Analysis Article Premier League

အာကြီးနိုင်မယ်ဆိုတဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၂၄ အတွက် ပေါလ်မာဆန်ရဲ့ ခန့်မှန်းချက်များ

အက်စ်တန်ဗီလာ-အာဆင်နယ်
သုံးပွဲဆက်ပြီး နိုင်ပွဲပျောက်ထားတဲ့ အာဆင်နယ်တို့အတွက်တော့ ဒီပွဲက နိုင်ကို နိုင်ရမယ့်ပွဲမျိုး ဖြစ်နေပါတယ်။ ဒီပွဲကိုသာ သုံးမှတ် မရခဲ့ဘူးဆိုရင် သူတို့ရဲ့ အနေအထားက ဆိုးရွားသွားမှာဖြစ်ပြီး ဒီရာသီ ရည်မှန်းချက်တွေကို အဖတ်ဆည်လို့ မရဘဲဖြစ်သွားမှာပါ။ သူတို့အနေနဲ့ ဘယ်လောက်ပဲ ကစားပုံနဲ့ စိတ်ဓာတ်ပိုင်းမှာ ဆိုးရွားနေနေ မနိုင်လို့မဖြစ်တာကြောင့် ဒီနေ့ပွဲကို အားကုန်သုံးပြီး ကစားလာကြမှာဖြစ်ပါတယ်။ ဗီလာတို့ကတော့ ကစားပုံကောင်းကို ပြသနိုင်ခဲ့ပေမယ့် အရှုံးပေးဖို့က တအားလွယ်လွန်းနေသလိုပါပဲ။ လူထုတ်ပုံမှားခဲ့ရင် အိမ်ရှင်တွေ ပိုကြေကွဲရနိုင်ပြီး အာဆင်နယ်တို့ အနိုင်ယူသွားမှာပါ။ (ဗီလာ 0-2 အာဆင်နယ်)

ဘရန့်ဖို့ဒ်-ခရစ္စတယ်လ်ပဲလေ့စ်
ဘရန့်ဖို့ဒ်ကတော့ ပရီးမီးယားလိဂ်ရဲ့ ခြေအမှန်ဆုံး အသင်းတွေထဲမှာ ပါဝင်နေပြီး ပါးနပ်တည်ငြိမ်တဲ့ ကစားဟန်ကို ပြသထားနိုင်ပါတယ်။ သူတို့တွေအနေနဲ့ ကစားသမားကောင်းတွေကို ဆက်လက်ထိန်းသိမ်းထားနိုင်သလို တိုနီကလည်း ပုံမှန်ဂိုးသွင်းနေပြီး ဒီနှစ်မှာ ကွန်ဖရင့်လိဂ်တစ်နေရာကို ပိုင်ဆိုင်သွားမလားတောင် စောင့်ကြည့်ရမှာပါ။ ပဲလေ့စ်တို့ကတော့ နှာစေးချောင်းဆိုးအနေအထားကနေ ပျောက်ကင်းဖို့ မစွမ်းသာသေးဘဲဖြစ်နေခဲ့ပြီး ဇာဟာ ပြန်မလာနိုင်သေးတာက သူတို့ကို အစွယ်မဲ့ အဆိပ်မဲ့ဖြစ်စေတာကြောင့် အိမ်ရှင်တွေ ဂိုးပြတ်နိုင်ပွဲ ရပါလိမ့်မယ်။ (ဘရန့်ဖို့ဒ် 2-0 ပဲလေ့စ်)

ဝုလ်ဗာဟမ့်ပ်တန်-ဘုန်းမောက်
ဝုလ်ဗ်စ်တို့ကတော့ တန်းဆင်းဇုန်မှာ ဒစ်လည်နေတဲ့ အသင်းအဖြစ်ကနေ စုစည်းမှုကောင်းပြီး နိုင်လိုစိတ်မြင့်မားတဲ့ အသင်းသစ်တစ်သင်းပုံစံကို ပြောင်းလဲနိုင်ခဲ့ပါပြီ။ ဘုန်းမောက်တို့ကတော့ ဝုလ်ဗ်စ်တို့ ဇာတာပြန်တက်လာချိန်မှာ ကံဆိုးမိုးမှောင်ကျနေပြီး နည်းပြသစ် အိုနီးလ်အနေနဲ့ အသင်းကို နိုင်ပွဲ ရဖို့ လုပ်ဆောင်မပေးတတ်တော့သလိုဖြစ်နေခဲ့ပါတယ်။ လိုပီတီဂီရဲ့ ဝံပုလွေတွေအနေနဲ့ အိမ်ကွင်းမှာဆိုရင် ဘယ်အသင်းကိုမဆို အနိုင်ယူနိုင်စွမ်းရှိနေပြီး ပရီးမီးယားလိဂ်မှာ နေရာမှန် ပြန်ရောက်ဖို့အတွက် ချယ်ရီသီးတွေကို ဖျော်ရည်ကြိတ်သောက်ဖို့ အဆင်သင့်ဖြစ်နေမှာပါ။ (ဝုလ်ဗ်စ် 2-0 ဘုန်းမောက်)

ဘရိုက်တန်-ဖူလ်ဟမ်
နှစ်သင်းစလုံးအနေနဲ့ ရလဒ်ကောင်းတွေကို ပိုင်ဆိုင်ထားပြီး ပုံစံကောင်းတွေကိုလည်း ရရှိနေကြတဲ့ ပြိုင်ဘက်ကောင်းတွေပဲလို့ ဆိုရနိုင်ပါတယ်။ ရလဒ်တွေနဲ့ ရပ်တည်မှုတွေက မတိမ်းမယိမ်းဖြစ်နေပေမယ့် မာကို ဆေးလ်ဗားရဲ့ လှေကြီးထိုး ရိုးရိုးပုံစံထက် ရောဘတ်တို ဒီဇာဘီရဲ့ နည်းစနစ်ပိုင်းကတော့ သာလွန်နေပါတယ်။ ပွဲပိုကစားထားတဲ့ ဖူလ်ဟမ်တို့အနေနဲ့ အဝေးကွင်းမှာ ဒီလောက်ကြီးတော့ ကောင်းမှာ မဟုတ်ဘဲ ပိတ်ကစားပြီး ကောင်တာကစားဖို့ပဲ ရည်ရွယ်လာမှာဖြစ်သလို ဘရိုက်တန်တို့ကတော့ ဒါကို ရင်ဆိုင်ဖို့ အသင့်ဖြစ်နေမှာပါ။ နိုင်ပွဲက ဘရိုက်တန်ရဲ့ အလှည့်ဖြစ်ပြီး ဖူလ်ဟမ်တို့အနေနဲ့ သူတို့ကွင်းမှာ အကြွေးယူထားတာကို ပြန်ပေးရတော့မှာဖြစ်ပါတယ်။ (ဘရိုက်တန် 2-1 ဖူလ်ဟမ်)

အဲဗာတန်-လိဒ်စ်ယူနိုက်တက်
ဒီပွဲက နှစ်သင်းစလုံးအတွက် အရေးပါတဲ့ ပွဲစဉ်ဖြစ်ပြီး နည်းပြသစ် ရှောင်ဒိုက်ချ်အနေနဲ့ အိမ်ကွင်းမှာ မျက်နှာပန်းလှအောင် ဆက်လက်ကြိုးစားမှာ ဖြစ်သလို ယာယီနည်းပြနဲ့ ယှဉ်ပြိုင်နေရတဲ့ လိဒ်စ်တို့ကတော့ ဒဏ်ရာတွေနဲ့ ဆက်လက်ရုန်းကန်ရဖို့ ရှိနေပါတယ်။ ဝါးအစည်းပြေသလိုဖြစ်နေပြီး ယော့ခ်ရှိုင်းယားအခြေစိုက်အသင်းအနေနဲ့ တစ်ပတ် ပေါင်တစ်သောင်းနဲ့ နည်းပြသစ်အတွက် အလုပ်ခေါ်စာ ကြေညာထားခဲ့ပေမယ့် ခုထက်ထိ လိုလိုချင်ချင် လာရောက်မယ့်သူ မရှိဘဲဖြစ်နေသလို ပဲ့ကိုင်ရှင်ရဖို့ကတော့ ကြာဦးမှာပါ။ အဲဗာတန်တို့ရဲ့ ကျစ်လျစ်သိပ်သည်းတဲ့ စုဖွဲ့မှုကို လိဒ်စ်တို့ ယှဉ်ကစားနိုင်ဖို့ မလွယ်တာကြောင့် အိမ်ရှင်တွေပဲ နိုင်ပွဲရရှိသွားပါလိမ့်မယ်။ (အဲဗာတန် 2-1 လိဒ်စ်)

ချဲလ်ဆီး-ဆောက်သမ်တန်
ကစားသမားသစ်တွေအတွက် ပေါင်သန်းသုံးရာကျော် သုံးစွဲထားပြီး ဒီလိုပွဲမျိုးကိုမှ မနိုင်ဘူးဆိုရင်တော့ လူလုပ်မနေနဲ့တော့လို့ ပြောရမှာပါ။ ချဲလ်ဆီးတို့အနေနဲ့ နံပါတ် ၉ တိုက်စစ်မှူးကောင်း မရှိပေမယ့် ဈေးကြီးပေးထားရတဲ့ ကစားသမားတွေအနေနဲ့ တစ်နည်းနည်းနဲ့ ဂိုးပိုက်ထဲကို ဘောလုံး ရောက်အောင် လုပ်တတ်ရပါလိမ့်မယ်။ ဆောက်သမ်တန်တို့ကလည်း ဂျလုံးပလုံးကို နည်းပြခန့်ပြီး ဇယားအောက်ခြေမှာ အမြစ်တွယ်သွားတော့မှာ ပြန်ပြီး ကန်ထုတ်ခဲ့ရသလို လက်ရှိမှာလည်း ရလဒ်တွေ ဆိုးရွားနေတာပါ။ ပရီးမီးယားလိဂ်မှာ အလှောင်ပြောင်ခံအသင်းမဖြစ်ဖို့ ချဲလ်ဆီးတို့ ဂိုးပြတ်နိုင်ပွဲတစ်ပွဲ ရှာဖွေနိုင်သင့်ပါတယ်။ (ချဲလ်ဆီး 3-0 စိန့်)

နော့တင်ဟမ်ဖောရက်စ်-မန်ချက်စတာစီးတီး
ပထမအကျော့တုန်းက ဟားလန်း ဟက်ထရစ်ရခဲ့တဲ့ အနေအထားနဲ့ လက်ရှိအနေအထားမှာ မန်စီးတီးတို့ နည်းနည်းကျဆင်းလာတာကို မြင်ရမှာ ဖြစ်ပေမယ့် နည်းနည်းလောက် ပြန်တက်လာတဲ့ ဖောရက်စ်တို့ အိမ်ကွင်းမှာလည်း ယှဉ်ကစားဖို့က သိပ်တော့ လက်တွေ့မကျနိုင်ဘူးလို့ ထင်စရာပါ။ အာဆင်နယ်ကို အနိုင်ရခဲ့ပြီး ဇယားထိပ် ပြန်ရောက်လာချိန်မှာ သူတို့တွေအနေနဲ့ အဝေးကွင်းမှာ ခြေချော်တာမျိုး အဖြစ်ခံမှာ မဟုတ်ဘဲ ဖိဖိစီးစီး ကစားမှာ ဖြစ်ပြီး အရန်အနည်းငယ်လောက်ကိုပဲ အပြောင်းအလဲလုပ်လာနိုင်ပါတယ်။ ဖောရက်စ်တို့အတွက် ကောင်တာတစ်ပေါက်သာ ရွေးချယ်စရာရှိနေပေမယ့် အိမ်ကွင်းမှာ အရှုံးပေးရဖို့ပဲ ဖြစ်လာဦးမှာပါ။ (ဖောရက်စ် 0-3 မန်စီးတီး)

နယူးကာဆယ်လ်ယူနိုက်တက်-လီဗာပူးလ်
နယူးကာဆယ်လ်တို့အနေနဲ့ တစ်ဂိုးထက် ပိုမသွင်းတတ်တာကြောင့် ခံစစ်ကိုချည်း ပိတ်ကစားနေရချိန်မှာ လီဗာပူးလ်တို့ကရော အဝေးကွင်းမှာ အနိုင်ရဖို့ လုံလောက်တဲ့ မာကျောမှုမျိုးနဲ့ စိတ်ဓာတ်ပိုင်း ရှိနေပြီလားလို့ မေးစရာဖြစ်နေပါတယ်။ နယူးကာဆယ်လ်တို့ရဲ့ အဓိက ကစားသမားတွေ ခြေစွမ်း ကျဆင်းနေခဲ့ပေမယ့် ဘုန်းမောက်နဲ့ပွဲမှာ အယ်လ်မီရွန် ဂိုးပေါက်ပြန်တွေ့တာက အားတက်စရာဖြစ်နေပြီး လီဗာပူးလ်တို့ရဲ့ ဂျင်းကောင် သမုတ်ခံထားရတဲ့ ဂက်ခ်ပိုကလည်း အဲဗာတန်ကို ဂိုးသွင်းထားနိုင်ခဲ့တာပါ။ ငှက်ကျားတွေက မာကျောပေမယ့် အသင်းကြီးတွေကို အနိုင်ရဖို့တော့ မလုံလောက်သေးဘူးလို့ပဲ ရက်ရက်စက်စက် အကဲဖြတ်ရဦးမှာဖြစ်ပြီး ကြိုးကြာတွေနဲ့ ငှက်ချင်း ချစ်ကြည်ရေးပွဲ လုပ်သွားနိုင်ပါတယ်။ (နယူးကာဆယ်လ် 1-1 လီဗာပူးလ်)

မန်ချက်စတာယူနိုက်တက်-လက်စတာစီးတီး
ဂိုးများမယ့် ပွဲတစ်ပွဲလို့ ယေဘုယျ သုံးသပ်ထားရမှာဖြစ်ပါတယ်။ မန်ယူတို့ရဲ့ ရက်ရှ်ဖို့ဒ် ဦးဆောင်တဲ့ တိုက်စစ်က လျှမ်းလျှမ်းတောက်နေသလိုမျိုး လက်စတာတို့ရဲ့ ကောင်တာတစ်ပေါက်ကလည်း လန့်စရာလို့ ဆိုရမှာဖြစ်ပြီး ကာစီမီရို မပါနိုင်သေးချိန်မှာ ဒါကို တားဆီးဖို့က မလွယ်လှပါဘူး။ မန်ယူဆီမှာ အဲရစ်ဆန်နဲ့ အန်တိုနီလည်း ကစားနိုင်ဖို့ မရှိသေးတာကြောင့် အင်အားအနည်းငယ် လျော့ကျနေပြီး ဆန်ချိုကိုတောင် ထုတ်သုံးနေရတဲ့အထိ အနည်းငယ် စိုးရိမ်စရာဖြစ်နေခဲ့သလို ကွင်းလယ်သာ ဆာဘစ်ဇာ ပုံမကျရင် ပြဿနာများနိုင်ပါတယ်။ နှစ်သင်းစလုံး ဂိုးအပြန်အလှန်သွင်းကြမယ့် သရေပွဲလို့ပဲ သတ်မှတ်ထားကြရအောင်ပါ။ (မန်ယူ 2-2 လက်စတာ)

တော့တင်ဟမ်ဟော့စပါး-ဝက်စ်ဟမ်းယူနိုက်တက်
စပါးစ်တို့အနေနဲ့ မန်စီးတီးကို နိုင်လို့ ဟုတ်ပြီထင်ကာရှိသေး လက်စတာတို့က ဒဏ်ရာတွေ ပေးလွှတ်လိုက်လို့ သွေးတရွှဲရွှဲဖြစ်ခဲ့ရတာပါ။ သူတို့ရဲ့ တစ်နေ့ရွှေ တစ်နေ့ငွေ ခြေစွမ်းက ဝက်စ်ဟမ်းနဲ့ မနီးရိုးစွဲ တူညီနေပြီး လန်ဒန်ဒါဘီကတော့ အိုးနင်းခွက်နင်းနဲ့ ဘယ်သူမှားမလဲ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ ဘောလုံးကိုင်ပြီး ကောင်းကောင်း မကစားတတ်သေးတဲ့ စပါးစ်တို့ကို ပိတ်ကစားပြီး ကောင်တာဆင်မယ့် ဝက်စ်ဟမ်းတို့က ထိုးနှက်လာနိုင်ပြီး အိမ်ရှင်တွေရဲ့ ခံစစ်အမှားတွေကိုလည်း ဧည့်သည်ဘက်က ဘိုဝင်တို့အဖွဲ့ ကုသိုလ်ယူတတ်မှာကြောင့် ဟာရီကိန်း ဂိုးသွင်းလည်း သရေလောက်ပဲ ဖြစ်သွားနိုင်မှာပါ။ (စပါးစ် 1-1 ဝက်စ်ဟမ်း)

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အက္စ္တန္ဗီလာ-အာဆင္နယ္
သုံးပြဲဆက္ၿပီး ႏိုင္ပြဲေပ်ာက္ထားတဲ့ အာဆင္နယ္တို႔အတြက္ေတာ့ ဒီပြဲက ႏိုင္ကို ႏိုင္ရမယ့္ပြဲမ်ိဳး ျဖစ္ေနပါတယ္။ ဒီပြဲကိုသာ သုံးမွတ္ မရခဲ့ဘူးဆိုရင္ သူတို႔ရဲ႕ အေနအထားက ဆိုး႐ြားသြားမွာျဖစ္ၿပီး ဒီရာသီ ရည္မွန္းခ်က္ေတြကို အဖတ္ဆည္လို႔ မရဘဲျဖစ္သြားမွာပါ။ သူတို႔အေနနဲ႔ ဘယ္ေလာက္ပဲ ကစားပုံနဲ႔ စိတ္ဓာတ္ပိုင္းမွာ ဆိုး႐ြားေနေန မႏိုင္လို႔မျဖစ္တာေၾကာင့္ ဒီေန႔ပြဲကို အားကုန္သုံးၿပီး ကစားလာၾကမွာျဖစ္ပါတယ္။ ဗီလာတို႔ကေတာ့ ကစားပုံေကာင္းကို ျပသႏိုင္ခဲ့ေပမယ့္ အရႈံးေပးဖို႔က တအားလြယ္လြန္းေနသလိုပါပဲ။ လူထုတ္ပုံမွားခဲ့ရင္ အိမ္ရွင္ေတြ ပိုေၾကကြဲရႏိုင္ၿပီး အာဆင္နယ္တို႔ အႏိုင္ယူသြားမွာပါ။ (ဗီလာ 0-2 အာဆင္နယ္)

ဘရန႔္ဖို႔ဒ္-ခရစၥတယ္လ္ပဲေလ့စ္
ဘရန႔္ဖို႔ဒ္ကေတာ့ ပရီးမီးယားလိဂ္ရဲ႕ ေျခအမွန္ဆုံး အသင္းေတြထဲမွာ ပါဝင္ေနၿပီး ပါးနပ္တည္ၿငိမ္တဲ့ ကစားဟန္ကို ျပသထားႏိုင္ပါတယ္။ သူတို႔ေတြအေနနဲ႔ ကစားသမားေကာင္းေတြကို ဆက္လက္ထိန္းသိမ္းထားႏိုင္သလို တိုနီကလည္း ပုံမွန္ဂိုးသြင္းေနၿပီး ဒီႏွစ္မွာ ကြန္ဖရင့္လိဂ္တစ္ေနရာကို ပိုင္ဆိုင္သြားမလားေတာင္ ေစာင့္ၾကည့္ရမွာပါ။ ပဲေလ့စ္တို႔ကေတာ့ ႏွာေစးေခ်ာင္းဆိုးအေနအထားကေန ေပ်ာက္ကင္းဖို႔ မစြမ္းသာေသးဘဲျဖစ္ေနခဲ့ၿပီး ဇာဟာ ျပန္မလာႏိုင္ေသးတာက သူတို႔ကို အစြယ္မဲ့ အဆိပ္မဲ့ျဖစ္ေစတာေၾကာင့္ အိမ္ရွင္ေတြ ဂိုးျပတ္ႏိုင္ပြဲ ရပါလိမ့္မယ္။ (ဘရန႔္ဖို႔ဒ္ 2-0 ပဲေလ့စ္)

ဝုလ္ဗာဟမ့္ပ္တန္-ဘုန္းေမာက္
ဝုလ္ဗ္စ္တို႔ကေတာ့ တန္းဆင္းဇုန္မွာ ဒစ္လည္ေနတဲ့ အသင္းအျဖစ္ကေန စုစည္းမႈေကာင္းၿပီး ႏိုင္လိုစိတ္ျမင့္မားတဲ့ အသင္းသစ္တစ္သင္းပုံစံကို ေျပာင္းလဲႏိုင္ခဲ့ပါၿပီ။ ဘုန္းေမာက္တို႔ကေတာ့ ဝုလ္ဗ္စ္တို႔ ဇာတာျပန္တက္လာခ်ိန္မွာ ကံဆိုးမိုးေမွာင္က်ေနၿပီး နည္းျပသစ္ အိုနီးလ္အေနနဲ႔ အသင္းကို ႏိုင္ပြဲ ရဖို႔ လုပ္ေဆာင္မေပးတတ္ေတာ့သလိုျဖစ္ေနခဲ့ပါတယ္။ လိုပီတီဂီရဲ႕ ဝံပုေလြေတြအေနနဲ႔ အိမ္ကြင္းမွာဆိုရင္ ဘယ္အသင္းကိုမဆို အႏိုင္ယူႏိုင္စြမ္းရွိေနၿပီး ပရီးမီးယားလိဂ္မွာ ေနရာမွန္ ျပန္ေရာက္ဖို႔အတြက္ ခ်ယ္ရီသီးေတြကို ေဖ်ာ္ရည္ႀကိတ္ေသာက္ဖို႔ အဆင္သင့္ျဖစ္ေနမွာပါ။ (ဝုလ္ဗ္စ္ 2-0 ဘုန္းေမာက္)

ဘ႐ိုက္တန္-ဖူလ္ဟမ္
ႏွစ္သင္းစလုံးအေနနဲ႔ ရလဒ္ေကာင္းေတြကို ပိုင္ဆိုင္ထားၿပီး ပုံစံေကာင္းေတြကိုလည္း ရရွိေနၾကတဲ့ ၿပိဳင္ဘက္ေကာင္းေတြပဲလို႔ ဆိုရႏိုင္ပါတယ္။ ရလဒ္ေတြနဲ႔ ရပ္တည္မႈေတြက မတိမ္းမယိမ္းျဖစ္ေနေပမယ့္ မာကို ေဆးလ္ဗားရဲ႕ ေလွႀကီးထိုး ႐ိုး႐ိုးပုံစံထက္ ေရာဘတ္တို ဒီဇာဘီရဲ႕ နည္းစနစ္ပိုင္းကေတာ့ သာလြန္ေနပါတယ္။ ပြဲပိုကစားထားတဲ့ ဖူလ္ဟမ္တို႔အေနနဲ႔ အေဝးကြင္းမွာ ဒီေလာက္ႀကီးေတာ့ ေကာင္းမွာ မဟုတ္ဘဲ ပိတ္ကစားၿပီး ေကာင္တာကစားဖို႔ပဲ ရည္႐ြယ္လာမွာျဖစ္သလို ဘ႐ိုက္တန္တို႔ကေတာ့ ဒါကို ရင္ဆိုင္ဖို႔ အသင့္ျဖစ္ေနမွာပါ။ ႏိုင္ပြဲက ဘ႐ိုက္တန္ရဲ႕ အလွည့္ျဖစ္ၿပီး ဖူလ္ဟမ္တို႔အေနနဲ႔ သူတို႔ကြင္းမွာ အေႂကြးယူထားတာကို ျပန္ေပးရေတာ့မွာျဖစ္ပါတယ္။ (ဘ႐ိုက္တန္ 2-1 ဖူလ္ဟမ္)

အဲဗာတန္-လိဒ္စ္ယူႏိုက္တက္
ဒီပြဲက ႏွစ္သင္းစလုံးအတြက္ အေရးပါတဲ့ ပြဲစဥ္ျဖစ္ၿပီး နည္းျပသစ္ ေရွာင္ဒိုက္ခ်္အေနနဲ႔ အိမ္ကြင္းမွာ မ်က္ႏွာပန္းလွေအာင္ ဆက္လက္ႀကိဳးစားမွာ ျဖစ္သလို ယာယီနည္းျပနဲ႔ ယွဥ္ၿပိဳင္ေနရတဲ့ လိဒ္စ္တို႔ကေတာ့ ဒဏ္ရာေတြနဲ႔ ဆက္လက္႐ုန္းကန္ရဖို႔ ရွိေနပါတယ္။ ဝါးအစည္းေျပသလိုျဖစ္ေနၿပီး ေယာ့ခ္ရႈိင္းယားအေျခစိုက္အသင္းအေနနဲ႔ တစ္ပတ္ ေပါင္တစ္ေသာင္းနဲ႔ နည္းျပသစ္အတြက္ အလုပ္ေခၚစာ ေၾကညာထားခဲ့ေပမယ့္ ခုထက္ထိ လိုလိုခ်င္ခ်င္ လာေရာက္မယ့္သူ မရွိဘဲျဖစ္ေနသလို ပဲ့ကိုင္ရွင္ရဖို႔ကေတာ့ ၾကာဦးမွာပါ။ အဲဗာတန္တို႔ရဲ႕ က်စ္လ်စ္သိပ္သည္းတဲ့ စုဖြဲ႕မႈကို လိဒ္စ္တို႔ ယွဥ္ကစားႏိုင္ဖို႔ မလြယ္တာေၾကာင့္ အိမ္ရွင္ေတြပဲ ႏိုင္ပြဲရရွိသြားပါလိမ့္မယ္။ (အဲဗာတန္ 2-1 လိဒ္စ္)

ခ်ဲလ္ဆီး-ေဆာက္သမ္တန္
ကစားသမားသစ္ေတြအတြက္ ေပါင္သန္းသုံးရာေက်ာ္ သုံးစြဲထားၿပီး ဒီလိုပြဲမ်ိဳးကိုမွ မႏိုင္ဘူးဆိုရင္ေတာ့ လူလုပ္မေနနဲ႔ေတာ့လို႔ ေျပာရမွာပါ။ ခ်ဲလ္ဆီးတို႔အေနနဲ႔ နံပါတ္ ၉ တိုက္စစ္မႉးေကာင္း မရွိေပမယ့္ ေဈးႀကီးေပးထားရတဲ့ ကစားသမားေတြအေနနဲ႔ တစ္နည္းနည္းနဲ႔ ဂိုးပိုက္ထဲကို ေဘာလုံး ေရာက္ေအာင္ လုပ္တတ္ရပါလိမ့္မယ္။ ေဆာက္သမ္တန္တို႔ကလည္း ဂ်လုံးပလုံးကို နည္းျပခန႔္ၿပီး ဇယားေအာက္ေျခမွာ အျမစ္တြယ္သြားေတာ့မွာ ျပန္ၿပီး ကန္ထုတ္ခဲ့ရသလို လက္ရွိမွာလည္း ရလဒ္ေတြ ဆိုး႐ြားေနတာပါ။ ပရီးမီးယားလိဂ္မွာ အေလွာင္ေျပာင္ခံအသင္းမျဖစ္ဖို႔ ခ်ဲလ္ဆီးတို႔ ဂိုးျပတ္ႏိုင္ပြဲတစ္ပြဲ ရွာေဖြႏိုင္သင့္ပါတယ္။ (ခ်ဲလ္ဆီး 3-0 စိန႔္)

ေနာ့တင္ဟမ္ေဖာရက္စ္-မန္ခ်က္စတာစီးတီး
ပထမအေက်ာ့တုန္းက ဟားလန္း ဟက္ထရစ္ရခဲ့တဲ့ အေနအထားနဲ႔ လက္ရွိအေနအထားမွာ မန္စီးတီးတို႔ နည္းနည္းက်ဆင္းလာတာကို ျမင္ရမွာ ျဖစ္ေပမယ့္ နည္းနည္းေလာက္ ျပန္တက္လာတဲ့ ေဖာရက္စ္တို႔ အိမ္ကြင္းမွာလည္း ယွဥ္ကစားဖို႔က သိပ္ေတာ့ လက္ေတြ႕မက်ႏိုင္ဘူးလို႔ ထင္စရာပါ။ အာဆင္နယ္ကို အႏိုင္ရခဲ့ၿပီး ဇယားထိပ္ ျပန္ေရာက္လာခ်ိန္မွာ သူတို႔ေတြအေနနဲ႔ အေဝးကြင္းမွာ ေျခေခ်ာ္တာမ်ိဳး အျဖစ္ခံမွာ မဟုတ္ဘဲ ဖိဖိစီးစီး ကစားမွာ ျဖစ္ၿပီး အရန္အနည္းငယ္ေလာက္ကိုပဲ အေျပာင္းအလဲလုပ္လာႏိုင္ပါတယ္။ ေဖာရက္စ္တို႔အတြက္ ေကာင္တာတစ္ေပါက္သာ ေ႐ြးခ်ယ္စရာရွိေနေပမယ့္ အိမ္ကြင္းမွာ အရႈံးေပးရဖို႔ပဲ ျဖစ္လာဦးမွာပါ။ (ေဖာရက္စ္ 0-3 မန္စီးတီး)

နယူးကာဆယ္လ္ယူႏိုက္တက္-လီဗာပူးလ္
နယူးကာဆယ္လ္တို႔အေနနဲ႔ တစ္ဂိုးထက္ ပိုမသြင္းတတ္တာေၾကာင့္ ခံစစ္ကိုခ်ည္း ပိတ္ကစားေနရခ်ိန္မွာ လီဗာပူးလ္တို႔ကေရာ အေဝးကြင္းမွာ အႏိုင္ရဖို႔ လုံေလာက္တဲ့ မာေက်ာမႈမ်ိဳးနဲ႔ စိတ္ဓာတ္ပိုင္း ရွိေနၿပီလားလို႔ ေမးစရာျဖစ္ေနပါတယ္။ နယူးကာဆယ္လ္တို႔ရဲ႕ အဓိက ကစားသမားေတြ ေျခစြမ္း က်ဆင္းေနခဲ့ေပမယ့္ ဘုန္းေမာက္နဲ႔ပြဲမွာ အယ္လ္မီ႐ြန္ ဂိုးေပါက္ျပန္ေတြ႕တာက အားတက္စရာျဖစ္ေနၿပီး လီဗာပူးလ္တို႔ရဲ႕ ဂ်င္းေကာင္ သမုတ္ခံထားရတဲ့ ဂက္ခ္ပိုကလည္း အဲဗာတန္ကို ဂိုးသြင္းထားႏိုင္ခဲ့တာပါ။ ငွက္က်ားေတြက မာေက်ာေပမယ့္ အသင္းႀကီးေတြကို အႏိုင္ရဖို႔ေတာ့ မလုံေလာက္ေသးဘူးလို႔ပဲ ရက္ရက္စက္စက္ အကဲျဖတ္ရဦးမွာျဖစ္ၿပီး ႀကိဳးၾကာေတြနဲ႔ ငွက္ခ်င္း ခ်စ္ၾကည္ေရးပြဲ လုပ္သြားႏိုင္ပါတယ္။ (နယူးကာဆယ္လ္ 1-1 လီဗာပူးလ္)

မန္ခ်က္စတာယူႏိုက္တက္-လက္စတာစီးတီး
ဂိုးမ်ားမယ့္ ပြဲတစ္ပြဲလို႔ ေယဘုယ် သုံးသပ္ထားရမွာျဖစ္ပါတယ္။ မန္ယူတို႔ရဲ႕ ရက္ရွ္ဖို႔ဒ္ ဦးေဆာင္တဲ့ တိုက္စစ္က လွ်မ္းလွ်မ္းေတာက္ေနသလိုမ်ိဳး လက္စတာတို႔ရဲ႕ ေကာင္တာတစ္ေပါက္ကလည္း လန႔္စရာလို႔ ဆိုရမွာျဖစ္ၿပီး ကာစီမီ႐ို မပါႏိုင္ေသးခ်ိန္မွာ ဒါကို တားဆီးဖို႔က မလြယ္လွပါဘူး။ မန္ယူဆီမွာ အဲရစ္ဆန္နဲ႔ အန္တိုနီလည္း ကစားႏိုင္ဖို႔ မရွိေသးတာေၾကာင့္ အင္အားအနည္းငယ္ ေလ်ာ့က်ေနၿပီး ဆန္ခ်ိဳကိုေတာင္ ထုတ္သုံးေနရတဲ့အထိ အနည္းငယ္ စိုးရိမ္စရာျဖစ္ေနခဲ့သလို ကြင္းလယ္သာ ဆာဘစ္ဇာ ပုံမက်ရင္ ျပႆနာမ်ားႏိုင္ပါတယ္။ ႏွစ္သင္းစလုံး ဂိုးအျပန္အလွန္သြင္းၾကမယ့္ သေရပြဲလို႔ပဲ သတ္မွတ္ထားၾကရေအာင္ပါ။ (မန္ယူ 2-2 လက္စတာ)

ေတာ့တင္ဟမ္ေဟာ့စပါး-ဝက္စ္ဟမ္းယူႏိုက္တက္
စပါးစ္တို႔အေနနဲ႔ မန္စီးတီးကို ႏိုင္လို႔ ဟုတ္ၿပီထင္ကာရွိေသး လက္စတာတို႔က ဒဏ္ရာေတြ ေပးလႊတ္လိုက္လို႔ ေသြးတ႐ႊဲ႐ႊဲျဖစ္ခဲ့ရတာပါ။ သူတို႔ရဲ႕ တစ္ေန႔ေ႐ႊ တစ္ေန႔ေငြ ေျခစြမ္းက ဝက္စ္ဟမ္းနဲ႔ မနီး႐ိုးစြဲ တူညီေနၿပီး လန္ဒန္ဒါဘီကေတာ့ အိုးနင္းခြက္နင္းနဲ႔ ဘယ္သူမွားမလဲ ေစာင့္ၾကည့္ရမွာ ျဖစ္ပါတယ္။ ေဘာလုံးကိုင္ၿပီး ေကာင္းေကာင္း မကစားတတ္ေသးတဲ့ စပါးစ္တို႔ကို ပိတ္ကစားၿပီး ေကာင္တာဆင္မယ့္ ဝက္စ္ဟမ္းတို႔က ထိုးႏွက္လာႏိုင္ၿပီး အိမ္ရွင္ေတြရဲ႕ ခံစစ္အမွားေတြကိုလည္း ဧည့္သည္ဘက္က ဘိုဝင္တို႔အဖြဲ႕ ကုသိုလ္ယူတတ္မွာေၾကာင့္ ဟာရီကိန္း ဂိုးသြင္းလည္း သေရေလာက္ပဲ ျဖစ္သြားႏိုင္မွာပါ။ (စပါးစ္ 1-1 ဝက္စ္ဟမ္း)

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.