Analysis Article Premier League

ငါးစီးရှင်မှသည် 7up ဆီသို့ လီဗာပူးလ် 7-0 မန်ယူပွဲက မှတ်မှတ်ရရ ပြောစရာများ

ငါးစီးရှင်မှသည် 7up ဆီသို့
ပြီးခဲ့တဲ့ ရာသီက ငါးဂိုး-ဂိုးမရှိနဲ့ အိုးလ်ထရက်ဖို့ဒ်မှာ လီဗာပူးလ်တို့ တီးတာကို ခံလိုက်ရတာကြောင့် ငါးစီးရှင်ဘွဲ့ ရသွားခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက်တို့အနေနဲ့ ဒီလို စိတ်နာစရာကောင်းတဲ့ လှောင်ပြောင်မှုတွေကို အန်းဖီးလ်မှာ မချေဖျက်နိုင်ခဲ့ဘဲ ပိုမိုဆိုးရွားတဲ့ ချစ်တီးနှစ်ထပ်တိုးလို အကြွေးနဲ့ပဲ ရင်ဆိုင်ခဲ့ရပါတယ်။ ဒီတစ်ခါမှာတော့ ကာရာဘောင်းဖလားကို သိမ်းပိုက်ပြီး ကျွဲစိမ်း အချိုရည်နဲ့ သာယာနေခဲ့တဲ့ မန်ယူတို့ကို အအေးကြိုက်ရင် 7up သောက်ဦးမလားလို့ မေးပြီး ခုနစ်ဂိုးထည့်သွားခဲ့တာဖြစ်ပြီး ဖလားလေးလုံးအိပ်မက်ကို ဖြစ်နိုင်မဖြစ်နိုင် မစဉ်းစားဘဲ မက်နေခဲ့ကြတဲ့ ဖန်တွေအတွက် ဆေးခါးကြီးမိခဲ့တာလို့လည်း ဆိုရမှာပါ။

အန်းဖီးလ်ရဲ့ ဘုရင်သစ် ဖာရိုး
လီဗာပူးလ်အသင်းရဲ့ တိုက်စစ်မှူး မိုဟာမက် ဆာလားအနေနဲ့ ဒီပွဲမတိုင်ခင်မှာ အသင်းအတွက် ကစားပြီးသမျှ ပွဲစဉ်တွေမှာ ၁၂၇ ဂိုး သွင်းယူထားခဲ့တာဖြစ်ပြီး ဂန္ထဝင် ရော်ဘီ ဖောင်လာနောက် တစ်ဂိုးလျော့နည်းနေခဲ့တာပါ။ ဒီနေ့မှာတော့ အီဂျစ်သားအနေနဲ့ ပွဲချိန် ၆၆ မိနစ်မှာ မနားတမ်း ညာခြေ ကန်ချက်နဲ့ ၁၂၈ ဂိုးမြောက်ကို သွင်းယူခဲ့ပြီး ဖောင်လာနဲ့ တူညီပြီးတဲ့နောက် ပွဲချိန် ၈၃ မိနစ်မှာတော့ နောက်ထပ်တစ်ဂိုးထပ်မံသွင်းယူနိုင်ခဲ့လို့ ၁၂၉ ဂိုးနဲ့ လီဗာပူးလ်တို့အတွက် ထာဝရ ဂိုးသွင်းအများဆုံး ကစားသမားလည်းဖြစ်လာခဲ့ပါတယ်။

မန်ယူဆို ငယ်နိုင်လိုဖြစ်နေတာလား
လီဗာပူးလ်တို့အတွက် ခြေသာမှန်နေလို့ကတော့ အချိန်တန်လို့ မန်ယူနဲ့တွေ့ရင် နိုင်ပွဲရဖို့ မခက်ဘူးဆိုတဲ့အကြောင်းကို ပြသနိုင်ခဲ့တာဖြစ်ပါတယ်။ ပထမအကျော့က မန်ယူကွင်းမှာ နှစ်ဂိုး-တစ်ဂိုးနဲ့ ရှုံးနိမ့်ခဲ့ရအပြီး ဒီတစ်ကြိမ် တွေ့ဆုံမှုကတော့ လီဗာပူးလ်တို့ ကြွေတက်ခြေတက်ချိန်မှာ ကွက်တိကို ဆိုက်ရောက်လာခဲ့တာကြောင့် ဧည့်သည်တွေအတွက် ထင်တာထက် ပိုခက်မယ်လို့ ပွဲစကတည်းက တွေးခဲ့ကြတာပါ။ ဒါပေမယ့် ဒီလောက်ကြီး ပက်စက်တဲ့ ရလဒ်မျိုးကိုတော့ ဘယ်သူမှ မမျှော်လင့်ခဲ့ဘဲ ၁၉၃၁ နောက်ပိုင်းမှာ အဆိုးရွားဆုံးရလဒ်ကို ပိုင်ဆိုင်ခဲ့သလို ဒီနိုင်ပွဲကြောင့် လီဗာပူးလ်တို့ ချန်ပီယံလိဂ်ဝင်ခွင့် ရရှိနိုင်ဖို့ ယုံကြည်မှု ကောင်းလာခဲ့တာဖြစ်ပါတယ်။

အသီးအပွင့်တွေ ဝေဆာလာတဲ့ လီဗာပူးလ်တိုက်စစ်
ရာသီအစက ပေါင် ၈၅ သန်းသုံးပြီး ခေါ်ယူခဲ့တဲ့ ဥရုဂွေးတိုက်စစ်မှူး ဒါဝင် နူးညက်ဇ်အနေနဲ့ ရာသီထက်ဝက်လောက်ကို အလွဲလွဲအချော်ချော် အဆုံးသတ်မှုတွေနဲ့ ကျော်ဖြတ်ခဲ့သလို ဇန်နဝါရီမှာ ခေါ်ယူခဲ့တဲ့ နယ်သာလန်တိုက်စစ်မှူး ကိုဒီ ဂက်ခ်ပိုကလည်း အသားကျဖို့တော့ နည်းနည်းလောက် စောင့်ဆိုင်းခဲ့ရတာပါ။ ဒီနေ့မှာတော့ လီဗာပူးလ်တို့အတွက် နူးညက်ဇ်က လှပတဲ့ ခေါင်းတိုက်ဂိုးနှစ်ဂိုးကို သွင်းယူပေးခဲ့သလို ဂက်ခ်ပိုကတော့ ပညာသား ပါတဲ့ ကန်ချက်နှစ်ကြိမ်နဲ့ နှစ်ဂိုးရယူပေးခဲ့ပြီး သူတို့ရဲ့ ပြောင်းရွှေ့ကြေးအတွက် သက်သေပြဖို့ အဆင်သင့်ဖြစ်လာခဲ့ပါတယ်။ နည်းပြ ယာဂန် ကလော့ပ်နဲ့ အန်းဖီးလ် ပရိသတ်တွေအတွက်တော့ စိတ်ရှည်မှုရဲ့ အသီးအပွင့်တွေကို ခံစားရဖို့ နီးစပ်လာခဲ့ပါပြီ။

ဒါလော့နဲ့တွဲပြီး နာမည်ပျက်တဲ့ တန်ဟတ်
မန်ယူနည်းပြ အဲရစ် တန်ဟတ်အနေနဲ့ ဒီနေ့လို ပွဲမျိုးမှာ ဒီယိုဂို ဒါလော့ကို ညာနောက်ခံလူအဖြစ် ပွဲထုတ်ခဲ့တာကတော့ အရဲကိုးလွန်ရာကျသလို သူ့ရဲ့ အဖျက်မပိုင်နိုင်မှုတွေက လီဗာပူးလ်တိုက်စစ်ကို အခွင့်အရေးများစွာ ပေးခဲ့ရပြီး တချို့အချိန်တွေမှာဆိုရင် ခံစစ်နေရာမှန်ကို အချိန်မီ ပြန်မရောက်ခဲ့တဲ့ အတွက် ဂိုးခွင့်ပြုရမှု များခဲ့တာဖြစ်ပါတယ်။ ဒီပွဲအတွက် အာရွန် ဝန်ဘစ်ဆာကာကို သုံးခဲ့သင့်ပေမယ့် တန်ဟတ်ကတော့ ခေါင်းမာတဲ့ ရွေးချယ်မှုကို ပြုလုပ်ခဲ့မိပြီး အန်းဖီးလ်မှာ အဆိုးရွားဆုံး ဂိုးပြတ်ရှုံးပွဲနဲ့ နာမည်ပျက်ခဲ့ရတာပါ။

နှမြောစရာ ဖာမီနို
ရာသီကုန်မှာ အသင်းကနေ ထွက်ခွာတော့မယ်ဆိုတဲ့ ဘရာဇီးလ်တိုက်စစ်မှူး ရောဘတ်တို ဖာမီနိုကတော့ ဒီနေ့ပွဲမှာ အရန်ခုံမှာပဲ ရှိနေခဲ့တာ ဖြစ်ပါတယ်။ ပွဲချိန် ၇၉ မိနစ်မှာတော့ ကွင်းထဲကို ဝင်ရောက်ခြေချခွင့် ရခဲ့တဲ့ ဖာမီနိုဟာ ဆာလားရဲ့ ဒုတိယဂိုးအတွက် တစ်ဖက်နောက်ခံလူ လုခ်ရှောရဲ့ ကန်ချက်က သူ့လာမှန်ပြီးမှ အီဂျစ်သားဆီ ရောက်ခဲ့တာဖြစ်လို့ ဖန်တီးမှုအဖြစ် သတ်မှတ်ခံခဲ့ရသလို ပွဲပြီးခါနီးမှာတော့ ဆာလားရဲ့ ဖန်တီးမှုကနေ ကြုံသလို ကန်သွင်းနိုင်ခဲ့တာကြောင့် ဂိုးပါရယူနိုင်ခဲ့ပြီး မိနစ်အနည်းငယ်နဲ့ တစ်ဂိုးသွင်း၊ တစ်ဂိုးဖန်တီးမှုက အန်းဖီးလ်ပရိသတ်တွေအတွက်တော့ လက်လွှတ်ဆုံးရှုံးမှာ နှမြောချင်စရာလည်းဖြစ်နေခဲ့ပါတယ်။

နာမည်ပျက်ရတဲ့ ဟီးရိုးများ
မန်ချက်စတာယူနိုက်တက်တို့အတွက်တော့ ပြီးခဲ့တဲ့ ပွဲတွေက ကောင်းလှပါတယ်ဆိုတဲ့ ကစားသမားတွေက ဒီနေ့မှာ သူတို့မှ ဟုတ်ရဲ့လားဆိုတဲ့ အနေအထားနဲ့ နာမည်ပျက်ခဲ့ရတာပါ။ ဒါလော့ရဲ့ စိတ်ပျက်စရာ အတက်အဆင်းတွေအပြင် လီဗာပူးလ်တို့ရဲ့ ပထမဂိုး ပေးလိုက်ရမှုမှာ ဂိုးသမားရှေ့ကနေ လျှောက်ပြေးပြနေပြီး ဂိုးပေးရအောင် လုပ်ခဲ့တဲ့ လီဆန်ဒရို မာတီနက်ဇ်ကြောင့် တန်ဟတ်ရဲ့ ပလန်ပျက်သွားခဲ့ရတဲ့နောက် ဒုတိယပိုင်းမှာတော့ ပုံလျက်သား ပြိုလဲခဲ့တာဖြစ်ပါတယ်။ ကာစီမီရိုနဲ့ ရက်ရှ်ဖို့ဒ်တို့ရဲ့ ပရိသတ် ဝင့်ကြွားစရာ ခြေစွမ်းတွေကလည်း အရင်ပွဲတွေနဲ့ ဘာမှ မဆိုင်ဘဲဖြစ်ခဲ့ပြီး အားနေရင် ကွန်ပလိန်းတက်ဖို့ ကြိုးစားနေတဲ့ ဘရူနို ဖာနန်ဒက်စ်နဲ့ ပေါင်းလိုက်ရင် အဝေးကွင်းမှာ နာမည်ပျက်စရာတွေပဲ များခဲ့တာပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ငါးစီးရွင္မွသည္ 7up ဆီသို႔
ၿပီးခဲ့တဲ့ ရာသီက ငါးဂိုး-ဂိုးမရွိနဲ႔ အိုးလ္ထရက္ဖို႔ဒ္မွာ လီဗာပူးလ္တို႔ တီးတာကို ခံလိုက္ရတာေၾကာင့္ ငါးစီးရွင္ဘြဲ႕ ရသြားခဲ့တဲ့ မန္ခ်က္စတာ ယူႏိုက္တက္တို႔အေနနဲ႔ ဒီလို စိတ္နာစရာေကာင္းတဲ့ ေလွာင္ေျပာင္မႈေတြကို အန္းဖီးလ္မွာ မေခ်ဖ်က္ႏိုင္ခဲ့ဘဲ ပိုမိုဆိုး႐ြားတဲ့ ခ်စ္တီးႏွစ္ထပ္တိုးလို အေႂကြးနဲ႔ပဲ ရင္ဆိုင္ခဲ့ရပါတယ္။ ဒီတစ္ခါမွာေတာ့ ကာရာေဘာင္းဖလားကို သိမ္းပိုက္ၿပီး ကြၽဲစိမ္း အခ်ိဳရည္နဲ႔ သာယာေနခဲ့တဲ့ မန္ယူတို႔ကို အေအးႀကိဳက္ရင္ 7up ေသာက္ဦးမလားလို႔ ေမးၿပီး ခုနစ္ဂိုးထည့္သြားခဲ့တာျဖစ္ၿပီး ဖလားေလးလုံးအိပ္မက္ကို ျဖစ္ႏိုင္မျဖစ္ႏိုင္ မစဥ္းစားဘဲ မက္ေနခဲ့ၾကတဲ့ ဖန္ေတြအတြက္ ေဆးခါးႀကီးမိခဲ့တာလို႔လည္း ဆိုရမွာပါ။

အန္းဖီးလ္ရဲ႕ ဘုရင္သစ္ ဖာ႐ိုး
လီဗာပူးလ္အသင္းရဲ႕ တိုက္စစ္မႉး မိုဟာမက္ ဆာလားအေနနဲ႔ ဒီပြဲမတိုင္ခင္မွာ အသင္းအတြက္ ကစားၿပီးသမွ် ပြဲစဥ္ေတြမွာ ၁၂၇ ဂိုး သြင္းယူထားခဲ့တာျဖစ္ၿပီး ဂႏၴဝင္ ေရာ္ဘီ ေဖာင္လာေနာက္ တစ္ဂိုးေလ်ာ့နည္းေနခဲ့တာပါ။ ဒီေန႔မွာေတာ့ အီဂ်စ္သားအေနနဲ႔ ပြဲခ်ိန္ ၆၆ မိနစ္မွာ မနားတမ္း ညာေျခ ကန္ခ်က္နဲ႔ ၁၂၈ ဂိုးေျမာက္ကို သြင္းယူခဲ့ၿပီး ေဖာင္လာနဲ႔ တူညီၿပီးတဲ့ေနာက္ ပြဲခ်ိန္ ၈၃ မိနစ္မွာေတာ့ ေနာက္ထပ္တစ္ဂိုးထပ္မံသြင္းယူႏိုင္ခဲ့လို႔ ၁၂၉ ဂိုးနဲ႔ လီဗာပူးလ္တို႔အတြက္ ထာဝရ ဂိုးသြင္းအမ်ားဆုံး ကစားသမားလည္းျဖစ္လာခဲ့ပါတယ္။

မန္ယူဆို ငယ္ႏိုင္လိုျဖစ္ေနတာလား
လီဗာပူးလ္တို႔အတြက္ ေျခသာမွန္ေနလို႔ကေတာ့ အခ်ိန္တန္လို႔ မန္ယူနဲ႔ေတြ႕ရင္ ႏိုင္ပြဲရဖို႔ မခက္ဘူးဆိုတဲ့အေၾကာင္းကို ျပသႏိုင္ခဲ့တာျဖစ္ပါတယ္။ ပထမအေက်ာ့က မန္ယူကြင္းမွာ ႏွစ္ဂိုး-တစ္ဂိုးနဲ႔ ရႈံးနိမ့္ခဲ့ရအၿပီး ဒီတစ္ႀကိမ္ ေတြ႕ဆုံမႈကေတာ့ လီဗာပူးလ္တို႔ ေႂကြတက္ေျခတက္ခ်ိန္မွာ ကြက္တိကို ဆိုက္ေရာက္လာခဲ့တာေၾကာင့္ ဧည့္သည္ေတြအတြက္ ထင္တာထက္ ပိုခက္မယ္လို႔ ပြဲစကတည္းက ေတြးခဲ့ၾကတာပါ။ ဒါေပမယ့္ ဒီေလာက္ႀကီး ပက္စက္တဲ့ ရလဒ္မ်ိဳးကိုေတာ့ ဘယ္သူမွ မေမွ်ာ္လင့္ခဲ့ဘဲ ၁၉၃၁ ေနာက္ပိုင္းမွာ အဆိုး႐ြားဆုံးရလဒ္ကို ပိုင္ဆိုင္ခဲ့သလို ဒီႏိုင္ပြဲေၾကာင့္ လီဗာပူးလ္တို႔ ခ်န္ပီယံလိဂ္ဝင္ခြင့္ ရရွိႏိုင္ဖို႔ ယုံၾကည္မႈ ေကာင္းလာခဲ့တာျဖစ္ပါတယ္။

အသီးအပြင့္ေတြ ေဝဆာလာတဲ့ လီဗာပူးလ္တိုက္စစ္
ရာသီအစက ေပါင္ ၈၅ သန္းသုံးၿပီး ေခၚယူခဲ့တဲ့ ဥ႐ုေဂြးတိုက္စစ္မႉး ဒါဝင္ ႏူးညက္ဇ္အေနနဲ႔ ရာသီထက္ဝက္ေလာက္ကို အလြဲလြဲအေခ်ာ္ေခ်ာ္ အဆုံးသတ္မႈေတြနဲ႔ ေက်ာ္ျဖတ္ခဲ့သလို ဇန္နဝါရီမွာ ေခၚယူခဲ့တဲ့ နယ္သာလန္တိုက္စစ္မႉး ကိုဒီ ဂက္ခ္ပိုကလည္း အသားက်ဖို႔ေတာ့ နည္းနည္းေလာက္ ေစာင့္ဆိုင္းခဲ့ရတာပါ။ ဒီေန႔မွာေတာ့ လီဗာပူးလ္တို႔အတြက္ ႏူးညက္ဇ္က လွပတဲ့ ေခါင္းတိုက္ဂိုးႏွစ္ဂိုးကို သြင္းယူေပးခဲ့သလို ဂက္ခ္ပိုကေတာ့ ပညာသား ပါတဲ့ ကန္ခ်က္ႏွစ္ႀကိမ္နဲ႔ ႏွစ္ဂိုးရယူေပးခဲ့ၿပီး သူတို႔ရဲ႕ ေျပာင္းေ႐ႊ႕ေၾကးအတြက္ သက္ေသျပဖို႔ အဆင္သင့္ျဖစ္လာခဲ့ပါတယ္။ နည္းျပ ယာဂန္ ကေလာ့ပ္နဲ႔ အန္းဖီးလ္ ပရိသတ္ေတြအတြက္ေတာ့ စိတ္ရွည္မႈရဲ႕ အသီးအပြင့္ေတြကို ခံစားရဖို႔ နီးစပ္လာခဲ့ပါၿပီ။

ဒါေလာ့နဲ႔တြဲၿပီး နာမည္ပ်က္တဲ့ တန္ဟတ္
မန္ယူနည္းျပ အဲရစ္ တန္ဟတ္အေနနဲ႔ ဒီေန႔လို ပြဲမ်ိဳးမွာ ဒီယိုဂို ဒါေလာ့ကို ညာေနာက္ခံလူအျဖစ္ ပြဲထုတ္ခဲ့တာကေတာ့ အရဲကိုးလြန္ရာက်သလို သူ႔ရဲ႕ အဖ်က္မပိုင္ႏိုင္မႈေတြက လီဗာပူးလ္တိုက္စစ္ကို အခြင့္အေရးမ်ားစြာ ေပးခဲ့ရၿပီး တခ်ိဳ႕အခ်ိန္ေတြမွာဆိုရင္ ခံစစ္ေနရာမွန္ကို အခ်ိန္မီ ျပန္မေရာက္ခဲ့တဲ့ အတြက္ ဂိုးခြင့္ျပဳရမႈ မ်ားခဲ့တာျဖစ္ပါတယ္။ ဒီပြဲအတြက္ အာ႐ြန္ ဝန္ဘစ္ဆာကာကို သုံးခဲ့သင့္ေပမယ့္ တန္ဟတ္ကေတာ့ ေခါင္းမာတဲ့ ေ႐ြးခ်ယ္မႈကို ျပဳလုပ္ခဲ့မိၿပီး အန္းဖီးလ္မွာ အဆိုး႐ြားဆုံး ဂိုးျပတ္ရႈံးပြဲနဲ႔ နာမည္ပ်က္ခဲ့ရတာပါ။

ႏွေျမာစရာ ဖာမီႏို
ရာသီကုန္မွာ အသင္းကေန ထြက္ခြာေတာ့မယ္ဆိုတဲ့ ဘရာဇီးလ္တိုက္စစ္မႉး ေရာဘတ္တို ဖာမီႏိုကေတာ့ ဒီေန႔ပြဲမွာ အရန္ခုံမွာပဲ ရွိေနခဲ့တာ ျဖစ္ပါတယ္။ ပြဲခ်ိန္ ၇၉ မိနစ္မွာေတာ့ ကြင္းထဲကို ဝင္ေရာက္ေျခခ်ခြင့္ ရခဲ့တဲ့ ဖာမီႏိုဟာ ဆာလားရဲ႕ ဒုတိယဂိုးအတြက္ တစ္ဖက္ေနာက္ခံလူ လုခ္ေရွာရဲ႕ ကန္ခ်က္က သူ႔လာမွန္ၿပီးမွ အီဂ်စ္သားဆီ ေရာက္ခဲ့တာျဖစ္လို႔ ဖန္တီးမႈအျဖစ္ သတ္မွတ္ခံခဲ့ရသလို ပြဲၿပီးခါနီးမွာေတာ့ ဆာလားရဲ႕ ဖန္တီးမႈကေန ႀကဳံသလို ကန္သြင္းႏိုင္ခဲ့တာေၾကာင့္ ဂိုးပါရယူႏိုင္ခဲ့ၿပီး မိနစ္အနည္းငယ္နဲ႔ တစ္ဂိုးသြင္း၊ တစ္ဂိုးဖန္တီးမႈက အန္းဖီးလ္ပရိသတ္ေတြအတြက္ေတာ့ လက္လႊတ္ဆုံးရႈံးမွာ ႏွေျမာခ်င္စရာလည္းျဖစ္ေနခဲ့ပါတယ္။

နာမည္ပ်က္ရတဲ့ ဟီး႐ိုးမ်ား
မန္ခ်က္စတာယူႏိုက္တက္တို႔အတြက္ေတာ့ ၿပီးခဲ့တဲ့ ပြဲေတြက ေကာင္းလွပါတယ္ဆိုတဲ့ ကစားသမားေတြက ဒီေန႔မွာ သူတို႔မွ ဟုတ္ရဲ႕လားဆိုတဲ့ အေနအထားနဲ႔ နာမည္ပ်က္ခဲ့ရတာပါ။ ဒါေလာ့ရဲ႕ စိတ္ပ်က္စရာ အတက္အဆင္းေတြအျပင္ လီဗာပူးလ္တို႔ရဲ႕ ပထမဂိုး ေပးလိုက္ရမႈမွာ ဂိုးသမားေရွ႕ကေန ေလွ်ာက္ေျပးျပေနၿပီး ဂိုးေပးရေအာင္ လုပ္ခဲ့တဲ့ လီဆန္ဒ႐ို မာတီနက္ဇ္ေၾကာင့္ တန္ဟတ္ရဲ႕ ပလန္ပ်က္သြားခဲ့ရတဲ့ေနာက္ ဒုတိယပိုင္းမွာေတာ့ ပုံလ်က္သား ၿပိဳလဲခဲ့တာျဖစ္ပါတယ္။ ကာစီမီ႐ိုနဲ႔ ရက္ရွ္ဖို႔ဒ္တို႔ရဲ႕ ပရိသတ္ ဝင့္ႂကြားစရာ ေျခစြမ္းေတြကလည္း အရင္ပြဲေတြနဲ႔ ဘာမွ မဆိုင္ဘဲျဖစ္ခဲ့ၿပီး အားေနရင္ ကြန္ပလိန္းတက္ဖို႔ ႀကိဳးစားေနတဲ့ ဘ႐ူႏို ဖာနန္ဒက္စ္နဲ႔ ေပါင္းလိုက္ရင္ အေဝးကြင္းမွာ နာမည္ပ်က္စရာေတြပဲ မ်ားခဲ့တာပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.