La Liga Match Report

လာလီဂါချန်ပီယံအဖြစ် ကာတာလန်အသင်းကို ဂိုးပြတ်သွင်းပြီး ဗိုလ်ဝင်ခံ ဆုယူတဲ့ ရီးရဲလ်

ရီးရဲလ်မက်ဒရစ်အနေနဲ့ ဒီနေ့ပွဲမှာ ဂိုးသမား ကူတွာ၊ ကာစီမီရို၊ ဗာယေဟို၊ လူးကပ်စ် ဗက်ဇ်ကေးဇ်၊ မာဆယ်လိုတို့နဲ့ ခံစစ်မှာ ပွဲထွက်လာခဲ့ပြီး ကွင်းလယ်မှာတော့ မိုဒရစ်ချ်၊ ကာမာဗင်ဂါနဲ့ ဒါနီ စီဘာယော့စ်တို့ကို ကစားစေခဲ့သလို တိုက်စစ်မှာတော့ ဘင်ဇီးမားနဲ့ ဗီနီးရှပ်စ်တို့ကို အနားပေးပြီး အဆန်စီယို၊ မာရီယာနို ဒီယက်ဇ်နဲ့ ရိုဒရီဂိုတို့ကို ပွဲထုတ်ခဲ့တာဖြစ်ပါတယ်။

ကာတာလန်နောက်တစ်သင်းဖြစ်တဲ့ ဘာစီလိုနာမြို့သား အက်စ်ပန်ညိုတို့ကတော့ ဂိုးသမား ဒီယေဂို လိုပက်ဇ်၊ ခံစစ်မှာ ဖာနန်ဒို ကာလေရို၊ ဆာဂျီ ဂိုမက်ဇ်၊ ကာဘရီရာ၊ အဲလေ့စ် ဗီဒယ်လ်တို့ကို ခင်းကျင်းခဲ့ပြီး ယန်ဟဲလ် ဟာရဲရား၊ ဆာဂျီ ဒါဒါ၊ ဗီလင်နာ၊ မယ်လင်ဒိုတို့ကို ကွင်းလယ်မှာ ထားခဲ့သလို တိုက်စစ်မှာတော့ ရာအူးလ် ဒီတိုမတ်စ်နဲ့ ပူအာဒိုတို့ ပွဲထွက်လာခဲ့ကြတာပါ။

ဒီနေ့ပွဲကို ရီးရဲလ်မက်ဒရစ်ပရိသတ်နဲ့ နာမည်ကျော် တင်းနစ်ကစားသမားကြီး ရာဖာ နာဒယ်လ်က ကွင်းလယ်အမှတ်က ဘောလုံးကို လာကန်ပြီး အသင်းရဲ့ ချန်ပီယံဖြစ်တော့မယ့် ပွဲကို ဂုဏ်ပြုသွားခဲ့သလို ပွဲစအပြီးမှာတော့ ခံစစ်မှာ အရန်ကစားသမားတွေကို အသုံးပြုထားတဲ့ အိမ်ရှင်တွေကိုတော့ အက်စ်ပန်ညိုတို့က အတော်လေး ထိုးဖောက်ကစားသွားနိုင်ခဲ့တာကို တွေ့ခဲ့ရပါတယ်။

ပွဲချိန် ၁၅ မိနစ်မှာ မာရီယာနို ဒီယက်ဇ်ရဲ့ ခေါင်းတိုက်ချက်က တိုင်ထိထွက်ခဲ့ပြီး ရီးရဲလ်တို့ အခွင့်အရေးကြီးကြီးနဲ့ စတင်ခြိမ်းခြောက်နိုင်ခဲ့သလို ပွဲချိန် ၂၂ မိနစ်မှာလည်း ကွင်းလယ်ကနေ မိုဒရစ်ချ်ရဲ့ ခံစစ်ပေါ် ကျော်ချပေးတဲ့ ဘောလုံးကို ဒိုမီနီကန်သား မာရီယာနိုပဲ ခေါင်းချော်တိုက်ခဲ့လို့ အဖွင့်ဂိုးနဲ့ ဝေးနေခဲ့တာပါ။

ပွဲချိန် ၃၃ မိနစ်မှာတော့ ရီးရဲလ်မက်ဒရစ်တို့ အဖွင့်ဂိုး သွင်းယူနိုင်ခဲ့ကြပြီး ဗီနီးရှပ်စ်ကို အနားပေးထားလို့ ဘယ်ခြမ်းမှာ ကစားခွင့်ရခဲ့တဲ့ ရိုဒရီဂိုက မာဆယ်လိုနဲ့ အပြန်အလှန် အပေးအယူလုပ်ပြီး ထွက်လာတဲ့ ဘောလုံးကို ဧရိယာထဲကို ဆွဲပြေးပြီး အဝေးတိုင်ခြေကို အနိမ့်ဘော ကန်သွင်းနိုင်ခဲ့လို့ အိမ်ရှင်တွေ နိုင်ပွဲရဖို့ စတင်ခဲ့ပါတယ်။

ပွဲချိန် ၄၃ မိနစ်မှာတော့ ရီးရဲလ်တို့ ဒုတိယဂိုး ထပ်မံရယူနိုင်ခဲ့ပြီး ဒီဂိုးကိုတော့ ခံစစ်က ဟာရဲရား ပေးမလိုလိုလုပ်နေတုန်းမှာ မာရီယာနို ဒီယက်ဇ် ဝင်လုလို့ ထွက်လာတဲ့ ဘောလုံးကို ရိုဒရီဂိုက ဖြတ်တောက်ရယူပြီး နောက်ခံလူ ဆာဂျီ ဂိုမက်ဇ်နဲ့ မြင်ကွင်းပိတ်နေတဲ့ ဂိုးသမားရဲ့ အနီးတိုင်ခြေကို ချိုးကန်ပြီး အနိုင်ယူသွားခဲ့လို့ မက်ဒရစ်သားတွေ ပထမပိုင်းမှာ နှစ်ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်နေနိုင်ခဲ့တာပါ။

ဒုတိယပိုင်းပြန်စပြီး ပွဲချိန် ၅၅ မိနစ်မှာတော့ ရီးရဲလ်တို့ တတိယဂိုး ထပ်ရခဲ့ပြန်ပြီး ကွင်းလယ်မှာ ဘောလုံးမနိုင်ဘဲ အူကြောင်ကြောင်လုပ်နေတဲ့ အက်စ်ပန်ညိုတို့ဆီက မိုဒရစ်ချ် လုယူပေးတဲ့ ဘောလုံးကို ကာမာဗင်ဂါက တောက်လျှောက်ဆွဲပြေးပြီး ညာခြမ်းက အဆန်စီယိုဆီ ထိုးပေးရာမှာ စပိန် တောင်ပံသမားက သူသန်တဲ့ ဘယ်ခြေနဲ့ မကန်ဘဲ ညာခြေနဲ့ ပြေးပြေးကန်ကန် သွင်းယူနိုင်ခဲ့လို့ သုံးဂိုး-ဂိုးမရှိဖြစ်နေခဲ့ပါတယ်။

ပွဲချိန် မိနစ် ၆၀ မှာတော့ ကာစီမီရိုအစား အစ္စကို၊ မိုဒရစ်ချ်အစား တိုနီ ခရူးစ်၊ မာရီယာနို ဒီယက်ဇ်အစား ဘင်ဇီးမားတို့ကို လူစားလဲကစားခဲ့ပြီး ငါးမိနစ်အကြာမှာတော့ အက်စ်ပန်ညိုဘက်က မယ်လင်ဒို၊ ရာအူးလ် ဒီတိုမတ်စ်နဲ့ ဗီလင်နာတို့အစား မော်လန်နက်စ်၊ ဝူလေနဲ့ ဒီဒက် ဗီလာတို့ကို အပြောင်းအလဲလုပ်သွားခဲ့ပါတယ်။

ဒီနောက်ပိုင်းမှာတော့ ရီးရဲလ်တို့ ကစားအားချလိုက်လို့ အက်စ်ပန်ညို တိုက်စစ်ဒဏ်ကို ဂိုးသမား ကူတွာ တော်တော်လေး ခံစားခဲ့ရပြီး ပွဲချိန် ၇၅ မိနစ်မှာမှ ရိုဒရီဂိုအစား ဗီနီးရှပ်စ်နဲ့ ကာမာဗင်ဂါအစား အရန်အသင်းနောက်ခံလူ မာရီယို ဂီလာတို့ကို လူစားလဲလိုက်မှ အသင်းက ပြန်လည်တည်ငြိမ်သွားခဲ့တာပါ။

ပွဲချိန် ၈၁ မိနစ်မှာတော့ ရီးရဲလ်တို့အတွက် စတုတ္ထအနိုင်ဂိုးကို သူမပါရင် မပြီးတဲ့ လူစားဝင် ပြင်သစ်သားကြီးက သွင်းယူပေးခဲ့ပြီး တန်ပြန်တိုက်စစ်ကနေ အစ္စကို ခင်းပေးတာကို ဘယ်ခြမ်းက ဆွဲပြေးသွားခဲ့တဲ့ ဗီနီးရှပ်စ်က အနိမ့်ဘောချိုးပေးခဲ့ရာမှာ ဘင်ဇီးမားက သူ့ရဲ့ ဒီရာသီ လာလီဂါဂိုး ၂၆ ဂိုးမြောက်အဖြစ် သွင်းယူသွားနိုင်ခဲ့တာဖြစ်ပါတယ်။

ပွဲချိန်အပြည့်မှာတော့ ကာတာလန်အသင်း ဘာစီလိုနာဆီမှာ ရှုံးနိမ့်ခဲ့ရမှုကို သူတို့ရဲ့ မြို့ခံပြိုင်ဘက် အက်စ်ပန်ညိုဆီမှာ တူညီတဲ့ ရလဒ်အတိုင်း လေးဂိုး-ဂိုးမရှိနဲ့ ရီးရဲလ်တို့ တုံ့ပြန်နိုင်ခဲ့ကြပြီး ဒုတိယနေရာက ဆီဗီလာအသင်းကို ၁၇ မှတ်ဖြတ်လိုက်ချိန်မှာတော့ သူတို့တွေအတွက် လိုအပ်တဲ့ အမှတ် ကွာခြားချက်နဲ့ အောင်ပွဲခံနိုင်ခဲ့ကြတာပါ။

ဘာနေဗျူးကွင်းကြီးမှာ ၂၀၂၁-၂၂ ရာသီ လာလီဂါ ချန်ပီယံအဖြစ် ဆုဖလားကို သိမ်းပိုက်နိုင်ခဲ့ပြီး အသင်းရဲ့ တရားဝင် ကပ္ပတိန် မာဆယ်လိုက ပွဲထွက်ကပ္ပတိန် ဘင်ဇီးမားနဲ့အတူ ကိုင်မြောက်အောင်ပွဲခံခဲ့ကြသလို သူတို့အသင်းအတွက် စံချိန်တင် ၃၅ ကြိမ်မြောက် အမှတ်ပေးချန်ပီယံဆုကို အမှတ်တရ တီရှပ်တွေ ဝတ်ဆင်ပြီး ပျော်ပျော်ပါးပါး ရယူသွားနိုင်ခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ရီးရဲလ္မက္ဒရစ္အေနနဲ႔ ဒီေန႔ပြဲမွာ ဂိုးသမား ကူတြာ၊ ကာစီမီ႐ို၊ ဗာေယဟို၊ လူးကပ္စ္ ဗက္ဇ္ေကးဇ္၊ မာဆယ္လိုတို႔နဲ႔ ခံစစ္မွာ ပြဲထြက္လာခဲ့ၿပီး ကြင္းလယ္မွာေတာ့ မိုဒရစ္ခ်္၊ ကာမာဗင္ဂါနဲ႔ ဒါနီ စီဘာေယာ့စ္တို႔ကို ကစားေစခဲ့သလို တိုက္စစ္မွာေတာ့ ဘင္ဇီးမားနဲ႔ ဗီနီးရွပ္စ္တို႔ကို အနားေပးၿပီး အဆန္စီယို၊ မာရီယာႏို ဒီယက္ဇ္နဲ႔ ႐ိုဒရီဂိုတို႔ကို ပြဲထုတ္ခဲ့တာျဖစ္ပါတယ္။

ကာတာလန္ေနာက္တစ္သင္းျဖစ္တဲ့ ဘာစီလိုနာၿမိဳ႕သား အက္စ္ပန္ညိဳတို႔ကေတာ့ ဂိုးသမား ဒီေယဂို လိုပက္ဇ္၊ ခံစစ္မွာ ဖာနန္ဒို ကာေလ႐ို၊ ဆာဂ်ီ ဂိုမက္ဇ္၊ ကာဘရီရာ၊ အဲေလ့စ္ ဗီဒယ္လ္တို႔ကို ခင္းက်င္းခဲ့ၿပီး ယန္ဟဲလ္ ဟာရဲရား၊ ဆာဂ်ီ ဒါဒါ၊ ဗီလင္နာ၊ မယ္လင္ဒိုတို႔ကို ကြင္းလယ္မွာ ထားခဲ့သလို တိုက္စစ္မွာေတာ့ ရာအူးလ္ ဒီတိုမတ္စ္နဲ႔ ပူအာဒိုတို႔ ပြဲထြက္လာခဲ့ၾကတာပါ။

ဒီေန႔ပြဲကို ရီးရဲလ္မက္ဒရစ္ပရိသတ္နဲ႔ နာမည္ေက်ာ္ တင္းနစ္ကစားသမားႀကီး ရာဖာ နာဒယ္လ္က ကြင္းလယ္အမွတ္က ေဘာလုံးကို လာကန္ၿပီး အသင္းရဲ႕ ခ်န္ပီယံျဖစ္ေတာ့မယ့္ ပြဲကို ဂုဏ္ျပဳသြားခဲ့သလို ပြဲစအၿပီးမွာေတာ့ ခံစစ္မွာ အရန္ကစားသမားေတြကို အသုံးျပဳထားတဲ့ အိမ္ရွင္ေတြကိုေတာ့ အက္စ္ပန္ညိဳတို႔က အေတာ္ေလး ထိုးေဖာက္ကစားသြားႏိုင္ခဲ့တာကို ေတြ႕ခဲ့ရပါတယ္။

ပြဲခ်ိန္ ၁၅ မိနစ္မွာ မာရီယာႏို ဒီယက္ဇ္ရဲ႕ ေခါင္းတိုက္ခ်က္က တိုင္ထိထြက္ခဲ့ၿပီး ရီးရဲလ္တို႔ အခြင့္အေရးႀကီးႀကီးနဲ႔ စတင္ၿခိမ္းေျခာက္ႏိုင္ခဲ့သလို ပြဲခ်ိန္ ၂၂ မိနစ္မွာလည္း ကြင္းလယ္ကေန မိုဒရစ္ခ်္ရဲ႕ ခံစစ္ေပၚ ေက်ာ္ခ်ေပးတဲ့ ေဘာလုံးကို ဒိုမီနီကန္သား မာရီယာႏိုပဲ ေခါင္းေခ်ာ္တိုက္ခဲ့လို႔ အဖြင့္ဂိုးနဲ႔ ေဝးေနခဲ့တာပါ။

ပြဲခ်ိန္ ၃၃ မိနစ္မွာေတာ့ ရီးရဲလ္မက္ဒရစ္တို႔ အဖြင့္ဂိုး သြင္းယူႏိုင္ခဲ့ၾကၿပီး ဗီနီးရွပ္စ္ကို အနားေပးထားလို႔ ဘယ္ျခမ္းမွာ ကစားခြင့္ရခဲ့တဲ့ ႐ိုဒရီဂိုက မာဆယ္လိုနဲ႔ အျပန္အလွန္ အေပးအယူလုပ္ၿပီး ထြက္လာတဲ့ ေဘာလုံးကို ဧရိယာထဲကို ဆြဲေျပးၿပီး အေဝးတိုင္ေျခကို အနိမ့္ေဘာ ကန္သြင္းႏိုင္ခဲ့လို႔ အိမ္ရွင္ေတြ ႏိုင္ပြဲရဖို႔ စတင္ခဲ့ပါတယ္။

ပြဲခ်ိန္ ၄၃ မိနစ္မွာေတာ့ ရီးရဲလ္တို႔ ဒုတိယဂိုး ထပ္မံရယူႏိုင္ခဲ့ၿပီး ဒီဂိုးကိုေတာ့ ခံစစ္က ဟာရဲရား ေပးမလိုလိုလုပ္ေနတုန္းမွာ မာရီယာႏို ဒီယက္ဇ္ ဝင္လုလို႔ ထြက္လာတဲ့ ေဘာလုံးကို ႐ိုဒရီဂိုက ျဖတ္ေတာက္ရယူၿပီး ေနာက္ခံလူ ဆာဂ်ီ ဂိုမက္ဇ္နဲ႔ ျမင္ကြင္းပိတ္ေနတဲ့ ဂိုးသမားရဲ႕ အနီးတိုင္ေျခကို ခ်ိဳးကန္ၿပီး အႏိုင္ယူသြားခဲ့လို႔ မက္ဒရစ္သားေတြ ပထမပိုင္းမွာ ႏွစ္ဂိုး-ဂိုးမရွိနဲ႔ ဦးေဆာင္ေနႏိုင္ခဲ့တာပါ။

ဒုတိယပိုင္းျပန္စၿပီး ပြဲခ်ိန္ ၅၅ မိနစ္မွာေတာ့ ရီးရဲလ္တို႔ တတိယဂိုး ထပ္ရခဲ့ျပန္ၿပီး ကြင္းလယ္မွာ ေဘာလုံးမႏိုင္ဘဲ အူေၾကာင္ေၾကာင္လုပ္ေနတဲ့ အက္စ္ပန္ညိဳတို႔ဆီက မိုဒရစ္ခ်္ လုယူေပးတဲ့ ေဘာလုံးကို ကာမာဗင္ဂါက ေတာက္ေလွ်ာက္ဆြဲေျပးၿပီး ညာျခမ္းက အဆန္စီယိုဆီ ထိုးေပးရာမွာ စပိန္ ေတာင္ပံသမားက သူသန္တဲ့ ဘယ္ေျခနဲ႔ မကန္ဘဲ ညာေျခနဲ႔ ေျပးေျပးကန္ကန္ သြင္းယူႏိုင္ခဲ့လို႔ သုံးဂိုး-ဂိုးမရွိျဖစ္ေနခဲ့ပါတယ္။

ပြဲခ်ိန္ မိနစ္ ၆၀ မွာေတာ့ ကာစီမီ႐ိုအစား အစၥကို၊ မိုဒရစ္ခ်္အစား တိုနီ ခ႐ူးစ္၊ မာရီယာႏို ဒီယက္ဇ္အစား ဘင္ဇီးမားတို႔ကို လူစားလဲကစားခဲ့ၿပီး ငါးမိနစ္အၾကာမွာေတာ့ အက္စ္ပန္ညိဳဘက္က မယ္လင္ဒို၊ ရာအူးလ္ ဒီတိုမတ္စ္နဲ႔ ဗီလင္နာတို႔အစား ေမာ္လန္နက္စ္၊ ဝူေလနဲ႔ ဒီဒက္ ဗီလာတို႔ကို အေျပာင္းအလဲလုပ္သြားခဲ့ပါတယ္။

ဒီေနာက္ပိုင္းမွာေတာ့ ရီးရဲလ္တို႔ ကစားအားခ်လိုက္လို႔ အက္စ္ပန္ညိဳ တိုက္စစ္ဒဏ္ကို ဂိုးသမား ကူတြာ ေတာ္ေတာ္ေလး ခံစားခဲ့ရၿပီး ပြဲခ်ိန္ ၇၅ မိနစ္မွာမွ ႐ိုဒရီဂိုအစား ဗီနီးရွပ္စ္နဲ႔ ကာမာဗင္ဂါအစား အရန္အသင္းေနာက္ခံလူ မာရီယို ဂီလာတို႔ကို လူစားလဲလိုက္မွ အသင္းက ျပန္လည္တည္ၿငိမ္သြားခဲ့တာပါ။

ပြဲခ်ိန္ ၈၁ မိနစ္မွာေတာ့ ရီးရဲလ္တို႔အတြက္ စတုတၳအႏိုင္ဂိုးကို သူမပါရင္ မၿပီးတဲ့ လူစားဝင္ ျပင္သစ္သားႀကီးက သြင္းယူေပးခဲ့ၿပီး တန္ျပန္တိုက္စစ္ကေန အစၥကို ခင္းေပးတာကို ဘယ္ျခမ္းက ဆြဲေျပးသြားခဲ့တဲ့ ဗီနီးရွပ္စ္က အနိမ့္ေဘာခ်ိဳးေပးခဲ့ရာမွာ ဘင္ဇီးမားက သူ႔ရဲ႕ ဒီရာသီ လာလီဂါဂိုး ၂၆ ဂိုးေျမာက္အျဖစ္ သြင္းယူသြားႏိုင္ခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္အျပည့္မွာေတာ့ ကာတာလန္အသင္း ဘာစီလိုနာဆီမွာ ရႈံးနိမ့္ခဲ့ရမႈကို သူတို႔ရဲ႕ ၿမိဳ႕ခံၿပိဳင္ဘက္ အက္စ္ပန္ညိဳဆီမွာ တူညီတဲ့ ရလဒ္အတိုင္း ေလးဂိုး-ဂိုးမရွိနဲ႔ ရီးရဲလ္တို႔ တုံ႔ျပန္ႏိုင္ခဲ့ၾကၿပီး ဒုတိယေနရာက ဆီဗီလာအသင္းကို ၁၇ မွတ္ျဖတ္လိုက္ခ်ိန္မွာေတာ့ သူတို႔ေတြအတြက္ လိုအပ္တဲ့ အမွတ္ ကြာျခားခ်က္နဲ႔ ေအာင္ပြဲခံႏိုင္ခဲ့ၾကတာပါ။

ဘာေနဗ်ဴးကြင္းႀကီးမွာ ၂၀၂၁-၂၂ ရာသီ လာလီဂါ ခ်န္ပီယံအျဖစ္ ဆုဖလားကို သိမ္းပိုက္ႏိုင္ခဲ့ၿပီး အသင္းရဲ႕ တရားဝင္ ကပၸတိန္ မာဆယ္လိုက ပြဲထြက္ကပၸတိန္ ဘင္ဇီးမားနဲ႔အတူ ကိုင္ေျမာက္ေအာင္ပြဲခံခဲ့ၾကသလို သူတို႔အသင္းအတြက္ စံခ်ိန္တင္ ၃၅ ႀကိမ္ေျမာက္ အမွတ္ေပးခ်န္ပီယံဆုကို အမွတ္တရ တီရွပ္ေတြ ဝတ္ဆင္ၿပီး ေပ်ာ္ေပ်ာ္ပါးပါး ရယူသြားႏိုင္ခဲ့ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.