Premier League

အသင်းဖော်တွေကို ပြစ်တင်ကြိမ်းမောင်းခဲ့ပြီး အနာဂတ်မရေရာမှုတွေ ပိုမိုမြင့်တက်လာတဲ့ ကိန်း

တော့တင်ဟမ်ဟော့စပါးတိုက်စစ်မှူး ဟာရီ ကိန်းဟာ စနေနေ့ညနေက ဝုလ်ဗ်စ်အသင်းကို ၁-၀ နဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် အသင်းဖော်တွေကို ပိုမို တိကျသေချာအောင်လုပ်ဖို့ တောင်းဆိုခဲ့ပါတယ်။

တော့တင်ဟမ်ဟော့စပါးဟာ စနေနေ့အစောပိုင်းမှာ မန်ချက်စတာစီးတီးကို ၂-၀ နဲ့ ရှုံးနိမ့်ခဲ့တဲ့ အဆင့် ၅ နေရာက နယူးကာဆယ်လ်ယူနိုက်တက်နဲ့ ၇ မှတ်အထိ ဖြတ်ထားနိုင်မယ့် အခွင့်အရေးကို လွဲချော်ခဲ့တာဖြစ်ပါတယ်။

ဘောလုံးပိုင်ဆိုင်မှုထိန်းသိမ်းတဲ့နေရာနဲ့ အခွင့်အရေးတွေ ဖန်တီးရာမှာ ပိုမို ကောင်းမွန်ခဲ့ပေမယ့်လည်း စပါးစ်ဟာ ကာလရှည် အပြောင်းအရွှေ့ပစ်မှတ်ဖြစ်တဲ့ အဒါမာ ထရာအိုရေးရဲ့ နောက်ကျသွင်းဂိုးကြောင့် ယခုအပတ်မှာ ဒုတိယမြောက် ၁-၀ နဲ့ ရှုံးပွဲကို ရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။

စပါးစ်အသင်းခေါင်းဆောင် ဟာရီ ကိန်းက အသင်းရဲ့ အားထုတ်မှုကို ချီးကျူးခဲ့ပေမယ့်လည်း ဝုလ်ဗ်စ်ကို ရှုံးနိမ့်ခဲ့မှုအတွက် စိတ်ပျက်မှုကိုတော့ မဖုံးကွယ်ထားနိုင်ခဲ့တာ ဖြစ်ပါတယ်။

“ကျွန်တော်တို့ အချိန်အများစုမှာ ထိန်းချုပ်ထားနိုင်ခဲ့တယ်လို့ တွေးမိခဲ့တယ်။ ဒါပေမယ့် ကျွန်တော်တို့ သူတို့ရဲ့ ခံစစ်ဧရိယာထဲမှာ အဆုံးသတ်သေချာသင့်သလောက် မသေချာခဲ့ပါဘူး။ နောက်ဆုံး အဆုံးသတ်ပဲဖြစ်ဖြစ်၊ ပေးပို့မှု ဒါမှမဟုတ် ဖြတ်တင်မှုပဲဖြစ်ဖြစ် ကျွန်တော်တို့ တိကျသေချာသင့်သလောက် မတိကျခဲ့ပါဘူး။ ဒီလိုအဆင့်မျိုးမှာ ခင်ဗျား အပြစ်ပေးခံရမှာဖြစ်ပြီး ပွဲအဆုံးပိုင်းမှာ အဲဒီလိုပဲ ဖြစ်ခဲ့တာပါ”

“ခင်ဗျား ကစားသမားတွေရဲ့ အားထုတ်မှုကို အပြစ်ပြောလို့မရနိုင်ဘူး။ ကျွန်တော်တို့ ကစားခဲ့တဲ့ပုံစံကို အပြစ်ပြောလို့မရနိုင်ဘူး။ ဒါပေမယ့် အမှတ်ပေးဇယားထိပ်ဆုံးနေရာမှာ တိုက်ပွဲဝင်ချင်တယ်ဆိုရင်တော့ မတူညီတဲ့ အခိုက်အတန့်တွေမှာ ခင်ဗျား တိကျသေချာဖို့ လိုမှာပါ”

“အဆုံးသတ်ပဲ တိကျသေချာရမှာမဟုတ်ဘဲ ခင်ဗျား ၃ ယောက်နဲ့ ၂ ယောက် အခင်းအကျင်းမျိုးဖြစ်နေတဲ့အခါမှာ နောက်ဆုံးပေးပို့မှုမှာလည်း တိကျရမှာပါ။ ကျွန်တော်တို့ အဲဒီ အခိုက်အတန့်တွေမှာ ပိုကောင်းအောင် လုပ်ဖို့လိုပါတယ်။ ပရီးမီးယားလိဂ်ပွဲစဉ်တွေမှာ ဝ-၀ ဖြစ်နေတဲ့အခါမှာ ခင်ဗျား အမြဲတမ်း အငိုက်ခံရနိုင်ပြီး ကျွန်တော်တို့ အဲဒီလိုဖြစ်ခဲ့တာပါ”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ေတာ့တင္ဟမ္ေဟာ့စပါးတိုက္စစ္မႉး ဟာရီ ကိန္းဟာ စေနေန႔ညေနက ဝုလ္ဗ္စ္အသင္းကို ၁-၀ နဲ႔ ရႈံးနိမ့္ခဲ့ၿပီးေနာက္ အသင္းေဖာ္ေတြကို ပိုမို တိက်ေသခ်ာေအာင္လုပ္ဖို႔ ေတာင္းဆိုခဲ့ပါတယ္။

ေတာ့တင္ဟမ္ေဟာ့စပါးဟာ စေနေန႔အေစာပိုင္းမွာ မန္ခ်က္စတာစီးတီးကို ၂-၀ နဲ႔ ရႈံးနိမ့္ခဲ့တဲ့ အဆင့္ ၅ ေနရာက နယူးကာဆယ္လ္ယူႏိုက္တက္နဲ႔ ၇ မွတ္အထိ ျဖတ္ထားႏိုင္မယ့္ အခြင့္အေရးကို လြဲေခ်ာ္ခဲ့တာျဖစ္ပါတယ္။

ေဘာလုံးပိုင္ဆိုင္မႈထိန္းသိမ္းတဲ့ေနရာနဲ႔ အခြင့္အေရးေတြ ဖန္တီးရာမွာ ပိုမို ေကာင္းမြန္ခဲ့ေပမယ့္လည္း စပါးစ္ဟာ ကာလရွည္ အေျပာင္းအေ႐ႊ႕ပစ္မွတ္ျဖစ္တဲ့ အဒါမာ ထရာအိုေရးရဲ႕ ေနာက္က်သြင္းဂိုးေၾကာင့္ ယခုအပတ္မွာ ဒုတိယေျမာက္ ၁-၀ နဲ႔ ရႈံးပြဲကို ရင္ဆိုင္ခဲ့ရတာျဖစ္ပါတယ္။

စပါးစ္အသင္းေခါင္းေဆာင္ ဟာရီ ကိန္းက အသင္းရဲ႕ အားထုတ္မႈကို ခ်ီးက်ဴးခဲ့ေပမယ့္လည္း ဝုလ္ဗ္စ္ကို ရႈံးနိမ့္ခဲ့မႈအတြက္ စိတ္ပ်က္မႈကိုေတာ့ မဖုံးကြယ္ထားႏိုင္ခဲ့တာ ျဖစ္ပါတယ္။

“ကြၽန္ေတာ္တို႔ အခ်ိန္အမ်ားစုမွာ ထိန္းခ်ဳပ္ထားႏိုင္ခဲ့တယ္လို႔ ေတြးမိခဲ့တယ္။ ဒါေပမယ့္ ကြၽန္ေတာ္တို႔ သူတို႔ရဲ႕ ခံစစ္ဧရိယာထဲမွာ အဆုံးသတ္ေသခ်ာသင့္သေလာက္ မေသခ်ာခဲ့ပါဘူး။ ေနာက္ဆုံး အဆုံးသတ္ပဲျဖစ္ျဖစ္၊ ေပးပို႔မႈ ဒါမွမဟုတ္ ျဖတ္တင္မႈပဲျဖစ္ျဖစ္ ကြၽန္ေတာ္တို႔ တိက်ေသခ်ာသင့္သေလာက္ မတိက်ခဲ့ပါဘူး။ ဒီလိုအဆင့္မ်ိဳးမွာ ခင္ဗ်ား အျပစ္ေပးခံရမွာျဖစ္ၿပီး ပြဲအဆုံးပိုင္းမွာ အဲဒီလိုပဲ ျဖစ္ခဲ့တာပါ”

“ခင္ဗ်ား ကစားသမားေတြရဲ႕ အားထုတ္မႈကို အျပစ္ေျပာလို႔မရႏိုင္ဘူး။ ကြၽန္ေတာ္တို႔ ကစားခဲ့တဲ့ပုံစံကို အျပစ္ေျပာလို႔မရႏိုင္ဘူး။ ဒါေပမယ့္ အမွတ္ေပးဇယားထိပ္ဆုံးေနရာမွာ တိုက္ပြဲဝင္ခ်င္တယ္ဆိုရင္ေတာ့ မတူညီတဲ့ အခိုက္အတန႔္ေတြမွာ ခင္ဗ်ား တိက်ေသခ်ာဖို႔ လိုမွာပါ”

“အဆုံးသတ္ပဲ တိက်ေသခ်ာရမွာမဟုတ္ဘဲ ခင္ဗ်ား ၃ ေယာက္နဲ႔ ၂ ေယာက္ အခင္းအက်င္းမ်ိဳးျဖစ္ေနတဲ့အခါမွာ ေနာက္ဆုံးေပးပို႔မႈမွာလည္း တိက်ရမွာပါ။ ကြၽန္ေတာ္တို႔ အဲဒီ အခိုက္အတန႔္ေတြမွာ ပိုေကာင္းေအာင္ လုပ္ဖို႔လိုပါတယ္။ ပရီးမီးယားလိဂ္ပြဲစဥ္ေတြမွာ ဝ-၀ ျဖစ္ေနတဲ့အခါမွာ ခင္ဗ်ား အၿမဲတမ္း အငိုက္ခံရႏိုင္ၿပီး ကြၽန္ေတာ္တို႔ အဲဒီလိုျဖစ္ခဲ့တာပါ”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.