Premier League Transfer News

ေနာက္ဆုံးရ မန္ခ်က္စတာယူႏုိက္တက္သတင္းမ်ား စုစည္းမွဳ – ၇.၁၀.၂၀၂၀

– လူငယ္ေတာင္ပံကစားသမား ဖာကန္ဒို ပယ္လစၥထရီအေနနဲ႔ မန္ခ်က္စတာယူႏုိက္တက္အသင္းရဲ႕ ပထမလူစာရင္းကို တစ္ခါတည္း ဝင္ေရာက္ႏုိင္ဖြယ္ရွိၿပီး ကစားသမားေဟာင္း ဒီေယဂို ေဖာ္လန္ရဲ႕ ေထာက္ခံခ်က္ရရွိထားတဲ့ ၁၈ ႏွစ္သားအတြက္ ဆုိးလ္ရွား စဥ္းစားေန။

– ခရစၥတီယာႏို ေရာ္နယ္လ္ဒို ေနာက္ပုိင္းမွာ ဝတ္ဆင္သူတုိင္း ေျခစြမ္းမျပႏုိင္ခဲ့ဘဲ ဗလင္စီယာ၊ ဆန္းခ်က္ဇ္တို႔ ႐ုန္းကန္ခဲ့ရတဲ့ ေက်ာနံပါတ္ ၇ ကို ရရွိသြားတဲ့ အက္ဒင္ဆန္ ကာဗာနီအေနနဲ႔ ဒီနံပါတ္ရဲ႕ အရွိန္အဝါကို ျပန္လည္ျမႇင့္တင္ႏုိင္ဖို႔ ပရိသတ္ေတြ ေမွ်ာ္လင့္။

– မန္ခ်က္စတာယူႏိုက္တက္ ပရိသတ္ေတြကေတာ့ သူတုိ႔ရဲ႕ ဥ႐ုေဂြး လူငယ္ၾကယ္ပြင့္သစ္ ပယ္လစၥထရီဟာ ခ်ဲလ္ဆီးအသင္းနဲ႔ ပရီးမီးယားလိဂ္ ၄ ပြဲကစားရာမွာ တစ္ဂိုးမွ မရေသးတဲ့ တုိက္စစ္မွဴး တီမို ဗာနာထက္ ဒီရာသီမွာ ဂိုးပိုရလိမ့္မယ္လို႔ ထိုးႏွက္ခဲ့ၾက။

– ျပည္တြင္းေဈးကြက္ မပိတ္သိမ္းေသးဘဲ ၁၀ ရက္ က်န္ရွိေသးခ်ိန္မွာ လီဗာပူးလ္အသင္းနဲ႔ မန္ခ်က္စတာယူႏုိက္တက္အသင္းေတြက စိတ္ဝင္စားေနခဲ့တဲ့ ေတာင္ပံတုိက္စစ္မွဴး အစၥမိုင္လာ ဆားရ္အတြက္ ေပါင္သန္း ၄၀ မရရင္ ေရာင္းခ်ဖို႔ စိတ္ကူးမရွိဘူးလို႔ ဝတ္ဖို႔ဒ္ ထုတ္ျပန္။

– မန္ခ်က္စတာယူႏုိက္တက္အသင္းဆီ ႏွစ္သစ္ကူးလက္ေဆာင္အျဖစ္ ေရာက္လာတာကို ျမင္ေတြ႕ရႏုိင္တဲ့ အတၱလန္တာေတာင္ပံသမား အာမက္ ဂ်ယ္လို ထရာအုိေရးအတြက္ ပရိသတ္ေတြ ရင္ခုန္ေနၾကၿပီး တကယ့္ကစားသမားေကာင္းႀကီးတစ္ေယာက္ ျဖစ္လာမယ္လို႔ ခန္႔မွန္းေနၾက။

– အဂၤလန္ကစားသမား ဂ်က္ဆီ လင္ဂတ္အေနနဲ႔ အုိးလ္ထရက္ဖို႔ဒ္ကေန ထြက္ခြာၿပီး ေပၚတူဂီကလပ္ ေပၚတုိဆီ အငွားသြားေရာက္ဖို႔ ခ်ိတ္ဆက္ေနတယ္လုိ႔ ESPN ေဖာ္ျပခဲ့ၿပီး ေပၚတူဂီအေျပာင္းအေရႊ႕ေနာက္ဆုံးရက္က ေအာက္တုိဘာ ၂၅ ရက္ေန႔မွျဖစ္လို႔ အေျပာင္းအေရႊ႕ ျဖစ္ေပၚႏိုင္ေသးေၾကာင္းဆုိ။

– လူငယ္တုိက္စစ္မွဴး ေမဆန္ ဂရင္းဝုဒ္ဟာ လီဗာပူးလ္တုိက္စစ္မွဴးေဟာင္း ေရာ္ဘီ ေဖာင္လာနဲ႔ လက္ရွိနည္းျပ ဆိုးလ္ရွားတုိ႔လို တုိက္စစ္မွဴးေကာင္းတစ္ေယာက္ျဖစ္လာမယ့္သူလုိ႔ ယူႏုိက္တက္ကစားသမားေဟာင္း လုခ္ ခ်က္ဒ္ဝစ္ ခ်ီးက်ဴး။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE:

– လူငယ်တောင်ပံကစားသမား ဖာကန်ဒို ပယ်လစ္စထရီအနေနဲ့ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ပထမလူစာရင်းကို တစ်ခါတည်း ဝင်ရောက်နိုင်ဖွယ်ရှိပြီး ကစားသမားဟောင်း ဒီယေဂို ဖော်လန်ရဲ့ ထောက်ခံချက်ရရှိထားတဲ့ ၁၈ နှစ်သားအတွက် ဆိုးလ်ရှား စဉ်းစားနေ။

– ခရစ္စတီယာနို ရော်နယ်လ်ဒို နောက်ပိုင်းမှာ ဝတ်ဆင်သူတိုင်း ခြေစွမ်းမပြနိုင်ခဲ့ဘဲ ဗလင်စီယာ၊ ဆန်းချက်ဇ်တို့ ရုန်းကန်ခဲ့ရတဲ့ ကျောနံပါတ် ၇ ကို ရရှိသွားတဲ့ အက်ဒင်ဆန် ကာဗာနီအနေနဲ့ ဒီနံပါတ်ရဲ့ အရှိန်အဝါကို ပြန်လည်မြှင့်တင်နိုင်ဖို့ ပရိသတ်တွေ မျှော်လင့်။

– မန်ချက်စတာယူနိုက်တက် ပရိသတ်တွေကတော့ သူတို့ရဲ့ ဥရုဂွေး လူငယ်ကြယ်ပွင့်သစ် ပယ်လစ္စထရီဟာ ချဲလ်ဆီးအသင်းနဲ့ ပရီးမီးယားလိဂ် ၄ ပွဲကစားရာမှာ တစ်ဂိုးမှ မရသေးတဲ့ တိုက်စစ်မှူး တီမို ဗာနာထက် ဒီရာသီမှာ ဂိုးပိုရလိမ့်မယ်လို့ ထိုးနှက်ခဲ့ကြ။

– ပြည်တွင်းဈေးကွက် မပိတ်သိမ်းသေးဘဲ ၁၀ ရက် ကျန်ရှိသေးချိန်မှာ လီဗာပူးလ်အသင်းနဲ့ မန်ချက်စတာယူနိုက်တက်အသင်းတွေက စိတ်ဝင်စားနေခဲ့တဲ့ တောင်ပံတိုက်စစ်မှူး အစ္စမိုင်လာ ဆားရ်အတွက် ပေါင်သန်း ၄၀ မရရင် ရောင်းချဖို့ စိတ်ကူးမရှိဘူးလို့ ဝတ်ဖို့ဒ် ထုတ်ပြန်။

– မန်ချက်စတာယူနိုက်တက်အသင်းဆီ နှစ်သစ်ကူးလက်ဆောင်အဖြစ် ရောက်လာတာကို မြင်တွေ့ရနိုင်တဲ့ အတ္တလန်တာတောင်ပံသမား အာမက် ဂျယ်လို ထရာအိုရေးအတွက် ပရိသတ်တွေ ရင်ခုန်နေကြပြီး တကယ့်ကစားသမားကောင်းကြီးတစ်ယောက် ဖြစ်လာမယ်လို့ ခန့်မှန်းနေကြ။

– အင်္ဂလန်ကစားသမား ဂျက်ဆီ လင်ဂတ်အနေနဲ့ အိုးလ်ထရက်ဖို့ဒ်ကနေ ထွက်ခွာပြီး ပေါ်တူဂီကလပ် ပေါ်တိုဆီ အငှားသွားရောက်ဖို့ ချိတ်ဆက်နေတယ်လို့ ESPN ဖော်ပြခဲ့ပြီး ပေါ်တူဂီအပြောင်းအရွှေ့နောက်ဆုံးရက်က အောက်တိုဘာ ၂၅ ရက်နေ့မှဖြစ်လို့ အပြောင်းအရွှေ့ ဖြစ်ပေါ်နိုင်သေးကြောင်းဆို။

– လူငယ်တိုက်စစ်မှူး မေဆန် ဂရင်းဝုဒ်ဟာ လီဗာပူးလ်တိုက်စစ်မှူးဟောင်း ရော်ဘီ ဖောင်လာနဲ့ လက်ရှိနည်းပြ ဆိုးလ်ရှားတို့လို တိုက်စစ်မှူးကောင်းတစ်ယောက်ဖြစ်လာမယ့်သူလို့ ယူနိုက်တက်ကစားသမားဟောင်း လုခ် ချက်ဒ်ဝစ် ချီးကျူး။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.