Premier League

ပွဲပြီးအင်တာဗျူးကြောင့် ထုတ်ပယ်ဖို့ တောင်းဆိုခံခဲ့ရတဲ့ ဂရေဟမ် ပေါ့တား

အက်စတန် ဗီလာကြယ်ပွင့်ဟောင်း အဘွန်လဟောက စနေနေ့က ဆောက်သမ်တန်အသင်းကို ချဲလ်ဆီးအသင်းက ၁-၀ နဲ့ အံ့အားသင့်ဖွယ် ရှုံးနိမ့်ခဲ့ပြီးနောက် ပွဲပြီးအင်တာဗျူး ဖြေဆိုခဲ့တဲ့ ဂရေဟမ် ပေါ့တားရဲ့ မှတ်ချက်အပြီးမှာ နည်းပြရာထူးကနေ ထုတ်ပယ်ဖို့ တောင်းဆိုခဲ့ပါတယ်။

ဂျိမ်းစ် ဝ့ါဒ်-ပရောက်စ်ရဲ့ အံ့အားသင့်ဖွယ် အလွတ်တည်ကန်ဘောကနေ တိုက်ရိုက်ဂိုးသွင်းယူမှုကို ချဲလ်ဆီးဂိုးသမား ကီပါ ဘယ်လိုမှ မကာကွယ်နိုင်ခဲ့ဘဲ အဲဒီသွင်းဂိုးက စိန့်တွေ အနိုင်ရဖို့အတွက် လုံလောက်တဲ့ သွင်းဂိုး ဖြစ်ခဲ့တာ ဖြစ်ပါတယ်။ ချဲလ်ဆီးအသင်းဟာ ကြံ့ကြံ့ခံခဲ့တဲ့ ဆောက်သမ်တန်ခံစစ်ကို ဖြိုခွဲနိုင်ခြင်းမရှိခဲ့ဘဲ စိန့်တွေဟာ ဦးဆောင်ထားနိုင်မှုကို ဆက်လက်ထိန်သိမ်းပြီး အိမ်ကွင်းမှာ အနိုင် ၃ မှတ်စလုံးကို ရယူသွားနိုင်ခဲ့တာဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းဟာ စနေနေ့ညနေက နောက်ဆုံး ရှုံးပွဲကြောင့် ပရီးမီးယားလိဂ် အဆင့် ၁၀ နေရာကို ကျဆင်းသွာခဲ့ရပြီဖြစ်ပြီး အမှတ်ပေးဇယားထိပ်ဆုံး ၄ နေရာနဲ့ ၁၀ မှတ်အထိ ကွာဟသွားခဲ့ရပြီ ဖြစ်ပါတယ်။

ချဲလ်ဆီးနည်းပြ ဂရေဟမ် ပေါ့တားဟာ အသင်းရဲ့ဆိုးရွားတဲ့ရလဒ်တွေ ဆက်နေမှုကြောင့် ပြစ်တင်ဝေဖန်မှုတွေ ခံခဲ့ရပြီး အထူးသဖြင့် ပရီးမီးယားလိဂ်ကလပ်အသင်းဟာ ပြီးခဲ့တဲ့နွေရာသီနဲ့ ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ ကြီးမားတဲ့ ငွေကြေးသုံးစွဲမှုတွေ ပြုလုပ်ခဲ့ပြီးနောက်မှာ ဖြစ်ပါတယ်။

ပွဲအပြီး အင်တာဗျူးမှာ ချဲလ်ဆီးနည်းပြက ဒေါ့မွန်ကို ၁-၀ နဲ့ ရှုံးနိမ့်ခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်အပြီးမှာ အပြောင်းအလဲတွေ မဖြစ်မနေ ပြုလုပ်ခဲ့ရတယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။ “အဲဒါက ဘာလဲဆိုတာကို ခင်ဗျား ကြည့်ရမယ်။ ကျွန်တော်တို့ ချန်ပီယံလိဂ်ကြောင့် အပြောင်းအလဲအချို့ ပြုလုပ်ခဲ့ရတယ်။ ကျွန်တော်တို့ အပြောင်းအလဲအချို့ လုပ်ခဲ့ရတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ရှိနေတဲ့ အခြေအနေနဲ့ ကောင်လေးတွေက ဒဏ်ရာကနေ ပြန်လာနေတာကြောင့်ပါ။ ခင်ဗျား ဒီလို အပြောင်းအလဲတွေ ပြုလုပ်တဲ့အချိန်မှာ ကောင်းကောင်းကြိုတင်ပြင်ဆင်ထားတဲ့အသင်းနဲ့ ရင်ဆိုင်ရာမှာ ခက်ခဲနိုင်ပါတယ်”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

အဘွန်လဟောက ပေါ့တားရဲ့ ပွဲပြီးအင်တာဗျူးက မှတ်ချက်ကို သဘောမတူခဲ့ဘဲ ချဲလ်ဆီးနည်းပြကို ၎င်းရဲ့ စောဒကတက်မှုအတွက် နည်းပြ ရာထူးကနေ ထုတ်ပယ်ဖို့ တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။

“အဲဒီပွဲပြီးအင်တာဗျူးအတွက် သူ ရာထူးကနေ ထုတ်ပယ်ခံရသင့်ပါတယ်။ ခင်ဗျား ဘာတွေ လာပြောနေတာလဲ။ သူတို့တွေမှာ မန်နေဂျာမရှိဘူး။ ခင်ဗျားက အတူတူ နိုင်ပွဲဆက် မယူနိုင်တဲ့ ဖရိုဖရဲဖြစ်နေတဲ့အသင်းနဲ့ ကစားနေတာပဲ။ ခင်ဗျားက မိုင်ခေလို မာဒရစ်ခ်ကို အရန်ခုံကနေ ခေါ်ယူခဲ့ရပြီး ဂျာအို ဖီလစ်ကို ပွဲထွက်ကစားခိုင်းပြီး စောဒတက်နေတာလား။ ခင်ဗျား ကျွန်တော့်ကို နောက်နေတာလား။ သနားဖို့ကောင်းလိုက်တဲ့ ဂရေဟမ်။ သနားဖို့ကောင်းတယ်။ ဝိုး။ ကျွန်တော်လည်း တွေးမိတယ်။ အင်္ဂလိပ်ကစားသမားတွေကို ဘက်လိုက်မှုတွေရှိနေတယ်”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အက္စတန္ ဗီလာၾကယ္ပြင့္ေဟာင္း အဘြန္လေဟာက စေနေန႔က ေဆာက္သမ္တန္အသင္းကို ခ်ဲလ္ဆီးအသင္းက ၁-၀ နဲ႔ အံ့အားသင့္ဖြယ္ ရႈံးနိမ့္ခဲ့ၿပီးေနာက္ ပြဲၿပီးအင္တာဗ်ဴး ေျဖဆိုခဲ့တဲ့ ဂေရဟမ္ ေပါ့တားရဲ႕ မွတ္ခ်က္အၿပီးမွာ နည္းျပရာထူးကေန ထုတ္ပယ္ဖို႔ ေတာင္းဆိုခဲ့ပါတယ္။

ဂ်ိမ္းစ္ ဝ့ါဒ္-ပေရာက္စ္ရဲ႕ အံ့အားသင့္ဖြယ္ အလြတ္တည္ကန္ေဘာကေန တိုက္႐ိုက္ဂိုးသြင္းယူမႈကို ခ်ဲလ္ဆီးဂိုးသမား ကီပါ ဘယ္လိုမွ မကာကြယ္ႏိုင္ခဲ့ဘဲ အဲဒီသြင္းဂိုးက စိန႔္ေတြ အႏိုင္ရဖို႔အတြက္ လုံေလာက္တဲ့ သြင္းဂိုး ျဖစ္ခဲ့တာ ျဖစ္ပါတယ္။ ခ်ဲလ္ဆီးအသင္းဟာ ႀကံ့ႀကံ့ခံခဲ့တဲ့ ေဆာက္သမ္တန္ခံစစ္ကို ၿဖိဳခြဲႏိုင္ျခင္းမရွိခဲ့ဘဲ စိန႔္ေတြဟာ ဦးေဆာင္ထားႏိုင္မႈကို ဆက္လက္ထိန္သိမ္းၿပီး အိမ္ကြင္းမွာ အႏိုင္ ၃ မွတ္စလုံးကို ရယူသြားႏိုင္ခဲ့တာျဖစ္ပါတယ္။

ခ်ဲလ္ဆီးအသင္းဟာ စေနေန႔ညေနက ေနာက္ဆုံး ရႈံးပြဲေၾကာင့္ ပရီးမီးယားလိဂ္ အဆင့္ ၁၀ ေနရာကို က်ဆင္းသြာခဲ့ရၿပီျဖစ္ၿပီး အမွတ္ေပးဇယားထိပ္ဆုံး ၄ ေနရာနဲ႔ ၁၀ မွတ္အထိ ကြာဟသြားခဲ့ရၿပီ ျဖစ္ပါတယ္။

ခ်ဲလ္ဆီးနည္းျပ ဂေရဟမ္ ေပါ့တားဟာ အသင္းရဲ႕ဆိုး႐ြားတဲ့ရလဒ္ေတြ ဆက္ေနမႈေၾကာင့္ ျပစ္တင္ေဝဖန္မႈေတြ ခံခဲ့ရၿပီး အထူးသျဖင့္ ပရီးမီးယားလိဂ္ကလပ္အသင္းဟာ ၿပီးခဲ့တဲ့ေႏြရာသီနဲ႔ ဇန္နဝါရီအေျပာင္းအေ႐ႊ႕ကာလမွာ ႀကီးမားတဲ့ ေငြေၾကးသုံးစြဲမႈေတြ ျပဳလုပ္ခဲ့ၿပီးေနာက္မွာ ျဖစ္ပါတယ္။

ပြဲအၿပီး အင္တာဗ်ဴးမွာ ခ်ဲလ္ဆီးနည္းျပက ေဒါ့မြန္ကို ၁-၀ နဲ႔ ရႈံးနိမ့္ခဲ့တဲ့ ခ်န္ပီယံလိဂ္ပြဲစဥ္အၿပီးမွာ အေျပာင္းအလဲေတြ မျဖစ္မေန ျပဳလုပ္ခဲ့ရတယ္လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။ “အဲဒါက ဘာလဲဆိုတာကို ခင္ဗ်ား ၾကည့္ရမယ္။ ကြၽန္ေတာ္တို႔ ခ်န္ပီယံလိဂ္ေၾကာင့္ အေျပာင္းအလဲအခ်ိဳ႕ ျပဳလုပ္ခဲ့ရတယ္။ ကြၽန္ေတာ္တို႔ အေျပာင္းအလဲအခ်ိဳ႕ လုပ္ခဲ့ရတယ္။ ဘာလို႔လဲဆိုေတာ့ ကြၽန္ေတာ္တို႔ရွိေနတဲ့ အေျခအေနနဲ႔ ေကာင္ေလးေတြက ဒဏ္ရာကေန ျပန္လာေနတာေၾကာင့္ပါ။ ခင္ဗ်ား ဒီလို အေျပာင္းအလဲေတြ ျပဳလုပ္တဲ့အခ်ိန္မွာ ေကာင္းေကာင္းႀကိဳတင္ျပင္ဆင္ထားတဲ့အသင္းနဲ႔ ရင္ဆိုင္ရာမွာ ခက္ခဲႏိုင္ပါတယ္”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

အဘြန္လေဟာက ေပါ့တားရဲ႕ ပြဲၿပီးအင္တာဗ်ဴးက မွတ္ခ်က္ကို သေဘာမတူခဲ့ဘဲ ခ်ဲလ္ဆီးနည္းျပကို ၎ရဲ႕ ေစာဒကတက္မႈအတြက္ နည္းျပ ရာထူးကေန ထုတ္ပယ္ဖို႔ ေတာင္းဆိုခဲ့တာ ျဖစ္ပါတယ္။

“အဲဒီပြဲၿပီးအင္တာဗ်ဴးအတြက္ သူ ရာထူးကေန ထုတ္ပယ္ခံရသင့္ပါတယ္။ ခင္ဗ်ား ဘာေတြ လာေျပာေနတာလဲ။ သူတို႔ေတြမွာ မန္ေနဂ်ာမရွိဘူး။ ခင္ဗ်ားက အတူတူ ႏိုင္ပြဲဆက္ မယူႏိုင္တဲ့ ဖ႐ိုဖရဲျဖစ္ေနတဲ့အသင္းနဲ႔ ကစားေနတာပဲ။ ခင္ဗ်ားက မိုင္ေခလို မာဒရစ္ခ္ကို အရန္ခုံကေန ေခၚယူခဲ့ရၿပီး ဂ်ာအို ဖီလစ္ကို ပြဲထြက္ကစားခိုင္းၿပီး ေစာဒတက္ေနတာလား။ ခင္ဗ်ား ကြၽန္ေတာ့္ကို ေနာက္ေနတာလား။ သနားဖို႔ေကာင္းလိုက္တဲ့ ဂေရဟမ္။ သနားဖို႔ေကာင္းတယ္။ ဝိုး။ ကြၽန္ေတာ္လည္း ေတြးမိတယ္။ အဂၤလိပ္ကစားသမားေတြကို ဘက္လိုက္မႈေတြရွိေနတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.