UCL&UEL

တိုက်ခန်းထဲနေတဲ့သူတောင် ရှောင်ခဲ့ရတဲ့ ဆာကာရဲ့ကန်ချက်

ဘူကာယို ဆာကာဟာ ၎င်းရဲ့ လူငယ်ကစားသမားဘဝ ရယ်စရာအကောင်းဆုံး လွဲချော်မှုကို ရင်ဆိုင်ခဲ့ရပြီး အာဆင်နယ်နဲ့ ဘိုဒို ဂလင့်တို့ပွဲကို တိုက်ခန်းထဲကနေ ကြည့်နေတဲ့ ပရိသတ်ကိုတောင် ထိတ်လန့်သွားစေခဲ့တာဖြစ်ပါတယ်။

ဆာကာဟာ ယခုရာသီမှာ အာဆင်နယ်အသင်းအတွက် အကောင်းဆုံး ရာသီစတင်မှုကို ပိုင်ဆိုင်နိုင်အောင် ကူညီပေးထားခဲ့တဲ့ ကစားသမားဖြစ်ပြီး အသက် ၂၁ နှစ်အရွယ်သာ ရှိသေးပေမယ့်လည်း ကလပ်အသင်းမှာရော လက်ရွေးစင်အသင်းမှာပါ ပုံမှန်ပွဲထွက်ခွင့်ရ ကစားသမားဖြစ်နေခဲ့ပြီဖြစ်ပါတယ်။

ဆာကာဟာ ပြီးခဲ့တဲ့အပတ်က လီဗာပူးလ်ကို ၃-၂ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ အနိုင် ၃ မှတ်စလုံးကို ရရှိစေမယ့် အနိုင်ဂိုးကို ပင်နယ်တီကနေ သွင်းယူပေးသွားခဲ့တာဖြစ်ပြီး ပွဲအရှိန်က အမြင့်မားဆုံးရောက်နေတဲ့အချိန်မှာတောင် အင်္ဂလန်ကြယ်ပွင့်ကို စိတ်အေးအေးနဲ့ ကန်သွင်းယူပြခဲ့တာဖြစ်ပါတယ်။

ကြာသပတေးနေ့ညမှာ ဆာကာဟာ နောက်ထပ် အနိုင်သွင်းဂိုးရှင် ဖြစ်ခဲ့တာဖြစ်ပြီး အာတီတာရဲ့အသင်းဟာ ယူရိုပါလိဂ်အုပ်စုပွဲစဉ်အဖြစ် ဘိုဒို ဂလင့်အိမ်ကွင်းကို လာရောက်ယှဉ်ပြိုင်ခဲ့ရချိန်မှာ ဂိုးပေါက်ရှာတွေ့ဖို့ ရုန်းကန်နေခဲ့ရတာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ပထမပိုင်း ၂၄ မိနစ်မှာ ဘိုဒို ဂလင့် နောက်ခံကစားသမားရှင်းထုတ်လိုက်တဲ့ဘောလုံးက ဆာကာရဲ့ ရင်ဘတ်ကို လာထိမှန်ပြီး ဂိုးရရှိတာဖြစ်ပြီး အင်္ဂလန်ကြယ်ပွင့်အတွက်တော့ ခက်ခက်ခဲခဲ မကြိုးပမ်းလိုက်ရဘဲ အလိုအလျောက် ဂိုးသွင်းယူနိုင်ခဲ့တာ ဖြစ်ပေမယ့်လည်း နောက်ထပ်အခွင့်အရေး ရရှိခဲ့ချိန်မှာတော့ မယုံနိုင်စရာကောင်းလောက်အောင် လွဲချော်ခဲ့တာဖြစ်ပါတယ်။

ဆာကာရဲ့ ကန်ချက်ဟာ ဂိုးဘားတန်းပေါ် ကျော်သွားရုံတင်သာမကဘဲ ဂိုးအနောက်ဘက်မှာရှိနေတဲ့ တိုက်ခန်းတွေထဲက တစ်ခန်းထဲကို ဘောလုံးက တန်းတန်းမတ်မတ် ဝင်သွားခဲ့တာဖြစ်ပြီး ဘောလုံးပွဲကို ကြည့်ရှုခံစားနေတဲ့ ပရိသတ်ဟာ ဘောလုံးက ပြူတင်းပေါက်ကနေ ဝှီးခနဲ ဝင်လာချိန်မှာ တော်တော်လေး လန့်ဖျပ်သွားခဲ့တာဖြစ်ပါတယ်။

“သူက သူ့အိမ်မှာ ညစာလေး အေးဆေးစားနေပြီး ဘူကာယို ဆာကာက ဘောလုံးကို သူ့အိမ်ထဲ ဝင်သွားအောင် ကန်ထည့်လိုက်တယ်။ ယူရိုပါလိဂ်က အရယ်ရဆုံးပဲကွာ”လို့ လူမှုကွန်ရက်ပေါ်က ပရိသတ်တစ်ဦးက ရေးသားခဲ့ပြီး “ဆာကာရဲ့ ကန်ချက်က ကိုယ့်တိုက်ခန်းထဲမှာ ကိုယ် အေးဆေးနေတဲ့သူဆီ တန်းတန်းမတ်မတ် ရောက်သွာတယ်။ ယူရိုပါလိဂ်မှာပဲ ဒါမျိုးဖြစ်နိုင်တယ်”လို့ နေက်ထပ် ပရိသတ်တစ်ဦးကလည်း မှတ်ချက်ပေးခဲ့ပါတယ်။

ဆာကာဟာ အာဆင်နယ်အသင်းအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို ကံကောင်းထောက်မစွာနဲ့ သွင်းယူနိုင်ခဲ့ပြီး ပွဲအပြီးမှာ ဘောလုံးက ၎င်းရဲ့ ရင်ဘတ်ကို လာမှန်ခဲ့တာမဟုတ်ဘူးလို့ အတည်ပြုခဲ့ပြီး “ကျွန်တော့် နှုတ်ခမ်းကို လာမှန်သွားခဲ့တာလို့ ထင်ပါတယ်”လို့ BT Sport ကို ပြောကြားခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ဘူကာယို ဆာကာဟာ ၎ရဲ႕ လူငယ္ကစားသမားဘဝ ရယ္စရာအေကာင္းဆုံး လြဲေခ်ာ္မႈကို ရင္ဆိုင္ခဲ့ရၿပီး အာဆင္နယ္နဲ႔ ဘိုဒို ဂလင့္တို႔ပြဲကို တိုက္ခန္းထဲကေန ၾကည့္ေနတဲ့ ပရိသတ္ကိုေတာင္ ထိတ္လန႔္သြားေစခဲ့တာျဖစ္ပါတယ္။

ဆာကာဟာ ယခုရာသီမွာ အာဆင္နယ္အသင္းအတြက္ အေကာင္းဆုံး ရာသီစတင္မႈကို ပိုင္ဆိုင္ႏိုင္ေအာင္ ကူညီေပးထားခဲ့တဲ့ ကစားသမားျဖစ္ၿပီး အသက္ ၂၁ ႏွစ္အ႐ြယ္သာ ရွိေသးေပမယ့္လည္း ကလပ္အသင္းမွာေရာ လက္ေ႐ြးစင္အသင္းမွာပါ ပုံမွန္ပြဲထြက္ခြင့္ရ ကစားသမားျဖစ္ေနခဲ့ၿပီျဖစ္ပါတယ္။

ဆာကာဟာ ၿပီးခဲ့တဲ့အပတ္က လီဗာပူးလ္ကို ၃-၂ နဲ႔ အႏိုင္ရရွိခဲ့တဲ့ပြဲစဥ္မွာ အႏိုင္ ၃ မွတ္စလုံးကို ရရွိေစမယ့္ အႏိုင္ဂိုးကို ပင္နယ္တီကေန သြင္းယူေပးသြားခဲ့တာျဖစ္ၿပီး ပြဲအရွိန္က အျမင့္မားဆုံးေရာက္ေနတဲ့အခ်ိန္မွာေတာင္ အဂၤလန္ၾကယ္ပြင့္ကို စိတ္ေအးေအးနဲ႔ ကန္သြင္းယူျပခဲ့တာျဖစ္ပါတယ္။

ၾကာသပေတးေန႔ညမွာ ဆာကာဟာ ေနာက္ထပ္ အႏိုင္သြင္းဂိုးရွင္ ျဖစ္ခဲ့တာျဖစ္ၿပီး အာတီတာရဲ႕အသင္းဟာ ယူ႐ိုပါလိဂ္အုပ္စုပြဲစဥ္အျဖစ္ ဘိုဒို ဂလင့္အိမ္ကြင္းကို လာေရာက္ယွဥ္ၿပိဳင္ခဲ့ရခ်ိန္မွာ ဂိုးေပါက္ရွာေတြ႕ဖို႔ ႐ုန္းကန္ေနခဲ့ရတာ ျဖစ္ပါတယ္။

ဒါေပမယ့္လည္း ပထမပိုင္း ၂၄ မိနစ္မွာ ဘိုဒို ဂလင့္ ေနာက္ခံကစားသမားရွင္းထုတ္လိုက္တဲ့ေဘာလုံးက ဆာကာရဲ႕ ရင္ဘတ္ကို လာထိမွန္ၿပီး ဂိုးရရွိတာျဖစ္ၿပီး အဂၤလန္ၾကယ္ပြင့္အတြက္ေတာ့ ခက္ခက္ခဲခဲ မႀကိဳးပမ္းလိုက္ရဘဲ အလိုအေလ်ာက္ ဂိုးသြင္းယူႏိုင္ခဲ့တာ ျဖစ္ေပမယ့္လည္း ေနာက္ထပ္အခြင့္အေရး ရရွိခဲ့ခ်ိန္မွာေတာ့ မယုံႏိုင္စရာေကာင္းေလာက္ေအာင္ လြဲေခ်ာ္ခဲ့တာျဖစ္ပါတယ္။

ဆာကာရဲ႕ ကန္ခ်က္ဟာ ဂိုးဘားတန္းေပၚ ေက်ာ္သြား႐ုံတင္သာမကဘဲ ဂိုးအေနာက္ဘက္မွာရွိေနတဲ့ တိုက္ခန္းေတြထဲက တစ္ခန္းထဲကို ေဘာလုံးက တန္းတန္းမတ္မတ္ ဝင္သြားခဲ့တာျဖစ္ၿပီး ေဘာလုံးပြဲကို ၾကည့္ရႈခံစားေနတဲ့ ပရိသတ္ဟာ ေဘာလုံးက ျပဴတင္းေပါက္ကေန ဝွီးခနဲ ဝင္လာခ်ိန္မွာ ေတာ္ေတာ္ေလး လန႔္ဖ်ပ္သြားခဲ့တာျဖစ္ပါတယ္။

“သူက သူ႔အိမ္မွာ ညစာေလး ေအးေဆးစားေနၿပီး ဘူကာယို ဆာကာက ေဘာလုံးကို သူ႔အိမ္ထဲ ဝင္သြားေအာင္ ကန္ထည့္လိုက္တယ္။ ယူ႐ိုပါလိဂ္က အရယ္ရဆုံးပဲကြာ”လို႔ လူမႈကြန္ရက္ေပၚက ပရိသတ္တစ္ဦးက ေရးသားခဲ့ၿပီး “ဆာကာရဲ႕ ကန္ခ်က္က ကိုယ့္တိုက္ခန္းထဲမွာ ကိုယ္ ေအးေဆးေနတဲ့သူဆီ တန္းတန္းမတ္မတ္ ေရာက္သြာတယ္။ ယူ႐ိုပါလိဂ္မွာပဲ ဒါမ်ိဳးျဖစ္ႏိုင္တယ္”လို႔ ေနက္ထပ္ ပရိသတ္တစ္ဦးကလည္း မွတ္ခ်က္ေပးခဲ့ပါတယ္။

ဆာကာဟာ အာဆင္နယ္အသင္းအတြက္ တစ္လုံးတည္းေသာ အႏိုင္ဂိုးကို ကံေကာင္းေထာက္မစြာနဲ႔ သြင္းယူႏိုင္ခဲ့ၿပီး ပြဲအၿပီးမွာ ေဘာလုံးက ၎ရဲ႕ ရင္ဘတ္ကို လာမွန္ခဲ့တာမဟုတ္ဘူးလို႔ အတည္ျပဳခဲ့ၿပီး “ကြၽန္ေတာ့္ ႏႈတ္ခမ္းကို လာမွန္သြားခဲ့တာလို႔ ထင္ပါတယ္”လို႔ BT Sport ကို ေျပာၾကားခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.