ကြာသပတေးနေ့ညနေက ကာရာဘောင်းဖလား စတုတ္ထအဆင့်ပွဲစဉ်အဖြစ် မန်စီးတီးနဲ့ လီဗာပူးလ်တို့ ယှဉ်ပြိုင်ကစားခဲ့တဲ့ပွဲစဉ်အတွင်း ဂွါဒီယိုလာရဲ့အသင်းက ၃-၂ နဲ့ အနိုင်ရရှိပြီး ကွာတားဖိုင်နယ်တက်ရောက်နိုင်ခဲ့ပြီး ဒီပွဲစဉ်မှာ ဟာလန်းက အဖွင့်ဂိုးသွင်းယူဖို့ ၁၀ မိနစ်သာ အချိန်ယူခဲ့ရပါတယ်။
အသက် ၂၂ နှစ်အရွယ် တိုက်စစ်မှူးဟာ ပြီးခဲ့တဲ့ ၅ ပတ်စလုံး ကမ္ဘာ့ဖလားနားရက်ကြောင့် ပြိုင်ပွဲနဲ့ ဝေးကွာနေခဲ့တာဖြစ်ပြီး နော်ဝေအသင်းဟာ ကမ္ဘာ့ဖလားဝင်ခွင့်မရခဲ့တာကြောင့် နော်ဝေတိုက်စစ်မှူးဟာ စီးတီးအသင်းဖော်တွေ ကာတာရောက်နေချိန်မှာ အနားယူနေခဲ့ရတာဖြစ်ပါတယ်။
မန်ချက်စတာစီးတီးကို ပြောင်းရွှေ့ခဲ့တဲ့အချိန်ကတည်းက ဟက်ထရစ် ၃ ကြိမ်အပါအဝင် ကြောက်မက်ဖွယ် သွင်းဂိုး ၂၃ ဂိုးအထိ သွင်းယူနိုင်ခဲ့တဲ့ ဟာလန်းဟာ ကြာသပတေးနေ့ညနေမှာ ၂၄ ဂိုးဖြစ်လာစေမယ့် သွင်းဂိုးကို သွင်းယူခဲ့တာဖြစ်ပါတယ်။
အာလင်း ဟာလန်းဟာ လီဗာပူးလ်ဂိုးသမား ကယ်လေဟာကို ကျော်ကန်ဖို့ ကြိုးပမ်းခဲ့ပြီးနောက် အဖွင့်ပွဲကစားချိန်တွေကတည်းက ဂိုးသွင်းယူနိုင်တော့မယ့်ပုံပေါ်ခဲ့တာဖြစ်ပြီး မန်စီးတီးကြယ်ပွင့်ဟာ ၎င်းရဲ့ ကန်သွင်းမှုက ဘေးကိုဝိုက်သွားတာကြောင့် စိတ်ပျက်သွားခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။
ဒါပေမယ့်လည်း ဟာလန်းဟာ နောက်ထပ် အခွင့်အရေး ရရှိဖို့ သိပ်ကြာကြာမစောင့်ဆိုင်းခဲ့ရဘဲ ကိုး ပါလ်မာက ဘယ်တောင်ပံဘက်ခြမ်းက ဒီဘရိုင်းနားဆီ ပေးပို့ခဲ့ပြီး ဘယ်လ်ဂျီယမ်ကြယ်ပွင့်ဟာ ဂျိုး ဂိုးမက်ဇ်နဲ့ ရောဘတ်ဆန်တို့ကြားမှာ ရှိနေတဲ့ ဟာလန်းဆီ ဘယ်ခြေနဲ့ ဖြတ်တင်ပေးပို့ခဲ့တာဖြစ်ပါတယ်။
ဟာလန်းဟာ ဒီဘရိုင်းနား ဖြတ်တင်ပေးပို့လိုက်တဲ့ဘောလုံးကို အလွန်ကောင်းမွန်တဲ့ ပြေးလွှားမှုနဲ့အတူ ခြေထောက်ဆန့်ထုတ်ပြီး ဂိုးဘယ်ဖက်အောက်ထောင့်ကို ကန်သွင်းယူသွားခဲ့တာဖြစ်ပြီး ပရိသတ်တွေဟာ ပထမပိုင်း ၁၀ မိနစ်မှာ ဂိုးသွင်းယူခဲ့တဲ့ ဟာလန်းဟာ ကမ္ဘာ့ဖလားကာလအတွင်း အိမ်မှာ မယုံနိုင်လောက်အောင် ပျင်းရိစွာနဲ့ ထိုင်နေခဲ့ရတာဖြစ်လိမ့်မယ်လို့ ဟာသဖောက်ခဲ့ကြတာဖြစ်ပါတယ်။
“ဒီဘရိုင်းနားနဲ့ ဟာလန်းတို့ ၁၀ မိနစ်အတွင်း ချိတ်ဆက်ပြီး ဂိုးသွင်းယူခဲ့တယ်။ သူ သူ့ကို အမှန်တကယ် လွမ်းဆွတ်နေခဲ့တာပဲ”လို့ ပရိသတ်တစ်ဦးက ပြောကြားခဲ့ပြီး “သူ ဒီမှာ ဘာအချိန်မှ ဖြုန်းမနေဘူး။ အခုအချိန်မှာ ကမ္ဘာပေါ်မှာ သူ့ထက် ပိုကောင်းတာ ဘယ်သူမှမရှိဘူး”လို့ နောက်ထပ် ပရိသတ်တစ်ဦးကလည်း မှတ်ချက်ပေးခဲ့ပါတယ်။
REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.
ZAWGYI:
ၾကာသပေတးေန႔ညေနက ကာရာေဘာင္းဖလား စတုတၳအဆင့္ပြဲစဥ္အျဖစ္ မန္စီးတီးနဲ႔ လီဗာပူးလ္တို႔ ယွဥ္ၿပိဳင္ကစားခဲ့တဲ့ပြဲစဥ္အတြင္း ဂြါဒီယိုလာရဲ႕အသင္းက ၃-၂ နဲ႔ အႏိုင္ရရွိၿပီး ကြာတားဖိုင္နယ္တက္ေရာက္ႏိုင္ခဲ့ၿပီး ဒီပြဲစဥ္မွာ ဟာလန္းက အဖြင့္ဂိုးသြင္းယူဖို႔ ၁၀ မိနစ္သာ အခ်ိန္ယူခဲ့ရပါတယ္။
အသက္ ၂၂ ႏွစ္အ႐ြယ္ တိုက္စစ္မႉးဟာ ၿပီးခဲ့တဲ့ ၅ ပတ္စလုံး ကမာၻ႔ဖလားနားရက္ေၾကာင့္ ၿပိဳင္ပြဲနဲ႔ ေဝးကြာေနခဲ့တာျဖစ္ၿပီး ေနာ္ေဝအသင္းဟာ ကမာၻ႔ဖလားဝင္ခြင့္မရခဲ့တာေၾကာင့္ ေနာ္ေဝတိုက္စစ္မႉးဟာ စီးတီးအသင္းေဖာ္ေတြ ကာတာေရာက္ေနခ်ိန္မွာ အနားယူေနခဲ့ရတာျဖစ္ပါတယ္။
မန္ခ်က္စတာစီးတီးကို ေျပာင္းေ႐ႊ႕ခဲ့တဲ့အခ်ိန္ကတည္းက ဟက္ထရစ္ ၃ ႀကိမ္အပါအဝင္ ေၾကာက္မက္ဖြယ္ သြင္းဂိုး ၂၃ ဂိုးအထိ သြင္းယူႏိုင္ခဲ့တဲ့ ဟာလန္းဟာ ၾကာသပေတးေန႔ညေနမွာ ၂၄ ဂိုးျဖစ္လာေစမယ့္ သြင္းဂိုးကို သြင္းယူခဲ့တာျဖစ္ပါတယ္။
အာလင္း ဟာလန္းဟာ လီဗာပူးလ္ဂိုးသမား ကယ္ေလဟာကို ေက်ာ္ကန္ဖို႔ ႀကိဳးပမ္းခဲ့ၿပီးေနာက္ အဖြင့္ပြဲကစားခ်ိန္ေတြကတည္းက ဂိုးသြင္းယူႏိုင္ေတာ့မယ့္ပုံေပၚခဲ့တာျဖစ္ၿပီး မန္စီးတီးၾကယ္ပြင့္ဟာ ၎ရဲ႕ ကန္သြင္းမႈက ေဘးကိုဝိုက္သြားတာေၾကာင့္ စိတ္ပ်က္သြားခဲ့တာကို ျမင္ေတြ႕ခဲ့ရပါတယ္။
ဒါေပမယ့္လည္း ဟာလန္းဟာ ေနာက္ထပ္ အခြင့္အေရး ရရွိဖို႔ သိပ္ၾကာၾကာမေစာင့္ဆိုင္းခဲ့ရဘဲ ကိုး ပါလ္မာက ဘယ္ေတာင္ပံဘက္ျခမ္းက ဒီဘ႐ိုင္းနားဆီ ေပးပို႔ခဲ့ၿပီး ဘယ္လ္ဂ်ီယမ္ၾကယ္ပြင့္ဟာ ဂ်ိဳး ဂိုးမက္ဇ္နဲ႔ ေရာဘတ္ဆန္တို႔ၾကားမွာ ရွိေနတဲ့ ဟာလန္းဆီ ဘယ္ေျခနဲ႔ ျဖတ္တင္ေပးပို႔ခဲ့တာျဖစ္ပါတယ္။
ဟာလန္းဟာ ဒီဘ႐ိုင္းနား ျဖတ္တင္ေပးပို႔လိုက္တဲ့ေဘာလုံးကို အလြန္ေကာင္းမြန္တဲ့ ေျပးလႊားမႈနဲ႔အတူ ေျခေထာက္ဆန႔္ထုတ္ၿပီး ဂိုးဘယ္ဖက္ေအာက္ေထာင့္ကို ကန္သြင္းယူသြားခဲ့တာျဖစ္ၿပီး ပရိသတ္ေတြဟာ ပထမပိုင္း ၁၀ မိနစ္မွာ ဂိုးသြင္းယူခဲ့တဲ့ ဟာလန္းဟာ ကမာၻ႔ဖလားကာလအတြင္း အိမ္မွာ မယုံႏိုင္ေလာက္ေအာင္ ပ်င္းရိစြာနဲ႔ ထိုင္ေနခဲ့ရတာျဖစ္လိမ့္မယ္လို႔ ဟာသေဖာက္ခဲ့ၾကတာျဖစ္ပါတယ္။
“ဒီဘ႐ိုင္းနားနဲ႔ ဟာလန္းတို႔ ၁၀ မိနစ္အတြင္း ခ်ိတ္ဆက္ၿပီး ဂိုးသြင္းယူခဲ့တယ္။ သူ သူ႔ကို အမွန္တကယ္ လြမ္းဆြတ္ေနခဲ့တာပဲ”လို႔ ပရိသတ္တစ္ဦးက ေျပာၾကားခဲ့ၿပီး “သူ ဒီမွာ ဘာအခ်ိန္မွ ျဖဳန္းမေနဘူး။ အခုအခ်ိန္မွာ ကမာၻေပၚမွာ သူ႔ထက္ ပိုေကာင္းတာ ဘယ္သူမွမရွိဘူး”လို႔ ေနာက္ထပ္ ပရိသတ္တစ္ဦးကလည္း မွတ္ခ်က္ေပးခဲ့ပါတယ္။
REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.