Premier League

ဂိုးသွင်းပြီး ရက်ရှ်ဖို့ဒ်လို အောင်ပွဲခံပြီး မန်ယူနိုက်တက် အနာကို ဆားနဲ့ပက်ခဲ့တဲ့ နူးညက်ဇ်

လီဗာပူးလ်တိုက်စစ်မှူး ဒါဝင် နူးညက်ဇ်ဟာ တနင်္ဂနွေနေ့ အန်းဖီးမှာ ကစားခဲ့တဲ့ပွဲစဉ်အတွင်း ဂိုးသွင်းအပြီး အောင်ပွဲခံရာမှာ မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူး မားကပ်စ် ရက်ရှ်ဖို့ဒ်အတိုင်း အောင်ပွဲခံခဲ့ပြီး လှောင်ပြောင်ခဲ့တယ်လို့ စွပ်စွဲခံခဲ့ရပါတယ်။

အသက် ၂၃ နှစ်အရွယ် ဥရုဂွေးတိုက်စစ်မှူးဟာ ယခုရာသီ ကလပ်အသင်းနဲ့ နိုင်ငံအသင်းအတွက် ၃၄ ပွဲမှာ ၁၄ ဂိုး သွင်းယူပေးထားသူဖြစ်ပြီး မန်ချက်စတာယူနိုက်တက်ကို ၇-၀ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ လီဗာပူးလ်အတွက် ၂ ဂိုး သွင်းယူပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။

နူးညက်ဇ်ဟာ ဒုတိယပိုင်း ပြန်လည်စတင်ခဲ့ပြီးနောက် ဦးဆောင်ဂိုးသွင်းယူပေးခဲ့ပြီး ၇၅ မိနစ်မှာ နောက်ထပ် ဦးဆောင်ဂိုးကို သွင်းယူပေးသွားခဲ့တာ ဖြစ်ပါတယ်။

ဒါဝင် နူးညက်ဇ်ဟာ ယာဂန် ကလော့ပ်ရဲ့အသင်းအတွက် ၅-၀ နဲ့ ဦးဆောင်နိုင်စေမယ့် ဂိုးကို သွင်းယူပေးခဲ့ပြီးနောက် ၎င်းရဲ့ ဦးခေါင်းကို လက်ညှိုးနဲ့ ညွှန်ပြပြီး အောင်ပွဲခံခဲ့တာ ဖြစ်ပါတယ်။

နူးညက်ဇ်အနေနဲ့ ရည်ရွယ်ချက်ရှိရှိနဲ့လားဆိုတာမသိပေမယ့်လည်း အဲရစ် တန်ဟက်ရဲ့အသင်းအတွက် ပုံမှန်ခြေစွမ်း ပြသနေတဲ့ မားကပ်စ် ရက်ရှ်ဖို့ဒ်ကို လှောင်ပြောင်ခဲ့တာဖြစ်တယ်လို့ စွပ်စွဲခြင်း ခံခဲ့ရတာ ဖြစ်ပါတယ်။

ယခုရာသီ သွင်းဂိုး ၂၈ ဂိုးထဲက အများစုကို သွင်းယူပြီးနောက် မားကပ်စ် ရက်ရှ်ဖို့ဒ်ဟာ ၎င်းရဲ့ ဦးခေါင်းကို လက်ညှိုးနဲ့ ညွှန်ပြပြီး အောင်ပွဲခံခဲ့တာဖြစ်ပြီး အဲဒီအောင်ပွဲခံဟန်ကို နူးညက်ဇ်အပါအဝင် အခြားကစားသမားအများအပြားကလည်း ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

“ငါပဲ ဘယ်လိုဖြစ်ပြီး နူးညက်ဇ်က ရက်ရှ်ဖို့ဒ်ကို လှောင်ပြောင်နေတယ်လို့ မြင်နေရတာလဲ”လို့ ပရိသတ်တစ်ဦးက ပြောကြားခဲ့ပြီး နောက်ထပ်ပရိသတ်တစ်ဦးကလည်း “မတူညီတဲ့အရာက နူးညက်ဇ်က အဆင့် ၅ ဖြစ်ပြီး ရက်ရှ်ဖို့ဒ်က ဆုဖလားနဲ့အတူ အဆင့် ၃ ဖြစ်သလို အက်ဖ်အေဖလားပြိုင်ပွဲမှာ ရှိနေပါသေးတယ်”လို့ မှတ်ချက်ပေးခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

လီဗာပူးလ္တိုက္စစ္မႉး ဒါဝင္ ႏူးညက္ဇ္ဟာ တနဂၤေႏြေန႔ အန္းဖီးမွာ ကစားခဲ့တဲ့ပြဲစဥ္အတြင္း ဂိုးသြင္းအၿပီး ေအာင္ပြဲခံရာမွာ မန္ခ်က္စတာယူႏိုက္တက္တိုက္စစ္မႉး မားကပ္စ္ ရက္ရွ္ဖို႔ဒ္အတိုင္း ေအာင္ပြဲခံခဲ့ၿပီး ေလွာင္ေျပာင္ခဲ့တယ္လို႔ စြပ္စြဲခံခဲ့ရပါတယ္။

အသက္ ၂၃ ႏွစ္အ႐ြယ္ ဥ႐ုေဂြးတိုက္စစ္မႉးဟာ ယခုရာသီ ကလပ္အသင္းနဲ႔ ႏိုင္ငံအသင္းအတြက္ ၃၄ ပြဲမွာ ၁၄ ဂိုး သြင္းယူေပးထားသူျဖစ္ၿပီး မန္ခ်က္စတာယူႏိုက္တက္ကို ၇-၀ နဲ႔ အႏိုင္ရရွိခဲ့တဲ့ပြဲစဥ္မွာ လီဗာပူးလ္အတြက္ ၂ ဂိုး သြင္းယူေပးႏိုင္ခဲ့တာ ျဖစ္ပါတယ္။

ႏူးညက္ဇ္ဟာ ဒုတိယပိုင္း ျပန္လည္စတင္ခဲ့ၿပီးေနာက္ ဦးေဆာင္ဂိုးသြင္းယူေပးခဲ့ၿပီး ၇၅ မိနစ္မွာ ေနာက္ထပ္ ဦးေဆာင္ဂိုးကို သြင္းယူေပးသြားခဲ့တာ ျဖစ္ပါတယ္။

ဒါဝင္ ႏူးညက္ဇ္ဟာ ယာဂန္ ကေလာ့ပ္ရဲ႕အသင္းအတြက္ ၅-၀ နဲ႔ ဦးေဆာင္ႏိုင္ေစမယ့္ ဂိုးကို သြင္းယူေပးခဲ့ၿပီးေနာက္ ၎ရဲ႕ ဦးေခါင္းကို လက္ညႇိဳးနဲ႔ ၫႊန္ျပၿပီး ေအာင္ပြဲခံခဲ့တာ ျဖစ္ပါတယ္။

ႏူးညက္ဇ္အေနနဲ႔ ရည္႐ြယ္ခ်က္ရွိရွိနဲ႔လားဆိုတာမသိေပမယ့္လည္း အဲရစ္ တန္ဟက္ရဲ႕အသင္းအတြက္ ပုံမွန္ေျခစြမ္း ျပသေနတဲ့ မားကပ္စ္ ရက္ရွ္ဖို႔ဒ္ကို ေလွာင္ေျပာင္ခဲ့တာျဖစ္တယ္လို႔ စြပ္စြဲျခင္း ခံခဲ့ရတာ ျဖစ္ပါတယ္။

ယခုရာသီ သြင္းဂိုး ၂၈ ဂိုးထဲက အမ်ားစုကို သြင္းယူၿပီးေနာက္ မားကပ္စ္ ရက္ရွ္ဖို႔ဒ္ဟာ ၎ရဲ႕ ဦးေခါင္းကို လက္ညႇိဳးနဲ႔ ၫႊန္ျပၿပီး ေအာင္ပြဲခံခဲ့တာျဖစ္ၿပီး အဲဒီေအာင္ပြဲခံဟန္ကို ႏူးညက္ဇ္အပါအဝင္ အျခားကစားသမားအမ်ားအျပားကလည္း ျပဳလုပ္ခဲ့တာ ျဖစ္ပါတယ္။

“ငါပဲ ဘယ္လိုျဖစ္ၿပီး ႏူးညက္ဇ္က ရက္ရွ္ဖို႔ဒ္ကို ေလွာင္ေျပာင္ေနတယ္လို႔ ျမင္ေနရတာလဲ”လို႔ ပရိသတ္တစ္ဦးက ေျပာၾကားခဲ့ၿပီး ေနာက္ထပ္ပရိသတ္တစ္ဦးကလည္း “မတူညီတဲ့အရာက ႏူးညက္ဇ္က အဆင့္ ၅ ျဖစ္ၿပီး ရက္ရွ္ဖို႔ဒ္က ဆုဖလားနဲ႔အတူ အဆင့္ ၃ ျဖစ္သလို အက္ဖ္ေအဖလားၿပိဳင္ပြဲမွာ ရွိေနပါေသးတယ္”လို႔ မွတ္ခ်က္ေပးခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.