Match Report Premier League

ဝံပုလွေနဲ့ ပွန်မ်များ မှားနေသလား မသိတဲ့ ဝုလ်ဗ်စ်ကို ဂိုးပြတ်အနိုင်ယူတဲ့ ဘရိုက်တန်

ဝုလ်ဗာဟမ့်ပ်တန် ဝမ်းဒါးရားစ်အသင်းအနေနဲ့ ရာသီကုန်ခါနီးမှ ခြေကျလာတဲ့ အသင်းကို ပြုပြင်ဖို့ ရာအူးလ် ဟီမီနက်ဇ်၊ ထရင်ကာအိုနဲ့ နီတိုတို့ကလွဲရင် လူစုံထုတ်ခဲ့ပြီး ဂိုးသမား ဂျိုဆေးဆား၊ ခံစစ်မှာ ကိုဒီ၊ ဘိုလီနဲ့ ဆိုက်စ်၊ ကွင်းလယ်မှာ မော်တင်ညို၊ ရူဘင် နာဗက်စ်၊ ဒန်ဒွန့်ကာ၊ ဆီမီဒိုနဲ့ အိုက်နူရီ၊ တိုက်စစ်မှာ ဖာဘီယို ဆေးလ်ဗား၊ ဟွမ်းဟီးချန်းတို့နဲ့ ၃-၅-၂ ပုံစံ ကစားလာခဲ့ကြပါတယ်။

ဘရိုက်တန်တို့ကတော့ နောက်ပိုင်းပွဲတွေမှာ ကူကူရဲလားကို လွတ်လပ်တဲ့ Ball Playing Center Back ဖြစ် ဗဲ့လ်မန်း၊ လူးဝစ္စ ဒန့်ခ်တို့နဲ့တွဲပြီး စိတ်ကြိုက်ကစားခိုင်းထားတဲ့ ၃-၄-၃ ပုံစံကို ခင်းကျင်းခဲ့ပြီး ကွင်းလယ်မှာ မာ့ချ်၊ အမ်ဝီပူ၊ ကိုင်စီဒိုနဲ့ ဘီဆူးမား၊ တိုက်စစ်မှာတော့ ထရော့ဆတ်၊ ဝဲလ်ဘက်ခ်နဲ့ မက္ကယ်လစ္စတာတို့ ပွဲထွက်လာခဲ့ကြတာပါ။

ပွဲချိန် ၇ မိနစ်မှာ ဘရိုက်တန်ရဲ့ တန်ပြန်တိုက်စစ်ကနေ Long Range Shot တွေ တိကျတဲ့ အမ်ဝီပူရဲ့ အဝေးကန်ချက်ပြင်းပြင်းကို ဂျိုဆေးဆား ပုတ်ထုတ်ကာကွယ်ခဲ့ရပြီး ပွဲချိန် ၁၄ မိနစ်မှာလည်း အမ်ဝီပူရဲ့ ကန်ချက်ကိုပဲ ဂျိုဆေးဆား ဖမ်းယူခဲ့ရသလို ဝုလ်ဗ်စ်တို့ဘက်က တိုက်စစ်တွေကတော့ တော်တော်လေး ချူချာနေခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၃၁ မိနစ်မှာတော့ ဘရိုက်တန်ညာခြမ်းက မာ့ချ်ရဲ့ ဖြတ်တင်ဘောကို လက်နဲ့ တားခဲ့မိတဲ့ နောက်ခံလူ ဆိုက်စ်ကြောင့် ဝုလ်ဗ်စ်တို့ VAR နဲ့ ပင်နယ်တီ ပေးခဲ့ရပြီး ကွင်းလယ်လူ မက္ကယ်လစ္စတာ ကန်သွင်းရာမှာ ဂိုးသမား ဂျိုဆေးဆား မကာကွယ်နိုင်ခဲ့ပေမယ့် ဘောလုံးက ဘယ်ဘက်တိုင်ခြေနဲ့ ထိပြီး ထွက်သွားခဲ့လို့ အိမ်ရှင်တွေ သက်သာခွင့်ရခဲ့တာပါ။

ပွဲချိန် ၄၁ မိနစ်မှာတော့ ဘယ်ခြမ်းကနေ ဘောလုံးဆွဲပြေးပြီး ဧရိယာထဲ ဝင်လာတဲ့ ဝဲလ်ဘက်ခ်ကို ခပ်လေးလေး နောက်ခံလူ ဘိုလီက ခြေချိတ်မိခဲ့လို့ ပင်နယ်တီ နောက်တစ်ကြိမ် ထပ်ပေးခဲ့ရပြီး ဒီအခွင့်အရေးကို မက္ကယ်လစ္စတာပဲ တူညီတဲ့ ပုံစံအတိုင်း ထပ်မံကန်သွင်းရာမှာတော့ ဂိုးသမား ဂျိုဆေးဆား မှန်မှန်ကန်ကန် ခန့်မှန်းနိုင်ခဲ့ပေမယ့် ဆန့်ထုတ်မှု အနည်းငယ်လိုပြီး Full Stretch မဖြစ်ခဲ့လို့ ဘရိုက်တန်တို့ အဖွင့်ဂိုး စတင်ရယူနိုင်ခဲ့ပါတယ်။

ပထမပိုင်းမှာ ဒီဂိုးနဲ့ပဲ အဝေးကွင်းမှာ ဘရိုက်တန်တို့က ဝုလ်ဗ်စ်ကို တစ်ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်ကစားနေခဲ့ပြီး ဒုတိယပိုင်းအစမှာတော့ လုပ်စားမရတဲ့ အသင်းကို နည်းပြ ဘရူနို လာဂျီက အပြောင်းအလဲလုပ်ခဲ့ပြီး တိုက်စစ်မြှင့်ဖို့အတွက် ရူဘင် နာဗက်စ်အစား နီတို၊ ဖာဘီယို ဆေးလ်ဗားအစား ရာအူးလ် ဟီမီနက်ဇ်တို့ ဝင်ရောက်ကစားလာခဲ့ကြတာပါ။

ဒီနောက်ပိုင်းမှာ ဝုလ်ဗ်စ်တို့ တိုက်စစ်ဆင်ကစားနိုင်ခဲ့ပေမယ့် ဂိုးပေါက်နဲ့ ရန်ဖြစ်ထားတဲ့ တိုက်စစ်သမားတွေကြောင့် စိတ်ပျက်စရာပဲဖြစ်ခဲ့သလို ပွဲချိန် မိနစ် ၇၀ မှာတော့ တန်ပြန်တိုက်စစ်ကနေ ဝဲလ်ဘက်ခ် ပေးတာကို ညာခြမ်းကနေ ရသွားတဲ့ ထရော့ဆတ်က ဝင်မဖျက်ဘဲ ကြည့်နေကြတဲ့ အိမ်ရှင်နောက်ခံလူသုံးယောက်ကြားက အေးအေးဆေးဆေး ကန်သွင်းခွင့်ရခဲ့လို့ ဘရိုက်တန်တို့ ဒုတိယဂိုး ထပ်ရခဲ့ပါတယ်။

ပွဲချိန် ၈၅ မိနစ်မှာတော့ ဝုလ်ဗ်စ်တို့ရဲ့ ဂုဏ်ယူစရာ အခိုက်အတန့်အဖြစ် ပထမဆုံးအကြိမ် ဂိုးပေါက်တည့်မှုကို နောက်ခံလူ ဘိုလီက ထောင့်ကန်ဘောကနေ ခပ်ပျော့ပျော့ ခေါင်းတိုက်ချက်နဲ့ ဂိုးသမား ဆန်ချက်ဆီ ပေးပို့နိုင်ခဲ့ပြီး နှစ်ဂိုးရထားတဲ့ ဘရိုက်တန်တို့ကတော့ အိမ်ရှင်တွေရဲ့ အမှားကိုပဲ ချောင်းကစားနေခဲ့တာပါ။

ပွဲချိန် ၈၆ မိနစ်မှာတော့ ကွင်းလယ်မှာ နီတို ဘောလုံးပျက်ရာကနေ ဘရိုက်တန်တို့ တန်ပြန်တိုက်စစ်ဆင်ခဲ့ကြပြီး ဘယ်ခြမ်းက ကူကူရဲလားရဲ့ ဖြတ်တင်ဘောကို ဝုလ်ဗ်စ်ခံစစ်က ရှင်းထုတ်လိုက်လို့ ပြန်ထွက်လာတဲ့ ဘောလုံးကို ဧရိယာထိပ်ကနေ ပြန်ရသွားတဲ့ ဘီဆူးမားက တစ်ချက်ခေါက်ပြီးမှ အနိမ့်ဘော ကန်သွင်းခဲ့ရာမှာ ဂိုးသမား ဂျိုဆေးဆား ကာကွယ်ပုံ နှောင့်နှေးခဲ့လို့ တတိယဂိုး ထပ်မံရယူနိုင်ခဲ့ကြပါတယ်။

ပွဲချိန်အပြည့်မှာတော့ အဝေးကွင်း မိုလီနူးမှာ ဘရိုက်တန်တို့ သုံးဂိုး-ဂိုးမရှိနဲ့ အောင်ပွဲခံနိုင်ခဲ့ကြပြီး အမှတ်ပေးဇယားရဲ့ အဆင့် ၉ ကို တက်ရောက်လာနိုင်ခဲ့ကြသလို ဒီရာသီကုန်မှာ ပရီးမီးယားလိဂ်အသင်းကြီးတွေရဲ့ ကံကြမ္မာကို အဆုံးအဖြတ် ပေးလိမ့်မယ်လို့ ခန့်မှန်းခံထားရတဲ့ ဝုလ်ဗ်စ်တို့ကတော့ အသင်းငယ်တွေကို သုံးပွဲဆက်တိုက် ရှုံးပြီး နောက်နှစ် ဥရောပဝင်ခွင့်နဲ့ ဝေးရဖို့ ဖြစ်လာခဲ့ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ဝုလ္ဗာဟမ့္ပ္တန္ ဝမ္းဒါးရားစ္အသင္းအေနနဲ႔ ရာသီကုန္ခါနီးမွ ေျခက်လာတဲ့ အသင္းကို ျပဳျပင္ဖို႔ ရာအူးလ္ ဟီမီနက္ဇ္၊ ထရင္ကာအိုနဲ႔ နီတိုတို႔ကလြဲရင္ လူစုံထုတ္ခဲ့ၿပီး ဂိုးသမား ဂ်ိဳေဆးဆား၊ ခံစစ္မွာ ကိုဒီ၊ ဘိုလီနဲ႔ ဆိုက္စ္၊ ကြင္းလယ္မွာ ေမာ္တင္ညိဳ၊ ႐ူဘင္ နာဗက္စ္၊ ဒန္ဒြန႔္ကာ၊ ဆီမီဒိုနဲ႔ အိုက္ႏူရီ၊ တိုက္စစ္မွာ ဖာဘီယို ေဆးလ္ဗား၊ ဟြမ္းဟီးခ်န္းတို႔နဲ႔ ၃-၅-၂ ပုံစံ ကစားလာခဲ့ၾကပါတယ္။

ဘ႐ိုက္တန္တို႔ကေတာ့ ေနာက္ပိုင္းပြဲေတြမွာ ကူကူရဲလားကို လြတ္လပ္တဲ့ Ball Playing Center Back ျဖစ္ ဗဲ့လ္မန္း၊ လူးဝစၥ ဒန႔္ခ္တို႔နဲ႔တြဲၿပီး စိတ္ႀကိဳက္ကစားခိုင္းထားတဲ့ ၃-၄-၃ ပုံစံကို ခင္းက်င္းခဲ့ၿပီး ကြင္းလယ္မွာ မာ့ခ်္၊ အမ္ဝီပူ၊ ကိုင္စီဒိုနဲ႔ ဘီဆူးမား၊ တိုက္စစ္မွာေတာ့ ထေရာ့ဆတ္၊ ဝဲလ္ဘက္ခ္နဲ႔ မကၠယ္လစၥတာတို႔ ပြဲထြက္လာခဲ့ၾကတာပါ။

ပြဲခ်ိန္ ၇ မိနစ္မွာ ဘ႐ိုက္တန္ရဲ႕ တန္ျပန္တိုက္စစ္ကေန Long Range Shot ေတြ တိက်တဲ့ အမ္ဝီပူရဲ႕ အေဝးကန္ခ်က္ျပင္းျပင္းကို ဂ်ိဳေဆးဆား ပုတ္ထုတ္ကာကြယ္ခဲ့ရၿပီး ပြဲခ်ိန္ ၁၄ မိနစ္မွာလည္း အမ္ဝီပူရဲ႕ ကန္ခ်က္ကိုပဲ ဂ်ိဳေဆးဆား ဖမ္းယူခဲ့ရသလို ဝုလ္ဗ္စ္တို႔ဘက္က တိုက္စစ္ေတြကေတာ့ ေတာ္ေတာ္ေလး ခ်ဴခ်ာေနခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္ ၃၁ မိနစ္မွာေတာ့ ဘ႐ိုက္တန္ညာျခမ္းက မာ့ခ်္ရဲ႕ ျဖတ္တင္ေဘာကို လက္နဲ႔ တားခဲ့မိတဲ့ ေနာက္ခံလူ ဆိုက္စ္ေၾကာင့္ ဝုလ္ဗ္စ္တို႔ VAR နဲ႔ ပင္နယ္တီ ေပးခဲ့ရၿပီး ကြင္းလယ္လူ မကၠယ္လစၥတာ ကန္သြင္းရာမွာ ဂိုးသမား ဂ်ိဳေဆးဆား မကာကြယ္ႏိုင္ခဲ့ေပမယ့္ ေဘာလုံးက ဘယ္ဘက္တိုင္ေျခနဲ႔ ထိၿပီး ထြက္သြားခဲ့လို႔ အိမ္ရွင္ေတြ သက္သာခြင့္ရခဲ့တာပါ။

ပြဲခ်ိန္ ၄၁ မိနစ္မွာေတာ့ ဘယ္ျခမ္းကေန ေဘာလုံးဆြဲေျပးၿပီး ဧရိယာထဲ ဝင္လာတဲ့ ဝဲလ္ဘက္ခ္ကို ခပ္ေလးေလး ေနာက္ခံလူ ဘိုလီက ေျခခ်ိတ္မိခဲ့လို႔ ပင္နယ္တီ ေနာက္တစ္ႀကိမ္ ထပ္ေပးခဲ့ရၿပီး ဒီအခြင့္အေရးကို မကၠယ္လစၥတာပဲ တူညီတဲ့ ပုံစံအတိုင္း ထပ္မံကန္သြင္းရာမွာေတာ့ ဂိုးသမား ဂ်ိဳေဆးဆား မွန္မွန္ကန္ကန္ ခန႔္မွန္းႏိုင္ခဲ့ေပမယ့္ ဆန႔္ထုတ္မႈ အနည္းငယ္လိုၿပီး Full Stretch မျဖစ္ခဲ့လို႔ ဘ႐ိုက္တန္တို႔ အဖြင့္ဂိုး စတင္ရယူႏိုင္ခဲ့ပါတယ္။

ပထမပိုင္းမွာ ဒီဂိုးနဲ႔ပဲ အေဝးကြင္းမွာ ဘ႐ိုက္တန္တို႔က ဝုလ္ဗ္စ္ကို တစ္ဂိုး-ဂိုးမရွိနဲ႔ ဦးေဆာင္ကစားေနခဲ့ၿပီး ဒုတိယပိုင္းအစမွာေတာ့ လုပ္စားမရတဲ့ အသင္းကို နည္းျပ ဘ႐ူႏို လာဂ်ီက အေျပာင္းအလဲလုပ္ခဲ့ၿပီး တိုက္စစ္ျမႇင့္ဖို႔အတြက္ ႐ူဘင္ နာဗက္စ္အစား နီတို၊ ဖာဘီယို ေဆးလ္ဗားအစား ရာအူးလ္ ဟီမီနက္ဇ္တို႔ ဝင္ေရာက္ကစားလာခဲ့ၾကတာပါ။

ဒီေနာက္ပိုင္းမွာ ဝုလ္ဗ္စ္တို႔ တိုက္စစ္ဆင္ကစားႏိုင္ခဲ့ေပမယ့္ ဂိုးေပါက္နဲ႔ ရန္ျဖစ္ထားတဲ့ တိုက္စစ္သမားေတြေၾကာင့္ စိတ္ပ်က္စရာပဲျဖစ္ခဲ့သလို ပြဲခ်ိန္ မိနစ္ ၇၀ မွာေတာ့ တန္ျပန္တိုက္စစ္ကေန ဝဲလ္ဘက္ခ္ ေပးတာကို ညာျခမ္းကေန ရသြားတဲ့ ထေရာ့ဆတ္က ဝင္မဖ်က္ဘဲ ၾကည့္ေနၾကတဲ့ အိမ္ရွင္ေနာက္ခံလူသုံးေယာက္ၾကားက ေအးေအးေဆးေဆး ကန္သြင္းခြင့္ရခဲ့လို႔ ဘ႐ိုက္တန္တို႔ ဒုတိယဂိုး ထပ္ရခဲ့ပါတယ္။

ပြဲခ်ိန္ ၈၅ မိနစ္မွာေတာ့ ဝုလ္ဗ္စ္တို႔ရဲ႕ ဂုဏ္ယူစရာ အခိုက္အတန႔္အျဖစ္ ပထမဆုံးအႀကိမ္ ဂိုးေပါက္တည့္မႈကို ေနာက္ခံလူ ဘိုလီက ေထာင့္ကန္ေဘာကေန ခပ္ေပ်ာ့ေပ်ာ့ ေခါင္းတိုက္ခ်က္နဲ႔ ဂိုးသမား ဆန္ခ်က္ဆီ ေပးပို႔ႏိုင္ခဲ့ၿပီး ႏွစ္ဂိုးရထားတဲ့ ဘ႐ိုက္တန္တို႔ကေတာ့ အိမ္ရွင္ေတြရဲ႕ အမွားကိုပဲ ေခ်ာင္းကစားေနခဲ့တာပါ။

ပြဲခ်ိန္ ၈၆ မိနစ္မွာေတာ့ ကြင္းလယ္မွာ နီတို ေဘာလုံးပ်က္ရာကေန ဘ႐ိုက္တန္တို႔ တန္ျပန္တိုက္စစ္ဆင္ခဲ့ၾကၿပီး ဘယ္ျခမ္းက ကူကူရဲလားရဲ႕ ျဖတ္တင္ေဘာကို ဝုလ္ဗ္စ္ခံစစ္က ရွင္းထုတ္လိုက္လို႔ ျပန္ထြက္လာတဲ့ ေဘာလုံးကို ဧရိယာထိပ္ကေန ျပန္ရသြားတဲ့ ဘီဆူးမားက တစ္ခ်က္ေခါက္ၿပီးမွ အနိမ့္ေဘာ ကန္သြင္းခဲ့ရာမွာ ဂိုးသမား ဂ်ိဳေဆးဆား ကာကြယ္ပုံ ေႏွာင့္ေႏွးခဲ့လို႔ တတိယဂိုး ထပ္မံရယူႏိုင္ခဲ့ၾကပါတယ္။

ပြဲခ်ိန္အျပည့္မွာေတာ့ အေဝးကြင္း မိုလီႏူးမွာ ဘ႐ိုက္တန္တို႔ သုံးဂိုး-ဂိုးမရွိနဲ႔ ေအာင္ပြဲခံႏိုင္ခဲ့ၾကၿပီး အမွတ္ေပးဇယားရဲ႕ အဆင့္ ၉ ကို တက္ေရာက္လာႏိုင္ခဲ့ၾကသလို ဒီရာသီကုန္မွာ ပရီးမီးယားလိဂ္အသင္းႀကီးေတြရဲ႕ ကံၾကမၼာကို အဆုံးအျဖတ္ ေပးလိမ့္မယ္လို႔ ခန႔္မွန္းခံထားရတဲ့ ဝုလ္ဗ္စ္တို႔ကေတာ့ အသင္းငယ္ေတြကို သုံးပြဲဆက္တိုက္ ရႈံးၿပီး ေနာက္ႏွစ္ ဥေရာပဝင္ခြင့္နဲ႔ ေဝးရဖို႔ ျဖစ္လာခဲ့ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.