Premier League

နူးညက်ဇ်ရဲ့ရုန်းကန်နေရမှုကို လေးစားဖွယ်မှတ်ချက်ပေးခဲ့တဲ့ နယူးကာဆယ်လ်ကြယ်ပွင့်

နယူးကာဆယ်လ်ကြယ်ပွင့်တိုက်စစ်မှူး ကယ်လမ် ဝီလ်ဆင်က လီဗာပူးလ်တိုက်စစ်မှူး ဒါဝင် နူးညက်ဇ်ကို စိတ်ရှည်သည်းခံဖို့ တောင်းဆိုခဲ့ပြီး ပရီးမီးယားလိဂ်နဲ့ အသားကျအောင် အချိန်ယူရတာ သာမန်ပဲလို့ ပြောကြားခဲ့ပါတယ်။

နူးညက်ဇ်ဟာ ပြီးခဲ့တဲ့နွေရာသီမှာ ယူရိုသန်း ၈၀ နဲ့ လီဗာပူးလ်အသင်းကို ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး ဘင်ဖီကာ တိုက်စစ်မှူးဟောင်းဟာ ပရီးမီးယားလိဂ်မှာ ၁၅ ပွဲပါဝင်ကစားထားရာမှာ သွင်းဂိုး ၅ ဂိုးသာ သွင်းယူနိုင်ခဲ့ပြီး ပုံမှန်ခြေစွမ်း ရရှိဖို့ ရုန်းကန်နေခဲ့ရတာဖြစ်ပါတယ်။

အဲဒီအချက်ကို ပိုလို့ ဆိုးသွားစေတဲ့အရာက နူးညက်ဇ်ဟာ ကြီးမားတဲ့ အခွင့်အရေး ၁၆ ကြိမ်အထိ လွဲချော်ထားခဲ့တာဖြစ်ပြီး ပရီးမီးယားလိဂ်က ကစားသမားတိုင်းထက် ပိုမိုများပြားတဲ့ ပမာဏကို လွဲချော်ခဲ့တာ ဖြစ်ပါတယ်။

ဥရုဂွေးတိုက်စစ်မှူးဟာ လူမှုကွန်ရက်ပေါ်မှာ ၎င်းရဲ့ အဆုံးသတ်ပိုင်းနဲ့ပတ်သက်ပြီး မကြာခဏ ဝေဖန်မှုတွေ ခံခဲ့ရသူဖြစ်ပြီး နယူးကာဆယ်လ် တိုက်စစ်မှူးက နူးညက်ဇ်ကို အသားကျအောင် လုပ်ဖို့ ကိုယ့်ကိုကိုယ် အချိန်ပေးပြီး လှောင်ပြောင်နေတာတွေကို မျက်ကွယ်ပြုထားဖို့ တိုက်တွန်းခဲ့တာဖြစ်ပါတယ်။

“သူက ငယ်ရွယ်တယ်။ အသက် ၂၃ နှစ်ပဲ ရှိသေးတယ်။ သူက ခက်ခဲတဲ့လိဂ်ဖြစ်တဲ့ ပရီးမီးယားလိဂ်ကို ရောက်လာခဲ့တာပါ။ ကောင်လေးတွေအတွက် လိဂ်မဟုတ်ပါဘူး။ ယောင်္ကျားတွေအတွက် လိဂ်ပါ။ နေ့တစ်နေ့ရဲ့အဆုံးမှာ သူက နည်းနည်းကွဲပြားခြားနားတဲ့ လိဂ်ကနေ လာခဲ့တာပါ”

“သူ့အတွက် အသားကျဖို့ အချိန်ယူရမှာပါ။ ဒါပေမယ့်လည်း လူမှုကွန်ရက်ပေါ်မှာတော့ အေးအေးဆေးဆေးမရှိတာ သိသာပါတယ်။ အဲဒီတော့ ဘယ်လို သေးငယ်တဲ့ကိစ္စမျိုးမဆို ကြီးမားတဲ့အရာဖြစ်လာပါတယ်။ သူ အဲဒါတွေကို မြင်မှာပါ။ သူ သရော်ထားတာတွေနဲ့ လူတွေက အဲဒါကို ကြည့်ပြီး ရယ်မောနေတာကို သူ မြင်မှာပါ။ ပြီးတော့ အဲဒါက ခင်ဗျားကို ပိုပိုပြီး သိမ်ငယ်လာစေပါတယ်။ အထူးသဖြင့် ဒီအသက်အရွယ်မှာပေါ့။ သူ့ပုံစံက စိတ်အားထက်သန်တဲ့သူတစ်ယောက်ပုံစံပေါ်ပါတယ်။ ပွင့်ပွင့်လင်းလင်းသမားတစ်ယောက်ပုံစံလိုမျိုးပါ။ အဲဒီတော့ သူ ရင်ကော့ပြီး ဆက်သွားရမှာပါ”

“ခင်ဗျား အခွင့်အရေးတွေ လွဲချော်တော့ရော ဘာဖြစ်လဲ။ ခင်ဗျားက အဲဒီလို အခွင့်အရေးတွေ ပြုလုပ်နိုင်တဲ့အနေအထားမှာရှိနေသရွေ့တော့ ခင်ဗျား ဆက်ပြီးတော့ လွဲချော်မှာမဟုတ်ပါဘူး။ တိကျတဲ့အဆုံးသတ်က သူ ပိုပြီး ပုံမှန်ကစားရပြီး ကစားတာ အချိန်တစ်ခုကြာလာရင် ရလာမှာဖြစ်ပြီး သူ ဒီလိဂ်မှာ ကစားတာ ခဏပဲရှိပါသေးတယ်”လို့ ပြောကြားခဲ့ပါတယ်။

PHOTOS CREDIT TO OWNERS

SPORTS A2Z.

ZAWGYI:

နယူးကာဆယ္လ္ၾကယ္ပြင့္တိုက္စစ္မႉး ကယ္လမ္ ဝီလ္ဆင္က လီဗာပူးလ္တိုက္စစ္မႉး ဒါဝင္ ႏူးညက္ဇ္ကို စိတ္ရွည္သည္းခံဖို႔ ေတာင္းဆိုခဲ့ၿပီး ပရီးမီးယားလိဂ္နဲ႔ အသားက်ေအာင္ အခ်ိန္ယူရတာ သာမန္ပဲလို႔ ေျပာၾကားခဲ့ပါတယ္။

ႏူးညက္ဇ္ဟာ ၿပီးခဲ့တဲ့ေႏြရာသီမွာ ယူ႐ိုသန္း ၈၀ နဲ႔ လီဗာပူးလ္အသင္းကို ေျပာင္းေ႐ႊ႕ခဲ့သူျဖစ္ၿပီး ဘင္ဖီကာ တိုက္စစ္မႉးေဟာင္းဟာ ပရီးမီးယားလိဂ္မွာ ၁၅ ပြဲပါဝင္ကစားထားရာမွာ သြင္းဂိုး ၅ ဂိုးသာ သြင္းယူႏိုင္ခဲ့ၿပီး ပုံမွန္ေျခစြမ္း ရရွိဖို႔ ႐ုန္းကန္ေနခဲ့ရတာျဖစ္ပါတယ္။

အဲဒီအခ်က္ကို ပိုလို႔ ဆိုးသြားေစတဲ့အရာက ႏူးညက္ဇ္ဟာ ႀကီးမားတဲ့ အခြင့္အေရး ၁၆ ႀကိမ္အထိ လြဲေခ်ာ္ထားခဲ့တာျဖစ္ၿပီး ပရီးမီးယားလိဂ္က ကစားသမားတိုင္းထက္ ပိုမိုမ်ားျပားတဲ့ ပမာဏကို လြဲေခ်ာ္ခဲ့တာ ျဖစ္ပါတယ္။

ဥ႐ုေဂြးတိုက္စစ္မႉးဟာ လူမႈကြန္ရက္ေပၚမွာ ၎ရဲ႕ အဆုံးသတ္ပိုင္းနဲ႔ပတ္သက္ၿပီး မၾကာခဏ ေဝဖန္မႈေတြ ခံခဲ့ရသူျဖစ္ၿပီး နယူးကာဆယ္လ္ တိုက္စစ္မႉးက ႏူးညက္ဇ္ကို အသားက်ေအာင္ လုပ္ဖို႔ ကိုယ့္ကိုကိုယ္ အခ်ိန္ေပးၿပီး ေလွာင္ေျပာင္ေနတာေတြကို မ်က္ကြယ္ျပဳထားဖို႔ တိုက္တြန္းခဲ့တာျဖစ္ပါတယ္။

“သူက ငယ္႐ြယ္တယ္။ အသက္ ၂၃ ႏွစ္ပဲ ရွိေသးတယ္။ သူက ခက္ခဲတဲ့လိဂ္ျဖစ္တဲ့ ပရီးမီးယားလိဂ္ကို ေရာက္လာခဲ့တာပါ။ ေကာင္ေလးေတြအတြက္ လိဂ္မဟုတ္ပါဘူး။ ေယာက်ၤားေတြအတြက္ လိဂ္ပါ။ ေန႔တစ္ေန႔ရဲ႕အဆုံးမွာ သူက နည္းနည္းကြဲျပားျခားနားတဲ့ လိဂ္ကေန လာခဲ့တာပါ”

“သူ႔အတြက္ အသားက်ဖို႔ အခ်ိန္ယူရမွာပါ။ ဒါေပမယ့္လည္း လူမႈကြန္ရက္ေပၚမွာေတာ့ ေအးေအးေဆးေဆးမရွိတာ သိသာပါတယ္။ အဲဒီေတာ့ ဘယ္လို ေသးငယ္တဲ့ကိစၥမ်ိဳးမဆို ႀကီးမားတဲ့အရာျဖစ္လာပါတယ္။ သူ အဲဒါေတြကို ျမင္မွာပါ။ သူ သေရာ္ထားတာေတြနဲ႔ လူေတြက အဲဒါကို ၾကည့္ၿပီး ရယ္ေမာေနတာကို သူ ျမင္မွာပါ။ ၿပီးေတာ့ အဲဒါက ခင္ဗ်ားကို ပိုပိုၿပီး သိမ္ငယ္လာေစပါတယ္။ အထူးသျဖင့္ ဒီအသက္အ႐ြယ္မွာေပါ့။ သူ႔ပုံစံက စိတ္အားထက္သန္တဲ့သူတစ္ေယာက္ပုံစံေပၚပါတယ္။ ပြင့္ပြင့္လင္းလင္းသမားတစ္ေယာက္ပုံစံလိုမ်ိဳးပါ။ အဲဒီေတာ့ သူ ရင္ေကာ့ၿပီး ဆက္သြားရမွာပါ”

“ခင္ဗ်ား အခြင့္အေရးေတြ လြဲေခ်ာ္ေတာ့ေရာ ဘာျဖစ္လဲ။ ခင္ဗ်ားက အဲဒီလို အခြင့္အေရးေတြ ျပဳလုပ္ႏိုင္တဲ့အေနအထားမွာရွိေနသေ႐ြ႕ေတာ့ ခင္ဗ်ား ဆက္ၿပီးေတာ့ လြဲေခ်ာ္မွာမဟုတ္ပါဘူး။ တိက်တဲ့အဆုံးသတ္က သူ ပိုၿပီး ပုံမွန္ကစားရၿပီး ကစားတာ အခ်ိန္တစ္ခုၾကာလာရင္ ရလာမွာျဖစ္ၿပီး သူ ဒီလိဂ္မွာ ကစားတာ ခဏပဲရွိပါေသးတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

PHOTOS CREDIT TO OWNERS

SPORTS A2Z.