Premier League UCL&UEL

အိုင်းယက်စ်နဲ့ပွဲမှာ လန်ထွက်နေတဲ့ ကြယ်ပွင့်ကစားသမားကို ချီးကျူးမဆုံးဖြစ်နေတဲ့ ပရိသတ်များ

လီဗာပူးလ်အသင်းဟာ အင်္ဂါနေ့ညက အန်းဖီးမှာ အိုင်းယက်စ်အသင်းကို လက်ခံယှဉ်ပြိုင်ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ နိုင်ပွဲရရှိခဲ့ပြီးနောက် လီဗာပူးလ်ပရိသတ်တွေဟာ အခုမှ အသက်ဝဝရှူနိုင်ခဲ့ပြီဖြစ်ပါတယ်။

ယာဂန် ကလော့ပ်ရဲ့အသင်းသားတွေဟာ အသင်းလိုက်စွမ်းဆောင်ရည်ကို အထင်ကြီးဖွယ် ပြသနိုင်ခဲ့ပေမယ့်လည်း လီဗာပူးလ်ပရိသတ်တွေဟာ အိုင်းယက်စ်နဲ့ပွဲစဉ်အတွင်းက ကစားသမားတစ်ဦးကို ၎င်းရဲ့ စွမ်းဆောင်ရည်ကြောင့် အထူးတလည် ချီးကျူးခဲ့ကြပါတယ်။

သီယေဂို အယ်လ်ကန်တာရာဟာ ခံစစ်ပိုင်းတောင့်တင်းတဲ့ အိုင်းယက်စ်ကို အနိုင်ဂိုး သွင်းယူဖို့ ခက်ခက်ခဲခဲ တိုက်ပွဲဝင်ခဲ့ရတဲ့ လီဗာပူးလ်အသင်းရဲ့ အကောင်းဆုံးကစားသမားတွေထဲက တစ်ဦးဖြစ်ခဲ့သူဖြစ်ပြီး စပိန်ကွင်းလယ်ကစားသမားဟာ အိမ်ရှင်တွေအတွက် ဘောလုံးပေးပို့စရာလမ်းကြောင်းရှာဖွေခြင်း၊ အခွင့်အရေးဖန်တီးပေးခြင်းနဲ့ ခံစစ်ပိုင်း ဆင်းကူခြင်းစတဲ့တာဝန်တွေကို ထမ်းဆောင်ပေးခဲ့တာကြောင့် အဓိကကျခဲ့သူဖြစ်ပါတယ်။

အန်းဖီးအမာခံပရိသတ်တွေဟာ သီယေဂိုရဲ့ စွမ်းဆောင်ရည်ကို တွစ်တာလူမှုကွန်ရက်ပေါ်မှာ အလျင်အမြန် ချီးမွမ်းခန်းဖွင့်ခဲ့ကြပြီး စပိန်လက်ရွေးစင်ကွင်းလယ်ကစားသမားဟာ ဒတ်ချ်ချန်ပီယံတွေနဲ့ပွဲမှာ အသင်းရဲ့အောင်မြင်မှုအတွက် ကြီးမားတဲ့အစိတ်အပိုင်းအဖြစ် ချီးကျူးခြင်းခံခဲ့ရပါတယ်။

“သီယေဂို အယ်လ်ကန်တာရာက ပရီးမီးယားလိဂ်မှာ အကောင်းဆုံးကွင်းလယ်ကစားသမားပဲ။ တစ်လကို စက္ကန့်အနည်းငယ်ထက် ပိုပြီး ကြာကြာ ကြံ့ခိုင်နေဖို့ပဲ ဆုတောင်းပါတယ်”လို့ တွစ်တာအသုံးပြုသူတစ်ဦးက ရေးသားခဲ့ပြီး “သီယေဂိုလို့ ခေါ်တဲ့ ဒီလူကို ခင်ဗျား မြင်လား။ ကျေးဇူးပြုပြီး ခင်ဗျား ဘုရားရှိခိုးဆုတောင်းတိုင်းမှာ ဒီလူကို ဒဏ်ရာပြဿနာကင်းနေပါစေလို့ ထည့်ပြီး ဆုတောင်းပေးပါ။ ကျွန်တော်တို့ သူ့ကို ရှေ့လျှောက် လိုအပ်ပါလိမ့်မယ်။ သူ မပါဝင်တဲ့အချိန်တိုင်း သူက ကျွန်တော်တို့ ပျောက်ဆုံးနေတဲ့အစိတ်အပိုင်းတစ်ခုဖြစ်ခဲ့တဲ့သူပါ”လို့ နောက်ထပ်ပရိသတ်တစ်ဦးကလည်း မှတ်ချက်ပေးခဲ့ပါတယ်။

လီဗာပူးလ်အသင်းဟာ ချန်ပီယံလိဂ်အုပ်စုအဖွင့်ပွဲစဉ်မှာ နာပိုလီကို အရှက်ရဖွယ် ရှုံးနိမ့်ခဲ့ပြီးနောက် ဒတ်ချ်ထိပ်သီးအသင်းကြီးဖြစ်တဲ့ အိုင်းယက်စ်ကို အန်းဖီးမှာ ၂-၁ နဲ့ အနိုင်ယူနိုင်ခဲ့တာဖြစ်ပြီး ပထမပိုင်း ၁၇ မိနစ်မှာ မိုဟာမက် ဆာလားသွင်းယူခဲ့တဲ့ အဖွင့်ဂိုးကို မိုဟာမက် ကူးဒူးစ်က ၂၇ မှာ ပြန်လည် ချေဖျက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

လီဗာပူးလ်ဟာ ဒုတိယပိုင်းမှာ ခေါင်းမာတဲ့ ဒတ်ချ်ကလပ်ကို အနိုင်ဂိုး သွင်းယူဖို့ ရေကုန် ရေခမ်းကြိုးပမ်းခဲ့ရပြီး ၈၉ မိနစ်မှာ မာတစ်ပ်က ဆီမီကတ်စ်ရဲ့ဖြတ်တင်ပေးပို့မှုကနေတဆင့် အိမ်ရှင်အသင်းနဲ့ ထိုက်တန်တဲ့ အနိုင်ဂိုးကို သွင်းယူပေးသွားခဲ့ပြီး လီဗာပူးလ်အသင်းဟာ ယခုရာသီ ဥရောပနိုင်ပွဲကို စတင်ရရှိခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: လီဗာပူးလ္အသင္းဟာ အဂၤါေန႔ညက အန္းဖီးမွာ အိုင္းယက္စ္အသင္းကို လက္ခံယွဥ္ၿပိဳင္ကစားခဲ့တဲ့ ခ်န္ပီယံလိဂ္ပြဲစဥ္မွာ ႏိုင္ပြဲရရွိခဲ့ၿပီးေနာက္ လီဗာပူးလ္ပရိသတ္ေတြဟာ အခုမွ အသက္ဝဝရႉႏိုင္ခဲ့ၿပီျဖစ္ပါတယ္။

ယာဂန္ ကေလာ့ပ္ရဲ႕အသင္းသားေတြဟာ အသင္းလိုက္စြမ္းေဆာင္ရည္ကို အထင္ႀကီးဖြယ္ ျပသႏိုင္ခဲ့ေပမယ့္လည္း လီဗာပူးလ္ပရိသတ္ေတြဟာ အိုင္းယက္စ္နဲ႔ပြဲစဥ္အတြင္းက ကစားသမားတစ္ဦးကို ၎ရဲ႕ စြမ္းေဆာင္ရည္ေၾကာင့္ အထူးတလည္ ခ်ီးက်ဴးခဲ့ၾကပါတယ္။

သီေယဂို အယ္လ္ကန္တာရာဟာ ခံစစ္ပိုင္းေတာင့္တင္းတဲ့ အိုင္းယက္စ္ကို အႏိုင္ဂိုး သြင္းယူဖို႔ ခက္ခက္ခဲခဲ တိုက္ပြဲဝင္ခဲ့ရတဲ့ လီဗာပူးလ္အသင္းရဲ႕ အေကာင္းဆုံးကစားသမားေတြထဲက တစ္ဦးျဖစ္ခဲ့သူျဖစ္ၿပီး စပိန္ကြင္းလယ္ကစားသမားဟာ အိမ္ရွင္ေတြအတြက္ ေဘာလုံးေပးပို႔စရာလမ္းေၾကာင္းရွာေဖြျခင္း၊ အခြင့္အေရးဖန္တီးေပးျခင္းနဲ႔ ခံစစ္ပိုင္း ဆင္းကူျခင္းစတဲ့တာဝန္ေတြကို ထမ္းေဆာင္ေပးခဲ့တာေၾကာင့္ အဓိကက်ခဲ့သူျဖစ္ပါတယ္။

အန္းဖီးအမာခံပရိသတ္ေတြဟာ သီေယဂိုရဲ႕ စြမ္းေဆာင္ရည္ကို တြစ္တာလူမႈကြန္ရက္ေပၚမွာ အလ်င္အျမန္ ခ်ီးမြမ္းခန္းဖြင့္ခဲ့ၾကၿပီး စပိန္လက္ေ႐ြးစင္ကြင္းလယ္ကစားသမားဟာ ဒတ္ခ်္ခ်န္ပီယံေတြနဲ႔ပြဲမွာ အသင္းရဲ႕ေအာင္ျမင္မႈအတြက္ ႀကီးမားတဲ့အစိတ္အပိုင္းအျဖစ္ ခ်ီးက်ဴးျခင္းခံခဲ့ရပါတယ္။

“သီေယဂို အယ္လ္ကန္တာရာက ပရီးမီးယားလိဂ္မွာ အေကာင္းဆုံးကြင္းလယ္ကစားသမားပဲ။ တစ္လကို စကၠန႔္အနည္းငယ္ထက္ ပိုၿပီး ၾကာၾကာ ႀကံ့ခိုင္ေနဖို႔ပဲ ဆုေတာင္းပါတယ္”လို႔ တြစ္တာအသုံးျပဳသူတစ္ဦးက ေရးသားခဲ့ၿပီး “သီေယဂိုလို႔ ေခၚတဲ့ ဒီလူကို ခင္ဗ်ား ျမင္လား။ ေက်းဇူးျပဳၿပီး ခင္ဗ်ား ဘုရားရွိခိုးဆုေတာင္းတိုင္းမွာ ဒီလူကို ဒဏ္ရာျပႆနာကင္းေနပါေစလို႔ ထည့္ၿပီး ဆုေတာင္းေပးပါ။ ကြၽန္ေတာ္တို႔ သူ႔ကို ေရွ႕ေလွ်ာက္ လိုအပ္ပါလိမ့္မယ္။ သူ မပါဝင္တဲ့အခ်ိန္တိုင္း သူက ကြၽန္ေတာ္တို႔ ေပ်ာက္ဆုံးေနတဲ့အစိတ္အပိုင္းတစ္ခုျဖစ္ခဲ့တဲ့သူပါ”လို႔ ေနာက္ထပ္ပရိသတ္တစ္ဦးကလည္း မွတ္ခ်က္ေပးခဲ့ပါတယ္။

လီဗာပူးလ္အသင္းဟာ ခ်န္ပီယံလိဂ္အုပ္စုအဖြင့္ပြဲစဥ္မွာ နာပိုလီကို အရွက္ရဖြယ္ ရႈံးနိမ့္ခဲ့ၿပီးေနာက္ ဒတ္ခ်္ထိပ္သီးအသင္းႀကီးျဖစ္တဲ့ အိုင္းယက္စ္ကို အန္းဖီးမွာ ၂-၁ နဲ႔ အႏိုင္ယူႏိုင္ခဲ့တာျဖစ္ၿပီး ပထမပိုင္း ၁၇ မိနစ္မွာ မိုဟာမက္ ဆာလားသြင္းယူခဲ့တဲ့ အဖြင့္ဂိုးကို မိုဟာမက္ ကူးဒူးစ္က ၂၇ မွာ ျပန္လည္ ေခ်ဖ်က္ႏိုင္ခဲ့တာ ျဖစ္ပါတယ္။

လီဗာပူးလ္ဟာ ဒုတိယပိုင္းမွာ ေခါင္းမာတဲ့ ဒတ္ခ်္ကလပ္ကို အႏိုင္ဂိုး သြင္းယူဖို႔ ေရကုန္ ေရခမ္းႀကိဳးပမ္းခဲ့ရၿပီး ၈၉ မိနစ္မွာ မာတစ္ပ္က ဆီမီကတ္စ္ရဲ႕ျဖတ္တင္ေပးပို႔မႈကေနတဆင့္ အိမ္ရွင္အသင္းနဲ႔ ထိုက္တန္တဲ့ အႏိုင္ဂိုးကို သြင္းယူေပးသြားခဲ့ၿပီး လီဗာပူးလ္အသင္းဟာ ယခုရာသီ ဥေရာပႏိုင္ပြဲကို စတင္ရရွိခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.