Premier League

အဂွေရိုကြောက်ရွံ့နေတဲ့ ပြဿနာတွေကို ကျော်ဖြတ်နိုင်ခဲ့တဲ့ အာဆင်နယ်

အာဆင်နယ်အသင်းဟာ ယနေ့မှာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားထိပ်ဆုံးမှာ ၅ မှတ်ပြန်ဖြတ်ထားနိုင်ဖို့ အခွင့်အရေးရှိနေပြီး မန်စီးတီးဟာ ပြီးခဲ့တဲ့အပတ်က ဖောရက်စ်နဲ့ပွဲမှာ ရမှတ်လျော့ကျခဲ့တာဖြစ်ပါတယ်။

ဂန်းနားတွေဟာ လက်စတာစီးတီးအိမ်ကွင်းကို သွားရောက်ယှဉ်ပြိုင်ရမှာဖြစ်ပြီး နောက်ထပ် ၂ နာရီခွဲအကြာမှာ မန်စီးတီးက ဘုန်းမောက်နဲ့ ယှဉ်ပြိုင်ကစားသွားမှာ ဖြစ်ပါတယ်။ ဂန်းနားတွေအတွက် ထူးခြားတဲ့ရာသီဖြစ်ခဲ့ပြီး အတားအဆီးတွေအားလုံးနီးပါးကို ဖြတ်ကျော်နိုင်ခဲ့ပြီး ခြေစွမ်းအတည်ငြိမ်ဆုံးရာသီဖြစ်ခဲ့တာ ဖြစ်ပါတယ်။

နောက်ဆုံးမိနစ် အနိုင်ဂိုးတွေ၊ အရေးကြီးတဲ့အဝေးကွင်းနိုင်ပွဲတွေနဲ့ နောက်ကနေ လိုက်ကစားပြီး အံ့အားသင့်ဖွယ် နိုင်ပွဲရယူနိုင်ခဲ့တဲ့ အာဆင်နယ်အသင်းဟာ ယခုရာသီ ချန်ပီယံဖြစ်ဖို့ အစွမ်းအစရှိတယ်ဆိုတာကို သက်သေပြသနိုင်ခဲ့ပြီး အက်စတန် ဗီလာနဲ့ပွဲမှာ ချန်ပီယံစိတ်ဓာတ်ကို ပြသခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း မန်စီးတီးဂန္တဝင် ဆာဂျီယို အဂွေရိုအပါအဝင် အာဆင်နယ်အသင်းအနေနဲ့ ခြေစွမ်းစတင်ကျဆင်းလာနိုင်တဲ့ အချိန်တစ်ခုရှိလာနိုင်တယ်လို့ အများစုက တစ်ကြိုပေးခဲ့ကြပြီး အဲဒီအချိန်က အဓိကကစားသမားတွေ ဒဏ်ရာရရှိသွားတဲ့အချိန်ဖြစ်ပါတယ်။

ကမ္ဘာ့ဖလားကလည်း ရာသီအလယ်မှာ ကစားရဖို့ရှိနေတာကြောင့် အချို့ကလည်း နိုင်ငံတကာပြိုင်ပွဲဟာ ဂန်းနားတွေရဲ့ အရှိန်အဟုန်ကို ရပ်တန့်သွားစေနိုင်လိမ့်မယ်လို့ ထင်မြင်ခဲ့ကြတာဖြစ်ပြီး အာဂျင်တီးနားတိုက်စစ်မှူးဟာ အောက်တိုဘာလမှာ အာဆင်နယ်ရဲ့ ရာသီပထမပိုင်းကို ဆွေးနွေးခဲ့ရာမှာ ကမ္ဘာဖလားရဲ့အကျိုးသက်ရောက်မှုကြောင့် ဂန်းနားတွေအနေနဲ့ ရာသီပထမပိုင်းလိုပဲ ဆက်သွားနိုင်မလားဆိုတဲ့အမြင်ကို ပြောကြားခဲ့တာ ဖြစ်ပါတယ်။

“ကျွန်တော်တို့က ပရီးမီးယားလိဂ်ရဲ့ ပထမအဆင့်မှာ ရှိနေတာဖြစ်ပြီး တခြားကျန်တဲ့ရာသီတွေနဲ့ကွဲပြားခြားနားပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ ရာသီလယ်မှာ ကမ္ဘာ့ဖလားရှိနေလို့ပါ။ အဲဒါက ရှေ့မှာ ဘာတွေဖြစ်လာမလဲဆိုတာကို မြင်နိုင်ဖို့ ပိုပြီးတော့ ခက်ခဲလာစေပါတယ်။ ဆုဖလားအနိုင်ရဖို့က ခြေစွမ်းတည်ငြိမ်ဖို့လိုပြီး ပျောက်ဆုံးနေတဲ့အပိုင်းအစက ကမ္ဘာ့ဖလားအပြီးမှာ ကစားသမားတွေ အသင်းကို ဘယ်လိုပုံစံနဲ့ ပြန်ပူးပေါင်းမလဲဆိုတာပါ။ အာဆင်နယ်က အဲဒီအသင်းတွေထဲက တစ်သင်းဖြစ်မှာ ဖြစ်ပေမယ့်လည်း တစ်သင်းတည်းသော အသင်းတော့မဟုတ်တာ သေချာပါတယ်”လို့ပြောကြားခဲ့တာဖြစ်ပါတယ်။

အဂွေရို ထင်နေတဲ့အတိုင်းပဲ အာဆင်နယ်ရဲ့ အဓိကတိုက်စစ်မောင်းနှင်အားဖြစ်တဲ့ ဂျေးဇုက ကမ္ဘာ့ဖလားမှာ ဒူးဒဏ်ရာရရှိခဲ့ပြီး ခွဲစိတ်ကုသမှု ခံယူခဲ့ရပြီးနောက် ၃ လအထိ လွဲချော်မယ့်သတင်းထွက်လာခဲ့တာဖြစ်ပါတယ်။

အဲဒီအချိန်မှာ အာဆင်နယ် ပရိသတ်တွေရော ကြားနေပရိသတ်တွေပါ ဂန်းနားတွေရဲ့ ဆုဖလား မျှော်လင့်ချက်က ပြီးဆုံးသွားခဲ့ပြီလို့ ထင်မြင်ခဲ့တာဖြစ်ပြီး ဂျေးဇုရဲ့နေရာမှာ ဝင်ကစားမယ့် နကီးတီးယားက ဘရာဇီးလ်တိုက်စစ်မှူးလိုမျိုးတော့ အသင်းအတွက် အားကိုးရနိုင်မယ်လို့ မယုံကြည်ခဲ့ကြတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ကမ္ဘာ့ဖလားအပြီး လက်ရှိအချိန်အထိ အာဆင်နယ်ဟာ အမှတ်ပေးဇယားထိပ်ဆုံးနေရာမှာရှိနေဆဲဖြစ်ပြီး နကီးတီးယားကလည်း အာဆင်နယ်ရဲ့ ပြိုင်ပွဲစုံမှာ ထိပ်တန်းဂိုးသွင်းရှင်အဖြစ် ရပ်တည်နေပေမယ့် ပရီးမီးယားလိဂ်မှာတော့ ဂျေးဇုထက် တစ်ဂိုးသာ လျော့နည်းနေတာဖြစ်ပါတယ်။ အင်္ဂလန်ယူ-၂၁ တိုက်စစ်မှူးဟာ ဝက်စ်ဟမ်း၊ ဘရိုက်တန်၊ မန်ချက်စတာယူနိုက်တက်တို့နဲ့ကစားခဲ့တဲ့ပွဲတွေမှာ အရေးကြီးတဲ့သွင်းဂိုးကို သွင်းယူပေးခဲ့ပြီး အဲဒါက အာဆင်နယ်မှာ အာတီတာ ဖန်တီးခဲ့တဲ့ ယဉ်ကျေးမှုကို သက်သေထူခဲ့တာဖြစ်ပါတယ်။

ဂျေးဇု ကြံ့ခိုင်မှု ရရှိနေတဲ့အချိန်မှာ ပွဲကစားချိန်မရခဲ့တဲ့ ကစားသမားဟာ အခွင့်အရေးရချိန်မှာ ချက်ချင်း အစွမ်းပြခဲ့ပြီး တိုက်စစ်ကို ဦးဆောင်ရာမှာ တော်တော်လေး သက်တောင့်သက်သာရှိခဲ့တာ ဖြစ်ပါတယ်။ ဘရာဇီးလ်တိုက်စစ်မှူးအနေနဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ် ပြီးဆုံးတဲ့အချိန်ကျရင် အာဆင်နယ်ပွဲထွက်လူစာရင်းထဲမှာ ချက်ချင်း ပြန်မပါနိုင်ဘူးဆိုရင် အံ့အားသင့်စရာဖြစ်ကောင်း ဖြစ်နိုင်ပြီး အဲဒါက အဂွေရိုရော ကျန်တဲ့ဘယ်သူကမှ ဖြစ်လာမယ်လို့ မခန့်မှန်းနိုင်ခဲ့တဲ့အရာ ကျိန်းသေပေါက်ဖြစ်လာမှာ ဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အာဆင္နယ္အသင္းဟာ ယေန႔မွာ ပရီးမီးယားလိဂ္အမွတ္ေပးဇယားထိပ္ဆုံးမွာ ၅ မွတ္ျပန္ျဖတ္ထားႏိုင္ဖို႔ အခြင့္အေရးရွိေနၿပီး မန္စီးတီးဟာ ၿပီးခဲ့တဲ့အပတ္က ေဖာရက္စ္နဲ႔ပြဲမွာ ရမွတ္ေလ်ာ့က်ခဲ့တာျဖစ္ပါတယ္။

ဂန္းနားေတြဟာ လက္စတာစီးတီးအိမ္ကြင္းကို သြားေရာက္ယွဥ္ၿပိဳင္ရမွာျဖစ္ၿပီး ေနာက္ထပ္ ၂ နာရီခြဲအၾကာမွာ မန္စီးတီးက ဘုန္းေမာက္နဲ႔ ယွဥ္ၿပိဳင္ကစားသြားမွာ ျဖစ္ပါတယ္။ ဂန္းနားေတြအတြက္ ထူးျခားတဲ့ရာသီျဖစ္ခဲ့ၿပီး အတားအဆီးေတြအားလုံးနီးပါးကို ျဖတ္ေက်ာ္ႏိုင္ခဲ့ၿပီး ေျခစြမ္းအတည္ၿငိမ္ဆုံးရာသီျဖစ္ခဲ့တာ ျဖစ္ပါတယ္။

ေနာက္ဆုံးမိနစ္ အႏိုင္ဂိုးေတြ၊ အေရးႀကီးတဲ့အေဝးကြင္းႏိုင္ပြဲေတြနဲ႔ ေနာက္ကေန လိုက္ကစားၿပီး အံ့အားသင့္ဖြယ္ ႏိုင္ပြဲရယူႏိုင္ခဲ့တဲ့ အာဆင္နယ္အသင္းဟာ ယခုရာသီ ခ်န္ပီယံျဖစ္ဖို႔ အစြမ္းအစရွိတယ္ဆိုတာကို သက္ေသျပသႏိုင္ခဲ့ၿပီး အက္စတန္ ဗီလာနဲ႔ပြဲမွာ ခ်န္ပီယံစိတ္ဓာတ္ကို ျပသခဲ့တာျဖစ္ပါတယ္။ ဒါေပမယ့္လည္း မန္စီးတီးဂႏၲဝင္ ဆာဂ်ီယို အေဂြ႐ိုအပါအဝင္ အာဆင္နယ္အသင္းအေနနဲ႔ ေျခစြမ္းစတင္က်ဆင္းလာႏိုင္တဲ့ အခ်ိန္တစ္ခုရွိလာႏိုင္တယ္လို႔ အမ်ားစုက တစ္ႀကိဳေပးခဲ့ၾကၿပီး အဲဒီအခ်ိန္က အဓိကကစားသမားေတြ ဒဏ္ရာရရွိသြားတဲ့အခ်ိန္ျဖစ္ပါတယ္။

ကမာၻ႔ဖလားကလည္း ရာသီအလယ္မွာ ကစားရဖို႔ရွိေနတာေၾကာင့္ အခ်ိဳ႕ကလည္း ႏိုင္ငံတကာၿပိဳင္ပြဲဟာ ဂန္းနားေတြရဲ႕ အရွိန္အဟုန္ကို ရပ္တန႔္သြားေစႏိုင္လိမ့္မယ္လို႔ ထင္ျမင္ခဲ့ၾကတာျဖစ္ၿပီး အာဂ်င္တီးနားတိုက္စစ္မႉးဟာ ေအာက္တိုဘာလမွာ အာဆင္နယ္ရဲ႕ ရာသီပထမပိုင္းကို ေဆြးေႏြးခဲ့ရာမွာ ကမာၻဖလားရဲ႕အက်ိဳးသက္ေရာက္မႈေၾကာင့္ ဂန္းနားေတြအေနနဲ႔ ရာသီပထမပိုင္းလိုပဲ ဆက္သြားႏိုင္မလားဆိုတဲ့အျမင္ကို ေျပာၾကားခဲ့တာ ျဖစ္ပါတယ္။

“ကြၽန္ေတာ္တို႔က ပရီးမီးယားလိဂ္ရဲ႕ ပထမအဆင့္မွာ ရွိေနတာျဖစ္ၿပီး တျခားက်န္တဲ့ရာသီေတြနဲ႔ကြဲျပားျခားနားပါလိမ့္မယ္။ ဘာလို႔လဲဆိုေတာ့ ရာသီလယ္မွာ ကမာၻ႔ဖလားရွိေနလို႔ပါ။ အဲဒါက ေရွ႕မွာ ဘာေတြျဖစ္လာမလဲဆိုတာကို ျမင္ႏိုင္ဖို႔ ပိုၿပီးေတာ့ ခက္ခဲလာေစပါတယ္။ ဆုဖလားအႏိုင္ရဖို႔က ေျခစြမ္းတည္ၿငိမ္ဖို႔လိုၿပီး ေပ်ာက္ဆုံးေနတဲ့အပိုင္းအစက ကမာၻ႔ဖလားအၿပီးမွာ ကစားသမားေတြ အသင္းကို ဘယ္လိုပုံစံနဲ႔ ျပန္ပူးေပါင္းမလဲဆိုတာပါ။ အာဆင္နယ္က အဲဒီအသင္းေတြထဲက တစ္သင္းျဖစ္မွာ ျဖစ္ေပမယ့္လည္း တစ္သင္းတည္းေသာ အသင္းေတာ့မဟုတ္တာ ေသခ်ာပါတယ္”လို႔ေျပာၾကားခဲ့တာျဖစ္ပါတယ္။

အေဂြ႐ို ထင္ေနတဲ့အတိုင္းပဲ အာဆင္နယ္ရဲ႕ အဓိကတိုက္စစ္ေမာင္းႏွင္အားျဖစ္တဲ့ ေဂ်းဇုက ကမာၻ႔ဖလားမွာ ဒူးဒဏ္ရာရရွိခဲ့ၿပီး ခြဲစိတ္ကုသမႈ ခံယူခဲ့ရၿပီးေနာက္ ၃ လအထိ လြဲေခ်ာ္မယ့္သတင္းထြက္လာခဲ့တာျဖစ္ပါတယ္။

အဲဒီအခ်ိန္မွာ အာဆင္နယ္ ပရိသတ္ေတြေရာ ၾကားေနပရိသတ္ေတြပါ ဂန္းနားေတြရဲ႕ ဆုဖလား ေမွ်ာ္လင့္ခ်က္က ၿပီးဆုံးသြားခဲ့ၿပီလို႔ ထင္ျမင္ခဲ့တာျဖစ္ၿပီး ေဂ်းဇုရဲ႕ေနရာမွာ ဝင္ကစားမယ့္ နကီးတီးယားက ဘရာဇီးလ္တိုက္စစ္မႉးလိုမ်ိဳးေတာ့ အသင္းအတြက္ အားကိုးရႏိုင္မယ္လို႔ မယုံၾကည္ခဲ့ၾကတာျဖစ္ပါတယ္။

ဒါေပမယ့္လည္း ကမာၻ႔ဖလားအၿပီး လက္ရွိအခ်ိန္အထိ အာဆင္နယ္ဟာ အမွတ္ေပးဇယားထိပ္ဆုံးေနရာမွာရွိေနဆဲျဖစ္ၿပီး နကီးတီးယားကလည္း အာဆင္နယ္ရဲ႕ ၿပိဳင္ပြဲစုံမွာ ထိပ္တန္းဂိုးသြင္းရွင္အျဖစ္ ရပ္တည္ေနေပမယ့္ ပရီးမီးယားလိဂ္မွာေတာ့ ေဂ်းဇုထက္ တစ္ဂိုးသာ ေလ်ာ့နည္းေနတာျဖစ္ပါတယ္။ အဂၤလန္ယူ-၂၁ တိုက္စစ္မႉးဟာ ဝက္စ္ဟမ္း၊ ဘ႐ိုက္တန္၊ မန္ခ်က္စတာယူႏိုက္တက္တို႔နဲ႔ကစားခဲ့တဲ့ပြဲေတြမွာ အေရးႀကီးတဲ့သြင္းဂိုးကို သြင္းယူေပးခဲ့ၿပီး အဲဒါက အာဆင္နယ္မွာ အာတီတာ ဖန္တီးခဲ့တဲ့ ယဥ္ေက်းမႈကို သက္ေသထူခဲ့တာျဖစ္ပါတယ္။

ေဂ်းဇု ႀကံ့ခိုင္မႈ ရရွိေနတဲ့အခ်ိန္မွာ ပြဲကစားခ်ိန္မရခဲ့တဲ့ ကစားသမားဟာ အခြင့္အေရးရခ်ိန္မွာ ခ်က္ခ်င္း အစြမ္းျပခဲ့ၿပီး တိုက္စစ္ကို ဦးေဆာင္ရာမွာ ေတာ္ေတာ္ေလး သက္ေတာင့္သက္သာရွိခဲ့တာ ျဖစ္ပါတယ္။ ဘရာဇီးလ္တိုက္စစ္မႉးအေနနဲ႔ ျပန္လည္ထူေထာင္ေရးလုပ္ငန္းစဥ္ ၿပီးဆုံးတဲ့အခ်ိန္က်ရင္ အာဆင္နယ္ပြဲထြက္လူစာရင္းထဲမွာ ခ်က္ခ်င္း ျပန္မပါႏိုင္ဘူးဆိုရင္ အံ့အားသင့္စရာျဖစ္ေကာင္း ျဖစ္ႏိုင္ၿပီး အဲဒါက အေဂြ႐ိုေရာ က်န္တဲ့ဘယ္သူကမွ ျဖစ္လာမယ္လို႔ မခန႔္မွန္းႏိုင္ခဲ့တဲ့အရာ က်ိန္းေသေပါက္ျဖစ္လာမွာ ျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.