Match Report Premier League

ဟားလန်းနဲ့ အယ်လ်ဗာရက်ဇ် ပြိုင်ပြီး ဖောရက်စ်ကို ဂိုးပြတ်ပညာပေးခဲ့တဲ့ မန်စီးတီး

မန်ချက်စတာစီးတီးအသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား အီဒါဆန်၊ ခံစစ်မှာ ဂျွန်စတုန်းစ်၊ ရူဘင် ဒီယက်စ်၊ ဝေါ်လ်ကာ၊ ကန်ဆယ်လိုတို့ကို ကစားစေခဲ့ပြီး ကွင်းလယ်မှာတော့ ဂွန်ဒိုးဝမ်၊ ရိုဒရီနဲ့ ဘာနာဒို ဆေးလ်ဗားတို့ကို ခင်းကျင်းလာခဲ့သလို တိုက်စစ်မှာတော့ အဲလ်ဗာရက်ဇ်၊ ဖိုဒန်နဲ့ ဟားလန်းတို့ကို ပွဲထုတ်ခဲ့တာဖြစ်ပါတယ်။

နော့တင်ဟမ်ဖောရက်စ်တို့ကတော့ ဂိုးသမား ဟန်ဒါဆန်၊ ခံစစ်မှာ မက်ကင်နာ၊ ဝေါရဲလ်၊ ကူယာတေး၊ ရီနန် လိုဒီနဲ့ ဝီလီယမ်စ်တို့ကို ထားခဲ့ပြီး ကွင်းလယ်မှာတော့ ဖရွိုင်လာ၊ ယိတ်စ်နဲ့ အိုဘရိုင်ယန်တို့ ကစားလာခဲ့ကြသလို တိုက်စစ်မှာတော့ ဂစ်ဘ်စ်-ဝှိုက်နဲ့ ဂျွန်ဆန်တို့ ပွဲထွက်လာခဲ့ကြတာပါ။

ပွဲချိန် ၁၂ မိနစ်မှာ စီးတီးတို့ အဖွင့်ဂိုးကို စတင်သွင်းယူနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ထောင့်ကန်ဘောကနေ အတိုပေးပြီး ဖိုဒန်က ဖြတ်တင်ပေးတာကို ဟားလန်းက သူ့ကို ကပ်ထားတဲ့ ဖောရက်စ် အသင်းခေါင်းဆောင် နောက်ခံလူ ဝေါရဲလ်နဲ့ အင်အားပြိုင်ပြီးမှ အနီးတိုင်ထောင့်ကနေ Volley ကန်ချက်နဲ့ ပိတ်သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၂၃ မိနစ်မှာတော့ အိမ်ရှင်တွေ ဒုတိယ ဦးဆောင်ဂိုး ထပ်မံရယူနိုင်ခဲ့ပြီး ဒီတစ်ကြိမ်မှာတော့ ဖောရက်စ်ဂိုးသမား ဟန်ဒါဆန်ရဲ့ မတိကျတဲ့ ပေးပို့မှုကနေ စီးတီးတို့ ဘောလုံးပြန်ရခဲ့ရာမှာ ဟားလန်းက ဧရိယာထဲကို ထိုးပေးခဲ့ချိန်မှာ နောက်ခံလူနှစ်ယောက် ညှပ်ထားတာခံရလို့ ကန်ခွင့်မသာတဲ့ ဖိုဒန်က မကန်ဘဲ အတွင်းကို ပြန်ချိုးပေးတာကို နော်ဝေသားကပဲ သူ့ရဲ့ ဒုတိယဂိုးအဖြစ် အသာအယာ ကန်ထည့်ခဲ့တာပါ။

ပွဲချိန် ၃၈ မိနစ်မှာတော့ စီးတီးတို့ပဲ တတိယ ဦးဆောင်ဂိုးကို သွင်းယူနိုင်ခဲ့ကြပြီး ထောင့်ကန်ဘောက ပြန်ထွက်လာရာကနေ ကန်ဆယ်လို တင်ပေးတာကို ဖိုဒန်က အဝေးတိုင်ဘက်ကို ခေါင်းတိုက်ချပေးရာမှာ နောက်ခံလူ ဂျွန်စတုန်းစ်က ဂိုးရှေ့ကို ပြန်တိုက်ပို့တဲ့ ဘောလုံးကို ဟားလန်းက ဖောရက်စ်နောက်ခံလူတွေနဲ့ အပြိုင် ခေါင်းတိုက်သွင်းယူနိုင်ခဲ့လို့ ခေါင်းတိုက်ချက်သုံးချက်နဲ့ ဂိုးရယူသွားခဲ့ကြတာဖြစ်ပါတယ်။

ဒုတိယပိုင်း ပြန်စပြီး ပွဲချိန် မိနစ် ၅၀ မှာတော့ စီးတီးတို့ပဲ စတုတ္ထဦးဆောင်ဂိုးကို ထပ်မံရယူသွားခဲ့ပြီး ဒီဂိုးကိုတော့ ညာခြမ်းက ဘောလုံးရလာတဲ့ ဘာနာဒို ဆေးလ်ဗားက ခုမှ ပရီးမီးယားလိဂ်မှာ ခြေချတဲ့ ရီနန် လိုဒီကို ကျော်ဖြတ်ပြီး နောက်ကို ပြန်ချပေးတာကို ဧရိယာထိပ်မှာ နေရာယူထားတဲ့ ကန်ဆယ်လိုက ညာဘက်အဝေးတိုင်ကို ဝိုက်ကန်မလိုလိုနဲ့ အနီးတိုင်ဘက်ကို အပြင်းကန်သွင်းခဲ့ရာမှာ ဂိုးသမား ဟန်ဒါဆန် အငိုက်မိပြီး ဂိုးပေးခဲ့ရတာဖြစ်ပါတယ်။

ပွဲချိန် ၆၅ မိနစ်မှာတော့ အိမ်ရှင်တွေအတွက် ပဉ္စမမြောက်ဂိုးကို ရယူနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ဝေါ်လ်ကာ တင်ပေးလိုက်တဲ့ ဘောလုံးကို ဘာနာဒို ဆေးလ်ဗား ခေါင်းတိုက်ချခဲ့ပြီး ရခဲ့တဲ့ ဘောလုံးကို မာရက်ဇ်က ဖောရက်စ်ခံစစ်ကြားကနေ မျှောထိုးပေးတာကို အလိုက်သင့် ပြေးဝင်သွားတဲ့ အယ်လ်ဗာရက်ဇ်က ဂိုးသမား ဟန်ဒါဆန်နဲ့ အတွေ့မှာ အနိမ့်ဘောချိုးကန်သွင်းပြီး ငါးဂိုး-ဂိုးမရှိဖြစ်နေခဲ့ပါတယ်။

ဒီနောက်ပိုင်းမှာတော့ ဟက်ထရစ်ရှင် ဟားလန်းကို ဒီဘရိုင်းနားနဲ့ လဲကစားပြီး နည်းပြ ဂွါဒီယိုလာက အနားပေးသွားခဲ့သလို အရန်ခုံက လူတွေကို အသုံးပြုခဲ့ပေမယ့် စီးတီးတို့ရဲ့ ဖိအားနဲ့ ကစားအားကတော့ ဖောရက်စ်တို့ကို ပြေးစရာ မြေမရှိအောင် မောင်းကစားထားနိုင်ခဲ့ပြီး မယှဉ်နိုင်ခဲ့တဲ့ တန်းတက်အသင်းကတော့ ခံစစ်သမားတွေချည်းပဲ ထပ်လဲပြီး ပိတ်ကစားခဲ့ရတာပါ။

စီးတီးတို့ကတော့ လူငယ်ကစားသမားတွေ ထပ်ထည့်ပြီး အေးအေးဆေးဆေးပဲ ကစားသွားခဲ့သလို ရရှိတဲ့ အခွင့်အရေးတွေကိုတော့ အသုံးချနိုင်ခြင်း မရှိတာနဲ့ ဖောရက်စ်တို့ရဲ့ ခံစစ်ပိတ်ကစားပုံကြောင့် ငါးဂိုးထက် ပိုရဖို့တော့ ခက်နေခဲ့ပြီး တိုက်စစ်အင်အားပြနိုင်ခဲ့ပေမယ့် ဂိုးတွေကိုတော့ ထပ်ပြဖို့ ခက်နေခဲ့ရပါတယ်။

ဒါပေမယ့် ပွဲချိန် ၈၇ မိနစ်မှာတော့ အိမ်ရှင်အသင်းအတွက် ဆဌမဂိုး ထပ်မံရယူနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ဖောရက်စ်တောင်ပံကစားသမား ဒင်းနစ်ရဲ့ ဆိုးရွားတဲ့ ဖရီးကစ်ကနေ ဘောလုံးပြန်ရသွားတဲ့ စီးတီးတို့ တိုက်စစ်ဆင်ရာမှာ ဒီဘရိုင်းနား တောက်လျှောက်ဆွဲပြေးပြီး ချပေးခဲ့တာကို မာရက်ဇ်ကန်လို့ ပြန်ထွက်လာတာကနေ ဧရိယာထဲ ဝင်လာတဲ့ အဲလ်ဗာရက်ဇ်က အပြင်းကန်သွင်းပြီး ရယူသွားခဲ့တာပါ။

ပွဲချိန်အပြည့်မှာတော့ မန်ချက်စတာစီးတီးတို့ ခြောက်ဂိုး-ဂိုးမရှိနဲ့ အိမ်ကွင်းမှာ အောင်ပွဲခံနိုင်ခဲ့ကြသလို အဆင့် ၂ နေရာကို ဆက်လက်ဆုပ်ကိုင်ထားနိုင်ခဲ့ကြပြီး ဟားလန်းကတော့ တစ်လအတွင်း သွင်းဂိုး ၉ ဂိုးအထိ ရှိသွားခဲ့ချိန်မှာ ဖောရက်စ်တို့ကတော့ ပိုးသာကုန် မောင်ပုံစောင်းမတတ် ပုံစံနဲ့ ငွေတွေ သုံးပြီး ဇီးသီးဗန်းမှောက်ရင်း အဆင့် ၁၅ ကို ရောက်သွားခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

မန္ခ်က္စတာစီးတီးအသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးသမား အီဒါဆန္၊ ခံစစ္မွာ ဂြၽန္စတုန္းစ္၊ ႐ူဘင္ ဒီယက္စ္၊ ေဝၚလ္ကာ၊ ကန္ဆယ္လိုတို႔ကို ကစားေစခဲ့ၿပီး ကြင္းလယ္မွာေတာ့ ဂြန္ဒိုးဝမ္၊ ႐ိုဒရီနဲ႔ ဘာနာဒို ေဆးလ္ဗားတို႔ကို ခင္းက်င္းလာခဲ့သလို တိုက္စစ္မွာေတာ့ အဲလ္ဗာရက္ဇ္၊ ဖိုဒန္နဲ႔ ဟားလန္းတို႔ကို ပြဲထုတ္ခဲ့တာျဖစ္ပါတယ္။

ေနာ့တင္ဟမ္ေဖာရက္စ္တို႔ကေတာ့ ဂိုးသမား ဟန္ဒါဆန္၊ ခံစစ္မွာ မက္ကင္နာ၊ ေဝါရဲလ္၊ ကူယာေတး၊ ရီနန္ လိုဒီနဲ႔ ဝီလီယမ္စ္တို႔ကို ထားခဲ့ၿပီး ကြင္းလယ္မွာေတာ့ ဖ႐ြိဳင္လာ၊ ယိတ္စ္နဲ႔ အိုဘ႐ိုင္ယန္တို႔ ကစားလာခဲ့ၾကသလို တိုက္စစ္မွာေတာ့ ဂစ္ဘ္စ္-ဝႈိက္နဲ႔ ဂြၽန္ဆန္တို႔ ပြဲထြက္လာခဲ့ၾကတာပါ။

ပြဲခ်ိန္ ၁၂ မိနစ္မွာ စီးတီးတို႔ အဖြင့္ဂိုးကို စတင္သြင္းယူႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ေထာင့္ကန္ေဘာကေန အတိုေပးၿပီး ဖိုဒန္က ျဖတ္တင္ေပးတာကို ဟားလန္းက သူ႔ကို ကပ္ထားတဲ့ ေဖာရက္စ္ အသင္းေခါင္းေဆာင္ ေနာက္ခံလူ ေဝါရဲလ္နဲ႔ အင္အားၿပိဳင္ၿပီးမွ အနီးတိုင္ေထာင့္ကေန Volley ကန္ခ်က္နဲ႔ ပိတ္သြင္းယူႏိုင္ခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္ ၂၃ မိနစ္မွာေတာ့ အိမ္ရွင္ေတြ ဒုတိယ ဦးေဆာင္ဂိုး ထပ္မံရယူႏိုင္ခဲ့ၿပီး ဒီတစ္ႀကိမ္မွာေတာ့ ေဖာရက္စ္ဂိုးသမား ဟန္ဒါဆန္ရဲ႕ မတိက်တဲ့ ေပးပို႔မႈကေန စီးတီးတို႔ ေဘာလုံးျပန္ရခဲ့ရာမွာ ဟားလန္းက ဧရိယာထဲကို ထိုးေပးခဲ့ခ်ိန္မွာ ေနာက္ခံလူႏွစ္ေယာက္ ညႇပ္ထားတာခံရလို႔ ကန္ခြင့္မသာတဲ့ ဖိုဒန္က မကန္ဘဲ အတြင္းကို ျပန္ခ်ိဳးေပးတာကို ေနာ္ေဝသားကပဲ သူ႔ရဲ႕ ဒုတိယဂိုးအျဖစ္ အသာအယာ ကန္ထည့္ခဲ့တာပါ။

ပြဲခ်ိန္ ၃၈ မိနစ္မွာေတာ့ စီးတီးတို႔ပဲ တတိယ ဦးေဆာင္ဂိုးကို သြင္းယူႏိုင္ခဲ့ၾကၿပီး ေထာင့္ကန္ေဘာက ျပန္ထြက္လာရာကေန ကန္ဆယ္လို တင္ေပးတာကို ဖိုဒန္က အေဝးတိုင္ဘက္ကို ေခါင္းတိုက္ခ်ေပးရာမွာ ေနာက္ခံလူ ဂြၽန္စတုန္းစ္က ဂိုးေရွ႕ကို ျပန္တိုက္ပို႔တဲ့ ေဘာလုံးကို ဟားလန္းက ေဖာရက္စ္ေနာက္ခံလူေတြနဲ႔ အၿပိဳင္ ေခါင္းတိုက္သြင္းယူႏိုင္ခဲ့လို႔ ေခါင္းတိုက္ခ်က္သုံးခ်က္နဲ႔ ဂိုးရယူသြားခဲ့ၾကတာျဖစ္ပါတယ္။

ဒုတိယပိုင္း ျပန္စၿပီး ပြဲခ်ိန္ မိနစ္ ၅၀ မွာေတာ့ စီးတီးတို႔ပဲ စတုတၳဦးေဆာင္ဂိုးကို ထပ္မံရယူသြားခဲ့ၿပီး ဒီဂိုးကိုေတာ့ ညာျခမ္းက ေဘာလုံးရလာတဲ့ ဘာနာဒို ေဆးလ္ဗားက ခုမွ ပရီးမီးယားလိဂ္မွာ ေျခခ်တဲ့ ရီနန္ လိုဒီကို ေက်ာ္ျဖတ္ၿပီး ေနာက္ကို ျပန္ခ်ေပးတာကို ဧရိယာထိပ္မွာ ေနရာယူထားတဲ့ ကန္ဆယ္လိုက ညာဘက္အေဝးတိုင္ကို ဝိုက္ကန္မလိုလိုနဲ႔ အနီးတိုင္ဘက္ကို အျပင္းကန္သြင္းခဲ့ရာမွာ ဂိုးသမား ဟန္ဒါဆန္ အငိုက္မိၿပီး ဂိုးေပးခဲ့ရတာျဖစ္ပါတယ္။

ပြဲခ်ိန္ ၆၅ မိနစ္မွာေတာ့ အိမ္ရွင္ေတြအတြက္ ပၪၥမေျမာက္ဂိုးကို ရယူႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ေဝၚလ္ကာ တင္ေပးလိုက္တဲ့ ေဘာလုံးကို ဘာနာဒို ေဆးလ္ဗား ေခါင္းတိုက္ခ်ခဲ့ၿပီး ရခဲ့တဲ့ ေဘာလုံးကို မာရက္ဇ္က ေဖာရက္စ္ခံစစ္ၾကားကေန ေမွ်ာထိုးေပးတာကို အလိုက္သင့္ ေျပးဝင္သြားတဲ့ အယ္လ္ဗာရက္ဇ္က ဂိုးသမား ဟန္ဒါဆန္နဲ႔ အေတြ႕မွာ အနိမ့္ေဘာခ်ိဳးကန္သြင္းၿပီး ငါးဂိုး-ဂိုးမရွိျဖစ္ေနခဲ့ပါတယ္။

ဒီေနာက္ပိုင္းမွာေတာ့ ဟက္ထရစ္ရွင္ ဟားလန္းကို ဒီဘ႐ိုင္းနားနဲ႔ လဲကစားၿပီး နည္းျပ ဂြါဒီယိုလာက အနားေပးသြားခဲ့သလို အရန္ခုံက လူေတြကို အသုံးျပဳခဲ့ေပမယ့္ စီးတီးတို႔ရဲ႕ ဖိအားနဲ႔ ကစားအားကေတာ့ ေဖာရက္စ္တို႔ကို ေျပးစရာ ေျမမရွိေအာင္ ေမာင္းကစားထားႏိုင္ခဲ့ၿပီး မယွဥ္ႏိုင္ခဲ့တဲ့ တန္းတက္အသင္းကေတာ့ ခံစစ္သမားေတြခ်ည္းပဲ ထပ္လဲၿပီး ပိတ္ကစားခဲ့ရတာပါ။

စီးတီးတို႔ကေတာ့ လူငယ္ကစားသမားေတြ ထပ္ထည့္ၿပီး ေအးေအးေဆးေဆးပဲ ကစားသြားခဲ့သလို ရရွိတဲ့ အခြင့္အေရးေတြကိုေတာ့ အသုံးခ်ႏိုင္ျခင္း မရွိတာနဲ႔ ေဖာရက္စ္တို႔ရဲ႕ ခံစစ္ပိတ္ကစားပုံေၾကာင့္ ငါးဂိုးထက္ ပိုရဖို႔ေတာ့ ခက္ေနခဲ့ၿပီး တိုက္စစ္အင္အားျပႏိုင္ခဲ့ေပမယ့္ ဂိုးေတြကိုေတာ့ ထပ္ျပဖို႔ ခက္ေနခဲ့ရပါတယ္။

ဒါေပမယ့္ ပြဲခ်ိန္ ၈၇ မိနစ္မွာေတာ့ အိမ္ရွင္အသင္းအတြက္ ဆဌမဂိုး ထပ္မံရယူႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ေဖာရက္စ္ေတာင္ပံကစားသမား ဒင္းနစ္ရဲ႕ ဆိုး႐ြားတဲ့ ဖရီးကစ္ကေန ေဘာလုံးျပန္ရသြားတဲ့ စီးတီးတို႔ တိုက္စစ္ဆင္ရာမွာ ဒီဘ႐ိုင္းနား ေတာက္ေလွ်ာက္ဆြဲေျပးၿပီး ခ်ေပးခဲ့တာကို မာရက္ဇ္ကန္လို႔ ျပန္ထြက္လာတာကေန ဧရိယာထဲ ဝင္လာတဲ့ အဲလ္ဗာရက္ဇ္က အျပင္းကန္သြင္းၿပီး ရယူသြားခဲ့တာပါ။

ပြဲခ်ိန္အျပည့္မွာေတာ့ မန္ခ်က္စတာစီးတီးတို႔ ေျခာက္ဂိုး-ဂိုးမရွိနဲ႔ အိမ္ကြင္းမွာ ေအာင္ပြဲခံႏိုင္ခဲ့ၾကသလို အဆင့္ ၂ ေနရာကို ဆက္လက္ဆုပ္ကိုင္ထားႏိုင္ခဲ့ၾကၿပီး ဟားလန္းကေတာ့ တစ္လအတြင္း သြင္းဂိုး ၉ ဂိုးအထိ ရွိသြားခဲ့ခ်ိန္မွာ ေဖာရက္စ္တို႔ကေတာ့ ပိုးသာကုန္ ေမာင္ပုံေစာင္းမတတ္ ပုံစံနဲ႔ ေငြေတြ သုံးၿပီး ဇီးသီးဗန္းေမွာက္ရင္း အဆင့္ ၁၅ ကို ေရာက္သြားခဲ့ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.