Carabao & FA Match Report Premier League

အဲဗာတန်ကို အိပ်မက်ကဇာတ်ရုံမှာ ရင်ခုန်စရာတွေနဲ့ ကျော်ဖြတ်ခဲ့တဲ့ မန်ယူ

မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား ဒဟေးယား၊ ခံစစ်မှာ ဒါလော့၊ ဗာရွန်း၊ လုခ်ရှောနဲ့ မာလာစီယာတို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ ကာစီမီရို၊ အဲရစ်ဆန်နဲ့ ဘရူနို ဖာနန်ဒက်စ်တို့ကို လူစုံထုတ်ခဲ့သလို တိုက်စစ်မှာတော့ ရှက်ဖို့ဒ်၊ အန်တိုနီနဲ့ မာစီယယ်လ်တို့ကို ခင်းကျင်းလာခဲ့တာဖြစ်ပါတယ်။

ဧည့်သည် အဲဗာတန်တို့ကတော့ ဂိုးသမား ပစ်ခ်ဖို့ဒ်၊ ခံစစ်မှာ ကိုဒီ၊ တာကော့ဗ်စကီး၊ ဂေါ့ဖရီ၊ ကိုးလ်မန်းနဲ့ မစ်ကိုလန်ကိုတို့ကို ကစားစေခဲ့သလို ကွင်းလယ်မှာတော့ အိုနာနာ၊ ဂါနာ ဂေးယီနဲ့ အီဝိုဘီတို့ကို အထိုင်ချခဲ့ပြီး တိုက်စစ်မှာတော့ ဂရေးနဲ့ မော်ပေတို့ နှစ်ဦးကို တွဲဖက်ပေးလာခဲ့တာပါ။

ပွဲချိန် ၄ မိနစ်စွန်းစွန်းကလေးမှာကတည်းက ယူနိုက်တက်တို့ အဖွင့်ဂိုး သွင်းယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ မာစီယယ်လ်က ဘယ်ခြမ်းကို ခင်းပေးတဲ့‌ ဘောလုံးကို ရက်ရှ်ဖို့ဒ်က တောင်ပံကနေ ဂိုးရှေ့ကို အနိမ့်ဘော ချိုးပေးခဲ့ရာမှာ လူများပြီး ပွဲမစည်တဲ့ အဲဗာတန်နောက်ခံလူတွေကြားကနေ အန်တိုနီက အနီးကပ် လျှောထိုးပိတ်သွင်းနိုင်ခဲ့တာဖြစ်ပါတယ်။

အဲဗာတန်တို့အနေနဲ့ ကွင်းလယ်မှာ လုပ်အားနှုန်း ဦးစားပေးကစားသမား သုံးဦးနဲ့ ခံစစ်ငါးဦးတို့ကို သုံးပြီး ခံစစ်ဇုန်မှာ ယူနိုက်တက်တို့ကို စည်းနှစ်ထပ်နဲ့ ဖျက်ဖို့ ကြိုးစားခဲ့ကြပေမယ့် မကြာခဏ ကြားထဲက လွတ်ထွက်နေခဲ့သလို တဖြည်းဖြည်းနဲ့ ယုံကြည်မှု လျော့ကျလာတဲ့ လမ်းပတ်ရဲ့လူတွေ ဧရိယာထဲကိုပဲ ဆုတ်ခံလာခဲ့ကြရတာပါ။

ပွဲချိန် ၁၃ မိနစ်မှာတော့ ဧရိယာအပြင်က အဲဗာတန်တိုက်စစ်မှူး ဂရေးရဲ့ အနိမ့်ဘောကန်ချက်နဲ့ ခြိမ်းခြောက်မှုကို ဂိုးသမား ဒဟေးယား ပုတ်ထုတ်ခဲ့ရသလို ယူနိုက်တက်တို့ရဲ့ ခံစစ်နဲ့ ကွင်းလယ်ကြားက လုံခြုံမှုက ထင်သလောက် မဟုတ်သေးဘူးဆိုတာ နည်းပြ တန်ဟတ်အတွက် သတိထားစရာ ဖြစ်ခဲ့ပါတယ်။

ပွဲချိန် ၁၄ မိနစ်မှာတော့ အဲဗာတန်တို့ ချေပဂိုး ပြန်လည်ရယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ထောင့်ကန်ဘောကတစ်ဆင့် အိုနာနာက ရယူပြီး ဧရိယာထဲကို ခင်းပေးတာကို မော်ပေက ထောင့်ကျဉ်းအနေအထားက အနိမ့်ဘော ကန်သွင်းရာမှာ ခြေထောက်နဲ့ ကာကွယ်ဖို့ကို တရားလွန် အားသန်လွန်းနေတဲ့ ဒဟေးယားကြောင့် ဘောလုံးက ခြေကြားက ထွက်လာခဲ့တာကို ကိုဒီက အနီးကပ် ပိတ်သွင်းနိုင်ခဲ့တာပါ။

ပွဲချိန် ၁၆ မိနစ်မှာ တန်ပြန်တိုက်စစ်ကနေ ရက်ရှ်ဖို့ဒ် ခင်းပေးတာကို မာစီယယ်လ်က သာမန်ကန်ချက်မျိုးသာ ပြုလုပ်နိုင်ခဲ့လို့ ဂိုးသမား ပစ်ခ်ဖို့ဒ် ကာကွယ်သွားနိုင်ခဲ့သလို ရက်ရှ်ဖို့ဒ်၊ အန်တိုနီနဲ့ မာစီယယ်လ်တို့ရဲ့ ကန်ချက်တွေကိုတော့ အဲဗာတန်ခံစစ်နဲ့ ဂိုးသမား ကာကွယ်သွားနိုင်ခဲ့လို့ ပထမပိုင်းမှာ တစ်ဂိုးစီသရေဖြစ်နေခဲ့ကြပါတယ်။

ဒုတိယပိုင်း ပြန်စပြီး ပွဲချိန် ၅၂ မိနစ်မှာတော့ ယူနိုက်တက်တို့ ပြန်လည်ဦးဆောင်နိုင်ခဲ့ကြသလို ဒီဂိုးကိုတော့ ဘယ်ခြမ်းကနေ ဘောလုံးရလာပြီး အဲဗာတန်တို့ရဲ့ ဂိုးဧရိယာထဲကို ကိုးလ်မန်းကို ကျော်ဖြတ်ပြီး ချိုးပေးခဲ့တဲ့ ရက်ရှ်ဖို့ဒ်ရဲ့ ဖြတ်တင်ဘောကို ဖျက်ထုတ်ဖို့ ကြိုးစားတဲ့ ကိုဒီက ကိုယ့်ဂိုးကိုယ် သွင်းမိတာကြောင့် နှစ်ဂိုး-တစ်ဂိုးဖြစ်နေခဲ့တာပါ။

ဒီနောက်မှာတော့ အန်တိုနီရဲ့ ကန်ချက်ကို ပစ်ခ်ဖို့ဒ် ဖမ်းမိသွားခဲ့သလို တန်ပြန်တိုက်စစ်ကနေ ကိုးလ်မန်းရဲ့ ထောင့်ကျဉ်းကန်ချက်ကိုလည်း ဒဟေးယား ကာကွယ်သွားခဲ့ပြီး ဘရူဖို ဖာနန်ဒက်စ်ရဲ့ ဧရိယာအပြင်ဘက် ခပ်လှမ်းလှမ်းက ကန်ချက်ပြင်းပြင်းကတော့ ကန်မယ်မှန်း သိသာနေခဲ့လို့ ပစ်ခ်ဖို့ဒ်ပဲ သတိကြီးကြီးနဲ့ ပုတ်ထုတ်သွားခဲ့ရပါတယ်။

ပွဲချိန် ၇၃ မိနစ်မှာ လူစားဝင်လာတဲ့ ကဲလ်ဗတ်-လူဝင်က ဂရေးရဲ့ ဖြတ်တင်ဘောကနေ ချေပဂိုးသွင်းခဲ့ပေမယ့် ဘောလုံးပေးတဲ့ ဂရေး လူကျွံနေလို့ ပယ်ဖျက်ခံခဲ့ရပြီး ယူနိုက်တက်တို့ ကံကောင်းသွားခဲ့သလို ပွဲချိန် ၈၉ မိနစ်မှာ ရက်ရှ်ဖို့ဒ်ရဲ့ ဖရီးကစ်ကန်ချက်က တော်တော်လေး ကောင်းခဲ့ပေမယ့် ပစ်ခ်ဖို့ဒ်ပဲ ကာကွယ်သွားနိုင်ခဲ့တာပါ။

နာကျင်အချိန်ပို နောက်ဆုံးမိနစ်မှာတော့ ယူနိုက်တက်တို့ အနိုင်သေချာစေမယ့်ဂိုးကို ရရှိခဲ့ကြပြီး ဒီဂိုးကိုတော့ ရှေ့မှာ ချေပဂိုး လိုချင်တဲ့ တက်ဖိနေတဲ့ အဲဗာတန်တို့ကို တန်ပြန်တိုက်စစ်ကနေ ဆွဲပြေးလာခဲ့တဲ့ ဂါနာချိုကို ဧရိယာထဲမှာ နောက်ကနေ တွန်းလှဲခဲ့တဲ့ ဂေါ့ဖရီကြောင့် ပေးခဲ့ရတဲ့ ပင်နယ်တီကို ရက်ရှ်ဖို့ဒ်က ဂိုးသမား ပစ်ခ်ဖို့ဒ် လှဲချအောင် စောင့်ပြီးမှ ဘေးကို ကန်သွင်းယူခဲ့လို့ တတိယဂိုးနဲ့ ပွဲသိမ်းလှခဲ့တာဖြစ်ပါတယ်။

ပွဲချိန်အပြည့်မှာတော့ အက်ဖ်အေဖလားရဲ့ တတိယအဆင့်မှာ အဲဗာတန်တို့ကို မန်ချက်စတာယူနိုက်တက်တို့က သုံးဂိုး-တစ်ဂိုးရလဒ်နဲ့ အိမ်ကွင်း အိုးလ်ထရက်ဖို့ဒ်မှာ ရင်ခုန်စရာနိုင်ပွဲတစ်ပွဲနဲ့အတူ ကျော်ဖြတ်သွားနိုင်ခဲ့ကြပြီး စတုတ္ထအဆင့်ကို အစောဆုံး တက်ရောက်သွားနိုင်ခဲ့ကြချိန်မှာ နည်းပြ ဖရန့် လမ်းပတ်အတွက်ကတော့ နောက်ထပ် နာစရာ ကျင်စရာတွေပဲ ထပ်တိုးလာခဲ့ရပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

မန္ခ်က္စတာယူႏိုက္တက္အသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးသမား ဒေဟးယား၊ ခံစစ္မွာ ဒါေလာ့၊ ဗာ႐ြန္း၊ လုခ္ေရွာနဲ႔ မာလာစီယာတို႔ကို အသုံးျပဳခဲ့ၿပီး ကြင္းလယ္မွာေတာ့ ကာစီမီ႐ို၊ အဲရစ္ဆန္နဲ႔ ဘ႐ူႏို ဖာနန္ဒက္စ္တို႔ကို လူစုံထုတ္ခဲ့သလို တိုက္စစ္မွာေတာ့ ရွက္ဖို႔ဒ္၊ အန္တိုနီနဲ႔ မာစီယယ္လ္တို႔ကို ခင္းက်င္းလာခဲ့တာျဖစ္ပါတယ္။

ဧည့္သည္ အဲဗာတန္တို႔ကေတာ့ ဂိုးသမား ပစ္ခ္ဖို႔ဒ္၊ ခံစစ္မွာ ကိုဒီ၊ တာေကာ့ဗ္စကီး၊ ေဂါ့ဖရီ၊ ကိုးလ္မန္းနဲ႔ မစ္ကိုလန္ကိုတို႔ကို ကစားေစခဲ့သလို ကြင္းလယ္မွာေတာ့ အိုနာနာ၊ ဂါနာ ေဂးယီနဲ႔ အီဝိုဘီတို႔ကို အထိုင္ခ်ခဲ့ၿပီး တိုက္စစ္မွာေတာ့ ဂေရးနဲ႔ ေမာ္ေပတို႔ ႏွစ္ဦးကို တြဲဖက္ေပးလာခဲ့တာပါ။

ပြဲခ်ိန္ ၄ မိနစ္စြန္းစြန္းကေလးမွာကတည္းက ယူႏိုက္တက္တို႔ အဖြင့္ဂိုး သြင္းယူသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ မာစီယယ္လ္က ဘယ္ျခမ္းကို ခင္းေပးတဲ့‌ ေဘာလုံးကို ရက္ရွ္ဖို႔ဒ္က ေတာင္ပံကေန ဂိုးေရွ႕ကို အနိမ့္ေဘာ ခ်ိဳးေပးခဲ့ရာမွာ လူမ်ားၿပီး ပြဲမစည္တဲ့ အဲဗာတန္ေနာက္ခံလူေတြၾကားကေန အန္တိုနီက အနီးကပ္ ေလွ်ာထိုးပိတ္သြင္းႏိုင္ခဲ့တာျဖစ္ပါတယ္။

အဲဗာတန္တို႔အေနနဲ႔ ကြင္းလယ္မွာ လုပ္အားႏႈန္း ဦးစားေပးကစားသမား သုံးဦးနဲ႔ ခံစစ္ငါးဦးတို႔ကို သုံးၿပီး ခံစစ္ဇုန္မွာ ယူႏိုက္တက္တို႔ကို စည္းႏွစ္ထပ္နဲ႔ ဖ်က္ဖို႔ ႀကိဳးစားခဲ့ၾကေပမယ့္ မၾကာခဏ ၾကားထဲက လြတ္ထြက္ေနခဲ့သလို တျဖည္းျဖည္းနဲ႔ ယုံၾကည္မႈ ေလ်ာ့က်လာတဲ့ လမ္းပတ္ရဲ႕လူေတြ ဧရိယာထဲကိုပဲ ဆုတ္ခံလာခဲ့ၾကရတာပါ။

ပြဲခ်ိန္ ၁၃ မိနစ္မွာေတာ့ ဧရိယာအျပင္က အဲဗာတန္တိုက္စစ္မႉး ဂေရးရဲ႕ အနိမ့္ေဘာကန္ခ်က္နဲ႔ ၿခိမ္းေျခာက္မႈကို ဂိုးသမား ဒေဟးယား ပုတ္ထုတ္ခဲ့ရသလို ယူႏိုက္တက္တို႔ရဲ႕ ခံစစ္နဲ႔ ကြင္းလယ္ၾကားက လုံၿခဳံမႈက ထင္သေလာက္ မဟုတ္ေသးဘူးဆိုတာ နည္းျပ တန္ဟတ္အတြက္ သတိထားစရာ ျဖစ္ခဲ့ပါတယ္။

ပြဲခ်ိန္ ၁၄ မိနစ္မွာေတာ့ အဲဗာတန္တို႔ ေခ်ပဂိုး ျပန္လည္ရယူသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ေထာင့္ကန္ေဘာကတစ္ဆင့္ အိုနာနာက ရယူၿပီး ဧရိယာထဲကို ခင္းေပးတာကို ေမာ္ေပက ေထာင့္က်ဥ္းအေနအထားက အနိမ့္ေဘာ ကန္သြင္းရာမွာ ေျခေထာက္နဲ႔ ကာကြယ္ဖို႔ကို တရားလြန္ အားသန္လြန္းေနတဲ့ ဒေဟးယားေၾကာင့္ ေဘာလုံးက ေျခၾကားက ထြက္လာခဲ့တာကို ကိုဒီက အနီးကပ္ ပိတ္သြင္းႏိုင္ခဲ့တာပါ။

ပြဲခ်ိန္ ၁၆ မိနစ္မွာ တန္ျပန္တိုက္စစ္ကေန ရက္ရွ္ဖို႔ဒ္ ခင္းေပးတာကို မာစီယယ္လ္က သာမန္ကန္ခ်က္မ်ိဳးသာ ျပဳလုပ္ႏိုင္ခဲ့လို႔ ဂိုးသမား ပစ္ခ္ဖို႔ဒ္ ကာကြယ္သြားႏိုင္ခဲ့သလို ရက္ရွ္ဖို႔ဒ္၊ အန္တိုနီနဲ႔ မာစီယယ္လ္တို႔ရဲ႕ ကန္ခ်က္ေတြကိုေတာ့ အဲဗာတန္ခံစစ္နဲ႔ ဂိုးသမား ကာကြယ္သြားႏိုင္ခဲ့လို႔ ပထမပိုင္းမွာ တစ္ဂိုးစီသေရျဖစ္ေနခဲ့ၾကပါတယ္။

ဒုတိယပိုင္း ျပန္စၿပီး ပြဲခ်ိန္ ၅၂ မိနစ္မွာေတာ့ ယူႏိုက္တက္တို႔ ျပန္လည္ဦးေဆာင္ႏိုင္ခဲ့ၾကသလို ဒီဂိုးကိုေတာ့ ဘယ္ျခမ္းကေန ေဘာလုံးရလာၿပီး အဲဗာတန္တို႔ရဲ႕ ဂိုးဧရိယာထဲကို ကိုးလ္မန္းကို ေက်ာ္ျဖတ္ၿပီး ခ်ိဳးေပးခဲ့တဲ့ ရက္ရွ္ဖို႔ဒ္ရဲ႕ ျဖတ္တင္ေဘာကို ဖ်က္ထုတ္ဖို႔ ႀကိဳးစားတဲ့ ကိုဒီက ကိုယ့္ဂိုးကိုယ္ သြင္းမိတာေၾကာင့္ ႏွစ္ဂိုး-တစ္ဂိုးျဖစ္ေနခဲ့တာပါ။

ဒီေနာက္မွာေတာ့ အန္တိုနီရဲ႕ ကန္ခ်က္ကို ပစ္ခ္ဖို႔ဒ္ ဖမ္းမိသြားခဲ့သလို တန္ျပန္တိုက္စစ္ကေန ကိုးလ္မန္းရဲ႕ ေထာင့္က်ဥ္းကန္ခ်က္ကိုလည္း ဒေဟးယား ကာကြယ္သြားခဲ့ၿပီး ဘ႐ူဖို ဖာနန္ဒက္စ္ရဲ႕ ဧရိယာအျပင္ဘက္ ခပ္လွမ္းလွမ္းက ကန္ခ်က္ျပင္းျပင္းကေတာ့ ကန္မယ္မွန္း သိသာေနခဲ့လို႔ ပစ္ခ္ဖို႔ဒ္ပဲ သတိႀကီးႀကီးနဲ႔ ပုတ္ထုတ္သြားခဲ့ရပါတယ္။

ပြဲခ်ိန္ ၇၃ မိနစ္မွာ လူစားဝင္လာတဲ့ ကဲလ္ဗတ္-လူဝင္က ဂေရးရဲ႕ ျဖတ္တင္ေဘာကေန ေခ်ပဂိုးသြင္းခဲ့ေပမယ့္ ေဘာလုံးေပးတဲ့ ဂေရး လူကြၽံေနလို႔ ပယ္ဖ်က္ခံခဲ့ရၿပီး ယူႏိုက္တက္တို႔ ကံေကာင္းသြားခဲ့သလို ပြဲခ်ိန္ ၈၉ မိနစ္မွာ ရက္ရွ္ဖို႔ဒ္ရဲ႕ ဖရီးကစ္ကန္ခ်က္က ေတာ္ေတာ္ေလး ေကာင္းခဲ့ေပမယ့္ ပစ္ခ္ဖို႔ဒ္ပဲ ကာကြယ္သြားႏိုင္ခဲ့တာပါ။

နာက်င္အခ်ိန္ပို ေနာက္ဆုံးမိနစ္မွာေတာ့ ယူႏိုက္တက္တို႔ အႏိုင္ေသခ်ာေစမယ့္ဂိုးကို ရရွိခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ေရွ႕မွာ ေခ်ပဂိုး လိုခ်င္တဲ့ တက္ဖိေနတဲ့ အဲဗာတန္တို႔ကို တန္ျပန္တိုက္စစ္ကေန ဆြဲေျပးလာခဲ့တဲ့ ဂါနာခ်ိဳကို ဧရိယာထဲမွာ ေနာက္ကေန တြန္းလွဲခဲ့တဲ့ ေဂါ့ဖရီေၾကာင့္ ေပးခဲ့ရတဲ့ ပင္နယ္တီကို ရက္ရွ္ဖို႔ဒ္က ဂိုးသမား ပစ္ခ္ဖို႔ဒ္ လွဲခ်ေအာင္ ေစာင့္ၿပီးမွ ေဘးကို ကန္သြင္းယူခဲ့လို႔ တတိယဂိုးနဲ႔ ပြဲသိမ္းလွခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္အျပည့္မွာေတာ့ အက္ဖ္ေအဖလားရဲ႕ တတိယအဆင့္မွာ အဲဗာတန္တို႔ကို မန္ခ်က္စတာယူႏိုက္တက္တို႔က သုံးဂိုး-တစ္ဂိုးရလဒ္နဲ႔ အိမ္ကြင္း အိုးလ္ထရက္ဖို႔ဒ္မွာ ရင္ခုန္စရာႏိုင္ပြဲတစ္ပြဲနဲ႔အတူ ေက်ာ္ျဖတ္သြားႏိုင္ခဲ့ၾကၿပီး စတုတၳအဆင့္ကို အေစာဆုံး တက္ေရာက္သြားႏိုင္ခဲ့ၾကခ်ိန္မွာ နည္းျပ ဖရန႔္ လမ္းပတ္အတြက္ကေတာ့ ေနာက္ထပ္ နာစရာ က်င္စရာေတြပဲ ထပ္တိုးလာခဲ့ရပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.