Premier League Transfer News

ပေါင်သန်း ၃၀ တန်ကြယ်ပွင့်ကို ခေါ်ယူနိုင်တော့မယ့် အာဆင်နယ်

အီတလီဂျာနယ်လစ် နီကိုလို စကီရာရဲ့ ပြောကြားချက်အရ အာဆင်နယ်ဟာ ရှက်တာဒိုးနတ် တောင်ပံကစားသမား မိုင်ခေလို မာဒရစ်ကို ခေါ်ယူနိုင်ဖို့ အလွန်နီးစပ်နေပြီလို့ သိရပါတယ်။

အာဆင်နယ်ဟာ ယူကရိန်း နေမာလို့ အမည်ပြောင်ပေးခြင်းခံထားရတဲ့ မာဒရစ်နဲ့ ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရရှိခဲ့ပြီဖြစ်ပြီး ယခုနွေရာသီအပြောင်းအရွှေ့ဈေးကွက်မပိတ်ခင် ယူရိုသန်း ၃၀ နဲ့ အပြီးသတ် ခေါ်ယူနိုင်ဖွယ်ရှိနေတာဖြစ်ပါတယ်။

တကယ်လို့ သဘောတူညီမှုသာ အပြီးသတ်နိုင်မယ်ဆိုရင် ယူကရိန်းတောင်ပံကစားသမားဟာ အာဆင်နယ်ရဲ့ ယခုနွေရာသီ ၆ ဦးမြောက် ကစားသမားခေါ်ယူမှု ဖြစ်လာတော့မှာဖြစ်ပြီး အာတီတာရဲ့အသင်းဟာ ဂါဘရီယယ်လ် ဂျေဆူးစ်၊ ဇင်ချန်ကို၊ မာကင်ညို့စ်၊ ဖေဘီယို ဗီယာရာနဲ့ ဂိုးသမား မတ် တန်နာတို့ကို ခေါ်ယူထားနိုင်ခဲ့ပြီး ဖြစ်ပါတယ်။

အသက် ၂၁ နှစ်အရွယ်ရှိပြီဖြစ်တဲ့ မာဒရစ်ဟာ ရှက်တာဒိုးနတ် အကယ်ဒမီကနေ ပေါ်ထွက်လာခဲ့တဲ့ ကစားသမားဖြစ်ပြီး လက်ရှိအချိန်အထိ အသင်းအတွက် ၂၈ ပွဲ ပါဝင်ကစားပေးထားရာမှာ သွင်းဂိုး ၂ ဂိုးနဲ့ ဂိုးဖန်တီးမှု ၁၀ ကြိမ် ပြုလုပ်ထားနိုင်သူဖြစ်ပါတယ်။

ယူကရိန်းတောင်ပံကစားသမားဟာ များသောအားဖြင့် ဘယ်တောင်ပံမှာ ကစားလေ့ရှိပေမယ့်လည်း ညာတောင်ပံမှာလည်း ကစားပေးနိုင်တဲ့ ကစားသမားဖြစ်ပြီး အာတီတာအနေနဲ့ မာဒရစ်ကို ညာတောင်ပံက ဆာကာရဲ့နေရာမှာ အရန်သင့် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

အာတီတာရဲ့အသင်းဟာ ဘယ်တောင်ပံမှာ ကစားနိုင်တဲ့ မာတီနယ်လီနဲ့ စမစ် ရိုးတို့ကို ပိုင်ဆိုင်ထားပြီးဖြစ်ပြီး Foot on the Ball က မကြာသေးမီက မာဒရစ်ရဲ့ ကစားပုံဟာ ပီအက်စ်ဂျီတိုက်စစ်မှူး နေမာနဲ့ တူညီတယ်လို့ နှိုင်းယှဉ်ခဲ့တာ ဖြစ်ပါတယ်။

မာဒရစ်အနေနဲ့ ရှက်တာဒိုးနတ်ကနေ ယခုနွေရာသီ အပြောင်းအရွှေ့ဈေးကွက်မပိတ်ခင် အမှန်တကယ် ပြောင်းရွှေ့လာနိုင်မယ်ဆိုရင် အမ်းမရိတ်စ်က ငယ်ရွယ်တဲ့လူစာရင်းနဲ့အတူ နည်းပြ အာတီတာ လက်အောက်မှာ အများကြီး ပိုမို တိုးတက်လာမှာ ဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အီတလီဂ်ာနယ္လစ္ နီကိုလို စကီရာရဲ႕ ေျပာၾကားခ်က္အရ အာဆင္နယ္ဟာ ရွက္တာဒိုးနတ္ ေတာင္ပံကစားသမား မိုင္ေခလို မာဒရစ္ကို ေခၚယူႏိုင္ဖို႔ အလြန္နီးစပ္ေနၿပီလို႔ သိရပါတယ္။

အာဆင္နယ္ဟာ ယူကရိန္း ေနမာလို႔ အမည္ေျပာင္ေပးျခင္းခံထားရတဲ့ မာဒရစ္နဲ႔ ပုဂၢိဳလ္ေရးအရ သေဘာတူညီမႈ ရရွိခဲ့ၿပီျဖစ္ၿပီး ယခုေႏြရာသီအေျပာင္းအေ႐ႊ႕ေဈးကြက္မပိတ္ခင္ ယူ႐ိုသန္း ၃၀ နဲ႔ အၿပီးသတ္ ေခၚယူႏိုင္ဖြယ္ရွိေနတာျဖစ္ပါတယ္။

တကယ္လို႔ သေဘာတူညီမႈသာ အၿပီးသတ္ႏိုင္မယ္ဆိုရင္ ယူကရိန္းေတာင္ပံကစားသမားဟာ အာဆင္နယ္ရဲ႕ ယခုေႏြရာသီ ၆ ဦးေျမာက္ ကစားသမားေခၚယူမႈ ျဖစ္လာေတာ့မွာျဖစ္ၿပီး အာတီတာရဲ႕အသင္းဟာ ဂါဘရီယယ္လ္ ေဂ်ဆူးစ္၊ ဇင္ခ်န္ကို၊ မာကင္ညိဳ႕စ္၊ ေဖဘီယို ဗီယာရာနဲ႔ ဂိုးသမား မတ္ တန္နာတို႔ကို ေခၚယူထားႏိုင္ခဲ့ၿပီး ျဖစ္ပါတယ္။

အသက္ ၂၁ ႏွစ္အ႐ြယ္ရွိၿပီျဖစ္တဲ့ မာဒရစ္ဟာ ရွက္တာဒိုးနတ္ အကယ္ဒမီကေန ေပၚထြက္လာခဲ့တဲ့ ကစားသမားျဖစ္ၿပီး လက္ရွိအခ်ိန္အထိ အသင္းအတြက္ ၂၈ ပြဲ ပါဝင္ကစားေပးထားရာမွာ သြင္းဂိုး ၂ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၁၀ ႀကိမ္ ျပဳလုပ္ထားႏိုင္သူျဖစ္ပါတယ္။

ယူကရိန္းေတာင္ပံကစားသမားဟာ မ်ားေသာအားျဖင့္ ဘယ္ေတာင္ပံမွာ ကစားေလ့ရွိေပမယ့္လည္း ညာေတာင္ပံမွာလည္း ကစားေပးႏိုင္တဲ့ ကစားသမားျဖစ္ၿပီး အာတီတာအေနနဲ႔ မာဒရစ္ကို ညာေတာင္ပံက ဆာကာရဲ႕ေနရာမွာ အရန္သင့္ အသုံးျပဳႏိုင္မွာ ျဖစ္ပါတယ္။

အာတီတာရဲ႕အသင္းဟာ ဘယ္ေတာင္ပံမွာ ကစားႏိုင္တဲ့ မာတီနယ္လီနဲ႔ စမစ္ ႐ိုးတို႔ကို ပိုင္ဆိုင္ထားၿပီးျဖစ္ၿပီး Foot on the Ball က မၾကာေသးမီက မာဒရစ္ရဲ႕ ကစားပုံဟာ ပီအက္စ္ဂ်ီတိုက္စစ္မႉး ေနမာနဲ႔ တူညီတယ္လို႔ ႏႈိင္းယွဥ္ခဲ့တာ ျဖစ္ပါတယ္။

မာဒရစ္အေနနဲ႔ ရွက္တာဒိုးနတ္ကေန ယခုေႏြရာသီ အေျပာင္းအေ႐ႊ႕ေဈးကြက္မပိတ္ခင္ အမွန္တကယ္ ေျပာင္းေ႐ႊ႕လာႏိုင္မယ္ဆိုရင္ အမ္းမရိတ္စ္က ငယ္႐ြယ္တဲ့လူစာရင္းနဲ႔အတူ နည္းျပ အာတီတာ လက္ေအာက္မွာ အမ်ားႀကီး ပိုမို တိုးတက္လာမွာ ျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.