International La Liga World Cup

ဘင်ဇီးမားနဲ့ အဓိကလူတချို့ မပါဘဲ ကမ္ဘာ့ကလပ်ချန်ပီယံပွဲကို ကစားမယ့် ရီးရဲလ်

ရီးရဲလ်မက်ဒရစ်အသင်းအနေနဲ့ သူတို့ရဲ့ ဝါရင့်တိုက်စစ်မှူး ကာရင်မ် ဘင်ဇီးမား မပါဘဲ လာမယ့် ကမ္ဘာ့ကလပ်ချန်ပီယံဖလားပွဲစဉ်ကို ကစားရဖို့ ရှိနေပြီး အယ်လ်အာလီအသင်းနဲ့ ရင်ဆိုင်ရမယ့် ပွဲစဉ်အတွက် ကစားသမား ၂၂ ဦး တင်သွင်းခဲ့ရာမှာ ပြင်သစ်တိုက်စစ်မှူးအပြင် ဒဏ်ရာရ ကစားသမား တချို့ပါ ကျန်ရစ်ခဲ့တာကို တွေ့ရပါတယ်။

ပြီးခဲ့တဲ့ ဗလင်စီယာအသင်းနဲ့ လာလီဂါ ပွဲစဉ်မှာ ဒဏ်ရာရသွားခဲ့တဲ့ အသက် ၃၅ နှစ်အရွယ် တိုက်စစ်မှူးအနေနဲ့ ဒီရာသီမှာ မကြုံဖူးတဲ့ ဒဏ်ရာ ပြဿနာတွေနဲ့အတူ ကြံ့ခိုင်မှု ကျဆင်းခြင်းကို ရင်ဆိုင်နေခဲ့ရပြီး မော်ရိုကိုနိုင်ငံ၊ ရာဘတ်မြို့မှာ ကစားရမယ့် အီဂျစ်ကလပ်နဲ့ ဆီမီးဖိုင်နယ်ပွဲစဉ်ကို လွဲချော်ဖို့ ရှိနေတာပါ။

ပြိုင်ပွဲရဲ့ စည်းမျဉ်းစည်းကမ်းအရတော့ လူစာရင်းတင်သွင်းမှုဟာ Deadline နဲ့ ပုံသေမဟုတ်ဘဲ တစ်ပွဲပြီးတစ်ပွဲ တင်သွင်းခွင့်ရှိနေတာကြောင့် ဒီပွဲကို အနိုင်ယူနိုင်ခဲ့မယ်ဆိုရင်တော့ ဗိုလ်လုပွဲကစားတဲ့အခါ ကြံ့ခိုင်မှုရှိတဲ့ ကစားသမားတွေကို ပြန်လည်ထည့်သွင်းနိုင်မှာဖြစ်ပြီး ချန်လှပ်ခဲ့သူတွေထဲမှာ နံပါတ်တစ် ဂိုးသမား သီဘို ကူတွာလည်း ပါဝင်နေခဲ့ပါတယ်။

ရီးရဲလ်တို့အနေနဲ့ ပြီးခဲ့တဲ့ မာယော့ကာကို ရှုံးပွဲမှာ ပွဲမစခင် သွေးပူလေ့ကျင့်ခန်းလုပ်ရင်း ဒဏ်ရာရသွားတဲ့ ဘယ်လ်ဂျီယမ်သားအစား ယူကရိန်း ဂိုးသမား အန်ဒရီ လူနင်ကို အစားထိုးခဲ့ရသလို အယ်လ်အာလီနဲ့ပွဲမှာလည်း သူ့ကို ဆက်လက်အသုံးပြုမှာဖြစ်ပြီး အရန်တွေအဖြစ်တော့ လူးဝစ် လိုပက်ဇ်နဲ့ နာမည်ကျော် ဗလင်စီယာဂိုးသမားဟောင်းကြီး ဆန်တီယာဂို ကာနီဇာရက်စ်ရဲ့သား လူးကပ်စ် ကာနီဇာရက်စ်ကိုပါ ထည့်သွင်းထားခဲ့တာပါ။

ခံစစ်ပိုင်းမှာတော့ လူးကပ်စ် ဗက်ဇ်ကက်ဇ်၊ အယ်ဒါ မီလီတိုနဲ့ ဖယ်လွန် မန်ဒီတို့ လွဲချော်မှာဖြစ်ပြီး ဒါနီ ကာဗာဟယ်လ်၊ ဒေးဗစ် အလာဘာ၊ ဟေဆူးစ် ဗာဟေယို၊ နာချို ဖာနန်ဒက်ဇ်၊ အယ်လ်ဗာရို အိုဒရေဇိုလာ၊ အန်တိုနီယို ရူဒီဂါနဲ့ လူငယ်ကစားသမား မာဗယ်လ်တို့ကို စာရင်းတင်သွင်းထားပြီး ဒီအပိုင်းမှာတော့ ရီးရဲလ်တို့ အနေနဲ့ ခေါင်းကိုက်စရာ မလိုဘဲရှိနိုင်ပါတယ်။

ကွင်းလယ်မှာတော့ တိုနီ ခရူးစ်၊ လူကာ မိုဒရစ်ချ်၊ အေဒူယာဒို ကာမာဗင်ဂါ၊ ဖက်ဒါရီကို ဗယ်လ်ဗာဒီ၊ အူဟယ်လီယင် ချွာမင်နီ၊ ဒါနီ စီဘာယော့စ်၊ အရန်အသင်းက လူငယ်ကစားသမားတွေဖြစ်တဲ့ မာရီယို မာတင်နဲ့ ဆာဂျီယို အာရီဘာ့စ်တို့ကို စာရင်းတင်သွင်းခဲ့ပြီး ကွင်းလယ်ပိုင်းကလည်း ပြိုင်ပွဲဝင်ဖို့ တောင့်တင်းမှု ရှိနေခဲ့တာပါ။

တိုက်စစ်ပိုင်းမှာတော့ ဘင်ဇီးမား ပါဝင်မလာချိန်မှာ မားကို့စ် အဆန်စီယို၊ ဗီနီးရှပ်စ် ဂျူနီယာ၊ ရိုဒရီဂိုနဲ့ မာရီယာနို ဒီယက်ဇ်တို့ကိုသာ ပိုင်ဆိုင်ထားတာကြောင့် နံပါတ် ၉ နေရာမှာ အစွမ်းပြနိုင်သူ မရှိတော့ဘဲ မာယော့ကာနဲ့ပွဲမှာ ခြေစွမ်းမပြနိုင်သလို ပင်နယ်တီကိုပါ ဝင်အောင်မကန်နိုင်ခဲ့တဲ့ အဆန်စီယိုနဲ့ကတော့ ရင်လေးစရာဖြစ်နေနိုင်ပါတယ်။

ပြင်သစ်တိုက်စစ်မှူးအနေနဲ့ ဒီရာသီမှာ ရီးရဲလ်တို့အတွက် ပြိုင်ပွဲစုံမှာ ပွဲ ၂၀ သာ ကစားပေးထားနိုင်ပေမယ့် ၁၃ ဂိုး သွင်းယူထားနိုင်ခဲ့တာက သူ့ရဲ့ ကြီးမားတဲ့ လွှမ်းမိုးနိုင်မှုကို ဖော်ပြနေပြီး ဂိုးသမား ကူတွာကတော့ ပြိုင်ပွဲစုံမှာ ၂၄ ပွဲ ဖမ်းထားတာကြောင့် သူ့နေရာဝင်မယ့် လူနင်တစ်ယောက် အစားထိုးနိုင်ပါ့မလားတော့ စိတ်လှုပ်ရှားစရာဖြစ်နေနိုင်တာပါ။

ဒါပေမယ့် ပြိုင်ပွဲထဲမှာ အင်အားကြီးအသင်းဆိုလို့ ဥရောပကိုယ်စားပြု ရီးရဲလ်တို့သာ ရှိနေခဲ့ပြီး ဒုတိယ အမြင့်မားဆုံး ပြိုင်ဘက်အဖြစ်နဲ့တော့ ဘရာဇီးလ်နဲ့ တောင်အမေရိက ကိုပါလီဘရာတေးဒိုးစ် ချန်ပီယံ ဆော်ပေါ်လိုတို့ ယှဉ်ပြိုင်ရမယ့်အချိန်မှာ အခွင့်အရေးက စပိန်သားတွေဘက်မှာ ရှိနေပြီး အန်ချယ်လော့တီအနေနဲ့ ဘင်ဇီးမားကို အနားပေးပြီး ဖလားတစ်လုံး ထပ်မံရယူနိုင်မလား စောင့်ကြည့်ဖို့ ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ရီးရဲလ္မက္ဒရစ္အသင္းအေနနဲ႔ သူတို႔ရဲ႕ ဝါရင့္တိုက္စစ္မႉး ကာရင္မ္ ဘင္ဇီးမား မပါဘဲ လာမယ့္ ကမာၻ႔ကလပ္ခ်န္ပီယံဖလားပြဲစဥ္ကို ကစားရဖို႔ ရွိေနၿပီး အယ္လ္အာလီအသင္းနဲ႔ ရင္ဆိုင္ရမယ့္ ပြဲစဥ္အတြက္ ကစားသမား ၂၂ ဦး တင္သြင္းခဲ့ရာမွာ ျပင္သစ္တိုက္စစ္မႉးအျပင္ ဒဏ္ရာရ ကစားသမား တခ်ိဳ႕ပါ က်န္ရစ္ခဲ့တာကို ေတြ႕ရပါတယ္။

ၿပီးခဲ့တဲ့ ဗလင္စီယာအသင္းနဲ႔ လာလီဂါ ပြဲစဥ္မွာ ဒဏ္ရာရသြားခဲ့တဲ့ အသက္ ၃၅ ႏွစ္အ႐ြယ္ တိုက္စစ္မႉးအေနနဲ႔ ဒီရာသီမွာ မႀကဳံဖူးတဲ့ ဒဏ္ရာ ျပႆနာေတြနဲ႔အတူ ႀကံ့ခိုင္မႈ က်ဆင္းျခင္းကို ရင္ဆိုင္ေနခဲ့ရၿပီး ေမာ္႐ိုကိုႏိုင္ငံ၊ ရာဘတ္ၿမိဳ႕မွာ ကစားရမယ့္ အီဂ်စ္ကလပ္နဲ႔ ဆီမီးဖိုင္နယ္ပြဲစဥ္ကို လြဲေခ်ာ္ဖို႔ ရွိေနတာပါ။

ၿပိဳင္ပြဲရဲ႕ စည္းမ်ဥ္းစည္းကမ္းအရေတာ့ လူစာရင္းတင္သြင္းမႈဟာ Deadline နဲ႔ ပုံေသမဟုတ္ဘဲ တစ္ပြဲၿပီးတစ္ပြဲ တင္သြင္းခြင့္ရွိေနတာေၾကာင့္ ဒီပြဲကို အႏိုင္ယူႏိုင္ခဲ့မယ္ဆိုရင္ေတာ့ ဗိုလ္လုပြဲကစားတဲ့အခါ ႀကံ့ခိုင္မႈရွိတဲ့ ကစားသမားေတြကို ျပန္လည္ထည့္သြင္းႏိုင္မွာျဖစ္ၿပီး ခ်န္လွပ္ခဲ့သူေတြထဲမွာ နံပါတ္တစ္ ဂိုးသမား သီဘို ကူတြာလည္း ပါဝင္ေနခဲ့ပါတယ္။

ရီးရဲလ္တို႔အေနနဲ႔ ၿပီးခဲ့တဲ့ မာေယာ့ကာကို ရႈံးပြဲမွာ ပြဲမစခင္ ေသြးပူေလ့က်င့္ခန္းလုပ္ရင္း ဒဏ္ရာရသြားတဲ့ ဘယ္လ္ဂ်ီယမ္သားအစား ယူကရိန္း ဂိုးသမား အန္ဒရီ လူနင္ကို အစားထိုးခဲ့ရသလို အယ္လ္အာလီနဲ႔ပြဲမွာလည္း သူ႔ကို ဆက္လက္အသုံးျပဳမွာျဖစ္ၿပီး အရန္ေတြအျဖစ္ေတာ့ လူးဝစ္ လိုပက္ဇ္နဲ႔ နာမည္ေက်ာ္ ဗလင္စီယာဂိုးသမားေဟာင္းႀကီး ဆန္တီယာဂို ကာနီဇာရက္စ္ရဲ႕သား လူးကပ္စ္ ကာနီဇာရက္စ္ကိုပါ ထည့္သြင္းထားခဲ့တာပါ။

ခံစစ္ပိုင္းမွာေတာ့ လူးကပ္စ္ ဗက္ဇ္ကက္ဇ္၊ အယ္ဒါ မီလီတိုနဲ႔ ဖယ္လြန္ မန္ဒီတို႔ လြဲေခ်ာ္မွာျဖစ္ၿပီး ဒါနီ ကာဗာဟယ္လ္၊ ေဒးဗစ္ အလာဘာ၊ ေဟဆူးစ္ ဗာေဟယို၊ နာခ်ိဳ ဖာနန္ဒက္ဇ္၊ အယ္လ္ဗာ႐ို အိုဒေရဇိုလာ၊ အန္တိုနီယို ႐ူဒီဂါနဲ႔ လူငယ္ကစားသမား မာဗယ္လ္တို႔ကို စာရင္းတင္သြင္းထားၿပီး ဒီအပိုင္းမွာေတာ့ ရီးရဲလ္တို႔ အေနနဲ႔ ေခါင္းကိုက္စရာ မလိုဘဲရွိႏိုင္ပါတယ္။

ကြင္းလယ္မွာေတာ့ တိုနီ ခ႐ူးစ္၊ လူကာ မိုဒရစ္ခ်္၊ ေအဒူယာဒို ကာမာဗင္ဂါ၊ ဖက္ဒါရီကို ဗယ္လ္ဗာဒီ၊ အူဟယ္လီယင္ ခြၽာမင္နီ၊ ဒါနီ စီဘာေယာ့စ္၊ အရန္အသင္းက လူငယ္ကစားသမားေတြျဖစ္တဲ့ မာရီယို မာတင္နဲ႔ ဆာဂ်ီယို အာရီဘာ့စ္တို႔ကို စာရင္းတင္သြင္းခဲ့ၿပီး ကြင္းလယ္ပိုင္းကလည္း ၿပိဳင္ပြဲဝင္ဖို႔ ေတာင့္တင္းမႈ ရွိေနခဲ့တာပါ။

တိုက္စစ္ပိုင္းမွာေတာ့ ဘင္ဇီးမား ပါဝင္မလာခ်ိန္မွာ မားကို႔စ္ အဆန္စီယို၊ ဗီနီးရွပ္စ္ ဂ်ဴနီယာ၊ ႐ိုဒရီဂိုနဲ႔ မာရီယာႏို ဒီယက္ဇ္တို႔ကိုသာ ပိုင္ဆိုင္ထားတာေၾကာင့္ နံပါတ္ ၉ ေနရာမွာ အစြမ္းျပႏိုင္သူ မရွိေတာ့ဘဲ မာေယာ့ကာနဲ႔ပြဲမွာ ေျခစြမ္းမျပႏိုင္သလို ပင္နယ္တီကိုပါ ဝင္ေအာင္မကန္ႏိုင္ခဲ့တဲ့ အဆန္စီယိုနဲ႔ကေတာ့ ရင္ေလးစရာျဖစ္ေနႏိုင္ပါတယ္။

ျပင္သစ္တိုက္စစ္မႉးအေနနဲ႔ ဒီရာသီမွာ ရီးရဲလ္တို႔အတြက္ ၿပိဳင္ပြဲစုံမွာ ပြဲ ၂၀ သာ ကစားေပးထားႏိုင္ေပမယ့္ ၁၃ ဂိုး သြင္းယူထားႏိုင္ခဲ့တာက သူ႔ရဲ႕ ႀကီးမားတဲ့ လႊမ္းမိုးႏိုင္မႈကို ေဖာ္ျပေနၿပီး ဂိုးသမား ကူတြာကေတာ့ ၿပိဳင္ပြဲစုံမွာ ၂၄ ပြဲ ဖမ္းထားတာေၾကာင့္ သူ႔ေနရာဝင္မယ့္ လူနင္တစ္ေယာက္ အစားထိုးႏိုင္ပါ့မလားေတာ့ စိတ္လႈပ္ရွားစရာျဖစ္ေနႏိုင္တာပါ။

ဒါေပမယ့္ ၿပိဳင္ပြဲထဲမွာ အင္အားႀကီးအသင္းဆိုလို႔ ဥေရာပကိုယ္စားျပဳ ရီးရဲလ္တို႔သာ ရွိေနခဲ့ၿပီး ဒုတိယ အျမင့္မားဆုံး ၿပိဳင္ဘက္အျဖစ္နဲ႔ေတာ့ ဘရာဇီးလ္နဲ႔ ေတာင္အေမရိက ကိုပါလီဘရာေတးဒိုးစ္ ခ်န္ပီယံ ေဆာ္ေပၚလိုတို႔ ယွဥ္ၿပိဳင္ရမယ့္အခ်ိန္မွာ အခြင့္အေရးက စပိန္သားေတြဘက္မွာ ရွိေနၿပီး အန္ခ်ယ္ေလာ့တီအေနနဲ႔ ဘင္ဇီးမားကို အနားေပးၿပီး ဖလားတစ္လုံး ထပ္မံရယူႏိုင္မလား ေစာင့္ၾကည့္ဖို႔ ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.