Match Report Other Leagues UCL&UEL

ပေါ်တိုကို သူ့အိမ်ကွင်းမှာ အရှက်ခွဲပြီး ခြေစွမ်းကောင်းလွန်းနေခဲ့တဲ့ နိုင်ပွဲဆက် ဘရုဂျ်

ပေါ်တိုအသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား ဒီယိုဂို ကော်စတာ၊ ခံစစ်မှာ ပီပီ၊ ဒေးဗစ် ကာမို၊ ဆာနူဆီ၊ ဂျာအို မာရီယိုတို့နဲ့ ပွဲထွက်လာခဲ့ပြီး ကွင်းလယ်မှာတော့ အူရီဘေး၊ အူစတာကီယို၊ ဂါလီနိုနဲ့ အော့တာဗျိုတို့ကို အသုံးပြုခဲ့သလို တိုက်စစ်မှာတော့ အီဗာနီလ်ဆန်နဲ့ ပေပေတို့ကို တွဲကစားစေခဲ့တာ ဖြစ်ပါတယ်။

ဧည့်သည် ကလပ်ဘရုဂျ်တို့ကတော့ ဂိုးသမား မစ်နိုလက်၊ ခံစစ်မှာ ဆီးလား၊ မက်ရှီလီ၊ အိုဒွိုင်းနဲ့ မိုင်ယာတို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ အွန်ယီဒီကာ၊ နီးလ်ဆန်နဲ့ ဗာနာကင်တို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ ယူဂလာ၊ ဆိုဝါနဲ့ စကော့ဗ် အော်လ်ဆ်တို့ကို ပွဲထုတ်လာခဲ့တာပါ။

ပွဲချိန် ၁၅ မိနစ်မှာကတည်းက ဧည့်သည်တွေ ထင်မှတ်မထားဘဲ အဖွင့်ဂိုး ရယူနိုင်ခဲ့သလို ဒီဂိုးကိုတော့ ပေါ်တိုကြီးမိုက်ကြီး ပီပီရဲ့ အူကြောင်ကြောင် အမှားကနေ ယူဂလာက ရယူဖို့ ကြိုးစားတာကို ဂျာအို မာရီယိုက ဘောလုံးမထိဘဲ ဖျက်မိလို့ ရတဲ့ ပင်နယ်တီကို ယူဂလာက သူကိုယ်တိုင်ပဲ ညာဘက်အောက်ထောင့်ကို အပြင်းကန်သွင်းပြီး ဂိုးအဖြစ် ပြောင်းလဲနိုင်ခဲ့တာဖြစ်ပါတယ်။

ပေါ်တိုတို့ တိုက်စစ်ကစားဖို့ ကြိုးစားပေမယ့် ဘရုဂျ်တို့ဘက်က ကွင်းလယ်မှာပဲ ခပ်ကြမ်းကြမ်း တားဆီးသွားခဲ့တာကြောင့် နည်းပြ ဆာဂျီယို ကွန်ဆေးဆားရဲ့ ကွင်းလယ်က အလုပ်မဖြစ်ချိန်မှာ သူတို့တွေရဲ့ လူအင်အားကလည်း အရင်လိုမျိုး မတောင့်တင်းတော့တာကို တွေ့ရပြီး ချားလ်စ် ဒီကက်တယ်လာရေးကို ထုတ်ရောင်းထားတဲ့ ဘယ်လ်ဂျီယမ်သားတွေဘက်ကတောင် ကစားပုံ ပိုကောင်းနေခဲ့တာပါ။

ပထမပိုင်းမှာ အိမ်ရှင် ပေါ်တိုတို့ တစ်ဂိုး-ဂိုးမရှိနဲ့ ရှုံးနိမ့်နေခဲ့ပြီး ဒုတိယပိုင်းအစမှာတော့ အီဗာနီလ်ဆန်နဲ့ ဂျာအို မာရီယိုတို့အစား တိုနီ မာတီနက်ဇ်နဲ့ လုတ်ဒါတို့ကို ထည့်သွင်းပြီး နည်းပြ ကွန်ဆေးဆားက တိုက်စစ်မြှင့်လာခဲ့သလို ပွဲအစမှာ ရှေ့တန်းကစားနေတဲ့ ပေပေကတော့ ညာနောက်ခံနေရာကို ပြောင်းကစားသွားခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၄၇ မိနစ်မှာတော့ ဂိုးရသွားတာ အိမ်ရှင်တွေ မဟုတ်ဘဲ ဧည့်သည်တွေပဲ ဖြစ်ခဲ့ပြီး ဒီဂိုးကိုတော့ တိုက်စစ်မှူး ယူဂလာကို အင်အားသုံး ဝိုင်းဖျက်ပြီး လဲကျအောင် စွမ်းဆောင်ခဲ့ကြတဲ့ ပေါ်တိုနောက်တန်းတွေ ကြောင်နေတုန်းမှာ နောက်က ပါလာတဲ့ ဆိုဝါက ဧရိယာထဲ ဆွဲဝင်ပြီး ဂိုးသမားနဲ့ အတွေ့မှာ ဘယ်ဘက်ကို အသာအယာ ကန်ထည့်သွားခဲ့တာပါ။

ပွဲချိန် ၅၂ မိနစ်မှာ ဘရုဂျ်တို့ပဲ တတိယ ဦးဆောင်ဂိုးကို သွင်းယူသွားခဲ့ကြပြန်ပြီး ဘယ်ခြမ်းကနေ ဗာနာကင် ပေးတဲ့ ဘောလုံးကို မိုင်ယာက အနိမ့်ဘော ဖြတ်တင်ပေးရာမှာ ဝင်ပိတ်တဲ့ နီးလ်ဆန် လွဲချော်သွားခဲ့ပေမယ့် ညာခြမ်းမှာ နေရာယူထားတဲ့ စကော့ဗ် အော်လ်ဆန်က Half Volley ကန်သွင်းပြီး ဂိုးသမား ကော်စတာကို အနိုင်ယူခဲ့တာဖြစ်ပါတယ်။

ဒီနောက်မှာ ပေါ်တိုဘက်က အော့တာဗျိုနဲ့ ဂါလီနိုတို့အစား ဂွန်ဆာလို ဘော့ဂျက်စ်နဲ့ ဂါဘရီယယ်လ် ဗာရွန်တို့ကို ထည့်ပြီး တိုက်စစ်မြင့်ခဲ့ပေမယ့် ဂိုးသမား မစ်နိုလက်ကို မကျော်နိုင်ခဲ့ကြသလို ဧည့်သည် ကလပ် ဘရုဂျ်တို့ဘက်ကလည်း လူစား လေးယောက်အထိ လဲကစားပြီး အဝေးကွင်းနိုင်ပွဲကို ထိန်းသိမ်းရယူနိုင်ဖို့ ကြိုးစားလာခဲ့ကြတာပါ။

ပွဲချိန် ၈၉ မိနစ်မှာတော့ ဘရုဂျ်တို့ပဲ စတုတ္ထ အနိုင်ဂိုးကို သွင်းယူသွားနိုင်ခဲ့ကြပြီး တန်ပြန်တိုက်စစ်ကနေ ကွင်းလယ်လူ နီးလ်ဆန်က ပေါ်တို ခံစစ်ကြောင်းကြားထဲကို ခင်းပေးခဲ့တာကို အသက် ၁၇ နှစ်သာ ရှိသေးတဲ့ လူစားဝင် လူငယ်တိုက်စစ်မှူး နူဆာက ပြေးထွက်ရယူပြီး ဘယ်ဘက်တိုင်ခြေကို အနိမ့်ဘော ကန်သွင်းယူသွားခဲ့လို့ အိမ်ရှင်တွေ အရှက်တကွဲဖြစ်ခဲ့ရပါတယ်။

ပွဲချိန်အပြည့်မှာတော့ တစ်ချိန်က ချန်ပီယံလိဂ်မှာ ဘာဆိုလားဖြစ်ခဲ့တဲ့ ဆရာကြီး ပေါ်တိုတို့ အိမ်ကွင်းမှာ လေးဂိုး-ဂိုးမရှိနဲ့ အရှက်ပြေဂိုးလေး တစ်ဂိုးတောင် ပြန်ရအောင် မစွမ်းဆောင်နိုင်ခဲ့ဘဲ လဲပြိုကျဆုံးသွားအောင် ကလပ် ဘရုဂျ်တို့ စွမ်းဆောင်နိုင်ခဲ့ကြပြီး အုပ်စု(B)ကို နှစ်ပွဲကစား နှစ်ပွဲနိုင် သွင်းဂိုး ငါးဂိုး၊ ပေးဂိုးမရှိနဲ့ ဦးဆောင်ထားနိုင်ခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:


ဧည့်သည် ကလပ်ဘရုဂ်ျတို့ကတော့ ဂိုးသမား မစ်နိုလက်၊ ခံစစ်မှာ ဆီးလား၊ မက်ရှီလီ၊ အိုဒွိုင်းနဲ့ မိုင်ယာတို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ အွန်ယီဒီကာ၊ နီးလ်ဆန်နဲ့ ဗာနာကင်တို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ ယူဂလာ၊ ဆိုဝါနဲ့ စကော့ဗ် အော်လ်ဆ်တို့ကို ပွဲထုတ်လာခဲ့တာပါ။


ပေါ်တိုတို့ တိုက်စစ်ကစားဖို့ ကြိုးစားပေမယ့် ဘရုဂ်ျတို့ဘက်က ကွင်းလယ်မှာပဲ ခပ်ကြမ်းကြမ်း တားဆီးသွားခဲ့တာကြောင့် နည်းပြ ဆာဂျီယို ကွန်ဆေးဆားရဲ့ ကွင်းလယ်က အလုပ်မဖြစ်ချိန်မှာ သူတို့တွေရဲ့ လူအင်အားကလည်း အရင်လိုမျိုး မတောင့်တင်းတော့တာကို တွေ့ရပြီး ချားလ်စ် ဒီကက်တယ်လာရေးကို ထုတ်ရောင်းထားတဲ့ ဘယ်လ်ဂျီယမ်သားတွေဘက်ကတောင် ကစားပုံ ပိုကောင်းနေခဲ့တာပါ။



ပွဲချိန် ၅၂ မိနစ်မှာ ဘရုဂ်ျတို့ပဲ တတိယ ဦးဆောင်ဂိုးကို သွင်းယူသွားခဲ့ကြပြန်ပြီး ဘယ်ခြမ်းကနေ ဗာနာကင် ပေးတဲ့ ဘောလုံးကို မိုင်ယာက အနိမ့်ဘော ဖြတ်တင်ပေးရာမှာ ဝင်ပိတ်တဲ့ နီးလ်ဆန် လွဲချော်သွားခဲ့ပေမယ့် ညာခြမ်းမှာ နေရာယူထားတဲ့ စကော့ဗ် အော်လ်ဆန်က Half Volley ကန်သွင်းပြီး ဂိုးသမား ကော်စတာကို အနိုင်ယူခဲ့တာဖြစ်ပါတယ်။

ဒီနောက်မှာ ပေါ်တိုဘက်က အော့တာဗျိုနဲ့ ဂါလီနိုတို့အစား ဂွန်ဆာလို ဘော့ဂျက်စ်နဲ့ ဂါဘရီယယ်လ် ဗာရွန်တို့ကို ထည့်ပြီး တိုက်စစ်မြင့်ခဲ့ပေမယ့် ဂိုးသမား မစ်နိုလက်ကို မကျော်နိုင်ခဲ့ကြသလို ဧည့်သည် ကလပ် ဘရုဂ်ျတို့ဘက်ကလည်း လူစား လေးယောက်အထိ လဲကစားပြီး အဝေးကွင်းနိုင်ပွဲကို ထိန်းသိမ်းရယူနိုင်ဖို့ ကြိုးစားလာခဲ့ကြတာပါ။

ပွဲချိန် ၈၉ မိနစ်မှာတော့ ဘရုဂ်ျတို့ပဲ စတုတ္ထ အနိုင်ဂိုးကို သွင်းယူသွားနိုင်ခဲ့ကြပြီး တန်ပြန်တိုက်စစ်ကနေ ကွင်းလယ်လူ နီးလ်ဆန်က ပေါ်တို ခံစစ်ကြောင်းကြားထဲကို ခင်းပေးခဲ့တာကို အသက် ၁၇ နှစ်သာ ရှိသေးတဲ့ လူစားဝင် လူငယ်တိုက်စစ်မှူး နူဆာက ပြေးထွက်ရယူပြီး ဘယ်ဘက်တိုင်ခြေကို အနိမ့်ဘော ကန်သွင်းယူသွားခဲ့လို့ အိမ်ရှင်တွေ အရှက်တကွဲဖြစ်ခဲ့ရပါတယ်။

ပွဲချိန်အပြည့်မှာတော့ တစ်ချိန်က ချန်ပီယံလိဂ်မှာ ဘာဆိုလားဖြစ်ခဲ့တဲ့ ဆရာကြီး ပေါ်တိုတို့ အိမ်ကွင်းမှာ လေးဂိုး-ဂိုးမရှိနဲ့ အရှက်ပြေဂိုးလေး တစ်ဂိုးတောင် ပြန်ရအောင် မစွမ်းဆောင်နိုင်ခဲ့ဘဲ လဲပြိုကျဆုံးသွားအောင် ကလပ် ဘရုဂ်ျတို့ စွမ်းဆောင်နိုင်ခဲ့ကြပြီး အုပ်စု(B)ကို နှစ်ပွဲကစား နှစ်ပွဲနိုင် သွင်းဂိုး ငါးဂိုး၊ ပေးဂိုးမရှိနဲ့ ဦးဆောင်ထားနိုင်ခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
SPORTS A2Z.