International La Liga Match Report UCL&UEL

ကမ္ဘာ့ကလပ်ဖလားမှာ အီဂျစ်တွေကို ကျော်ဖြတ်ပြီး ဗိုလ်လုပွဲတက်သွားတဲ့ ရီးရဲလ်

ရီးရဲလ်မက်ဒရစ်အသင်းနေနဲ့ ဒီနေ့မှာ ဂိုးသမား လူနင်၊ ခံစစ်မှာ ရူဒီဂါ၊ အလာဘာ၊ နာချိုနဲ့ ကာမာဗင်ဂါတို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ မိုဒရစ်ချ်၊ ချွာမင်နီနဲ့ တိုနီ ခရူးစ်တို့ကို ခင်းကျင်းလာခဲ့သလို တိုက်စစ်မှာတော့ ဗီနီးရှပ်စ် ဂျူနီယာ၊ ဗယ်လ်ဗာဒီနဲ့ ရိုဒရီဂိုတို့ကို ပွဲထုတ်လာခဲ့တာဖြစ်ပါတယ်။

အီဂျစ်ကလပ် အယ်လာလီအသင်းကတော့ ဂိုးသမား အယ်လ်ရှင်နာဝီ၊ ခံစစ်မှာ မက်ဝါလီ၊ အက်ဘ်ဒဲလ်မိုနင်မ်၊ မာလူးလ်နဲ့ မိုဟာမက် ဟာနီတို့ကို ကစားစေခဲ့ပြီး ကွင်းလယ်မှာတော့ အယ်လ်ဆိုလီယာ၊ ဒီယန်း၊ အယ်လ်ရှာဟက်၊ ရက်ဒ်ဝမ်နဲ့ မဂ္ဂဒီ ကက်ဖ်ရှာတို့ကို အထိုင်ချခဲ့ပြီး တိုက်စစ်မှာတော့ မိုဟာမက် ရှရစ်ဖ်ကို တင်ကစားလာခဲ့တာပါ။

ပွဲစတာနဲ့ ရီးရဲလ်တို့ ဘောလုံးပိုင်ဆိုင်မှုအသာနဲ့ ကစားခဲ့သလို တိုက်စစ်ပိုင်းမှာတော့ အထောင်တိုက်စစ်မှူးစစ်စစ် မပါတာကြောင့် အားလုံးက ပြေးလွှားဖို့နဲ့ အလျဉ်းသင့်သလို ပြောင်းလဲနေရာယူဖို့ လုပ်ဆောင်ခဲ့ကြပြီး ရိုဒရီဂိုနဲ့ ဗီနီးရှပ်စ်တို့ရဲ့ အမြန်နှုန်းကို အယ်လာလီတို့ ထိန်းချုပ်ဖို့ ခက်နေခဲ့သလို တန်ပြန်တိုက်စစ်ကိုပဲ အားပြုခဲ့ရပါတယ်။

ဗီနီးရှပ်စ်အနေနဲ့ အခွင့်အရေးတွေကို အသုံးမချနိုင်ခဲ့သလို ချွာမင်နီရဲ့ အဝေးကန်ချက်က ဂိုးသမား ရင်ဘတ်နဲ့ ထိထွက်ခဲ့ပြီး ရိုဒရီဂိုရဲ့ အနီးကပ် တစ်ကိုယ်တော် ကန်ချက်ကတော့ တိုင်ထိထွက်ခဲ့လို့ ရီးရဲလ်တို့ စောစောစီးစီး ဂိုးရခွင့်တွေနဲ့ လွဲခဲ့ရပြီး အယ်လာလီတို့ရဲ့ ထောင့်ကန်ဘောတွေကိုတော့ ဂိုးသမား လူနင် သတိကြီးကြီးနဲ့ ကာကွယ်ခဲ့ရတာပါ။

ပွဲချိန် ၄၂ မိနစ်မှာတော့ ရီးရဲလ်တို့ အဖွင့်ဂိုး စတင်သွင်းယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ အယ်လာလီခံစစ်က နောက်ပြန်ခေါင်းတိုက်ပေးတာကို နောက်ခံလူ မက်ဝါလီ ဘောလုံးမထိန်းနိုင်ဘဲ ချော်ထွက်သွားခဲ့တဲ့ အမှားကနေ ဖြတ်ယူသွားနိုင်ခဲ့တဲ့ ဗီနီးရှပ်စ်က ဧရိယာထဲ ဆွဲဝင်ပြီး ပိတ်ဆို့ဖို့ ကြိုးစားတဲ့ ဂိုးသမားပေါ်က အသာလေး ကျော်ထည့်သွားနိုင်ခဲ့တာကြောင့် ပထမပိုင်းမှာ တစ်ဂိုး-ဂိုးမရှိနဲ့ ဥရောပသားတွေ ဦးဆောင်နိုင်ခဲ့ပါတယ်။

ဒုတိယပိုင်း ပြန်စစချင်း ပွဲချိန် ၄၆ မိနစ်မှာ ရီးရဲလ်တို့ပဲ မြန်မြန်ဆန်ဆန်နဲ့ ဒုတိယ ဦးဆောင်ဂိုး သွင်းယူနိုင်ခဲ့ကြသလို ဒီဂိုးကိုတော့ တန်ပြန်တိုက်စစ်ကနေ မိုဒရစ်ချ် ထိုးပေးတာကို ရိုဒရီဂိုက အယ်လာလီနောက်ခံလူနှစ်ယောက်ကြားကနေ နောက်ပြန်လှည့်ထွက်ပြီး ကန်ရာမှာ ဂိုးသမား ပုတ်ထုတ်သွားနိုင်ခဲ့ပေမယ့် နောက်က လိုက်လာတဲ့ ဗယ်လ်ဗာဒီက တစ်ချက်ဖိန့်ပြီးမှ အေးအေးဆေးဆေး အဆုံးသတ်ရယူသွားခဲ့တာပါ။

ပွဲချိန် ၆၅ မိနစ်မှာတော့ ရီးရဲလ်မက်ဒရစ်တို့ ချေပဂိုးတစ်ဂိုးပြန်ပေးခဲ့ရပြီး ဒီဂိုးကိုတော့ ဧရိယာထဲမှာ တစ်ဖက်တောင်ပံသမား အယ်လ်ရှာဟက်ကို အရှိန်လွန်ပြီး ခြေချိတ်ခဲ့တဲ့ ကာမာဗင်ဂါကြောင့် ပေးခဲ့ရတဲ့ ပင်နယ်တီကို ဘယ်နောက်ခံလူ မာလူးလ်က ဂိုးသမား လူနင်ကို ဘောလုံးတခြား လူတခြားဖြစ်အောင် လှည့်စားကန်သွင်းနိုင်ခဲ့လို့ အယ်လာလီတို့ ပြန်လာနိုင်ဖို့ အားတက်လာခဲ့ကြပါတယ်။

အယ်လာလီတို့ရဲ့ အဆုံးသတ်တွေ လွဲချော်နေခဲ့သလို ဂိုးသမား လူနင်ကလည်း လက်စွမ်းပြခဲ့တာကြောင့် ရီးရဲလ်တို့ ချေပဂိုးထပ်မပေးရဘဲ တောင့်ခံနိုင်ခဲ့ပြီး ကွင်းလယ်က တိုနီ ခရူးစ်အစား စီဘာယော့စ်ကို လဲကစားလာခဲ့သလို ပွဲချိန် ၈၇ မိနစ်မှာတော့ ဗီနီးရှပ်စ် ခြေချိတ်ခံရလို့ရတဲ့ ပင်နယ်တီကို မိုဒရစ်ချ်က ဂိုးသမားတည့်တည့် ကန်ခဲ့တာကြောင့် တစ်ဂိုးနစ်နာသွားခဲ့ရတာပါ။

နာကျင်အချိန်ပို ၂ မိနစ်မှာတော့ အနိုင်သေချာစေမယ့် တတိယဂိုးကို ရီးရဲလ်တို့ ရယူနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ဘယ်ခြမ်းတွဲလုံးကနေ ဒါနီ စီဘာယော့စ်နဲ့ ရိုဒရီဂိုတို့ နှစ်ကြိမ်ဆက်တိုက် အပြန်အလှန် ဝမ်းတူးရိုက်ထွက်ပြီးမှာ အယ်လာလီဧရိယာထဲမှာ လွတ်လွတ်ကျွတ်ကျွတ်ရသွားခဲ့တဲ့ ရိုဒရီဂိုက ဂိုးသမားနဲ့ တစ်ဦးချင်းအတွေ့မှာ အသာအယာ ကန်သွင်းပြီး သုံးဂိုး-တစ်ဂိုးဖြစ်နေခဲ့ပါတယ်။

ဒီနောက်မှာတော့ ရီးရဲလ်တို့ဘက်က ဗီနီးရှပ်စ်၊ မိုဒရစ်ချ်နဲ့ ရိုဒရီဂိုတို့အစား အာရီဘာ့စ်၊ အိုဒရေဇိုလာနဲ့ မာရီယာနို ဒီယက်ဇ်တို့ ဝင်လာခဲ့ပြီး နာကျင်အချိန်ပို နောက်ဆုံးမိနစ်မှာတော့ အလာဘာ တင်ပေးတဲ့ ဖရီးကစ်ကနေ ပြန်ကျလာတဲ့ ဘောလုံးကို အာရီဘာ့စ်က ဧရိယာထဲကနေ ဘယ်ခြေနဲ့ အနိမ့်ဘော ကန်သွင်းသွားနိုင်ခဲ့လို့ အနိုင်ရလဒ်က ပြတ်သားသွားခဲ့တာပါ။

ပွဲချိန်အပြည့်မှာတော့ ဥရောပချန်ပီယံ ရီးရဲလ်မက်ဒရစ်တို့က အာဖရိကချန်ပီယံ အယ်လာလီတို့ကို လေးဂိုး-တစ်ဂိုးနဲ့ နိုင်ပွဲရပြီး ဗိုလ်လုပွဲကို တက်ရောက်သွားခဲ့ချိန်မှာတော့ တစ်ဖက်က တောင်အမေရိကချန်ပီယံ ဆော်ပေါ်လိုကို အနိုင်ယူလာခဲ့တဲ့ အာရှချန်ပီယံ အယ်လ်ဟီလယ်တို့နဲ့ ကစားရဖို့ ဖြစ်လာခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ရီးရဲလ္မက္ဒရစ္အသင္းေနနဲ႔ ဒီေန႔မွာ ဂိုးသမား လူနင္၊ ခံစစ္မွာ ႐ူဒီဂါ၊ အလာဘာ၊ နာခ်ိဳနဲ႔ ကာမာဗင္ဂါတို႔ကို အသုံးျပဳခဲ့ၿပီး ကြင္းလယ္မွာေတာ့ မိုဒရစ္ခ်္၊ ခြၽာမင္နီနဲ႔ တိုနီ ခ႐ူးစ္တို႔ကို ခင္းက်င္းလာခဲ့သလို တိုက္စစ္မွာေတာ့ ဗီနီးရွပ္စ္ ဂ်ဴနီယာ၊ ဗယ္လ္ဗာဒီနဲ႔ ႐ိုဒရီဂိုတို႔ကို ပြဲထုတ္လာခဲ့တာျဖစ္ပါတယ္။

အီဂ်စ္ကလပ္ အယ္လာလီအသင္းကေတာ့ ဂိုးသမား အယ္လ္ရွင္နာဝီ၊ ခံစစ္မွာ မက္ဝါလီ၊ အက္ဘ္ဒဲလ္မိုနင္မ္၊ မာလူးလ္နဲ႔ မိုဟာမက္ ဟာနီတို႔ကို ကစားေစခဲ့ၿပီး ကြင္းလယ္မွာေတာ့ အယ္လ္ဆိုလီယာ၊ ဒီယန္း၊ အယ္လ္ရွာဟက္၊ ရက္ဒ္ဝမ္နဲ႔ မဂၢဒီ ကက္ဖ္ရွာတို႔ကို အထိုင္ခ်ခဲ့ၿပီး တိုက္စစ္မွာေတာ့ မိုဟာမက္ ရွရစ္ဖ္ကို တင္ကစားလာခဲ့တာပါ။

ပြဲစတာနဲ႔ ရီးရဲလ္တို႔ ေဘာလုံးပိုင္ဆိုင္မႈအသာနဲ႔ ကစားခဲ့သလို တိုက္စစ္ပိုင္းမွာေတာ့ အေထာင္တိုက္စစ္မႉးစစ္စစ္ မပါတာေၾကာင့္ အားလုံးက ေျပးလႊားဖို႔နဲ႔ အလ်ဥ္းသင့္သလို ေျပာင္းလဲေနရာယူဖို႔ လုပ္ေဆာင္ခဲ့ၾကၿပီး ႐ိုဒရီဂိုနဲ႔ ဗီနီးရွပ္စ္တို႔ရဲ႕ အျမန္ႏႈန္းကို အယ္လာလီတို႔ ထိန္းခ်ဳပ္ဖို႔ ခက္ေနခဲ့သလို တန္ျပန္တိုက္စစ္ကိုပဲ အားျပဳခဲ့ရပါတယ္။

ဗီနီးရွပ္စ္အေနနဲ႔ အခြင့္အေရးေတြကို အသုံးမခ်ႏိုင္ခဲ့သလို ခြၽာမင္နီရဲ႕ အေဝးကန္ခ်က္က ဂိုးသမား ရင္ဘတ္နဲ႔ ထိထြက္ခဲ့ၿပီး ႐ိုဒရီဂိုရဲ႕ အနီးကပ္ တစ္ကိုယ္ေတာ္ ကန္ခ်က္ကေတာ့ တိုင္ထိထြက္ခဲ့လို႔ ရီးရဲလ္တို႔ ေစာေစာစီးစီး ဂိုးရခြင့္ေတြနဲ႔ လြဲခဲ့ရၿပီး အယ္လာလီတို႔ရဲ႕ ေထာင့္ကန္ေဘာေတြကိုေတာ့ ဂိုးသမား လူနင္ သတိႀကီးႀကီးနဲ႔ ကာကြယ္ခဲ့ရတာပါ။

ပြဲခ်ိန္ ၄၂ မိနစ္မွာေတာ့ ရီးရဲလ္တို႔ အဖြင့္ဂိုး စတင္သြင္းယူသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ အယ္လာလီခံစစ္က ေနာက္ျပန္ေခါင္းတိုက္ေပးတာကို ေနာက္ခံလူ မက္ဝါလီ ေဘာလုံးမထိန္းႏိုင္ဘဲ ေခ်ာ္ထြက္သြားခဲ့တဲ့ အမွားကေန ျဖတ္ယူသြားႏိုင္ခဲ့တဲ့ ဗီနီးရွပ္စ္က ဧရိယာထဲ ဆြဲဝင္ၿပီး ပိတ္ဆို႔ဖို႔ ႀကိဳးစားတဲ့ ဂိုးသမားေပၚက အသာေလး ေက်ာ္ထည့္သြားႏိုင္ခဲ့တာေၾကာင့္ ပထမပိုင္းမွာ တစ္ဂိုး-ဂိုးမရွိနဲ႔ ဥေရာပသားေတြ ဦးေဆာင္ႏိုင္ခဲ့ပါတယ္။

ဒုတိယပိုင္း ျပန္စစခ်င္း ပြဲခ်ိန္ ၄၆ မိနစ္မွာ ရီးရဲလ္တို႔ပဲ ျမန္ျမန္ဆန္ဆန္နဲ႔ ဒုတိယ ဦးေဆာင္ဂိုး သြင္းယူႏိုင္ခဲ့ၾကသလို ဒီဂိုးကိုေတာ့ တန္ျပန္တိုက္စစ္ကေန မိုဒရစ္ခ်္ ထိုးေပးတာကို ႐ိုဒရီဂိုက အယ္လာလီေနာက္ခံလူႏွစ္ေယာက္ၾကားကေန ေနာက္ျပန္လွည့္ထြက္ၿပီး ကန္ရာမွာ ဂိုးသမား ပုတ္ထုတ္သြားႏိုင္ခဲ့ေပမယ့္ ေနာက္က လိုက္လာတဲ့ ဗယ္လ္ဗာဒီက တစ္ခ်က္ဖိန႔္ၿပီးမွ ေအးေအးေဆးေဆး အဆုံးသတ္ရယူသြားခဲ့တာပါ။

ပြဲခ်ိန္ ၆၅ မိနစ္မွာေတာ့ ရီးရဲလ္မက္ဒရစ္တို႔ ေခ်ပဂိုးတစ္ဂိုးျပန္ေပးခဲ့ရၿပီး ဒီဂိုးကိုေတာ့ ဧရိယာထဲမွာ တစ္ဖက္ေတာင္ပံသမား အယ္လ္ရွာဟက္ကို အရွိန္လြန္ၿပီး ေျခခ်ိတ္ခဲ့တဲ့ ကာမာဗင္ဂါေၾကာင့္ ေပးခဲ့ရတဲ့ ပင္နယ္တီကို ဘယ္ေနာက္ခံလူ မာလူးလ္က ဂိုးသမား လူနင္ကို ေဘာလုံးတျခား လူတျခားျဖစ္ေအာင္ လွည့္စားကန္သြင္းႏိုင္ခဲ့လို႔ အယ္လာလီတို႔ ျပန္လာႏိုင္ဖို႔ အားတက္လာခဲ့ၾကပါတယ္။

အယ္လာလီတို႔ရဲ႕ အဆုံးသတ္ေတြ လြဲေခ်ာ္ေနခဲ့သလို ဂိုးသမား လူနင္ကလည္း လက္စြမ္းျပခဲ့တာေၾကာင့္ ရီးရဲလ္တို႔ ေခ်ပဂိုးထပ္မေပးရဘဲ ေတာင့္ခံႏိုင္ခဲ့ၿပီး ကြင္းလယ္က တိုနီ ခ႐ူးစ္အစား စီဘာေယာ့စ္ကို လဲကစားလာခဲ့သလို ပြဲခ်ိန္ ၈၇ မိနစ္မွာေတာ့ ဗီနီးရွပ္စ္ ေျခခ်ိတ္ခံရလို႔ရတဲ့ ပင္နယ္တီကို မိုဒရစ္ခ်္က ဂိုးသမားတည့္တည့္ ကန္ခဲ့တာေၾကာင့္ တစ္ဂိုးနစ္နာသြားခဲ့ရတာပါ။

နာက်င္အခ်ိန္ပို ၂ မိနစ္မွာေတာ့ အႏိုင္ေသခ်ာေစမယ့္ တတိယဂိုးကို ရီးရဲလ္တို႔ ရယူႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ဘယ္ျခမ္းတြဲလုံးကေန ဒါနီ စီဘာေယာ့စ္နဲ႔ ႐ိုဒရီဂိုတို႔ ႏွစ္ႀကိမ္ဆက္တိုက္ အျပန္အလွန္ ဝမ္းတူး႐ိုက္ထြက္ၿပီးမွာ အယ္လာလီဧရိယာထဲမွာ လြတ္လြတ္ကြၽတ္ကြၽတ္ရသြားခဲ့တဲ့ ႐ိုဒရီဂိုက ဂိုးသမားနဲ႔ တစ္ဦးခ်င္းအေတြ႕မွာ အသာအယာ ကန္သြင္းၿပီး သုံးဂိုး-တစ္ဂိုးျဖစ္ေနခဲ့ပါတယ္။

ဒီေနာက္မွာေတာ့ ရီးရဲလ္တို႔ဘက္က ဗီနီးရွပ္စ္၊ မိုဒရစ္ခ်္နဲ႔ ႐ိုဒရီဂိုတို႔အစား အာရီဘာ့စ္၊ အိုဒေရဇိုလာနဲ႔ မာရီယာႏို ဒီယက္ဇ္တို႔ ဝင္လာခဲ့ၿပီး နာက်င္အခ်ိန္ပို ေနာက္ဆုံးမိနစ္မွာေတာ့ အလာဘာ တင္ေပးတဲ့ ဖရီးကစ္ကေန ျပန္က်လာတဲ့ ေဘာလုံးကို အာရီဘာ့စ္က ဧရိယာထဲကေန ဘယ္ေျခနဲ႔ အနိမ့္ေဘာ ကန္သြင္းသြားႏိုင္ခဲ့လို႔ အႏိုင္ရလဒ္က ျပတ္သားသြားခဲ့တာပါ။

ပြဲခ်ိန္အျပည့္မွာေတာ့ ဥေရာပခ်န္ပီယံ ရီးရဲလ္မက္ဒရစ္တို႔က အာဖရိကခ်န္ပီယံ အယ္လာလီတို႔ကို ေလးဂိုး-တစ္ဂိုးနဲ႔ ႏိုင္ပြဲရၿပီး ဗိုလ္လုပြဲကို တက္ေရာက္သြားခဲ့ခ်ိန္မွာေတာ့ တစ္ဖက္က ေတာင္အေမရိကခ်န္ပီယံ ေဆာ္ေပၚလိုကို အႏိုင္ယူလာခဲ့တဲ့ အာရွခ်န္ပီယံ အယ္လ္ဟီလယ္တို႔နဲ႔ ကစားရဖို႔ ျဖစ္လာခဲ့ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.