Premier League

ရော်နယ်လ်ဒိုထွက်ခွာမှုကြောင့် အိုးထရက်ဖို့မှာ ဖြစ်လာတဲ့အကျိုးဆက်ကို ပြောပြခဲ့တဲ့ လီဗာပူးလ်ဂန္တဝင်

လီဗာပူးလ်ဂန္တဝင် ဂျွန် ဘန်းစ်က မန်ချက်စတာယူနိုက်တက်မှာ ခရစ္စတီယာနို ရော်နယ်လ်ဒို တည်ရှိနေမှုက တခြားကစားသမားတွေ မတောက်ပနိုင်အောင် ပိတ်ဆို့ထားသလို ဖြစ်ခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

ရော်နယ်လ်ဒိုဟာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလမှာ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ နှစ်ဦးသဘောတူ စာချုပ် ဖျက်သိမ်းခဲ့တာဖြစ်ပြီး ဒီဇင်ဘာလကုန်မှာ ဆော်ဒီ ပရိုလိဂ်ကလပ် အယ်လ် နာဆာကို ပြောင်းရွှေ့သွားခဲ့တာဖြစ်ပါတယ်။

ပေါ်တူဂီကြယ်ပွင့်ဟာ အင်္ဂလန်မှာ မရှိတော့ပေမယ့်လည်း ဘောလုံးဝေဖန်သူတွေရဲ့ အဓိက ဆွေးနွေးစရာ အကြောင်းအရာတစ်ခုအဖြစ် ဆက်လက်ရှိနေဆဲဖြစ်ပြီး သရဲနီတွေဟာ ရော်နယ်လ်ဒိုမရှိတဲ့နောက် အဆင့် ၃ နေရာအထိ တက်လှမ်းလာနိုင်ခဲ့တာကြောင့် ဘလွန်ဒေါ ၅ ဆုရှင်ကို လွမ်းဆွတ်နေမှာမဟုတ်ဘူးလို့ ပြောရင်မှန်မှာ ဖြစ်ပါတယ်။

မားကပ်စ် ရက်ရှ်ဖို့ဒ်ဟာ အသက် ၃၈ နှစ်အရွယ် တိုက်စစ်မှူး ထွက်ခွာပြီးကတည်းက တောက်ပနေခဲ့တာဖြစ်ပြီး အများစုက ရော်နယ်လ်ဒို အိုးထရက်ဖို့ဒ်မှာ ရှိနေတာက အခြားကစားသမားတွေရဲ့ တိုးတက်မှုကို နှောင့်နှေးစေခဲ့တယ်လို့ ယုံကြည်ခဲ့ကြတာဖြစ်ပါတယ်။

လီဗာပူးလ်ဂန္တဝင်တိုက်စစ်မှူး ဂျွန် ဘန်းစ်က ရီးရဲလ်မက်ဒရစ်ကြယ်ပွင့်ဟောင်းဟာ အိုးထရက်ဖို့ဒ်မှ အခြား ကစားသမားတွေကို လွှမ်းမိုးခဲ့တယ်လို့ ယုံကြည်နေပြီး ဖာနန်ဒက်စ်နဲ့ ရက်ရှ်ဖို့ဒ်တို့လို ကစားသမားတွေဟာ ပေါ်တူဂီကြယ်ပွင့်မရှိတော့ကတည်းက အကောင်းဆုံးပုံစံပြန်ရလာတာကို ထောက်ပြခဲ့တာဖြစ်ပါတယ်။

“ရော်နယ်လ်ဒို ထွက်သွားတာနဲ့ တခြားကျန်တဲ့ကစားသမားတွေအားလုံးက သူတို့ရဲ့အရည်အသွေးတွေကို ပြသခဲ့ကြတယ်။ ရော်နယ်လ်ဒိုက သူတို့ရဲ့ ခြေစွမ်းကို လျော့ကျအောင် လွှမ်းမိုးခဲ့တယ်။ အခု သူတို့တွေက ဘယ်လောက်အထိ ကောင်းမွန်လဲဆိုတာကို ပြသနေတယ်”

“ဖာနန်ဒက်စ်က ရော်နယ်လ်ဒို ရောက်မလာခင်တုန်းက ခြေစွမ်းပြခဲ့ပြီး အခု သူ နောက်ထပ်တစ်ကြိမ် ဘယ်လောက်ကောင်းလဲဆိုတာကို ပြသနေတယ်။ မားကပ်စ် ရက်ရှ်ဖို့ဒ်နဲ့ ဆန်ချိုတို့လည်း အတူတူပဲ”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

လီဗာပူးလ္ဂႏၲဝင္ ဂြၽန္ ဘန္းစ္က မန္ခ်က္စတာယူႏိုက္တက္မွာ ခရစၥတီယာႏို ေရာ္နယ္လ္ဒို တည္ရွိေနမႈက တျခားကစားသမားေတြ မေတာက္ပႏိုင္ေအာင္ ပိတ္ဆို႔ထားသလို ျဖစ္ခဲ့တယ္လို႔ ေျပာၾကားခဲ့ပါတယ္။

ေရာ္နယ္လ္ဒိုဟာ ၿပီးခဲ့တဲ့ႏွစ္ ႏိုဝင္ဘာလမွာ မန္ခ်က္စတာယူႏိုက္တက္အသင္းနဲ႔ ႏွစ္ဦးသေဘာတူ စာခ်ဳပ္ ဖ်က္သိမ္းခဲ့တာျဖစ္ၿပီး ဒီဇင္ဘာလကုန္မွာ ေဆာ္ဒီ ပ႐ိုလိဂ္ကလပ္ အယ္လ္ နာဆာကို ေျပာင္းေ႐ႊ႕သြားခဲ့တာျဖစ္ပါတယ္။

ေပၚတူဂီၾကယ္ပြင့္ဟာ အဂၤလန္မွာ မရွိေတာ့ေပမယ့္လည္း ေဘာလုံးေဝဖန္သူေတြရဲ႕ အဓိက ေဆြးေႏြးစရာ အေၾကာင္းအရာတစ္ခုအျဖစ္ ဆက္လက္ရွိေနဆဲျဖစ္ၿပီး သရဲနီေတြဟာ ေရာ္နယ္လ္ဒိုမရွိတဲ့ေနာက္ အဆင့္ ၃ ေနရာအထိ တက္လွမ္းလာႏိုင္ခဲ့တာေၾကာင့္ ဘလြန္ေဒါ ၅ ဆုရွင္ကို လြမ္းဆြတ္ေနမွာမဟုတ္ဘူးလို႔ ေျပာရင္မွန္မွာ ျဖစ္ပါတယ္။

မားကပ္စ္ ရက္ရွ္ဖို႔ဒ္ဟာ အသက္ ၃၈ ႏွစ္အ႐ြယ္ တိုက္စစ္မႉး ထြက္ခြာၿပီးကတည္းက ေတာက္ပေနခဲ့တာျဖစ္ၿပီး အမ်ားစုက ေရာ္နယ္လ္ဒို အိုးထရက္ဖို႔ဒ္မွာ ရွိေနတာက အျခားကစားသမားေတြရဲ႕ တိုးတက္မႈကို ေႏွာင့္ေႏွးေစခဲ့တယ္လို႔ ယုံၾကည္ခဲ့ၾကတာျဖစ္ပါတယ္။

လီဗာပူးလ္ဂႏၲဝင္တိုက္စစ္မႉး ဂြၽန္ ဘန္းစ္က ရီးရဲလ္မက္ဒရစ္ၾကယ္ပြင့္ေဟာင္းဟာ အိုးထရက္ဖို႔ဒ္မွ အျခား ကစားသမားေတြကို လႊမ္းမိုးခဲ့တယ္လို႔ ယုံၾကည္ေနၿပီး ဖာနန္ဒက္စ္နဲ႔ ရက္ရွ္ဖို႔ဒ္တို႔လို ကစားသမားေတြဟာ ေပၚတူဂီၾကယ္ပြင့္မရွိေတာ့ကတည္းက အေကာင္းဆုံးပုံစံျပန္ရလာတာကို ေထာက္ျပခဲ့တာျဖစ္ပါတယ္။

“ေရာ္နယ္လ္ဒို ထြက္သြားတာနဲ႔ တျခားက်န္တဲ့ကစားသမားေတြအားလုံးက သူတို႔ရဲ႕အရည္အေသြးေတြကို ျပသခဲ့ၾကတယ္။ ေရာ္နယ္လ္ဒိုက သူတို႔ရဲ႕ ေျခစြမ္းကို ေလ်ာ့က်ေအာင္ လႊမ္းမိုးခဲ့တယ္။ အခု သူတို႔ေတြက ဘယ္ေလာက္အထိ ေကာင္းမြန္လဲဆိုတာကို ျပသေနတယ္”

“ဖာနန္ဒက္စ္က ေရာ္နယ္လ္ဒို ေရာက္မလာခင္တုန္းက ေျခစြမ္းျပခဲ့ၿပီး အခု သူ ေနာက္ထပ္တစ္ႀကိမ္ ဘယ္ေလာက္ေကာင္းလဲဆိုတာကို ျပသေနတယ္။ မားကပ္စ္ ရက္ရွ္ဖို႔ဒ္နဲ႔ ဆန္ခ်ိဳတို႔လည္း အတူတူပဲ”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.