Bundesliga La Liga Match Report UCL&UEL

ဝုန်းခနဲ နှစ်ဂိုးသိပ်ပြီး ဆီမီယွန်နီရဲ့ လေကြီးတဲ့ ခေတ်ကုန်ပြီလို့ ပြသခဲ့တဲ့ လေဗာကူဆင်

လေဗာကူဆင်အသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား ဟရာဒက်စကီ၊ ခံစစ်မှာ တက်ပ်ဆိုဘာ၊ ဂျိုနသန်တား၊ ကော့ဆူးနူးနဲ့ ဟင်ကာပီတို့ကို ပွဲထုတ်ခဲ့ပြီး ကွင်းလယ်မှာတော့ အန်းဒရစ်ချ်၊ ဒီမီယာဘိုင်းတို့အတွဲကို အထိုင်ချခဲ့သလို ဟဒ်ဆန်-အိုဒွိုင်းနဲ့ ဒီယာဘီတို့က တောင်ပံတွေမှာ ကစားခဲ့ချိန်မှာ တိုက်စစ်ကိုတော့ ရှစ်ခ်ရဲ့ နောက်က ဟလိုဂျက်က လိုက်ကစားပြီး ချက်အတွဲကို မြင်ခဲ့ရတာဖြစ်ပါတယ်။

အက်သလက်တီကိုတို့ကတော့ ဒဏ်ရာရနေတဲ့ ဂိုးသမား အော့ဘ်လက်ခ်နေရာမှာ ဂါဘစ် ဝင်ကစားခဲ့သလို ခံစစ်မှာတော့ ဟာမိုဆို၊ ဖလိပီ၊ ဝစ်ဆယ်လ်၊ မန်ဒါဗာနဲ့ မိုလီနာတို့ ကစားခဲ့ကြပြီး ကွင်းလယ်မှာတော့ ယော်ရန်တေ၊ ကိုကီ၊ ဆာအူးလ် ညီးရက်ဇ်တို့နဲ့ ခင်းကျင်းလာခဲ့ချိန်မှာ တိုက်စစ်ကို မိုရာတာနဲ့ ဂျာအို ဖဲလစ္စတို့က ဦးဆောင်ခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၆ မိနစ်မှာ လေဗာကူဆင်ဘက်က ဟင်ကာပီ တင်ပေးတာကနေ ပြန်ထွက်လာတာကို အန်းဒရစ်ချ် ကန်ချက်က ဘားကျော်သွားခဲ့ပြီး ပွဲချိန် ၂၂ မိနစ်မှာတော့ တက်ပ်ဆိုဘာ လက်နဲ့ ရှပ်ထိခဲ့တဲ့ ဘောလုံးကို အက်သလက်တီကိုတို့ ပင်နယ်တီ တောင်းဆိုခဲ့ပေမယ့် မတော်တဆအဖြစ် သတ်မှတ်ပြီး VAR နဲ့ ဒိုင်လူကြီး မိုက်ကယ် အိုလီဗာတို့က ပယ်ချသွားခဲ့တာပါ။

ပထမပိုင်းမှာ အပြန်အလှန်တိုက်စစ်ဆင်ခဲ့ကြပေမယ့် ဂိုးမရှိသရေကျနေခဲ့ကြပြီး ဒုတိယပိုင်းအစမှာတော့ တီကိုတို့ဘက်က ဆာအူးလ်အစား ဒီပေါလ်ကို ထည့်သွင်းခဲ့သလို ပွဲချိန် ၄၈ မိနစ်မှာတော့ ဒီယာဘီရဲ့ ဖန်တီးမှုကနေ ရှစ်ခ်ရဲ့ ကန်သွင်းချက်က ဘားထိထွက်ခဲ့သလို ပြန်ကျလာတဲ့ ဘောလုံးကို ဟလိုဂျက်က ခေါင်းတိုက်သွင်းခဲ့တာကလည်း တိုင်ထိထွက်ခဲ့လို့ လေဗာကူဆင်တို့ နစ်နာခဲ့ရတာဖြစ်ပါတယ်။

ဒီနောက်ပိုင်းမှာ ပွဲကို အိမ်ရှင် လေဗာကူဆင်တို့ ထိန်းကစားခဲ့ကြပြီး ဆီမီယွန်နီရဲ့ တစ်နှစ်ထက်တစ်နှစ် ဆုတ်ယုတ်လာတဲ့ ကစားကွက်တွေနဲ့ အက်သလက်တီကိုတို့ အဖိခံနေခဲ့ရလို့ မိနစ် ၆၀ ကျော်မှာ ဂရစ်ဇ်မန်း၊ ကာရက်စ်ကိုတို့ကို ထည့်သွင်းခဲ့ပြီး ၇၃ မိနစ်မှာ ကွန်ညာနဲ့ ကော်ရီးယားတို့လို တိုက်စစ်မှူးတွေကို ထပ်ထည့်ခဲ့ပေမယ့် ဂိုးသမား ဟရာဒက်စကီကို မကျော်နိုင်ခဲ့တာပါ။

ပွဲချိန် ၈၄ မိနစ်မှာတော့ လေဗာကူဆင်တို့ အဖွင့်ဂိုး ရယူနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ညာခြမ်းကနေ လူစားဝင်တောင်ပံသမား ဖရင်မ်ပေါင်က ဟာမိုဆိုကို ကျော်ဖြတ်ပြီး အနိမ့်ဘော ချိုးပေးတာကို ဧရိယာထိပ်မှာ လွတ်နေတဲ့ ကွင်းလယ်လူ အန်းဒရစ်ချ်က ဘယ်ဘက်တိုင်ခြေကို ကန်သွင်းပြီး ဂိုးအဖြစ် ပြောင်းလဲနိုင်ခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၈၈ မိနစ်မှာ အက်သလက်တီကိုတို့ရဲ့ ကွင်းလယ်အမှားကနေ လေဗာကူဆင်တို့ အနိုင်ပြတ်သားစေမယ့်ဂိုးကို သွင်းယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ဟဒ်ဆန်-အိုဒွိုင်းက ကွင်းလယ်ကနေ ညာခြမ်းကို ထုတ်ပေးခဲ့တဲ့ ဘောလုံးကို ဖရင်မ်ပေါင်က တောက်လျှောက်ဆွဲပြေးပြီးက အဝေးတိုင်ဘက် ဖြတ်တင်ပေးရာမှာ ဘယ်ခြမ်းမှာ ရှိနေတဲ့ ဒီယာဘီက ပြေးပိတ်ပြီး ဒုတိယဂိုး ရယူပေးခဲ့တာပါ။

ဒီနောက်ပိုင်းမှာတော့ လေဗာကူဆင်တို့ဘက်က တက်ပ်ဆိုဘာ၊ ဒီယာဘီ၊ ရှစ်ခ်နဲ့ ဟဒ်ဆန်-အိုဒွိုင်းတို့အစား ဘက်ကာ၊ အက်ဇ်မုန်၊ အာမီရီနဲ့ အာရန်ဟစ်ဇ်တို့ကို ထည့်သွင်းပြီး ပွဲကို ထိန်းကစားသွားခဲ့သလို ခြေကျနေတဲ့ ကစားသမားတွေရယ်၊ ဆီမီယွန်နီရဲ့ ပုံမှန်မဟုတ်တဲ့ ကစားကွက်ရယ်နဲ့ အက်သလက်တီကိုတို့ကတော့ မတုံ့ပြန်နိုင်ကြတော့တာဖြစ်ပါတယ်။

ပွဲချိန်အပြည့်မှာတော့ လေဗာကူဆင်တို့ အိမ်ကွင်းမှာ နှစ်ဂိုး-ဂိုးမရှိနဲ့ အောင်ပွဲခံနိုင်ခဲ့ကြပြီး နောက်တစ်ဆင့်တက်ဖို့ အဓိက ပြိုင်ဘက်တစ်သင်း ဖြစ်လာနိုင်တဲ့‌ အက်သလက်တီကိုတို့ကို ဂျာမန်မြေမှာ ဝုန်းလိုက်နိုင်သလို နောက်လာမယ့် ခြေကျနေတဲ့ အသင်းတစ်သင်းဖြစ်တဲ့ ပေါ်တိုနဲ့ပွဲမှာ ရလဒ်ကောင်းခဲ့ရင် ရှုံးထွက်အဆင့်ကို တက်ရောက်ဖို့ မျှော်လင့်နိုင်မှာဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ေလဗာကူဆင္အသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးသမား ဟရာဒက္စကီ၊ ခံစစ္မွာ တက္ပ္ဆိုဘာ၊ ဂ်ိဳနသန္တား၊ ေကာ့ဆူးႏူးနဲ႔ ဟင္ကာပီတို႔ကို ပြဲထုတ္ခဲ့ၿပီး ကြင္းလယ္မွာေတာ့ အန္းဒရစ္ခ်္၊ ဒီမီယာဘိုင္းတို႔အတြဲကို အထိုင္ခ်ခဲ့သလို ဟဒ္ဆန္-အိုဒြိဳင္းနဲ႔ ဒီယာဘီတို႔က ေတာင္ပံေတြမွာ ကစားခဲ့ခ်ိန္မွာ တိုက္စစ္ကိုေတာ့ ရွစ္ခ္ရဲ႕ ေနာက္က ဟလိုဂ်က္က လိုက္ကစားၿပီး ခ်က္အတြဲကို ျမင္ခဲ့ရတာျဖစ္ပါတယ္။

အက္သလက္တီကိုတို႔ကေတာ့ ဒဏ္ရာရေနတဲ့ ဂိုးသမား ေအာ့ဘ္လက္ခ္ေနရာမွာ ဂါဘစ္ ဝင္ကစားခဲ့သလို ခံစစ္မွာေတာ့ ဟာမိုဆို၊ ဖလိပီ၊ ဝစ္ဆယ္လ္၊ မန္ဒါဗာနဲ႔ မိုလီနာတို႔ ကစားခဲ့ၾကၿပီး ကြင္းလယ္မွာေတာ့ ေယာ္ရန္ေတ၊ ကိုကီ၊ ဆာအူးလ္ ညီးရက္ဇ္တို႔နဲ႔ ခင္းက်င္းလာခဲ့ခ်ိန္မွာ တိုက္စစ္ကို မိုရာတာနဲ႔ ဂ်ာအို ဖဲလစၥတို႔က ဦးေဆာင္ခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္ ၆ မိနစ္မွာ ေလဗာကူဆင္ဘက္က ဟင္ကာပီ တင္ေပးတာကေန ျပန္ထြက္လာတာကို အန္းဒရစ္ခ်္ ကန္ခ်က္က ဘားေက်ာ္သြားခဲ့ၿပီး ပြဲခ်ိန္ ၂၂ မိနစ္မွာေတာ့ တက္ပ္ဆိုဘာ လက္နဲ႔ ရွပ္ထိခဲ့တဲ့ ေဘာလုံးကို အက္သလက္တီကိုတို႔ ပင္နယ္တီ ေတာင္းဆိုခဲ့ေပမယ့္ မေတာ္တဆအျဖစ္ သတ္မွတ္ၿပီး VAR နဲ႔ ဒိုင္လူႀကီး မိုက္ကယ္ အိုလီဗာတို႔က ပယ္ခ်သြားခဲ့တာပါ။

ပထမပိုင္းမွာ အျပန္အလွန္တိုက္စစ္ဆင္ခဲ့ၾကေပမယ့္ ဂိုးမရွိသေရက်ေနခဲ့ၾကၿပီး ဒုတိယပိုင္းအစမွာေတာ့ တီကိုတို႔ဘက္က ဆာအူးလ္အစား ဒီေပါလ္ကို ထည့္သြင္းခဲ့သလို ပြဲခ်ိန္ ၄၈ မိနစ္မွာေတာ့ ဒီယာဘီရဲ႕ ဖန္တီးမႈကေန ရွစ္ခ္ရဲ႕ ကန္သြင္းခ်က္က ဘားထိထြက္ခဲ့သလို ျပန္က်လာတဲ့ ေဘာလုံးကို ဟလိုဂ်က္က ေခါင္းတိုက္သြင္းခဲ့တာကလည္း တိုင္ထိထြက္ခဲ့လို႔ ေလဗာကူဆင္တို႔ နစ္နာခဲ့ရတာျဖစ္ပါတယ္။

ဒီေနာက္ပိုင္းမွာ ပြဲကို အိမ္ရွင္ ေလဗာကူဆင္တို႔ ထိန္းကစားခဲ့ၾကၿပီး ဆီမီယြန္နီရဲ႕ တစ္ႏွစ္ထက္တစ္ႏွစ္ ဆုတ္ယုတ္လာတဲ့ ကစားကြက္ေတြနဲ႔ အက္သလက္တီကိုတို႔ အဖိခံေနခဲ့ရလို႔ မိနစ္ ၆၀ ေက်ာ္မွာ ဂရစ္ဇ္မန္း၊ ကာရက္စ္ကိုတို႔ကို ထည့္သြင္းခဲ့ၿပီး ၇၃ မိနစ္မွာ ကြန္ညာနဲ႔ ေကာ္ရီးယားတို႔လို တိုက္စစ္မႉးေတြကို ထပ္ထည့္ခဲ့ေပမယ့္ ဂိုးသမား ဟရာဒက္စကီကို မေက်ာ္ႏိုင္ခဲ့တာပါ။

ပြဲခ်ိန္ ၈၄ မိနစ္မွာေတာ့ ေလဗာကူဆင္တို႔ အဖြင့္ဂိုး ရယူႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ညာျခမ္းကေန လူစားဝင္ေတာင္ပံသမား ဖရင္မ္ေပါင္က ဟာမိုဆိုကို ေက်ာ္ျဖတ္ၿပီး အနိမ့္ေဘာ ခ်ိဳးေပးတာကို ဧရိယာထိပ္မွာ လြတ္ေနတဲ့ ကြင္းလယ္လူ အန္းဒရစ္ခ်္က ဘယ္ဘက္တိုင္ေျခကို ကန္သြင္းၿပီး ဂိုးအျဖစ္ ေျပာင္းလဲႏိုင္ခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္ ၈၈ မိနစ္မွာ အက္သလက္တီကိုတို႔ရဲ႕ ကြင္းလယ္အမွားကေန ေလဗာကူဆင္တို႔ အႏိုင္ျပတ္သားေစမယ့္ဂိုးကို သြင္းယူသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ဟဒ္ဆန္-အိုဒြိဳင္းက ကြင္းလယ္ကေန ညာျခမ္းကို ထုတ္ေပးခဲ့တဲ့ ေဘာလုံးကို ဖရင္မ္ေပါင္က ေတာက္ေလွ်ာက္ဆြဲေျပးၿပီးက အေဝးတိုင္ဘက္ ျဖတ္တင္ေပးရာမွာ ဘယ္ျခမ္းမွာ ရွိေနတဲ့ ဒီယာဘီက ေျပးပိတ္ၿပီး ဒုတိယဂိုး ရယူေပးခဲ့တာပါ။

ဒီေနာက္ပိုင္းမွာေတာ့ ေလဗာကူဆင္တို႔ဘက္က တက္ပ္ဆိုဘာ၊ ဒီယာဘီ၊ ရွစ္ခ္နဲ႔ ဟဒ္ဆန္-အိုဒြိဳင္းတို႔အစား ဘက္ကာ၊ အက္ဇ္မုန္၊ အာမီရီနဲ႔ အာရန္ဟစ္ဇ္တို႔ကို ထည့္သြင္းၿပီး ပြဲကို ထိန္းကစားသြားခဲ့သလို ေျခက်ေနတဲ့ ကစားသမားေတြရယ္၊ ဆီမီယြန္နီရဲ႕ ပုံမွန္မဟုတ္တဲ့ ကစားကြက္ရယ္နဲ႔ အက္သလက္တီကိုတို႔ကေတာ့ မတုံ႔ျပန္ႏိုင္ၾကေတာ့တာျဖစ္ပါတယ္။

ပြဲခ်ိန္အျပည့္မွာေတာ့ ေလဗာကူဆင္တို႔ အိမ္ကြင္းမွာ ႏွစ္ဂိုး-ဂိုးမရွိနဲ႔ ေအာင္ပြဲခံႏိုင္ခဲ့ၾကၿပီး ေနာက္တစ္ဆင့္တက္ဖို႔ အဓိက ၿပိဳင္ဘက္တစ္သင္း ျဖစ္လာႏိုင္တဲ့‌ အက္သလက္တီကိုတို႔ကို ဂ်ာမန္ေျမမွာ ဝုန္းလိုက္ႏိုင္သလို ေနာက္လာမယ့္ ေျခက်ေနတဲ့ အသင္းတစ္သင္းျဖစ္တဲ့ ေပၚတိုနဲ႔ပြဲမွာ ရလဒ္ေကာင္းခဲ့ရင္ ရႈံးထြက္အဆင့္ကို တက္ေရာက္ဖို႔ ေမွ်ာ္လင့္ႏိုင္မွာျဖစ္ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.