောင်မြင်ဆုံး အသင်းဖြစ်တဲ့ အယ်လ်ဟီယယ်လ်တို့အနေနဲ့ အဝေးကွင်းမှာ စိတ်ဓာတ်ကောင်းကောင်းနဲ့ ရုန်းထလာခဲ့ပြီး နေမာ မပါဝင်နိုင်သေးပေမယ့် ကိစ္စမရှိကြောင်းကို မီထရိုဗစ်ချ်က နောက်ထပ်သွင်းဂိုးနှစ်ဂိုးကို ပွဲချိန် မိနစ် ၆၀ နဲ့ ၆၅ မိနစ်မှာ သွင်းယူပြီး သုံးဂိုးစီဖြစ်စေခဲ့ပါတယ်။

ပွဲချိန် ၇၁ မိနစ်မှာတော့ အယ်လ်ဟီလယ်လ်တို့အတွက် အနိုင်ရရှိစေမယ့် ဂိုးကိုတော့ ဆာဂေး မီလင်ကိုဗစ်ချ်-ဆာဗစ်ချ်ရဲ့ ဖန်တီးမှုကနေ အသင်းကပ္ပတိန် ဆော်ဒီသား ဆာလမ်း အယ်လ်ဒေါ်ဆာရီက သွင်းယူပေးခဲ့တာကြောင့် ဒီလိဂ်ရဲ့ အအောင်မြင်ဆုံးအဖြစ် ဖလား ၁၈ ကြိမ် ရယူထားတာဟာ အလကား မဟုတ်ကြောင်း နိုင်ပွဲနဲ့အတူ ပြသနိုင်ခဲ့တာပါ။

ဒီနေ့ပွဲက ဆားဘီးယားသားတွေ အစွမ်းပြတဲ့ နိုင်ပွဲလည်းဖြစ်ခဲ့ပြီး တိုက်စစ်မှူး မီထရိုဗစ်ချ်ရဲ့ ဟက်ထရစ်နဲ့ ကွင်းလယ်လူ မီလင်ကိုဗစ်ချ်-ဆာဗစ်ချ်ရဲ့ ဖန်တီးမှုတွေက ထင်ရှားခဲ့သလို ဒီနိုင်ပွဲကြောင့် အယ်လ်ဟီလယ်လ်တို့အနေနဲ့ ၅ ပွဲကစား ၄ ပွဲနိုင် ၁ ပွဲသရေ၊ ရမှတ် ၁၃ မှတ်နဲ့ ဆော်ဒီလိဂ်ရဲ့ အမှတ်ပေးဇယားထိပ်ကို တက်ရောက်လာနိုင်ခဲ့ကြောင်းလည်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ဖူလ်ဟမ်အသင်းကနေ ဆော်ဒီကလပ် အယ်လ်ဟီဟယ်လ်ကို ပြောင်းရွှေ့သွားခဲ့တဲ့ တိုက်စစ်မှူး အလက်ဇန်းဒါး မီထရိုဗစ်ခ်ျကတော့ အသင်းသစ်မှာ ခြေစွမ်းပြနေပြီး မနေ့ညကလည်း အမှတ်ပေးဇယားထိပ်က ၄ ပွဲဆက်တိုက် ရာနှုန်းပြည့်နိုင်ပွဲယူထားတဲ့ အယ်လ်အစ်တီဟတ်တို့ကို အဝေးကွင်းမှာ အနိုင်ယူခဲ့ရာမှာ ဟက်ထရစ်သွင်းခဲ့သလို ဘင်ဇီးမားတို့အုပ်စုကို ဆုံးမနိုင်ခဲ့ပါတယ်။

အယ်လ်အစ်ဟီဟတ်တို့အနေနဲ့ ဖာဘင်ညိုနဲ့ အန်ဂိုလို ကွန်တေတို့ကို ကွင်းလယ်မှာ အထိုင်ချခဲ့ပြီး တိုက်စစ်မှာတော့ ဘင်ဇီးမားကို အထောင်ထားပြီး ပွဲထွက်ခဲ့သလို ပွဲချိန် ၁၆ မိနစ်၊ ၃၈ မိနစ်နဲ့ ၄၅+၈ မိနစ်တွေမှာ သုံးဂိုးသွင်းယူပြီး ဦးဆောင်နေခဲ့ချိန်မှာ အယ်လ်ဟီယယ်လ်တို့အတွက်တော့ မီထရိုဗစ်ခ်ျက ပွဲချိန် မိနစ် ၂၀ မှာ ချေပဂိုးတစ်ဂိုး ပြန်သွင်းပေးနိုင်ခဲ့တာပါ။

ဒုတိယပိုင်းမှာတော့ ဆော်ဒီလိဂ်ရဲ့ အအောင်မြင်ဆုံး အသင်းဖြစ်တဲ့ အယ်လ်ဟီယယ်လ်တို့အနေနဲ့ အဝေးကွင်းမှာ စိတ်ဓာတ်ကောင်းကောင်းနဲ့ ရုန်းထလာခဲ့ပြီး နေမာ မပါဝင်နိုင်သေးပေမယ့် ကိစ္စမရှိကြောင်းကို မီထရိုဗစ်ခ်ျက နောက်ထပ်သွင်းဂိုးနှစ်ဂိုးကို ပွဲချိန် မိနစ် ၆၀ နဲ့ ၆၅ မိနစ်မှာ သွင်းယူပြီး သုံးဂိုးစီဖြစ်စေခဲ့ပါတယ်။

ပွဲချိန် ၇၁ မိနစ်မှာတော့ အယ်လ်ဟီလယ်လ်တို့အတွက် အနိုင်ရရှိစေမယ့် ဂိုးကိုတော့ ဆာဂေး မီလင်ကိုဗစ်ခ်ျ-ဆာဗစ်ခ်ျရဲ့ ဖန်တီးမှုကနေ အသင်းကပ္ပတိန် ဆော်ဒီသား ဆာလမ်း အယ်လ်ဒေါ်ဆာရီက သွင်းယူပေးခဲ့တာကြောင့် ဒီလိဂ်ရဲ့ အအောင်မြင်ဆုံးအဖြစ် ဖလား ၁၈ ကြိမ် ရယူထားတာဟာ အလကား မဟုတ်ကြောင်း နိုင်ပွဲနဲ့အတူ ပြသနိုင်ခဲ့တာပါ။

ဒီနေ့ပွဲက ဆားဘီးယားသားတွေ အစွမ်းပြတဲ့ နိုင်ပွဲလည်းဖြစ်ခဲ့ပြီး တိုက်စစ်မှူး မီထရိုဗစ်ခ်ျရဲ့ ဟက်ထရစ်နဲ့ ကွင်းလယ်လူ မီလင်ကိုဗစ်ခ်ျ-ဆာဗစ်ခ်ျရဲ့ ဖန်တီးမှုတွေက ထင်ရှားခဲ့သလို ဒီနိုင်ပွဲကြောင့် အယ်လ်ဟီလယ်လ်တို့အနေနဲ့ ၅ ပွဲကစား ၄ ပွဲနိုင် ၁ ပွဲသရေ၊ ရမှတ် ၁၃ မှတ်နဲ့ ဆော်ဒီလိဂ်ရဲ့ အမှတ်ပေးဇယားထိပ်ကို တက်ရောက်လာနိုင်ခဲ့ကြောင်းလည်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
SPORTS A2Z.