Premier League Transfer News

ဟန္ဒါဆန္ကို ေခၚယူဖို႔ ခ်ဲလ္ဆီးအလိုရွိေနၿပီး မန္ခ်က္စတာယူႏုိက္တက္ဆီ ကမ္းလွမ္းသြားမည္

ခ်ဲလ္ဆီးအသင္းအေနနဲ႔ မန္ခ်က္စတာယူႏုိက္တက္အသင္းရဲ႕ အငွားခ်ထားတဲ့ ဂိုးသမား ဒင္းန္ ဟန္ဒါဆန္ကို ေခၚယူဖို႔ အလိုရွိေနၿပီး လာမယ့္ ရာသီ အုိးလ္ထရက္ဖို႔ဒ္မွာ ဒီကစားသမားအေနနဲ႔ ရရွိမယ့္ စာခ်ဳပ္ဟာ သူ႕ကို ပထမေနရာအတြက္ အာမ မခံႏိုင္ဘူးဆုိရင္ေတာ့ ၾကားျဖတ္ေခၚယူႏုိင္ဖို႔ စီစဥ္ေနတယ္လုိ႔ သိရပါတယ္။

ရွက္ဖီးလ္ဒ္ယူႏုိက္တက္အသင္းမွာ အငွားနဲ႔ ႏွစ္ရာသီကစားခဲ့ၿပီး လက္စြမ္းျပႏုိင္ခဲ့တဲ့ အသက္ ၂၃ ႏွစ္အရြယ္ အဂၤလန္သားဟာ လက္ေရြးစင္အသင္းႀကီးနဲ႔ အရန္ခုံတစ္ႀကိမ္ ထုိင္ဖူးသူျဖစ္ၿပီး မန္ခ်က္စတာယူႏုိက္တက္တာဝန္ရွိသူေတြကေတာ့ သူ႕ကို တစ္ရာသီထပ္ၿပီး အငွားခ်ဖို႔ စီစဥ္ေနသလို ဘလိတ္ဒ္ဓားေတြရဲ႕နည္းျပ ခရစၥ ဝိုင္လ္ဒါကေတာ့ တတိယရာသီအတြက္ အလိုရွိေနတာလည္းျဖစ္ပါတယ္။

ဟန္ဒါဆန္ကို စိတ္ဝင္စားေနၾကတဲ့အထဲမွာ ဥေရာပအသင္းႀကီးေတြထဲက ပီအက္စ္ဂ်ီပါဝင္ေနသလို ပရီးမီးယားလိဂ္မွာေတာ့ လန္ဒန္ကလပ္အသင္းေတြျဖစ္ၾကတဲ့ ခ်ဲလ္ဆီးနဲ႔ ေတာ့တင္ဟမ္ ေဟာ့စပါးစ္အသင္းေတြ ပါဝင္ေနၿပီး သူ႕ရဲ႕ လာမယ့္ရာသီ အုိးလ္ထရက္ဖို႔ဒ္နဲ႔ အခန္းက႑ကို ေစာင့္ၾကည့္ေနၾကတာပဲျဖစ္ပါတယ္။

လက္ရွိဂိုးသမား ကီပါ အာရီဇာဘာလာဂါကို သေဘာမက်ေတာ့ဘဲ ေရာင္းထုတ္သြားဖို႔ ကမ္းလွမ္းမွဳေတြကို လက္ခံစဥ္းစားသြားမယ္လို႔ဆုိထားတဲ့ ခ်ဲလ္ဆီးတာဝန္ရွိသူေတြနဲ႔ နည္းျပ ဖရန္႔ လမ္းပတ္ကေတာ့ ဟန္ဒါဆန္အတြက္ စတမ္းဖို႔ဒ္ဘရစ္ခ်္မွာ တစ္ပတ္ကို ေပါင္တစ္သိန္းခုနစ္ေသာင္း ေပးအပ္သြားဖို႔လည္း စီစဥ္ေနတယ္လုိ႔ သတင္းေတြက ဆုိပါတယ္။

မန္ခ်က္စတာယူႏုိက္တက္အသင္းနဲ႔ တစ္ပတ္လုပ္ခ ေပါင္ခုနစ္ေသာင္းရရွိေနတဲ့ အဂၤလန္ယူ-၂၁ ဂိုးသမားေဟာင္းကို ေခၚယူဖို႔ သတ္မွတ္ တန္ေၾကးကေတာ့ ခ်ဲလ္ဆီးအသင္းအတြက္ အတားအဆီးျဖစ္ဖြယ္ရွိေနၿပီး သူတုိ႔အေနနဲ႔ ဟန္ဒါဆန္ကို ေခၚယူဖို႔ ေပါင္ ၅၅ သန္းေလာက္ အသုံးျပဳရႏိုင္တယ္လို႔ သိရၿပီး ဒီအတြက္ ကီပါကို အငွား သို႔မဟုတ္ အေရာင္းနဲ႔ အျမန္ဆုံးရွင္းထုတ္ႏုိင္ဖို႔လည္း လိုအပ္မွာျဖစ္ေၾကာင္း သိရွိရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: ချဲလ်ဆီးအသင်းအနေနဲ့ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ အငှားချထားတဲ့ ဂိုးသမား ဒင်းန် ဟန်ဒါဆန်ကို ခေါ်ယူဖို့ အလိုရှိနေပြီး လာမယ့် ရာသီ အိုးလ်ထရက်ဖို့ဒ်မှာ ဒီကစားသမားအနေနဲ့ ရရှိမယ့် စာချုပ်ဟာ သူ့ကို ပထမနေရာအတွက် အာမ မခံနိုင်ဘူးဆိုရင်တော့ ကြားဖြတ်ခေါ်ယူနိုင်ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

ရှက်ဖီးလ်ဒ်ယူနိုက်တက်အသင်းမှာ အငှားနဲ့ နှစ်ရာသီကစားခဲ့ပြီး လက်စွမ်းပြနိုင်ခဲ့တဲ့ အသက် ၂၃ နှစ်အရွယ် အင်္ဂလန်သားဟာ လက်ရွေးစင်အသင်းကြီးနဲ့ အရန်ခုံတစ်ကြိမ် ထိုင်ဖူးသူဖြစ်ပြီး မန်ချက်စတာယူနိုက်တက်တာဝန်ရှိသူတွေကတော့ သူ့ကို တစ်ရာသီထပ်ပြီး အငှားချဖို့ စီစဉ်နေသလို ဘလိတ်ဒ်ဓားတွေရဲ့နည်းပြ ခရစ္စ ဝိုင်လ်ဒါကတော့ တတိယရာသီအတွက် အလိုရှိနေတာလည်းဖြစ်ပါတယ်။

ဟန်ဒါဆန်ကို စိတ်ဝင်စားနေကြတဲ့အထဲမှာ ဥရောပအသင်းကြီးတွေထဲက ပီအက်စ်ဂျီပါဝင်နေသလို ပရီးမီးယားလိဂ်မှာတော့ လန်ဒန်ကလပ်အသင်းတွေဖြစ်ကြတဲ့ ချဲလ်ဆီးနဲ့ တော့တင်ဟမ် ဟော့စပါးစ်အသင်းတွေ ပါဝင်နေပြီး သူ့ရဲ့ လာမယ့်ရာသီ အိုးလ်ထရက်ဖို့ဒ်နဲ့ အခန်းကဏ္ဍကို စောင့်ကြည့်နေကြတာပဲဖြစ်ပါတယ်။

လက်ရှိဂိုးသမား ကီပါ အာရီဇာဘာလာဂါကို သဘောမကျတော့ဘဲ ရောင်းထုတ်သွားဖို့ ကမ်းလှမ်းမှုတွေကို လက်ခံစဉ်းစားသွားမယ်လို့ဆိုထားတဲ့ ချဲလ်ဆီးတာဝန်ရှိသူတွေနဲ့ နည်းပြ ဖရန့် လမ်းပတ်ကတော့ ဟန်ဒါဆန်အတွက် စတမ်းဖို့ဒ်ဘရစ်ချ်မှာ တစ်ပတ်ကို ပေါင်တစ်သိန်းခုနစ်သောင်း ပေးအပ်သွားဖို့လည်း စီစဉ်နေတယ်လို့ သတင်းတွေက ဆိုပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းနဲ့ တစ်ပတ်လုပ်ခ ပေါင်ခုနစ်သောင်းရရှိနေတဲ့ အင်္ဂလန်ယူ-၂၁ ဂိုးသမားဟောင်းကို ခေါ်ယူဖို့ သတ်မှတ် တန်ကြေးကတော့ ချဲလ်ဆီးအသင်းအတွက် အတားအဆီးဖြစ်ဖွယ်ရှိနေပြီး သူတို့အနေနဲ့ ဟန်ဒါဆန်ကို ခေါ်ယူဖို့ ပေါင် ၅၅ သန်းလောက် အသုံးပြုရနိုင်တယ်လို့ သိရပြီး ဒီအတွက် ကီပါကို အငှား သို့မဟုတ် အရောင်းနဲ့ အမြန်ဆုံးရှင်းထုတ်နိုင်ဖို့လည်း လိုအပ်မှာဖြစ်ကြောင်း သိရှိရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.