Premier League Transfer News
နောက်ဆုံးရ ချဲလ်ဆီးသတင်းများ စုစည်းမှု – ၂၆.၉.၂၀၂၀
REF: INTERNET SOURCES
SPORTS A2Z.
UNICODE:
– ချဲလ်ဆီးအသင်းရဲ့ ဂိုးသမားသစ်ဖြစ်တဲ့ အေဒူယာ မန်ဒီဟာ အသင်းရဲ့ လေ့ကျင့်ရေးစင်တာဖြစ်တဲ့ ကော့ဘ်ဟမ်ကွင်းမှာ နည်းစနစ် အကြံပေးဖြစ်ပြီး သူ့ကို ခေါ်ယူခဲ့တဲ့ ဂိုးသမားဟောင်းကြီး ပီတာချက်နဲ့ ထရိန်နင် စတင်ပြုလုပ်နေ။
– နည်းပြ ဖရန့် လမ်းပတ် အလိုရှိနေခဲ့တဲ့ ဝက်စ်ဟမ်းကွင်းလယ်လူ ဒက်ကလန် ရိုက်စ်အနေနဲ့ ချဲလ်ဆီးအသင်းကို ပြောင်းရွှေ့ဖို့အတွက် အသင်းကို တွန်းအားပေးနေပြီး အေးဂျင့်ဖြစ်သူနဲ့ ပုဂ္ဂိုလ်ရေးညှိနှိုင်းမှုတွေလည်း လုပ်ဆောင်နေ။
– ချဲလ်ဆီးအသင်းအနေနဲ့ ပြင်သစ်ကလပ် ပီအက်စ်ဂျီအသင်းဆီကနေ နောက်ခံလူ အန်တိုနီယို ရူဒီဂါကို ခေါ်ယူဖို့အတွက် ကမ်းလှမ်းမှု ရရှိထားပြီး အငှားနဲ့ လက်လွှတ်ဖို့ထက် အပြီးသတ်ရောင်းချဖို့ကိုပဲ ပိုမိုစိတ်င်စားနေ။
– ဘန်စလေအသင်းနဲ့ ကာရာဘောင်းဖလားပွဲမှာ ခြေစွမ်းပြပြီး ဟက်ထရစ်သွင်းယူခဲ့တဲ့ တိုက်စစ်ကစားသမား ခိုင် ဟာဗတ်ဇ်က မော်ဒန်ဘောလုံးလောကအတွက် နောက်ထပ် ဂျိုဟန် ခရိုက်ဖ်တစ်ယောက်ဖြစ်လာမယ့် နည်းပြ လမ်းပတ် ချီးကျူး။\
– မန်ချက်စတာစီးတီးနောက်ခံလူ အဲရစ် ဂါစီယာကို ခေါ်ယူဖို့ အဆင်မပြေဖြစ်နေတဲ့ ဘာစီလိုနာအသင်းအနေနဲ့ ချဲလ်ဆီးအသင်းရဲ့ နောက်ဆုံး ၂ ပွဲရဲ့ လူစာရင်းမှာ နေရာပျောက်ဆုံးနေခဲ့တဲ့ ဂျာမန်နောက်ခံလူ ရူဒီဂါကို ပြောင်းလဲစိတ်ဝင်စား။
– ဂိုးသမားသစ် မန်ဒီ ရောက်လာခဲ့ပေမယ့် အသင်းရဲ့ အမှားများလို့ နေရာပျောက်ခဲ့ရတဲ့ စပိန်သား ဂိုးသမား ကီပါ အာရီဇာဘာလာဂါကို အငှားချဖို့အတွက် သေသေချာချာ မဆုံးဖြတ်ရသေးဘူးလို့ ရိုးမားအသင်းရဲ့ စိတ်ဝင်စားမှုတွေကြားမှာ လမ်းပတ် ရှင်းလင်း။
– ဒက်ကလန် ရိုက်စ်ကို လိုချင်နေတဲ့ ချဲလ်ဆီးနဲ့ အန်ဂိုလို ကွန်တေကို အလိုရှိနေတဲ့ အင်တာမီလန်တို့ကြားမှာ ချိတ်ဆက်လုပ်ဆောင်မှုတွေ ရှိလာနိုင်ပြီး အင်တာဘက်က ရရှိမယ့် ငွေကြေးကို ပြန်လည်အသုံးချနိုင်ဖို့ မျှော်လင့်နေ။
REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.