Premier League

စီးတီးခြေချော်ပြီး ဂန်းနားတို့အမှတ်ပြန်ဖြတ်နိုင်ခဲ့ပြီးနောက် ဆုဖလားဟောကိန်းထုတ်လိုက်တဲ့ အလန် ရှီးယားနဲ့ အိုဝင်

အင်္ဂလန်ဂန္တဝင်တိုက်စစ်မှူး အလန် ရှီးယားက အာဆင်နယ်အသင်းက ဆုဖလားပြိုင်ဘက်တွေဖြစ်တဲ့ မန်စီးတီးကို အနိုင်ယူပြီး နှစ်ပေါင်း ၂၀ နီးပါးအကြာမှာ ပထမဆုံးအကြိမ် ပရီးမီးယားလိဂ်ချန်ပီယံဖြစ်လာလိမ့်မယ်လို့ ထောက်ခံ ပြောကြားခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ စနေနေ့က အိုလီ ဝက်ကင်စ်နဲ့ ကော်တင်ညိုတို့ကနေတဆင့် အက်စတန် ဗီလာကို ၂ ကြိမ်အထိ ဦးဆောင်ခွင့်ပေးခဲ့ရတာကြောင့် ဘာမင်ဟမ်မှာ နောက်ထပ်တစ်ကြိမ် အခြေအနေဆိုးရွားတော့မယ့်ပုံပေါ်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဆာကာနဲ့ ဇင်ချန်ကိုတို့က ချေပဂိုးတွေ ပြန်လည်သွင်းယူပေးခဲ့ပြီးနောက် အာဆင်နယ်အသင်းဟာ ဂိုးသမားဟောင်း အီမီလီယာနို မာတီနက်ဇ်ကြောင့် နောက်ကျ အနိုင်ဂိုးတွေ ရရှိပြီး ၄-၂ နဲ့ အံ့အားသင့်ဖွယ် ပြန်လာနိုင်ခဲ့တာဖြစ်ပါတယ်။

အာဆင်နယ်ဟာ စနေနေ့နေ့လယ် နိုင်ပွဲကြောင့် ပရီးမီးယားလိဂ်အမှတ်ပေးဇယားထိပ်ဆုံးနေရာကို ပြန်လည်တက်လှမ်းနိုင်ခဲ့တာဖြစ်ပြီး မန်စီးတီးက စနေနေ့ ညနေမှာ နော်တင်ဟမ် ဖောရက်စ်နဲ့ အံ့အားသင့်ဖွယ် သရေကျခဲ့တာကြောင့် ၁ ပွဲလျော့ ၂ မှတ်အသာနဲ့ ဦးဆောင်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ဂွါဒီယိုလာရဲ့အသင်းဟာ စီးတီးဂရောင်းမှာ အသာစီး ရယူထားနိုင်ခဲ့ပြီး ဘာနာဒို ဆေးလ်ဗားရဲ့ သွင်းဂိုးနဲ့ ဦးဆောင်ထားနိုင်ခဲ့ပေမယ့်လည်း ခရစ္စ ဝုဒ်ရဲ့ နောက်ကျ ချေပဂိုးကို ခွင့်ပြုခဲ့ရတာကြောင့် သရေ ၁ မှတ်နဲ့သာ ကျေနပ်ခဲ့ရတာဖြစ်ပါတယ်။

မန်ချက်စတာစီးတီးရဲ့ ခြေချော်မှုအပြီး ပရီးမီးယားလိဂ်ဆုဖလားပြိုင်ပွဲအပေါ် ဟောကိန်းကို မေးမြန်းခဲ့ရာမှာ အလန် ရှီးယားက “အခုအချိန်မှာ ပါတေးက ဒဏ်ရာကြောင့် မပါနိုင်တာက ကျွန်တော် သိတယ်။ ဒါပေမယ့် အာဆင်နယ်သာ သူ့ကို ပြန်သုံးလို့ရပြီး အခုကနေ ရာသီကုန်အထိ နည်းနည်းလေး ကံကောင်းခဲ့မယ်ဆိုရင်၊ သူတို့ရဲ့ အဓိကကစားသမားတွေကို ကြံ့ခိုင်မှု ရှိနေအောင် လုပ်ထားနိုင်ရင် သူတို့တွေ ဖလားရလိမ့်မယ်လို့ ကျွန်တော် ထင်တယ်။ ကျွန်တော် တကယ်ကို ထင်ပါတယ်။ ဒုတိယပိုင်းခြေစွမ်းအရ အာဆင်နယ်က ၃ မှတ်နဲ့ ထိုက်တန်တယ်”

“ဒါပေမယ့် သူတို့တွေ နိုင်ပွဲရခဲ့ရုံတင်မဟုတ်ဘဲ မန်စီးတီးကိုလည်း သတင်းစကားပေးပို့နိုင်ခဲ့ပါတယ်။ တစ်ခါတလေ ခင်ဗျား နိုင်ပွဲရဖို့ နည်းလမ်းရှာဖွေဖို့ လိုပါတယ်။ သူတို့တွေ အဲဒါကို ဒုတိယပိုင်းမှာ လုပ်ခဲ့တယ်။ စီးတီးနဲ့ သူတို့ ကစားခဲ့တဲ့ပွဲကို ပြန်ကြည့်ရင် သူတို့တွေ ကြီးမားတဲ့အမှား ၂ ခု လုပ်ခဲ့ပြီး အပြစ်ပေးခံခဲ့ရတယ်။ သူတို့တွေ ကြီးမားတဲ့ အခွင့်အရေးတွေကိုလည်း လွဲချော်ခဲ့ပြီး အဲဒါက ၂ သင်းကြားမှာ ကွာခြားစေခဲ့တာပါ”လို့ ပြောကြားခဲ့ပါတယ်။

အင်္ဂလန်ဂန္တဝင်တိုက်စစ်မှူး မိုက်ကယ် အိုဝင်ကလည်း အာဆင်နယ်အသင်းက ပရီးမီးယားလိဂ် ဆုဖလားပြိုင်ပွဲမှာ ဦးဆောင်နေတယ်လို့ သဘောတူခဲ့ပေမယ့်လည်း မန်ယူနိုက်တက်ကိုလည်း ချန်ထားလို့မရဘူးလို့ ယုံကြည်နေတာဖြစ်ပါတယ်။ “ဆုဖလားပြိုင်ပွဲက အံ့အားသင့်စရာကောင်းတယ်မဟုတ်လား။ ဘာလို့လဲဆိုတော့ ခင်ဗျား သူတို့ ၅၂ မှတ် ရထားတာမြင်ပြီး အဲဒါက စုစုပေါင်းဆိုရင် တကယ်ကို ကောင်းပါတယ်။ ဒါပေမယ့် သူတို့တွေက ဒီရာသီမှာ အခုအချိန်အထိ ထိပ်တန်းပုံစံမှာ ရှိနေတယ်လို့ ခင်ဗျား မခံစားရပါဘူး။ အာဆင်နယ်က ပြီးခဲ့တဲ့ပွဲတွေမှာ ရလဒ်တွေ နည်းနည်းမကောင်းခဲ့ပေမယ့် အခုဆိုရင် ဇယားထိပ်မှာ ယုံကြည်ချက်အပြည့်ရှိနေတာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်”

“သူတို့တွေ မန်ချက်စတာစီးတီးထက် နောက်ထပ်ရမှတ်တွေ ရခဲ့ပြီး ပြိုင်ပွဲကို ပိုပြီး ခက်ခဲစေခဲ့တာ ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ ဒါပေမယ့်လည်း လွန်ခဲ့တဲ့ လကို ခင်ဗျား စိတ်ထဲ ပြန်တွေးကြည့်ရင် မန်စီးတီးက ကွာဟချက်က အရမ်းကြီးမားတာကြောင့် အမီလိုက်ဖို့ မလွယ်ခဲ့ပေမယ့် အခုဆိုရင် ၂ မှတ်ပဲ ကွာဟတော့တယ်။ အားလုံးက အနိမ့်အမြင့်၊ အတက်အကျတွေ ရှိလာလိမ့်မယ်ဆိုတာ သိပြီး ဘယ်သူကမှ မန်ယူနိုက်တက်အကြောင်း မပြောကြဘူး။ ဘာလို့လဲဆိုတော့ မန်စီးတီးက ပါဝင်ပတ်သက်နေရင် မန်ချက်စတာယူနိုက်တက်ကလည်း ပါမှာပဲ။ သူတို့တွေ တစ်ပွဲပိုကစားမယ့်ပွဲကို အနိုင်ရခဲ့ရင် စီးတီးနဲ့ ၃ မှတ်ပဲ ကွာတော့မယ်။ အဲဒီတော့ အခုအချိန်မှာ ခင်ဗျား ဘာကိုမှ မဖြစ်နိုင်ဘူး ပြောလို့မဘူး။ ဒါပေမယ့် အာဆင်နယ်က ဦးဆောင်သူနေရာမှာ ရှိနေတယ်လို့ ပြောရမှာပါ”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အဂၤလန္ဂႏၲဝင္တိုက္စစ္မႉး အလန္ ရွီးယားက အာဆင္နယ္အသင္းက ဆုဖလားၿပိဳင္ဘက္ေတြျဖစ္တဲ့ မန္စီးတီးကို အႏိုင္ယူၿပီး ႏွစ္ေပါင္း ၂၀ နီးပါးအၾကာမွာ ပထမဆုံးအႀကိမ္ ပရီးမီးယားလိဂ္ခ်န္ပီယံျဖစ္လာလိမ့္မယ္လို႔ ေထာက္ခံ ေျပာၾကားခဲ့ပါတယ္။

အာဆင္နယ္အသင္းဟာ စေနေန႔က အိုလီ ဝက္ကင္စ္နဲ႔ ေကာ္တင္ညိဳတို႔ကေနတဆင့္ အက္စတန္ ဗီလာကို ၂ ႀကိမ္အထိ ဦးေဆာင္ခြင့္ေပးခဲ့ရတာေၾကာင့္ ဘာမင္ဟမ္မွာ ေနာက္ထပ္တစ္ႀကိမ္ အေျခအေနဆိုး႐ြားေတာ့မယ့္ပုံေပၚခဲ့တာ ျဖစ္ပါတယ္။ ဒါေပမယ့္လည္း ဆာကာနဲ႔ ဇင္ခ်န္ကိုတို႔က ေခ်ပဂိုးေတြ ျပန္လည္သြင္းယူေပးခဲ့ၿပီးေနာက္ အာဆင္နယ္အသင္းဟာ ဂိုးသမားေဟာင္း အီမီလီယာႏို မာတီနက္ဇ္ေၾကာင့္ ေနာက္က် အႏိုင္ဂိုးေတြ ရရွိၿပီး ၄-၂ နဲ႔ အံ့အားသင့္ဖြယ္ ျပန္လာႏိုင္ခဲ့တာျဖစ္ပါတယ္။

အာဆင္နယ္ဟာ စေနေန႔ေန႔လယ္ ႏိုင္ပြဲေၾကာင့္ ပရီးမီးယားလိဂ္အမွတ္ေပးဇယားထိပ္ဆုံးေနရာကို ျပန္လည္တက္လွမ္းႏိုင္ခဲ့တာျဖစ္ၿပီး မန္စီးတီးက စေနေန႔ ညေနမွာ ေနာ္တင္ဟမ္ ေဖာရက္စ္နဲ႔ အံ့အားသင့္ဖြယ္ သေရက်ခဲ့တာေၾကာင့္ ၁ ပြဲေလ်ာ့ ၂ မွတ္အသာနဲ႔ ဦးေဆာင္ႏိုင္ခဲ့ၿပီ ျဖစ္ပါတယ္။ ဂြါဒီယိုလာရဲ႕အသင္းဟာ စီးတီးဂေရာင္းမွာ အသာစီး ရယူထားႏိုင္ခဲ့ၿပီး ဘာနာဒို ေဆးလ္ဗားရဲ႕ သြင္းဂိုးနဲ႔ ဦးေဆာင္ထားႏိုင္ခဲ့ေပမယ့္လည္း ခရစၥ ဝုဒ္ရဲ႕ ေနာက္က် ေခ်ပဂိုးကို ခြင့္ျပဳခဲ့ရတာေၾကာင့္ သေရ ၁ မွတ္နဲ႔သာ ေက်နပ္ခဲ့ရတာျဖစ္ပါတယ္။

မန္ခ်က္စတာစီးတီးရဲ႕ ေျခေခ်ာ္မႈအၿပီး ပရီးမီးယားလိဂ္ဆုဖလားၿပိဳင္ပြဲအေပၚ ေဟာကိန္းကို ေမးျမန္းခဲ့ရာမွာ အလန္ ရွီးယားက “အခုအခ်ိန္မွာ ပါေတးက ဒဏ္ရာေၾကာင့္ မပါႏိုင္တာက ကြၽန္ေတာ္ သိတယ္။ ဒါေပမယ့္ အာဆင္နယ္သာ သူ႔ကို ျပန္သုံးလို႔ရၿပီး အခုကေန ရာသီကုန္အထိ နည္းနည္းေလး ကံေကာင္းခဲ့မယ္ဆိုရင္၊ သူတို႔ရဲ႕ အဓိကကစားသမားေတြကို ႀကံ့ခိုင္မႈ ရွိေနေအာင္ လုပ္ထားႏိုင္ရင္ သူတို႔ေတြ ဖလားရလိမ့္မယ္လို႔ ကြၽန္ေတာ္ ထင္တယ္။ ကြၽန္ေတာ္ တကယ္ကို ထင္ပါတယ္။ ဒုတိယပိုင္းေျခစြမ္းအရ အာဆင္နယ္က ၃ မွတ္နဲ႔ ထိုက္တန္တယ္”

“ဒါေပမယ့္ သူတို႔ေတြ ႏိုင္ပြဲရခဲ့႐ုံတင္မဟုတ္ဘဲ မန္စီးတီးကိုလည္း သတင္းစကားေပးပို႔ႏိုင္ခဲ့ပါတယ္။ တစ္ခါတေလ ခင္ဗ်ား ႏိုင္ပြဲရဖို႔ နည္းလမ္းရွာေဖြဖို႔ လိုပါတယ္။ သူတို႔ေတြ အဲဒါကို ဒုတိယပိုင္းမွာ လုပ္ခဲ့တယ္။ စီးတီးနဲ႔ သူတို႔ ကစားခဲ့တဲ့ပြဲကို ျပန္ၾကည့္ရင္ သူတို႔ေတြ ႀကီးမားတဲ့အမွား ၂ ခု လုပ္ခဲ့ၿပီး အျပစ္ေပးခံခဲ့ရတယ္။ သူတို႔ေတြ ႀကီးမားတဲ့ အခြင့္အေရးေတြကိုလည္း လြဲေခ်ာ္ခဲ့ၿပီး အဲဒါက ၂ သင္းၾကားမွာ ကြာျခားေစခဲ့တာပါ”လို႔ ေျပာၾကားခဲ့ပါတယ္။

အဂၤလန္ဂႏၲဝင္တိုက္စစ္မႉး မိုက္ကယ္ အိုဝင္ကလည္း အာဆင္နယ္အသင္းက ပရီးမီးယားလိဂ္ ဆုဖလားၿပိဳင္ပြဲမွာ ဦးေဆာင္ေနတယ္လို႔ သေဘာတူခဲ့ေပမယ့္လည္း မန္ယူႏိုက္တက္ကိုလည္း ခ်န္ထားလို႔မရဘူးလို႔ ယုံၾကည္ေနတာျဖစ္ပါတယ္။ “ဆုဖလားၿပိဳင္ပြဲက အံ့အားသင့္စရာေကာင္းတယ္မဟုတ္လား။ ဘာလို႔လဲဆိုေတာ့ ခင္ဗ်ား သူတို႔ ၅၂ မွတ္ ရထားတာျမင္ၿပီး အဲဒါက စုစုေပါင္းဆိုရင္ တကယ္ကို ေကာင္းပါတယ္။ ဒါေပမယ့္ သူတို႔ေတြက ဒီရာသီမွာ အခုအခ်ိန္အထိ ထိပ္တန္းပုံစံမွာ ရွိေနတယ္လို႔ ခင္ဗ်ား မခံစားရပါဘူး။ အာဆင္နယ္က ၿပီးခဲ့တဲ့ပြဲေတြမွာ ရလဒ္ေတြ နည္းနည္းမေကာင္းခဲ့ေပမယ့္ အခုဆိုရင္ ဇယားထိပ္မွာ ယုံၾကည္ခ်က္အျပည့္ရွိေနတာ ျဖစ္ေကာင္းျဖစ္ႏိုင္ပါတယ္”

“သူတို႔ေတြ မန္ခ်က္စတာစီးတီးထက္ ေနာက္ထပ္ရမွတ္ေတြ ရခဲ့ၿပီး ၿပိဳင္ပြဲကို ပိုၿပီး ခက္ခဲေစခဲ့တာ ျဖစ္ေကာင္းျဖစ္ပါလိမ့္မယ္။ ဒါေပမယ့္လည္း လြန္ခဲ့တဲ့ လကို ခင္ဗ်ား စိတ္ထဲ ျပန္ေတြးၾကည့္ရင္ မန္စီးတီးက ကြာဟခ်က္က အရမ္းႀကီးမားတာေၾကာင့္ အမီလိုက္ဖို႔ မလြယ္ခဲ့ေပမယ့္ အခုဆိုရင္ ၂ မွတ္ပဲ ကြာဟေတာ့တယ္။ အားလုံးက အနိမ့္အျမင့္၊ အတက္အက်ေတြ ရွိလာလိမ့္မယ္ဆိုတာ သိၿပီး ဘယ္သူကမွ မန္ယူႏိုက္တက္အေၾကာင္း မေျပာၾကဘူး။ ဘာလို႔လဲဆိုေတာ့ မန္စီးတီးက ပါဝင္ပတ္သက္ေနရင္ မန္ခ်က္စတာယူႏိုက္တက္ကလည္း ပါမွာပဲ။ သူတို႔ေတြ တစ္ပြဲပိုကစားမယ့္ပြဲကို အႏိုင္ရခဲ့ရင္ စီးတီးနဲ႔ ၃ မွတ္ပဲ ကြာေတာ့မယ္။ အဲဒီေတာ့ အခုအခ်ိန္မွာ ခင္ဗ်ား ဘာကိုမွ မျဖစ္ႏိုင္ဘူး ေျပာလို႔မဘူး။ ဒါေပမယ့္ အာဆင္နယ္က ဦးေဆာင္သူေနရာမွာ ရွိေနတယ္လို႔ ေျပာရမွာပါ”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.