Carabao & FA Match Report Premier League

ဖလားတွေ မုန်းနေလို့ ဆောက်သမ်တန်ကို အနိုင်ပေးခဲ့တဲ့ လူချန်ရှုံး မန်စီးတီး

မန်ချက်စတာစီးတီးအသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား အော်တေဂါ၊ ခံစစ်မှာ ဝေါ်လ်ကာ၊ လာပေါ့တ်၊ ကန်ဆယ်လိုနဲ့ ဆာဂျီယို ဂိုမက်ဇ်တို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ ကယ်လ်ဗင် ဖိလစ်၊ ပါးလ်မားနဲ့ ဂွန်ဒိုးဝမ်တို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ ဖိုဒန်၊ ဂရီးလစ်ရှ်၊ အယ်လ်ဗာရက်ဇ်တို့နဲ့ ပွဲထွက်လာခဲ့တာဖြစ်ပါတယ်။

အိမ်ရှင် ဆောက်သမ်တန်အသင်းကတော့ ဂိုးသမား ဘာဇူးနူး၊ ခံစစ်မှာ ချာလက်တာ-ဆာ၊ ဆာလီဆူး၊ ဝေါလ်ကာ-ပီတာစ်နဲ့ လီယန်ကိုတို့ကို ကစားစေခဲ့သလို ကွင်းလယ်မှာတော့ ဒီယာလို၊ လာဗီယာ၊ ဂျီနီပို၊ အက်ဒမ် အမ်းစ်ထရောင်းနဲ့ ဝါ့ဒ်-ပရောက်စ်တို့ကို ခင်းကျင်းလာခဲ့ပြီး တိုက်စစ်မှာတော့ မာရာတစ်ယောက်တည်းကို တင်ကစားလာခဲ့တာဖြစ်ပါတယ်။

စိန့်တို့အနေနဲ့ ကွင်းလယ်မှာ လူများများသုံးထားပြီး မန်စီးတီးကွင်းလယ်ကို ယှဉ်ကစားဖို့ လုပ်ခဲ့တာက အလုပ်ဖြစ်တယ်လို့ ဆိုရမှာဖြစ်ပြီး ပွဲဆက်ပြတ်နေတဲ့ ဂွန်ဒိုးဝမ်၊ ဝိတ်တက်နေတာနဲ့ ဒဏ်ရာနဲ့ မကစားရတဲ့ ဖိလစ်နဲ့ အတွေ့အကြုံနုတဲ့ လူငယ် ပါးလ်မားတို့ကြောင့် တိုက်စစ်ကို ပံ့ပိုးဖို့ ခက်နေခဲ့သလို ဂွါဒီယိုလာရဲ့ တရုတ်နာမည်ပြောင် “လူချန်ရှုံး”ကို ပြန်သတိရစရာဖြစ်ခဲ့ပါတယ်။

ဂွန်ဒိုးဝမ်ရဲ့ ၆ မိနစ် ကန်ချက်က ဘေးက သာသာယာယာ ထွက်သွားခဲ့ပေမယ့် ထောင့်ကန်ဘောကနေ ပြန်ထွက်လာတာကို ချာလက်တာ-ဆာရဲ့ ဧရိယာအပြင်က ကန်သွင်းမှုကတော့ ဂိုးသမား အော်တေဂါကို ပွဲချိန် ၈ မိနစ်မှာ အသည်းအသန် ပုတ်ထုတ်စေခဲ့ရသလို ဝေါ်လ်ကာနဲ့ လာပေါ့တ်တို့ရဲ့ မန်စီးတီး ဗဟိုခံစစ်အတွဲကလည်း အားရစရာ မရှိခဲ့တာပါ။

ပွဲချိန် ၂၃ မိနစ်မှာတော့ အိမ်ရှင် စိန့်တို့ အဖွင့်ဂိုး သွင်းယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ မန်စီးတီးတို့ရဲ့ အိုးနင်းခွက်နင်းခံစစ်နဲ့ ကွင်းလယ်ကနေ ဘောလုံးပျက်တာကို ညာခြမ်းက ပြန်ရသွားခဲ့တဲ့ လီယန်ကိုက တောက်လျှောက်ဆွဲပြေးပြီး ဖြတ်တင်ပေးရာမှာ လူကပ်ပုံ ညံ့ဖျင်းတဲ့ ဝေါ်လ်ကာရဲ့ ရှေ့က ပြေးထွက်လာတဲ့ မာရာက ပြေးပြေးကန်ကန် Volley ကန်သွင်းပြီး ဂိုးသမား အော်တေဂါကို အနိုင်ယူသွားခဲ့တာဖြစ်ပါတယ်။

ငါးမိနစ်အကြာ ပွဲချိန် ၂၈ မိနစ်မှာ ဆောက်သမ်တန်တို့ပဲ ဒုတိယ ဦးဆောင်ဂိုး ရယူသွားခဲ့ပြန်ပြီး ဒီဂိုးကိုတော့ မန်စီးတီးတို့ ဘောလုံးပျက်ရာကနေ ပြန်ရသွားတဲ့ လာဗီယာက အသင်းဟောင်းခံစစ်ကြားကို လှမ်းခင်းပေးခဲ့ရာမှာ ဂျီနီပိုက ရှေ့ရောက်နေတဲ့ ဂိုးသမား အော်တေဂါရဲ့ အားနည်းချက်ကို အပိုင် အသုံးချပြီး Long Shot ကန်ချက်နဲ့ နှစ်ဂိုး-ဂိုးမရှိဖြစ်စေခဲ့တာပါ။

ဒီနေ့ကစားခဲ့တဲ့ ဆောက်သမ်တန်တို့ဘက်မှာ မန်စီးတီးကစားသမားဟောင်း နှစ်ဦးဖြစ်တဲ့ ဂိုးသမား ဘာဇူးနူးနဲ့ ကွင်းလယ်လူ လာဗီယာတို့ ပွဲထွက်ပါဝင်နေခဲ့သလို တောင်ပံကစားသမား အီဒိုဇီကလည်း အရန်ခုံမှာ ရှိနေခဲ့ပြီး သူတို့တွေအနေနဲ့ အသင်းဟောင်းနဲ့ ရင်ဆိုင်ရာမှာ ကောင်းကောင်း ဒုက္ခပေးနိုင်ခဲ့တာကြောင့် ပထမပိုင်းမှာတော့ ဂွါဒီယိုလာအတွက် ဘာအဖြေမှ မရှိခဲ့ဘဲ ရှုံးနိမ့်နေခဲ့တာဖြစ်ပါတယ်။

ဒုတိယပိုင်း ပြန်လည်စတင်ချိန်မှာတော့ မန်စီးတီးတို့ဘက်က အမှားအများဆုံး ကစားသမားသုံးဦးဖြစ်ကြတဲ့ ပါးလ်မား၊ ဆာဂျီယို ဂိုမက်ဇ်နဲ့ ဝေါ်လ်ကာတို့အစား ဒီဘရိုင်းနား၊ အာကေနဲ့ အာကန်ဂျီတို့ကို လူစားထည့်သွင်းလာခဲ့ပြီး စစချင်းမိနစ်မှာပဲ အယ်လ်ဗာရက်ဇ်က ကန်ခွင့်ရခဲ့ပေမယ့် တိုင်ဘေးက ထွက်သွားခဲ့သလို ဆောက်သမ်တန်ခံစစ်ကို ကျော်ဖြတ်နိုင်ဖို့ ပွဲချိန် ၅၆ မိနစ်မှာ ဂရီးလစ်ရှ်အစား ဟားလန်းကိုပါ ထည့်သွင်းခဲ့သေးတာပါ။

ဆောက်သမ်တန်တို့ဘက်ကတော့ ဂျီနီပိုအစား ပေရို၊ မာရာအစား ရှေအက်ဒမ်စ်၊ လာဗီယာအစား အယ်လ်ယူနူစီတို့ကို ထည့်သွင်းသွားခဲ့ပြီး စီးတီးတို့ဘက်ကတော့ လူဝကြီး ဖိလစ်အစား ရိုဒရီကို ထည့်သွင်းခဲ့ပေမယ့် ထိထိရောက်ရောက် တိုက်စစ်ဆင်နိုင်မှုအပိုင်းနဲ့ စိတ်ဓာတ်ပိုင်းမှာတော့ အိမ်ရှင်တို့ကပဲ သာလွန်နေခဲ့တာကြောင့် ဂွါဒီယိုလာရဲ့လူတွေ ကြိုးစားမှုက သဲထဲရေသွန်ဖြစ်ခဲ့ရပါတယ်။

ပွဲချိန်အပြည့်မှာတော့ မန်စီးတီးတို့အနေနဲ့ ပြန်လာဖို့ မတတ်နိုင်တော့ဘဲဖြစ်ခဲ့ရပြီး ဖလားတွေ ယူရတာ မုန်းနေလို့များ ကာရာဘောင်းတစ်လုံးကို လွှင့်ပစ်ခဲ့သလားလို့ မေးစရာအနေနဲ့ ဆောက်သမ်တန်ကို နှစ်ဂိုး-ဂိုးမရှိနဲ့ လူချန်ရှုံးဖြစ်သွားခဲ့ချိန်မှာ ကျန်တဲ့ ဖလားသုံးလုံးကိုပဲ အာရုံစိုက်ရတော့မှာ ဖြစ်ကြောင်းလည်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

မန္ခ်က္စတာစီးတီးအသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးသမား ေအာ္ေတဂါ၊ ခံစစ္မွာ ေဝၚလ္ကာ၊ လာေပါ့တ္၊ ကန္ဆယ္လိုနဲ႔ ဆာဂ်ီယို ဂိုမက္ဇ္တို႔ကို အသုံးျပဳခဲ့ၿပီး ကြင္းလယ္မွာေတာ့ ကယ္လ္ဗင္ ဖိလစ္၊ ပါးလ္မားနဲ႔ ဂြန္ဒိုးဝမ္တို႔ကို အထိုင္ခ်ခဲ့သလို တိုက္စစ္မွာေတာ့ ဖိုဒန္၊ ဂရီးလစ္ရွ္၊ အယ္လ္ဗာရက္ဇ္တို႔နဲ႔ ပြဲထြက္လာခဲ့တာျဖစ္ပါတယ္။

အိမ္ရွင္ ေဆာက္သမ္တန္အသင္းကေတာ့ ဂိုးသမား ဘာဇူးႏူး၊ ခံစစ္မွာ ခ်ာလက္တာ-ဆာ၊ ဆာလီဆူး၊ ေဝါလ္ကာ-ပီတာစ္နဲ႔ လီယန္ကိုတို႔ကို ကစားေစခဲ့သလို ကြင္းလယ္မွာေတာ့ ဒီယာလို၊ လာဗီယာ၊ ဂ်ီနီပို၊ အက္ဒမ္ အမ္းစ္ထေရာင္းနဲ႔ ဝါ့ဒ္-ပေရာက္စ္တို႔ကို ခင္းက်င္းလာခဲ့ၿပီး တိုက္စစ္မွာေတာ့ မာရာတစ္ေယာက္တည္းကို တင္ကစားလာခဲ့တာျဖစ္ပါတယ္။

စိန႔္တို႔အေနနဲ႔ ကြင္းလယ္မွာ လူမ်ားမ်ားသုံးထားၿပီး မန္စီးတီးကြင္းလယ္ကို ယွဥ္ကစားဖို႔ လုပ္ခဲ့တာက အလုပ္ျဖစ္တယ္လို႔ ဆိုရမွာျဖစ္ၿပီး ပြဲဆက္ျပတ္ေနတဲ့ ဂြန္ဒိုးဝမ္၊ ဝိတ္တက္ေနတာနဲ႔ ဒဏ္ရာနဲ႔ မကစားရတဲ့ ဖိလစ္နဲ႔ အေတြ႕အႀကဳံႏုတဲ့ လူငယ္ ပါးလ္မားတို႔ေၾကာင့္ တိုက္စစ္ကို ပံ့ပိုးဖို႔ ခက္ေနခဲ့သလို ဂြါဒီယိုလာရဲ႕ တ႐ုတ္နာမည္ေျပာင္ “လူခ်န္ရႈံး”ကို ျပန္သတိရစရာျဖစ္ခဲ့ပါတယ္။

ဂြန္ဒိုးဝမ္ရဲ႕ ၆ မိနစ္ ကန္ခ်က္က ေဘးက သာသာယာယာ ထြက္သြားခဲ့ေပမယ့္ ေထာင့္ကန္ေဘာကေန ျပန္ထြက္လာတာကို ခ်ာလက္တာ-ဆာရဲ႕ ဧရိယာအျပင္က ကန္သြင္းမႈကေတာ့ ဂိုးသမား ေအာ္ေတဂါကို ပြဲခ်ိန္ ၈ မိနစ္မွာ အသည္းအသန္ ပုတ္ထုတ္ေစခဲ့ရသလို ေဝၚလ္ကာနဲ႔ လာေပါ့တ္တို႔ရဲ႕ မန္စီးတီး ဗဟိုခံစစ္အတြဲကလည္း အားရစရာ မရွိခဲ့တာပါ။

ပြဲခ်ိန္ ၂၃ မိနစ္မွာေတာ့ အိမ္ရွင္ စိန႔္တို႔ အဖြင့္ဂိုး သြင္းယူသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ မန္စီးတီးတို႔ရဲ႕ အိုးနင္းခြက္နင္းခံစစ္နဲ႔ ကြင္းလယ္ကေန ေဘာလုံးပ်က္တာကို ညာျခမ္းက ျပန္ရသြားခဲ့တဲ့ လီယန္ကိုက ေတာက္ေလွ်ာက္ဆြဲေျပးၿပီး ျဖတ္တင္ေပးရာမွာ လူကပ္ပုံ ညံ့ဖ်င္းတဲ့ ေဝၚလ္ကာရဲ႕ ေရွ႕က ေျပးထြက္လာတဲ့ မာရာက ေျပးေျပးကန္ကန္ Volley ကန္သြင္းၿပီး ဂိုးသမား ေအာ္ေတဂါကို အႏိုင္ယူသြားခဲ့တာျဖစ္ပါတယ္။

ငါးမိနစ္အၾကာ ပြဲခ်ိန္ ၂၈ မိနစ္မွာ ေဆာက္သမ္တန္တို႔ပဲ ဒုတိယ ဦးေဆာင္ဂိုး ရယူသြားခဲ့ျပန္ၿပီး ဒီဂိုးကိုေတာ့ မန္စီးတီးတို႔ ေဘာလုံးပ်က္ရာကေန ျပန္ရသြားတဲ့ လာဗီယာက အသင္းေဟာင္းခံစစ္ၾကားကို လွမ္းခင္းေပးခဲ့ရာမွာ ဂ်ီနီပိုက ေရွ႕ေရာက္ေနတဲ့ ဂိုးသမား ေအာ္ေတဂါရဲ႕ အားနည္းခ်က္ကို အပိုင္ အသုံးခ်ၿပီး Long Shot ကန္ခ်က္နဲ႔ ႏွစ္ဂိုး-ဂိုးမရွိျဖစ္ေစခဲ့တာပါ။

ဒီေန႔ကစားခဲ့တဲ့ ေဆာက္သမ္တန္တို႔ဘက္မွာ မန္စီးတီးကစားသမားေဟာင္း ႏွစ္ဦးျဖစ္တဲ့ ဂိုးသမား ဘာဇူးႏူးနဲ႔ ကြင္းလယ္လူ လာဗီယာတို႔ ပြဲထြက္ပါဝင္ေနခဲ့သလို ေတာင္ပံကစားသမား အီဒိုဇီကလည္း အရန္ခုံမွာ ရွိေနခဲ့ၿပီး သူတို႔ေတြအေနနဲ႔ အသင္းေဟာင္းနဲ႔ ရင္ဆိုင္ရာမွာ ေကာင္းေကာင္း ဒုကၡေပးႏိုင္ခဲ့တာေၾကာင့္ ပထမပိုင္းမွာေတာ့ ဂြါဒီယိုလာအတြက္ ဘာအေျဖမွ မရွိခဲ့ဘဲ ရႈံးနိမ့္ေနခဲ့တာျဖစ္ပါတယ္။

ဒုတိယပိုင္း ျပန္လည္စတင္ခ်ိန္မွာေတာ့ မန္စီးတီးတို႔ဘက္က အမွားအမ်ားဆုံး ကစားသမားသုံးဦးျဖစ္ၾကတဲ့ ပါးလ္မား၊ ဆာဂ်ီယို ဂိုမက္ဇ္နဲ႔ ေဝၚလ္ကာတို႔အစား ဒီဘ႐ိုင္းနား၊ အာေကနဲ႔ အာကန္ဂ်ီတို႔ကို လူစားထည့္သြင္းလာခဲ့ၿပီး စစခ်င္းမိနစ္မွာပဲ အယ္လ္ဗာရက္ဇ္က ကန္ခြင့္ရခဲ့ေပမယ့္ တိုင္ေဘးက ထြက္သြားခဲ့သလို ေဆာက္သမ္တန္ခံစစ္ကို ေက်ာ္ျဖတ္ႏိုင္ဖို႔ ပြဲခ်ိန္ ၅၆ မိနစ္မွာ ဂရီးလစ္ရွ္အစား ဟားလန္းကိုပါ ထည့္သြင္းခဲ့ေသးတာပါ။

ေဆာက္သမ္တန္တို႔ဘက္ကေတာ့ ဂ်ီနီပိုအစား ေပ႐ို၊ မာရာအစား ေရွအက္ဒမ္စ္၊ လာဗီယာအစား အယ္လ္ယူႏူစီတို႔ကို ထည့္သြင္းသြားခဲ့ၿပီး စီးတီးတို႔ဘက္ကေတာ့ လူဝႀကီး ဖိလစ္အစား ႐ိုဒရီကို ထည့္သြင္းခဲ့ေပမယ့္ ထိထိေရာက္ေရာက္ တိုက္စစ္ဆင္ႏိုင္မႈအပိုင္းနဲ႔ စိတ္ဓာတ္ပိုင္းမွာေတာ့ အိမ္ရွင္တို႔ကပဲ သာလြန္ေနခဲ့တာေၾကာင့္ ဂြါဒီယိုလာရဲ႕လူေတြ ႀကိဳးစားမႈက သဲထဲေရသြန္ျဖစ္ခဲ့ရပါတယ္။

ပြဲခ်ိန္အျပည့္မွာေတာ့ မန္စီးတီးတို႔အေနနဲ႔ ျပန္လာဖို႔ မတတ္ႏိုင္ေတာ့ဘဲျဖစ္ခဲ့ရၿပီး ဖလားေတြ ယူရတာ မုန္းေနလို႔မ်ား ကာရာေဘာင္းတစ္လုံးကို လႊင့္ပစ္ခဲ့သလားလို႔ ေမးစရာအေနနဲ႔ ေဆာက္သမ္တန္ကို ႏွစ္ဂိုး-ဂိုးမရွိနဲ႔ လူခ်န္ရႈံးျဖစ္သြားခဲ့ခ်ိန္မွာ က်န္တဲ့ ဖလားသုံးလုံးကိုပဲ အာ႐ုံစိုက္ရေတာ့မွာ ျဖစ္ေၾကာင္းလည္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.