Premier League

အမ်ဘာပေနဲ့ ဟာလန်း ဘယ်သူပိုကောင်းလဲဆိုတာ သဘောတူခဲ့ကြတဲ့ ဖာဒီနန်နဲ့ ဟားဂရိဗ်စ်

ရီယို ဖာဒီနန်နဲ့ အိုဝင် ဟားဂရိဗ်စ်တို့ဟာ တောက်ပလာတဲ့ ပါရမီရှင်တွေဖြစ်တဲ့ အမ်ဘာပေနဲ့ ဟာလန်းတို့ထဲမှာ ဘယ်သူက ပိုမိုကောင်းမွန်တဲ့ကစားသမားလဲဆိုတဲ့ အငြင်းအခုံမှာ သဘောတူညီခဲ့ကြပါတယ်။

လီယွန်နယ် မက်ဆီနဲ့ ခရစ္စတီယာနို ရော်နယ်လ်ဒိုတို့ရဲ့ အငြင်းအခုံဟာ ပြီးခဲ့တဲ့ဆယ်စုနှစ်တစ်ခုကျော်အတွင်း ဘောလုံးလောကကို လွှမ်းမိုးခဲ့တာဖြစ်ပြီး ပရိသတ်တွေဟာ အနာဂတ်မှာ အားကစားလောကကို လွှမ်းမိုးဖွယ်ရှိတဲ့ စူပါစတား ၂ ဦးအပေါ် မကြာသေးမီက အာရုံပြောင်းခဲ့ကြတာဖြစ်ပါတယ်။

ထူးခြားတဲ့ကစားသမား ၂ ဦးကြားမှာ ခြားနားနေတဲ့အရာအနည်းငယ်သာရှိပေမယ့်လည်း လိုက်ပ်ဇစ်နဲ့ မန်စီးတီးတို့ သရေကျခဲ့တဲ့ပွဲစဉ်ကို တင်ဆက်ခဲ့တဲ့ ဘောလုံးဝေဖန်သူတွေက ဘာကြောင့် အမ်ဘာပေကို ပိုမိုနှစ်သက်လဲဆိုတာကို ရှင်းပြခဲ့ပါတယ်။

ပွဲအပြီး စကားပြောဆိုရာမှာ ဖာဒီနန်က “အရမ်းကောင်းတဲ့ကစားသမား ၂ ဦးရှိပါတယ်။ ဒါပေမယ့် ဟာလန်းက သူ့ကို ဂိုးတွေ ဖန်တီးပေးဖို့ အသင်းကို လိုအပ်ပါတယ်။ အမ်ဘာပေလည်း လိုတာပါပဲ ဒါပေမယ့် သူက ဂိုးတွေကို သူ့ဘာသာသူ ဖန်တီးနိုင်ပြီး ပွဲကို ပြောင်းလဲပေးနိုင်တယ်။ ကျွန်တော်ကတော့ အမ်ဘာပေကိုပဲ ယူမယ်”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

ဖာဒီနန်နဲ့အတူ စီစဉ်တင်ဆက်နေတဲ့ ဟားဂရိဗ်စ်က “ကျွန်တော်လည်း အမ်ဘာပေကို ယူမယ်။ အားလုံးကလည်း ယူမှာပါ။ ဟာလန်းက အရမ်းကောင်းတဲ့ အဆုံးသတ်သူဖြစ်ပေမယ့် အမ်ဘာပေက အရာအားလုံးကို သူ့ဘာသာ လုပ်နိုင်တယ်။ ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ သူ လုပ်ခဲ့တဲ့အတိုင်းပေါ့”

“ပီအက်စ်ဂျီအသင်းက ဘိုင်ယန်နဲ့ပွဲမှာ ဆိုးရွားခဲ့ပြီး အမ်ဘာပေက ဒုတိယပိုင်းမှာ ဝင်လာခဲ့ပြီးတဲ့နောက် ပွဲကို လုံးဝ ပြောင်းလဲပေးခဲ့တယ်။ အဲဒါက တကယ်ကို ကွဲပြားခြားနားတဲ့ပွဲဖြစ်ခဲ့ပါတယ်။ ဒီ ၂ ယောက်ကြားထဲမှာ ရွေးချယ်ခဲ့ဖို့ခက်ပါတယ်။ ဘာလို့လဲဆိုတော့ သူတို့ ၂ ယောက်စလုံးက အရမ်း ထူးခြားလို့ပါ”လို့ ပြောကြားခဲ့ပါတယ်။ ပြင်သစ်ကြယ်ပွင့်တိုက်စစ်မှူးဟာ ပီအက်စ်ဂျီအသင်းက ဘိုင်ယန်မြူးနစ်ကို ၁-၀ နဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ် ၅၇ မိနစ်မှာ လူစားဝင်ကစားခဲ့ပြီး ဂိုးပေါက်ထဲကို ကန်သွင်းယူနိုင်ခဲ့ပေမယ့်လည်း လူကျွံဘောဖြစ်နေတာကြောင့် ငြင်းပယ်ခြင်းခံခဲ့ရတာ ဖြစ်ပါတယ်။

မန်စီးတီးကြယ်ပွင့် ဟာလန်းဟာ လိုက်ပ်ဇစ်နဲ့ တစ်ဖက် ၁ ဂိုးစီ သရေကျခဲ့တဲ့ပွဲစဉ်မှာ မိနစ် ၉၀ အပြည့်ပါဝင်ကစားပေးခဲ့ပြီး တစ်ပွဲလုံးမှာ ဂိုးပေါက်ကန်သွင်းမှု တစ်ကြိမ်သာ ပြုလုပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။ “ဒီနေ့ပွဲစဉ်မှာ အမ်ဘာပေက ဂိုးသွင်းယူဖို့ သူ့ဘာသာ အခွင့်အရေးဖန်တီးခဲ့လိမ့်မယ်လို့ ထင်ပါတယ်။ သူ အဲဒါကို ဂိုးသွင်းယူနိုင်ခဲ့လားဆိုတာ ကျွန်တော် မသိပါဘူး။ ဒါပေမယ့် သူက ဘာအခွင့်အရေးမှ မရှိတာကို လုပ်ယူနိုင်တယ်။ ဘာလို့လဲဆိုတော့ သူ့ရဲ့အရည်အချင်းကြောင့်ပါ”လို့ ဖာဒီနန်က ငြင်းခုံခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ရီယို ဖာဒီနန္နဲ႔ အိုဝင္ ဟားဂရိဗ္စ္တို႔ဟာ ေတာက္ပလာတဲ့ ပါရမီရွင္ေတြျဖစ္တဲ့ အမ္ဘာေပနဲ႔ ဟာလန္းတို႔ထဲမွာ ဘယ္သူက ပိုမိုေကာင္းမြန္တဲ့ကစားသမားလဲဆိုတဲ့ အျငင္းအခုံမွာ သေဘာတူညီခဲ့ၾကပါတယ္။

လီယြန္နယ္ မက္ဆီနဲ႔ ခရစၥတီယာႏို ေရာ္နယ္လ္ဒိုတို႔ရဲ႕ အျငင္းအခုံဟာ ၿပီးခဲ့တဲ့ဆယ္စုႏွစ္တစ္ခုေက်ာ္အတြင္း ေဘာလုံးေလာကကို လႊမ္းမိုးခဲ့တာျဖစ္ၿပီး ပရိသတ္ေတြဟာ အနာဂတ္မွာ အားကစားေလာကကို လႊမ္းမိုးဖြယ္ရွိတဲ့ စူပါစတား ၂ ဦးအေပၚ မၾကာေသးမီက အာ႐ုံေျပာင္းခဲ့ၾကတာျဖစ္ပါတယ္။

ထူးျခားတဲ့ကစားသမား ၂ ဦးၾကားမွာ ျခားနားေနတဲ့အရာအနည္းငယ္သာရွိေပမယ့္လည္း လိုက္ပ္ဇစ္နဲ႔ မန္စီးတီးတို႔ သေရက်ခဲ့တဲ့ပြဲစဥ္ကို တင္ဆက္ခဲ့တဲ့ ေဘာလုံးေဝဖန္သူေတြက ဘာေၾကာင့္ အမ္ဘာေပကို ပိုမိုႏွစ္သက္လဲဆိုတာကို ရွင္းျပခဲ့ပါတယ္။

ပြဲအၿပီး စကားေျပာဆိုရာမွာ ဖာဒီနန္က “အရမ္းေကာင္းတဲ့ကစားသမား ၂ ဦးရွိပါတယ္။ ဒါေပမယ့္ ဟာလန္းက သူ႔ကို ဂိုးေတြ ဖန္တီးေပးဖို႔ အသင္းကို လိုအပ္ပါတယ္။ အမ္ဘာေပလည္း လိုတာပါပဲ ဒါေပမယ့္ သူက ဂိုးေတြကို သူ႔ဘာသာသူ ဖန္တီးႏိုင္ၿပီး ပြဲကို ေျပာင္းလဲေပးႏိုင္တယ္။ ကြၽန္ေတာ္ကေတာ့ အမ္ဘာေပကိုပဲ ယူမယ္”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

ဖာဒီနန္နဲ႔အတူ စီစဥ္တင္ဆက္ေနတဲ့ ဟားဂရိဗ္စ္က “ကြၽန္ေတာ္လည္း အမ္ဘာေပကို ယူမယ္။ အားလုံးကလည္း ယူမွာပါ။ ဟာလန္းက အရမ္းေကာင္းတဲ့ အဆုံးသတ္သူျဖစ္ေပမယ့္ အမ္ဘာေပက အရာအားလုံးကို သူ႔ဘာသာ လုပ္ႏိုင္တယ္။ ကမာၻ႔ဖလားဗိုလ္လုပြဲမွာ သူ လုပ္ခဲ့တဲ့အတိုင္းေပါ့”

“ပီအက္စ္ဂ်ီအသင္းက ဘိုင္ယန္နဲ႔ပြဲမွာ ဆိုး႐ြားခဲ့ၿပီး အမ္ဘာေပက ဒုတိယပိုင္းမွာ ဝင္လာခဲ့ၿပီးတဲ့ေနာက္ ပြဲကို လုံးဝ ေျပာင္းလဲေပးခဲ့တယ္။ အဲဒါက တကယ္ကို ကြဲျပားျခားနားတဲ့ပြဲျဖစ္ခဲ့ပါတယ္။ ဒီ ၂ ေယာက္ၾကားထဲမွာ ေ႐ြးခ်ယ္ခဲ့ဖို႔ခက္ပါတယ္။ ဘာလို႔လဲဆိုေတာ့ သူတို႔ ၂ ေယာက္စလုံးက အရမ္း ထူးျခားလို႔ပါ”လို႔ ေျပာၾကားခဲ့ပါတယ္။ ျပင္သစ္ၾကယ္ပြင့္တိုက္စစ္မႉးဟာ ပီအက္စ္ဂ်ီအသင္းက ဘိုင္ယန္ျမဴးနစ္ကို ၁-၀ နဲ႔ ရႈံးနိမ့္ခဲ့တဲ့ပြဲစဥ္ ၅၇ မိနစ္မွာ လူစားဝင္ကစားခဲ့ၿပီး ဂိုးေပါက္ထဲကို ကန္သြင္းယူႏိုင္ခဲ့ေပမယ့္လည္း လူကြၽံေဘာျဖစ္ေနတာေၾကာင့္ ျငင္းပယ္ျခင္းခံခဲ့ရတာ ျဖစ္ပါတယ္။

မန္စီးတီးၾကယ္ပြင့္ ဟာလန္းဟာ လိုက္ပ္ဇစ္နဲ႔ တစ္ဖက္ ၁ ဂိုးစီ သေရက်ခဲ့တဲ့ပြဲစဥ္မွာ မိနစ္ ၉၀ အျပည့္ပါဝင္ကစားေပးခဲ့ၿပီး တစ္ပြဲလုံးမွာ ဂိုးေပါက္ကန္သြင္းမႈ တစ္ႀကိမ္သာ ျပဳလုပ္ႏိုင္ခဲ့တာ ျဖစ္ပါတယ္။ “ဒီေန႔ပြဲစဥ္မွာ အမ္ဘာေပက ဂိုးသြင္းယူဖို႔ သူ႔ဘာသာ အခြင့္အေရးဖန္တီးခဲ့လိမ့္မယ္လို႔ ထင္ပါတယ္။ သူ အဲဒါကို ဂိုးသြင္းယူႏိုင္ခဲ့လားဆိုတာ ကြၽန္ေတာ္ မသိပါဘူး။ ဒါေပမယ့္ သူက ဘာအခြင့္အေရးမွ မရွိတာကို လုပ္ယူႏိုင္တယ္။ ဘာလို႔လဲဆိုေတာ့ သူ႔ရဲ႕အရည္အခ်င္းေၾကာင့္ပါ”လို႔ ဖာဒီနန္က ျငင္းခုံခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.