Carabao & FA

ကာရာဘောင်းဖလားက ပြုတ်ခဲ့တဲ့ လီဗာပူးလ်ရဲ့အနာကို ဆားနဲ့ပက်ခဲ့တဲ့ မာရက်ဇ်

မန်စီးတီးကြယ်ပွင့် မာရက်ဇ်ဟာ လက်ရှိ ကာရာဘောင်းချန်ပီယံ လီဗာပူးလ်ကို ပြိုင်ပွဲကနေ ဖြုတ်ပစ်နိုင်ခဲ့ပေယ့်လည်း ဂွါဒီယိုလာရဲ့အသင်းက အခြားပြိုင်ပွဲတွေထက် ကာရာဘောင်းဖလားအောင်မြင်မှုကို ဦးစားပေးထားခြင်းမရှိဘူးလို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

လီဗာပူးလ်ရော မန်ချက်စတာစီးတီးအသင်းပါ လူငယ်ကစားသမားတွေနဲ့ အတွေ့အကြုံရင့် ကစားသမားတွေကို ရောစပ် ပွဲထုတ်ခဲ့ပြီး မန်စီးတီးအတွက် အကယ်ဒမီထွက် ကြယ်ပွင့် ကိုး ပါလ်မာနဲ့ ရီကို လူးဝစ္စတို့က ပွဲထွက်ကစားပေးခဲ့တာဖြစ်ပါတယ်။

အာလင်း ဟာလန်း၊ မာရက်ဇ်နဲ့ နေသန် အာကီတို့က မန်ချက်စတာစီးတီးအသင်းအတွက် ဂိုးတွေသွင်းယူပေးခဲ့ပြီး ဖာဘီယို ကာဗာလ်ယိုနဲ့ မိုဟာမက် ဆာလားတို့က လီဗာပူးလ်အတွက် ဂိုးတွေသွင်းယူပေးခဲ့ပေမယ့်လည်း ကလော့ပ်ရဲ့အသင်းအတွက် မလုံလောက်ခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာစီးတီးအသင်းဟာ လာမယ့်ကွာတားဖိုင်နယ်အဆင့်မှာ လင်ကွန်းစီးတီးကို နောက်ကနေ လိုက်ကစားပြီး အနိုင်ရရှိခဲ့တဲ့ ဆောက်သမ်တန်အသင်းနဲ့ တွေ့ဆုံယှဉ်ပြိုင်သွားရမှာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဂွါဒီယိုလာရဲ့အသင်းဟာ အခြား ပြိုင်ပွဲတွေက အောင်မြင်မှုကို လိုချင်နေဆဲဖြစ်ပြီး မန်ချက်စတာစီးတီးကြယ်ပွင့် မာရက်ဇ်က ဒီဖလားဟာ ၎င်းတို့ရဲ့ အကြီးမားဆုံး ဦးစားပေးမဟုတ်ဘူးလို့ ဝန်ခံ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

“ကျွန်တော်တို့ ချဲလ်ဆီးနဲ့ လီဗာပူးလ်တို့ကို အနိုင်ယူခဲ့တယ်။ အဲဒီတော့ ကျွန်တော်တို့ ကြည့်ကြတာပေါ့။ ဒါပေမယ့် ကျွန်တော်တို့ တစ်ပွဲချင်းစီပဲ ကစားသွားရမှာဖြစ်ပြီး လာမယ့် ပရီးမီးယားလိဂ်ပွဲစဉ်အပေါ်မှာ အာရုံစိုက်သွားမှာပါ။ အဲဒါက ကျွန်တော်တို့အတွက် အခုအချိန်မှာ အရေးအပါဆုံးပွဲစဉ်တစ်ပွဲပါ”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာစီးတီးအသင်းဟာ လာမယ့် ဒီဇင်ဘာ ၂၈ ရက်နေ့မှာ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် လိဒ်စ်ယူနိုက်တက်အိမ်ကွင်းကို သွားရောက်ယှဉ်ပြိုင်မှာဖြစ်ပြီး ဂွါဒီယိုလာရဲ့အသင်းဟာ လက်ရှိမှာ အမှတ်ပေးဇယားဦးဆောင်သူ အာဆင်နယ်နဲ့ ၅ မှတ်ကွာဟနေတာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

မန္စီးတီးၾကယ္ပြင့္ မာရက္ဇ္ဟာ လက္ရွိ ကာရာေဘာင္းခ်န္ပီယံ လီဗာပူးလ္ကို ၿပိဳင္ပြဲကေန ျဖဳတ္ပစ္ႏိုင္ခဲ့ေပယ့္လည္း ဂြါဒီယိုလာရဲ႕အသင္းက အျခားၿပိဳင္ပြဲေတြထက္ ကာရာေဘာင္းဖလားေအာင္ျမင္မႈကို ဦးစားေပးထားျခင္းမရွိဘူးလို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

လီဗာပူးလ္ေရာ မန္ခ်က္စတာစီးတီးအသင္းပါ လူငယ္ကစားသမားေတြနဲ႔ အေတြ႕အႀကဳံရင့္ ကစားသမားေတြကို ေရာစပ္ ပြဲထုတ္ခဲ့ၿပီး မန္စီးတီးအတြက္ အကယ္ဒမီထြက္ ၾကယ္ပြင့္ ကိုး ပါလ္မာနဲ႔ ရီကို လူးဝစၥတို႔က ပြဲထြက္ကစားေပးခဲ့တာျဖစ္ပါတယ္။

အာလင္း ဟာလန္း၊ မာရက္ဇ္နဲ႔ ေနသန္ အာကီတို႔က မန္ခ်က္စတာစီးတီးအသင္းအတြက္ ဂိုးေတြသြင္းယူေပးခဲ့ၿပီး ဖာဘီယို ကာဗာလ္ယိုနဲ႔ မိုဟာမက္ ဆာလားတို႔က လီဗာပူးလ္အတြက္ ဂိုးေတြသြင္းယူေပးခဲ့ေပမယ့္လည္း ကေလာ့ပ္ရဲ႕အသင္းအတြက္ မလုံေလာက္ခဲ့တာျဖစ္ပါတယ္။

မန္ခ်က္စတာစီးတီးအသင္းဟာ လာမယ့္ကြာတားဖိုင္နယ္အဆင့္မွာ လင္ကြန္းစီးတီးကို ေနာက္ကေန လိုက္ကစားၿပီး အႏိုင္ရရွိခဲ့တဲ့ ေဆာက္သမ္တန္အသင္းနဲ႔ ေတြ႕ဆုံယွဥ္ၿပိဳင္သြားရမွာ ျဖစ္ပါတယ္။

ဒါေပမယ့္လည္း ဂြါဒီယိုလာရဲ႕အသင္းဟာ အျခား ၿပိဳင္ပြဲေတြက ေအာင္ျမင္မႈကို လိုခ်င္ေနဆဲျဖစ္ၿပီး မန္ခ်က္စတာစီးတီးၾကယ္ပြင့္ မာရက္ဇ္က ဒီဖလားဟာ ၎တို႔ရဲ႕ အႀကီးမားဆုံး ဦးစားေပးမဟုတ္ဘူးလို႔ ဝန္ခံ ေျပာၾကားခဲ့တာ ျဖစ္ပါတယ္။

“ကြၽန္ေတာ္တို႔ ခ်ဲလ္ဆီးနဲ႔ လီဗာပူးလ္တို႔ကို အႏိုင္ယူခဲ့တယ္။ အဲဒီေတာ့ ကြၽန္ေတာ္တို႔ ၾကည့္ၾကတာေပါ့။ ဒါေပမယ့္ ကြၽန္ေတာ္တို႔ တစ္ပြဲခ်င္းစီပဲ ကစားသြားရမွာျဖစ္ၿပီး လာမယ့္ ပရီးမီးယားလိဂ္ပြဲစဥ္အေပၚမွာ အာ႐ုံစိုက္သြားမွာပါ။ အဲဒါက ကြၽန္ေတာ္တို႔အတြက္ အခုအခ်ိန္မွာ အေရးအပါဆုံးပြဲစဥ္တစ္ပြဲပါ”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

မန္ခ်က္စတာစီးတီးအသင္းဟာ လာမယ့္ ဒီဇင္ဘာ ၂၈ ရက္ေန႔မွာ ပရီးမီးယားလိဂ္ပြဲစဥ္အျဖစ္ လိဒ္စ္ယူႏိုက္တက္အိမ္ကြင္းကို သြားေရာက္ယွဥ္ၿပိဳင္မွာျဖစ္ၿပီး ဂြါဒီယိုလာရဲ႕အသင္းဟာ လက္ရွိမွာ အမွတ္ေပးဇယားဦးေဆာင္သူ အာဆင္နယ္နဲ႔ ၅ မွတ္ကြာဟေနတာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.