Carabao & FA Match Report Premier League

ဝက်စ်ဟမ်းကို နောက်က လိုက်ကစားခဲ့ရပေမယ့် Come Back နဲ့ ကျော်ဖြတ်တဲ့ မန်ယူ

မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား ဒဟေးယား၊ ခံစစ်မှာ မက်ဂွိုင်းယား၊ လင်ဒီလော့ဖ်၊ ဒါလော့နဲ့ မာလာစီယာတို့ကို ကစားစေခဲ့ပြီး ကွင်းလယ်မှာတော့ ဆာဘစ်ဇာ၊ မက်တော်မီနေးနဲ့ ဘရူနို ဖာနန်ဒက်စ်တို့ကို ခင်းကျင်းလာခဲ့သလို တိုက်စစ်မှာတော့ အန်တိုနီ၊ ဂါနာချိုနဲ့ ဗက်ဂ်ဟော့စ်တို့ကို အသုံးပြုခဲ့ပြီး ရက်ရှ်ဖို့ဒ်ကိုတော့ အရန်ခုံမှာ အနားပေးခဲ့တာဖြစ်ပါတယ်။

ဧည့်သည် ဝက်စ်ဟမ်းယူနိုက်တက်တို့ကတော့ ဂိုးသမား အာရီယိုးလား၊ ခံစစ်မှာ အာဂွါဒ်၊ အော့ဘွန်နာ၊ ဂျွန်ဆန်နဲ့ အီမာဆန်တို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ ဒက်ကလန် ရိုက်စ်၊ ဆိုးချက်ခ်နဲ့ ပါကေးတာတို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ အန်တိုနီယို၊ ဖော်နယ်လ်စ်နဲ့ ဘင်ရာမာတို့ကို ပွဲထုတ်လာခဲ့ကြတာပါ။

ဒီနေ့ပွဲမှာ ဗက်ဂ်ဟော့စ်ကတော့ တကယ့် ဆုံချက်ကစားသမားကြီးလုံးလုံးဖြစ်နေတာကို တွေ့ရပြီး သူ့ရဲ့ ထိချက်နဲ့ အခင်းအကျင်းတွေက အရေးပါခဲ့သလို ပွဲချိန် ၆ မိနစ်မှာ သူဖန်တီးပေးတာကို ဆာဘစ်ဇာ ကန်ရာမှာ ဂိုးသမား အာရီယိုးလား ပုတ်ထုတ်နိုင်ခဲ့လို့ စောစောစီးစီး ဂိုးရခွင့်နဲ့ လွဲခဲ့ပြီး တောင်ပံက ဂါနာချိုနဲ့ အန်တိုနီတို့ကတော့ အတော်လေး လှုပ်ကစားနိုင်ခဲ့ကြပါတယ်။

အန်တိုနီလိုပဲ ဆံပင်ရွှေရောင်ဆိုးထားတဲ့ ဂါနာချိုက ရုပ်သံပေါ်မှာ လူမှားစရာလည်းဖြစ်နေခဲ့ပြီး ခြေစွမ်းပြ ခြိမ်းခြောက်နိုင်ခဲ့ပေမယ့် ဝက်စ်ဟမ်း ဂိုးသမား အမှားမရှိဘဲ ကာကွယ်သွားနိုင်ခဲ့တာကြောင့် ပထမပိုင်းက ဝက်စ်ဟမ်းတို့ရဲ့ ကောင်တာ ထိုးဖောက်မှုတွေနဲ့ပဲ အားပြိုင်ရင်း၊ ဒဟေးယားရဲ့ သတိကြီးမှုကို စမ်းသပ်ရင်း ဂိုးမရှိသရေပွဲဖြစ်နေခဲ့ကြတာပါ။

ဒုတိယပိုင်း ပြန်အစမှာတော့ ယူနိုက်တက်တို့ဘက်က မက်တော်မီနေးအစား ကာစီမီရို ဝင်လာခဲ့သလို နှစ်သင်းစလုံး ကစားအား တင်လာခဲ့ကြပြီး ဆိုးချက်ခ်ရဲ့ ခေါင်းတိုက်ချက်ကို ဒဟေးယား ပုတ်ထုတ်ခဲ့ရသလို အိမ်ရှင်တွေကတော့ အလုပ်သိပ်မဟုတ်ခဲ့ဘဲ ဂိုးပေါက်မတည့်တဲ့ ဖြုန်းတီးမှုတွေကို ကျူးလွန်နေခဲ့ပါတယ်။

ပွဲချိန် ၅၄ မိနစ်မှာတော့ ဝက်စ်ဟမ်းတို့ အဖွင့်ဂိုး စတင်သွင်းယူသွားနိုင်ခဲ့ကြပြီး ဘယ်ခြမ်းတွဲလုံးကနေ တောင်ပံက ဘောလုံးရလာတဲ့ အီမာဆန်က ဧရိယာထဲကို အနိမ့်ဘော ချိုးပေးရာမှာ ဘင်ရာမာက ဧရိယာထဲမှာ တစ်ချက်ထိန်းပြီး ဘရူနို ဖာနန်ဒက်စ် ဝင်မတားနိုင်ခင် အဝေးတိုင် အပေါ်ထောင့်ကို လှမ်းကန်သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

ဒီဂိုးမှာ နောက်ခံလူ ခေါင်းကြီး မက်ဂွိုင်းယားရဲ့ လေးလံမှုကလည်း အကြောင်းရင်းခံတစ်ရပ်ဖြစ်ခဲ့ပြီး နည်းပြ တန်ဟတ်ကတော့ ဂိုးပေးရအပြီးမှာ လင်ဒီလော့ဖ်နဲ့ အန်တိုနီတို့အစား လီဆန်ဒရို မာတီနက်ဇ်နဲ့ ရက်ရှ်ဖို့ဒ်တို့ကို ထည့်သွင်းပြီး အပြောင်းအလဲလုပ်ခဲ့သလို တိုက်စစ်ဖွင့်ကစားခဲ့တာကြောင့် ဝက်စ်ဟမ်းတို့ရဲ့ ကောင်တာတွေနဲ့လည်း ရင်ဆိုင်ခဲ့ရပြီး အန်တိုနီယိုရဲ့ အနီးကပ် ကန်ချက်ကို ဒဟေးယား ကာကွယ်နိုင်ခဲ့လို့သာ အကျိုးမနည်းခဲ့တာပါ။

ပွဲချိန် ၇၇ မိနစ်မှာတော့ ယူနိုက်တက်တို့ ချေပဂိုး ပြန်လည်ရယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ညာထောင့်ကန်ဘောကနေ ဘရူနို ဖာနန်ဒက်စ် ကန်တင်ပေးတာကို ဗက်ဂ်ဟော့စ်နဲ့ ခေါင်းယှဉ်တိုက်ခဲ့တဲ့ ဝက်စ်ဟမ်းနောက်ခံလူ အာဂွါဒ်က ကိုယ့်ဂိုးကိုယ် ခေါင်းတိုက်သွင်းမိခဲ့တာဖြစ်ပြီး ဂိုးသမား အာရီယိုးလားကလည်း ရှေ့တက် ပုတ်ထုတ်ခဲ့တာကြောင့် မကာကွယ်နိုင်ဘဲဖြစ်နေခဲ့ရပါတယ်။

သရေကျနေချိန်မှာ ဝက်စ်ဟမ်းတို့ဘက်က ဖော်နယ်လ်စ်နဲ့ အန်တိုနီယိုတို့အစား ဘိုဝင်နဲ့ ဆကာမက်ကာတို့ကို ထည့်သွင်းခဲ့သလို အိမ်ရှင် ယူနိုက်တက်တို့ဘက်ကတော့ ဆာဘစ်ဇာအစား ဖရက်ဒ်ကို ထည့်ပြီး လုခ်ရှော မပါနိုင်ချိန်မှာ ဘယ်ခြမ်းတိုက်စစ်ကို ပိုမိုကူညီနိုင်ဖို့ လုပ်ဆောင်လာခဲ့တာပါ။

ပွဲချိန် မိနစ် ၉၀ မှာတော့ ယူနိုက်တက်တို့ပဲ နောက်ကနေ အနိုင်ဂိုးကို ထပ်မံရယူနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ညာခြမ်းကနေ ဖြတ်တင်ပေးတဲ့ ဘောလုံးကို ဝက်စ်ဟမ်းခံစစ်က ရှင်းထုတ်ရာကနေ ဗက်ဂ်ဟော့စ်ရဲ့ ကန်ချက်က လူထိပြီး ပြန်ထွက်အလာမှာ ဘယ်ခြမ်းမှာ ရှိနေတဲ့ ဂါနာချိုက အဝေးတိုင်ဘက်ကို လှမ်းကန်ခဲ့ရာမှာ ဂိုးသမား အာရီယိုးလား မြင်ကွင်းပိတ်နေပြီး ကာကွယ်ပုံ နှောင့်နှေးခဲ့လို့ ခံစားသွားခဲ့ရတာဖြစ်ပါတယ်။

နာကျင်အချိန်ပို ၅ မိနစ်မှာတော့ အိမ်ရှင် သရဲနီတွေပဲ အနိုင်သေချာစေမယ့် တတိယဂိုးကို သွင်းယူသွားနိုင်ခဲ့ကြသလို ဒီဂိုးကိုတော့ နောက်ခံလူ အာဂွါဒ်ရဲ့ အမှားကနေ ဧရိယာထဲမှာ ဗက်ဂ်ဟော့စ်က လုယူလို့ ပျက်ခဲ့တဲ့ ဘောလုံးကို ပြေးဝင်လာတဲ့ ဖရက်ဒ်က အနိမ့်ဘောကန်သွင်းပြီး ဂိုးအဖြစ် ပြောင်းလဲနိုင်ခဲ့တာပါ။

ပွဲချိန်အပြည့်မှာတော့ မန်ချက်စတာယူနိုက်တက်တို့က ဝက်စ်ဟမ်းယူနိုက်တက်တို့ကို သုံးဂိုး-တစ်ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး အက်ဖ်အေဖလားရဲ့ ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်သွားနိုင်ခဲ့ကြသလို နောက်တစ်ဆင့်မှာတော့ အိမ်ကွင်း အိုးလ်ထရက်ဖို့ဒ်မှာပဲ ဖူလ်ဟမ်အသင်းနဲ့ ဆက်လက် ယှဉ်ပြိုင်ရမှာဖြစ်ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

မန္ခ်က္စတာယူႏိုက္တက္အသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးသမား ဒေဟးယား၊ ခံစစ္မွာ မက္ဂြိဳင္းယား၊ လင္ဒီေလာ့ဖ္၊ ဒါေလာ့နဲ႔ မာလာစီယာတို႔ကို ကစားေစခဲ့ၿပီး ကြင္းလယ္မွာေတာ့ ဆာဘစ္ဇာ၊ မက္ေတာ္မီေနးနဲ႔ ဘ႐ူႏို ဖာနန္ဒက္စ္တို႔ကို ခင္းက်င္းလာခဲ့သလို တိုက္စစ္မွာေတာ့ အန္တိုနီ၊ ဂါနာခ်ိဳနဲ႔ ဗက္ဂ္ေဟာ့စ္တို႔ကို အသုံးျပဳခဲ့ၿပီး ရက္ရွ္ဖို႔ဒ္ကိုေတာ့ အရန္ခုံမွာ အနားေပးခဲ့တာျဖစ္ပါတယ္။

ဧည့္သည္ ဝက္စ္ဟမ္းယူႏိုက္တက္တို႔ကေတာ့ ဂိုးသမား အာရီယိုးလား၊ ခံစစ္မွာ အာဂြါဒ္၊ ေအာ့ဘြန္နာ၊ ဂြၽန္ဆန္နဲ႔ အီမာဆန္တို႔ကို အသုံးျပဳခဲ့ၿပီး ကြင္းလယ္မွာေတာ့ ဒက္ကလန္ ႐ိုက္စ္၊ ဆိုးခ်က္ခ္နဲ႔ ပါေကးတာတို႔ကို အထိုင္ခ်ခဲ့သလို တိုက္စစ္မွာေတာ့ အန္တိုနီယို၊ ေဖာ္နယ္လ္စ္နဲ႔ ဘင္ရာမာတို႔ကို ပြဲထုတ္လာခဲ့ၾကတာပါ။

ဒီေန႔ပြဲမွာ ဗက္ဂ္ေဟာ့စ္ကေတာ့ တကယ့္ ဆုံခ်က္ကစားသမားႀကီးလုံးလုံးျဖစ္ေနတာကို ေတြ႕ရၿပီး သူ႔ရဲ႕ ထိခ်က္နဲ႔ အခင္းအက်င္းေတြက အေရးပါခဲ့သလို ပြဲခ်ိန္ ၆ မိနစ္မွာ သူဖန္တီးေပးတာကို ဆာဘစ္ဇာ ကန္ရာမွာ ဂိုးသမား အာရီယိုးလား ပုတ္ထုတ္ႏိုင္ခဲ့လို႔ ေစာေစာစီးစီး ဂိုးရခြင့္နဲ႔ လြဲခဲ့ၿပီး ေတာင္ပံက ဂါနာခ်ိဳနဲ႔ အန္တိုနီတို႔ကေတာ့ အေတာ္ေလး လႈပ္ကစားႏိုင္ခဲ့ၾကပါတယ္။

အန္တိုနီလိုပဲ ဆံပင္ေ႐ႊေရာင္ဆိုးထားတဲ့ ဂါနာခ်ိဳက ႐ုပ္သံေပၚမွာ လူမွားစရာလည္းျဖစ္ေနခဲ့ၿပီး ေျခစြမ္းျပ ၿခိမ္းေျခာက္ႏိုင္ခဲ့ေပမယ့္ ဝက္စ္ဟမ္း ဂိုးသမား အမွားမရွိဘဲ ကာကြယ္သြားႏိုင္ခဲ့တာေၾကာင့္ ပထမပိုင္းက ဝက္စ္ဟမ္းတို႔ရဲ႕ ေကာင္တာ ထိုးေဖာက္မႈေတြနဲ႔ပဲ အားၿပိဳင္ရင္း၊ ဒေဟးယားရဲ႕ သတိႀကီးမႈကို စမ္းသပ္ရင္း ဂိုးမရွိသေရပြဲျဖစ္ေနခဲ့ၾကတာပါ။

ဒုတိယပိုင္း ျပန္အစမွာေတာ့ ယူႏိုက္တက္တို႔ဘက္က မက္ေတာ္မီေနးအစား ကာစီမီ႐ို ဝင္လာခဲ့သလို ႏွစ္သင္းစလုံး ကစားအား တင္လာခဲ့ၾကၿပီး ဆိုးခ်က္ခ္ရဲ႕ ေခါင္းတိုက္ခ်က္ကို ဒေဟးယား ပုတ္ထုတ္ခဲ့ရသလို အိမ္ရွင္ေတြကေတာ့ အလုပ္သိပ္မဟုတ္ခဲ့ဘဲ ဂိုးေပါက္မတည့္တဲ့ ျဖဳန္းတီးမႈေတြကို က်ဴးလြန္ေနခဲ့ပါတယ္။

ပြဲခ်ိန္ ၅၄ မိနစ္မွာေတာ့ ဝက္စ္ဟမ္းတို႔ အဖြင့္ဂိုး စတင္သြင္းယူသြားႏိုင္ခဲ့ၾကၿပီး ဘယ္ျခမ္းတြဲလုံးကေန ေတာင္ပံက ေဘာလုံးရလာတဲ့ အီမာဆန္က ဧရိယာထဲကို အနိမ့္ေဘာ ခ်ိဳးေပးရာမွာ ဘင္ရာမာက ဧရိယာထဲမွာ တစ္ခ်က္ထိန္းၿပီး ဘ႐ူႏို ဖာနန္ဒက္စ္ ဝင္မတားႏိုင္ခင္ အေဝးတိုင္ အေပၚေထာင့္ကို လွမ္းကန္သြင္းယူႏိုင္ခဲ့တာျဖစ္ပါတယ္။

ဒီဂိုးမွာ ေနာက္ခံလူ ေခါင္းႀကီး မက္ဂြိဳင္းယားရဲ႕ ေလးလံမႈကလည္း အေၾကာင္းရင္းခံတစ္ရပ္ျဖစ္ခဲ့ၿပီး နည္းျပ တန္ဟတ္ကေတာ့ ဂိုးေပးရအၿပီးမွာ လင္ဒီေလာ့ဖ္နဲ႔ အန္တိုနီတို႔အစား လီဆန္ဒ႐ို မာတီနက္ဇ္နဲ႔ ရက္ရွ္ဖို႔ဒ္တို႔ကို ထည့္သြင္းၿပီး အေျပာင္းအလဲလုပ္ခဲ့သလို တိုက္စစ္ဖြင့္ကစားခဲ့တာေၾကာင့္ ဝက္စ္ဟမ္းတို႔ရဲ႕ ေကာင္တာေတြနဲ႔လည္း ရင္ဆိုင္ခဲ့ရၿပီး အန္တိုနီယိုရဲ႕ အနီးကပ္ ကန္ခ်က္ကို ဒေဟးယား ကာကြယ္ႏိုင္ခဲ့လို႔သာ အက်ိဳးမနည္းခဲ့တာပါ။

ပြဲခ်ိန္ ၇၇ မိနစ္မွာေတာ့ ယူႏိုက္တက္တို႔ ေခ်ပဂိုး ျပန္လည္ရယူသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ညာေထာင့္ကန္ေဘာကေန ဘ႐ူႏို ဖာနန္ဒက္စ္ ကန္တင္ေပးတာကို ဗက္ဂ္ေဟာ့စ္နဲ႔ ေခါင္းယွဥ္တိုက္ခဲ့တဲ့ ဝက္စ္ဟမ္းေနာက္ခံလူ အာဂြါဒ္က ကိုယ့္ဂိုးကိုယ္ ေခါင္းတိုက္သြင္းမိခဲ့တာျဖစ္ၿပီး ဂိုးသမား အာရီယိုးလားကလည္း ေရွ႕တက္ ပုတ္ထုတ္ခဲ့တာေၾကာင့္ မကာကြယ္ႏိုင္ဘဲျဖစ္ေနခဲ့ရပါတယ္။

သေရက်ေနခ်ိန္မွာ ဝက္စ္ဟမ္းတို႔ဘက္က ေဖာ္နယ္လ္စ္နဲ႔ အန္တိုနီယိုတို႔အစား ဘိုဝင္နဲ႔ ဆကာမက္ကာတို႔ကို ထည့္သြင္းခဲ့သလို အိမ္ရွင္ ယူႏိုက္တက္တို႔ဘက္ကေတာ့ ဆာဘစ္ဇာအစား ဖရက္ဒ္ကို ထည့္ၿပီး လုခ္ေရွာ မပါႏိုင္ခ်ိန္မွာ ဘယ္ျခမ္းတိုက္စစ္ကို ပိုမိုကူညီႏိုင္ဖို႔ လုပ္ေဆာင္လာခဲ့တာပါ။

ပြဲခ်ိန္ မိနစ္ ၉၀ မွာေတာ့ ယူႏိုက္တက္တို႔ပဲ ေနာက္ကေန အႏိုင္ဂိုးကို ထပ္မံရယူႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ညာျခမ္းကေန ျဖတ္တင္ေပးတဲ့ ေဘာလုံးကို ဝက္စ္ဟမ္းခံစစ္က ရွင္းထုတ္ရာကေန ဗက္ဂ္ေဟာ့စ္ရဲ႕ ကန္ခ်က္က လူထိၿပီး ျပန္ထြက္အလာမွာ ဘယ္ျခမ္းမွာ ရွိေနတဲ့ ဂါနာခ်ိဳက အေဝးတိုင္ဘက္ကို လွမ္းကန္ခဲ့ရာမွာ ဂိုးသမား အာရီယိုးလား ျမင္ကြင္းပိတ္ေနၿပီး ကာကြယ္ပုံ ေႏွာင့္ေႏွးခဲ့လို႔ ခံစားသြားခဲ့ရတာျဖစ္ပါတယ္။

နာက်င္အခ်ိန္ပို ၅ မိနစ္မွာေတာ့ အိမ္ရွင္ သရဲနီေတြပဲ အႏိုင္ေသခ်ာေစမယ့္ တတိယဂိုးကို သြင္းယူသြားႏိုင္ခဲ့ၾကသလို ဒီဂိုးကိုေတာ့ ေနာက္ခံလူ အာဂြါဒ္ရဲ႕ အမွားကေန ဧရိယာထဲမွာ ဗက္ဂ္ေဟာ့စ္က လုယူလို႔ ပ်က္ခဲ့တဲ့ ေဘာလုံးကို ေျပးဝင္လာတဲ့ ဖရက္ဒ္က အနိမ့္ေဘာကန္သြင္းၿပီး ဂိုးအျဖစ္ ေျပာင္းလဲႏိုင္ခဲ့တာပါ။

ပြဲခ်ိန္အျပည့္မွာေတာ့ မန္ခ်က္စတာယူႏိုက္တက္တို႔က ဝက္စ္ဟမ္းယူႏိုက္တက္တို႔ကို သုံးဂိုး-တစ္ဂိုးနဲ႔ အႏိုင္ရရွိခဲ့ၿပီး အက္ဖ္ေအဖလားရဲ႕ ကြာတားဖိုင္နယ္အဆင့္ကို တက္ေရာက္သြားႏိုင္ခဲ့ၾကသလို ေနာက္တစ္ဆင့္မွာေတာ့ အိမ္ကြင္း အိုးလ္ထရက္ဖို႔ဒ္မွာပဲ ဖူလ္ဟမ္အသင္းနဲ႔ ဆက္လက္ ယွဥ္ၿပိဳင္ရမွာျဖစ္ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.