Match Report Premier League

၁၂ ပွဲဆက် ရှုံးပွဲမရှိဘဲ ဖူလ်ဟမ်ကို အကြိတ်အနယ် နှိပ်ကွပ်လိုက်တဲ့ ဘရန့်ဖို့ဒ်

ပရီးမီးယားလိဂ်မှာ ဒီပွဲမတိုင်ခင်အထိ ၆ ပွဲနိုင် ၅ ပွဲသရေကျပြီး ရှုံးပွဲမရှိခဲ့တဲ့ ဘရန့်ဖို့ဒ်အသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား ရာယာ၊ ခံစစ်မှာ ဘန်မီး၊ ပင်းနော့ခ်၊ ရီကို ဟင်နရီနဲ့ ဟစ်ကီတို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ နော်ဂါ့ဒ်၊ ဒမ်းစ်ဂါ့စ်နဲ့ ယန်ဆင်တို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ တိုနီ၊ ဝစ်ဆာနဲ့ အမ်ဘူးမိုတို့ကို ပွဲထုတ်လာခဲ့တာဖြစ်ပါတယ်။

ဧည့်သည် ဖူလ်ဟမ်အသင်းကတော့ ဂိုးသမား လီနို၊ ခံစစ်မှာ တင်မ် ရင်းမ်၊ ဒီယော့ပ်၊ ကင်နီ တီတီနဲ့ ရော်ဘင်ဆန်တို့ကို ခင်းကျင်းလာခဲ့ပြီး ကွင်းလယ်မှာတော့ လူကစ်ချ်၊ ဟာရစ်ဆန် ရိဒ်နဲ့ ပါရဲရားတို့ကို စုဖွဲ့လာခဲ့သလို တိုက်စစ်မှာတော့ ဆော်လမွန်၊ ဝီလီယန်နဲ့ မီထရိုဗစ်ချ်တို့ကို ကစားစေခဲ့တာပါ။‌

ပွဲချိန် ၆ မိနစ်မှာကတည်းက ဘရန့်ဖို့ဒ်တို့ ဦးဆောင်ဂိုး စတင်သွင်းယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ထောင့်ကန်ဘောကနေ မီထရိုဗစ်ချ် ခေါင်းတိုက်ရှင်းထုတ်လို့ ပြန်ကျတဲ့ ဘောလုံးကို ဟစ်ကီက ဂိုးရှေ့ကို အနိမ့်ဘောချိုးပေးရာမှာ နောက်ခံလူ ပင်းနော့ခ်က တစ်ချက်ထိန်းပြီး ကန်သွင်းတာက လူထိပြီး လမ်းကြောင်းပြောင်းဝင်သွားခဲ့လို့ ဂိုးသမား လီနို ဟန်ချက်ပျက်ပြီး မကာကွယ်နိုင်ဘဲဖြစ်ခဲ့ရပါတယ်။

ပွဲချိန် ၁၇ မိနစ်မှာ အိမ်ရှင်တွေဘက်က အမ်ဘူးမိုရဲ့ ဖရီးကစ် တိုင်ထိထွက်ခဲ့ပြီး ပွဲချိန် ၃၆ မိနစ်မှာလည်း တိုနီရဲ့ ဖရီးကစ်က ဘားထိထွက်ခဲ့လို့ ဖူလ်ဟမ်တို့ ကံကောင်းသွားခဲ့ကြသလို ပါရဲရား၊ ဝီလီယန်တို့ ကြိုးစားခဲ့ကြပြီး တဖြည်းဖြည်းနဲ့ ဘောလုံးပိုင်ဆိုင်မှုကို စုဆောင်းနိုင်ခဲ့တဲ့ ဧည့်သည်တွေအနေနဲ့ ဘရန့်ဖို့ဒ်တို့ကို ဖိကစားလာနိုင်ခဲ့တာပါ။

ပွဲချိန် ၃၆ မိနစ်မှာတော့ ဖူလ်ဟမ်တို့ ချေပဂိုး ပြန်လည်ရယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ဧရိယာထိပ်မှာ ရတဲ့ ဖရီးကစ်ကို ပါရဲရား ကန်သွင်းရာမှာ ဘားထိပြီး ပြန်ထွက်လာခဲ့တဲ့ ဘောလုံးကို လူမကျွံဘဲ နေရာယူထားနိုင်ခဲ့တဲ့ ဆော်လမွန်က အနီးကပ် ခေါင်းတိုက်သွင်းယူနိုင်ခဲ့လို့ ပထမပိုင်းမှာ တစ်ဂိုးစီ သရေကျနေခဲ့ပါတယ်။

ဒုတိယပိုင်း ပြန်စပြီး ပွဲချိန် ၅၃ မိနစ်မှာ ဘရန့်ဖို့ဒ်တို့ပဲ ဒုတိယ ဦးဆောင်ဂိုးကို ထပ်မံသွင်းယူနိုင်ခဲ့ကြသလို ဒီဂိုးကိုတော့ ဧရိယာထဲမှာ ခြေထောက်မြှောက်ပြီး နော်ဂါ့ဒ်ကို ကန်မိခဲ့တဲ့ ဒီယော့ပ်ကြောင့် ပေးခဲ့ရတဲ့ ပင်နယ်တီကို တိုက်စစ်မှူး တိုနီက ညာဘက်တိုင်ခြေကို အနိမ့်ဘောကန်သွင်းပြီး သူ့ရဲ့ ဒီရာသီ ၁၅ ဂိုးမြောက်အဖြစ် သွင်းယူနိုင်ခဲ့တာပါ။

ဖူလ်ဟမ်တို့အနေနဲ့ ဘောလုံးပိုင်ဆိုင်မှု အသာစီးရထားပြီး ဘာမှ မလုပ်နိုင်ခဲ့တာကြောင့် တိုက်စစ်ကို ပြောင်းလဲတဲ့အနေနဲ့ ဆော်လမွန်၊ လူကစ်ချ်၊ တီတီနဲ့ ဝီလီယန်တို့အစား ဟာရီ ဝီလ်ဆန်၊ ဒီကော်ဒိုဗာ-ရိဒ်၊ ဆီးဒရစ်နဲ့ ကားလို့စ် ဗီနီးရှပ်စ်တို့ကို ထည့်သွင်းခဲ့ပြီး ဘရန့်ဖို့ဒ်တို့ဘက်ကတော့ ဒမ်းစ်ဂါ့ဒ်၊ ဝစ်ဆာ၊ ဟစ်ကီနဲ့ အမ်ဘူးမိုတို့အစား ယန်နဲ့လ်၊ ရှာဒီ၊ ရိုအာဆလက်ဗ်နဲ့ ဒါဆေးလ်ဗားတို့ကို လဲကစားလာခဲ့ပါတယ်။

ပွဲချိန် ၈၅ မိနစ်မှာတော့ ဘရန့်ဖို့ဒ်တို့ပဲ တတိယ ဦးဆောင်ဂိုးကို သွင်းယူနိုင်ခဲ့သလို ဒီဂိုးကိုတော့ ညာခြမ်းကနေ တိုက်စစ်ဆင်လာခဲ့ပြီး ဧရိယာထဲကို တစ်ကိုယ်တော် ပြေးဝင်ခဲ့ပြီးမှ ဂိုးစည်းနားကနေ Cut Back ပြန်ပို့ပေးရတဲ့ ရှာဒီရဲ့ ဖန်တီးမှုကို ယန်ဆင်က အနီးကပ်ကန်သွင်းခဲ့ရာမှာ လီနိုရဲ့ ပေါင်ကြားထဲက ဝင်သွားခဲ့လို့ သုံးဂိုး-တစ်ဂိုးဖြစ်နေခဲ့ပါတယ်။

ဒီနောက်မှာ နာကျင်အချိန်ပို ၈ မိနစ် သတ်မှတ်ပေးခဲ့ပြီး နောက်ဆုံးမိနစ်မှာတော့ ဖူလ်ဟမ်တို့ ချေပဂိုးတစ်ဂိုး ထပ်မံရရှိခဲ့သလို ဒီဂိုးကိုတော့ အမှတ်မထင် လှမ်းကန်ခဲ့တဲ့ ပါရဲရားရဲ့ ကန်ချက်ကို ဂိုးသမား ရာယာက ပုတ်ထုတ်နိုင်ခဲ့ပေမယ့် ပြန်ကျလာတဲ့ ဘောလုံးကို ကားလို့စ် ဗီနီးရှပ်စ်က ထပ်မံပိတ်သွင်းသွားနိုင်ခဲ့တာပါ။

ပွဲချိန်အပြည့်မှာတော့ ဘရန့်ဖို့ဒ်တို့က ဖူလ်ဟမ်တို့ကို သုံးဂိုး-နှစ်ဂိုးနဲ့ အနိုင်ရရှိခဲ့ကြပြီး ရှုံးပွဲမရှိမှတ်တမ်းကို ၁၂ ပွဲဆက်အဖြစ် ထပ်မံတိုးမြှင့်နိုင်ခဲ့သလို အမှတ်ပေးဇယားမှာတော့ ချဲလ်ဆီးတို့ကို ၄ မှတ်ဖြတ်ပြီး အဆင့် ၉ နေရာမှာ ရပ်တည်နေခဲ့ကြချိန်မှာ ဖူလ်ဟမ်တို့ကတော့ လာမယ့် ပွဲစဉ်တွေမှာ အဆင့် ၇ ကနေ အောက်ဆင်းပေးရဖို့ ဖြစ်လာခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ပရီးမီးယားလိဂ္မွာ ဒီပြဲမတိုင္ခင္အထိ ၆ ပြဲႏိုင္ ၅ ပြဲသေရက်ၿပီး ရႈံးပြဲမရွိခဲ့တဲ့ ဘရန႔္ဖို႔ဒ္အသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးသမား ရာယာ၊ ခံစစ္မွာ ဘန္မီး၊ ပင္းေနာ့ခ္၊ ရီကို ဟင္နရီနဲ႔ ဟစ္ကီတို႔ကို အသုံးျပဳခဲ့ၿပီး ကြင္းလယ္မွာေတာ့ ေနာ္ဂါ့ဒ္၊ ဒမ္းစ္ဂါ့စ္နဲ႔ ယန္ဆင္တို႔ကို အထိုင္ခ်ခဲ့သလို တိုက္စစ္မွာေတာ့ တိုနီ၊ ဝစ္ဆာနဲ႔ အမ္ဘူးမိုတို႔ကို ပြဲထုတ္လာခဲ့တာျဖစ္ပါတယ္။

ဧည့္သည္ ဖူလ္ဟမ္အသင္းကေတာ့ ဂိုးသမား လီႏို၊ ခံစစ္မွာ တင္မ္ ရင္းမ္၊ ဒီေယာ့ပ္၊ ကင္နီ တီတီနဲ႔ ေရာ္ဘင္ဆန္တို႔ကို ခင္းက်င္းလာခဲ့ၿပီး ကြင္းလယ္မွာေတာ့ လူကစ္ခ်္၊ ဟာရစ္ဆန္ ရိဒ္နဲ႔ ပါရဲရားတို႔ကို စုဖြဲ႕လာခဲ့သလို တိုက္စစ္မွာေတာ့ ေဆာ္လမြန္၊ ဝီလီယန္နဲ႔ မီထ႐ိုဗစ္ခ်္တို႔ကို ကစားေစခဲ့တာပါ။‌

ပြဲခ်ိန္ ၆ မိနစ္မွာကတည္းက ဘရန႔္ဖို႔ဒ္တို႔ ဦးေဆာင္ဂိုး စတင္သြင္းယူသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ေထာင့္ကန္ေဘာကေန မီထ႐ိုဗစ္ခ်္ ေခါင္းတိုက္ရွင္းထုတ္လို႔ ျပန္က်တဲ့ ေဘာလုံးကို ဟစ္ကီက ဂိုးေရွ႕ကို အနိမ့္ေဘာခ်ိဳးေပးရာမွာ ေနာက္ခံလူ ပင္းေနာ့ခ္က တစ္ခ်က္ထိန္းၿပီး ကန္သြင္းတာက လူထိၿပီး လမ္းေၾကာင္းေျပာင္းဝင္သြားခဲ့လို႔ ဂိုးသမား လီႏို ဟန္ခ်က္ပ်က္ၿပီး မကာကြယ္ႏိုင္ဘဲျဖစ္ခဲ့ရပါတယ္။

ပြဲခ်ိန္ ၁၇ မိနစ္မွာ အိမ္ရွင္ေတြဘက္က အမ္ဘူးမိုရဲ႕ ဖရီးကစ္ တိုင္ထိထြက္ခဲ့ၿပီး ပြဲခ်ိန္ ၃၆ မိနစ္မွာလည္း တိုနီရဲ႕ ဖရီးကစ္က ဘားထိထြက္ခဲ့လို႔ ဖူလ္ဟမ္တို႔ ကံေကာင္းသြားခဲ့ၾကသလို ပါရဲရား၊ ဝီလီယန္တို႔ ႀကိဳးစားခဲ့ၾကၿပီး တျဖည္းျဖည္းနဲ႔ ေဘာလုံးပိုင္ဆိုင္မႈကို စုေဆာင္းႏိုင္ခဲ့တဲ့ ဧည့္သည္ေတြအေနနဲ႔ ဘရန႔္ဖို႔ဒ္တို႔ကို ဖိကစားလာႏိုင္ခဲ့တာပါ။

ပြဲခ်ိန္ ၃၆ မိနစ္မွာေတာ့ ဖူလ္ဟမ္တို႔ ေခ်ပဂိုး ျပန္လည္ရယူသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ဧရိယာထိပ္မွာ ရတဲ့ ဖရီးကစ္ကို ပါရဲရား ကန္သြင္းရာမွာ ဘားထိၿပီး ျပန္ထြက္လာခဲ့တဲ့ ေဘာလုံးကို လူမကြၽံဘဲ ေနရာယူထားႏိုင္ခဲ့တဲ့ ေဆာ္လမြန္က အနီးကပ္ ေခါင္းတိုက္သြင္းယူႏိုင္ခဲ့လို႔ ပထမပိုင္းမွာ တစ္ဂိုးစီ သေရက်ေနခဲ့ပါတယ္။

ဒုတိယပိုင္း ျပန္စၿပီး ပြဲခ်ိန္ ၅၃ မိနစ္မွာ ဘရန႔္ဖို႔ဒ္တို႔ပဲ ဒုတိယ ဦးေဆာင္ဂိုးကို ထပ္မံသြင္းယူႏိုင္ခဲ့ၾကသလို ဒီဂိုးကိုေတာ့ ဧရိယာထဲမွာ ေျခေထာက္ေျမႇာက္ၿပီး ေနာ္ဂါ့ဒ္ကို ကန္မိခဲ့တဲ့ ဒီေယာ့ပ္ေၾကာင့္ ေပးခဲ့ရတဲ့ ပင္နယ္တီကို တိုက္စစ္မႉး တိုနီက ညာဘက္တိုင္ေျခကို အနိမ့္ေဘာကန္သြင္းၿပီး သူ႔ရဲ႕ ဒီရာသီ ၁၅ ဂိုးေျမာက္အျဖစ္ သြင္းယူႏိုင္ခဲ့တာပါ။

ဖူလ္ဟမ္တို႔အေနနဲ႔ ေဘာလုံးပိုင္ဆိုင္မႈ အသာစီးရထားၿပီး ဘာမွ မလုပ္ႏိုင္ခဲ့တာေၾကာင့္ တိုက္စစ္ကို ေျပာင္းလဲတဲ့အေနနဲ႔ ေဆာ္လမြန္၊ လူကစ္ခ်္၊ တီတီနဲ႔ ဝီလီယန္တို႔အစား ဟာရီ ဝီလ္ဆန္၊ ဒီေကာ္ဒိုဗာ-ရိဒ္၊ ဆီးဒရစ္နဲ႔ ကားလို႔စ္ ဗီနီးရွပ္စ္တို႔ကို ထည့္သြင္းခဲ့ၿပီး ဘရန႔္ဖို႔ဒ္တို႔ဘက္ကေတာ့ ဒမ္းစ္ဂါ့ဒ္၊ ဝစ္ဆာ၊ ဟစ္ကီနဲ႔ အမ္ဘူးမိုတို႔အစား ယန္နဲ႔လ္၊ ရွာဒီ၊ ႐ိုအာဆလက္ဗ္နဲ႔ ဒါေဆးလ္ဗားတို႔ကို လဲကစားလာခဲ့ပါတယ္။

ပြဲခ်ိန္ ၈၅ မိနစ္မွာေတာ့ ဘရန႔္ဖို႔ဒ္တို႔ပဲ တတိယ ဦးေဆာင္ဂိုးကို သြင္းယူႏိုင္ခဲ့သလို ဒီဂိုးကိုေတာ့ ညာျခမ္းကေန တိုက္စစ္ဆင္လာခဲ့ၿပီး ဧရိယာထဲကို တစ္ကိုယ္ေတာ္ ေျပးဝင္ခဲ့ၿပီးမွ ဂိုးစည္းနားကေန Cut Back ျပန္ပို႔ေပးရတဲ့ ရွာဒီရဲ႕ ဖန္တီးမႈကို ယန္ဆင္က အနီးကပ္ကန္သြင္းခဲ့ရာမွာ လီႏိုရဲ႕ ေပါင္ၾကားထဲက ဝင္သြားခဲ့လို႔ သုံးဂိုး-တစ္ဂိုးျဖစ္ေနခဲ့ပါတယ္။

ဒီေနာက္မွာ နာက်င္အခ်ိန္ပို ၈ မိနစ္ သတ္မွတ္ေပးခဲ့ၿပီး ေနာက္ဆုံးမိနစ္မွာေတာ့ ဖူလ္ဟမ္တို႔ ေခ်ပဂိုးတစ္ဂိုး ထပ္မံရရွိခဲ့သလို ဒီဂိုးကိုေတာ့ အမွတ္မထင္ လွမ္းကန္ခဲ့တဲ့ ပါရဲရားရဲ႕ ကန္ခ်က္ကို ဂိုးသမား ရာယာက ပုတ္ထုတ္ႏိုင္ခဲ့ေပမယ့္ ျပန္က်လာတဲ့ ေဘာလုံးကို ကားလို႔စ္ ဗီနီးရွပ္စ္က ထပ္မံပိတ္သြင္းသြားႏိုင္ခဲ့တာပါ။

ပြဲခ်ိန္အျပည့္မွာေတာ့ ဘရန႔္ဖို႔ဒ္တို႔က ဖူလ္ဟမ္တို႔ကို သုံးဂိုး-ႏွစ္ဂိုးနဲ႔ အႏိုင္ရရွိခဲ့ၾကၿပီး ရႈံးပြဲမရွိမွတ္တမ္းကို ၁၂ ပြဲဆက္အျဖစ္ ထပ္မံတိုးျမႇင့္ႏိုင္ခဲ့သလို အမွတ္ေပးဇယားမွာေတာ့ ခ်ဲလ္ဆီးတို႔ကို ၄ မွတ္ျဖတ္ၿပီး အဆင့္ ၉ ေနရာမွာ ရပ္တည္ေနခဲ့ၾကခ်ိန္မွာ ဖူလ္ဟမ္တို႔ကေတာ့ လာမယ့္ ပြဲစဥ္ေတြမွာ အဆင့္ ၇ ကေန ေအာက္ဆင္းေပးရဖို႔ ျဖစ္လာခဲ့ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.