Ukraine-Russian War
ဗြောင်လိမ်ဗြောင်စားလုပ်နေတဲ့ ပူတင်ကို သေ-ာက်ပိုတွေပြောမနေနဲ့လို့ ကြိမ်းမောင်းလိုက်တဲ့ ဘောက်ဆင်ချန်ပီယံဟောင်း
ယူကရိန်းနိုင်ငံက ပျက်စီးနေတဲ့ မြို့တစ်မြို့မှာ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးအစီအစဉ်မှာ ဘောက်ဆင်ချန်ပီယံဟောင်း ဗီတာလီ ကလစ်ချ်ကိုက ရုရှားဟာ စစ်ဘက်ဆိုင်ရာ ပစ်မှတ်တွေကိုသာ ပစ်မှတ်ထားတိုက်ခိုက်နေတာဖြစ်တယ်ဆိုတဲ့ ပြောဆိုမှုတွေကို သောက်ပိုတွေလို့ တုံ့ပြန်ခဲ့ပါတယ်။
ယူကရိန်းနိုင်ငံမြို့တော် ကိဗ်ရဲ့ မြို့တော်ဝန်ဖြစ်တဲ့ ကလစ်ချ်ကိုဟာ ရုရှားနိုင်ငံက ယူကရိန်းနိုင်ငံကို ကျူးကျော်တိုက်ခိုက်ပြီးနောက်ပိုင်း ၎င်းရဲ့ညီဖြစ်သူ အိုလာဒီမာ ကလစ်ချ်ကိုနဲ့အတူ အမိမြေကို ကာကွယ်ဖို့ ရှေ့တန်းမှာ လက်နက်ကိုင် တိုက်ပွဲဝင်နေတာဖြစ်ပါတယ်။
ကိဗ်မြို့အပါအဝင် ယူကရိန်းရဲ့ အဓိကမြို့ကြီးတွေကို အဆက်မပြတ် ဗုံးကြဲတိုက်ခိုက်မှုတွေ ပြုလုပ်နေတဲ့ ရုရှးရဲ့ တိုက်ခိုက်မှုကြောင့် လူနေအဆောက်အအုံတွေများစွာ ထိခိုက်ပျက်စီးနေချိန်မှာ လက်ရှိအခြေအနေနဲ့ပတ်သက်ပြီး ဗီတာလီ ကလစ်ချ်ကိုဟာ မေးခွန်းထုတ်ခံခဲ့ရတာဖြစ်ပါတယ်။
7news သတင်းထောက် ခရစ္စ ရီဆင်က ကလစ်ချ်ကို ကို “ပူတင် ပြောတာကတော့ သူတို့တွေက စစ်ဘက်ဆိုင်ရာပစ်မှတ်တွေကိုပဲ ပစ်မှတ်ထားနေတာတဲ့”လို့ မေးမြန်းခဲ့ပါတယ်။ သိပ်မကြာခင်မှာပဲ ကိဗ်မြို့တော်ဝန် ဗီတာလီ ကလစ်ချ်ကိုက စိတ်ဆိုးမာန်ဆိုးနဲ့ ‘သေ-ာက်ပိုတွေကွာ’လို့ တုံ့ပြန်ခဲ့ပြီး ပြီးတဲ့နောက်မှာ သတိပြန်ဝင်ပြီး သတင်းထောက်ကို ပြန်လည်တောင်းပန်ခဲ့ပါတယ်။
အင်တာဗျူးပြုလုပ်နေတဲ့နေရာနားမှာရှိတဲ့ ဗုံးကြဲခံထားရတဲ့ လူနေအဆောက်အအုံတွေကို ညွှန်ပြရင်း ကလစ်ချ်ကိုက “စစ်ဘက်ဆိုင်ရာပစ်မှတ်တွေက ဘယ်မှာလဲ။ ဒီအဆောက်အအုံတွေက စစ်ဘက်ဆိုင်ရာ ပစ်မှတ်တွေလား”လို့ ထပ်လောင်း ပြောကြားခဲ့ပါတယ်။
တွစ်တာမှာ အဲဒီအင်တာဗျူးဗီဒီယိုကို တင်ခဲ့တဲ့ သတင်းထောက် ခရစ္စ ရီဆင်က လေကြောင်းတိုက်ခိုက်မှုတွေနဲ့ အမြောက်ပစ်ခတ်မငတွေဟာ နိုင်ငံတလွှားက လူနေရပ်ကွက်တွေကို ဆက်လက် ထိမှန်နေတာကြောင့် ကလစ်ချ်ကိုက “လိုရင်းကို တန်းတန်းမတ်မတ် ထိသွားစေမယ့် အလဲထိုးစကားသံပေးပို့လိုက်ကြောင်း ရေးသားခဲ့ပါတယ်။
အခြား အင်တာဗျူးတစ်ခုမှာ ကလစ်ချ်ကိုက ကိဗ်မြို့နေ ပြည်သူတွေဟာ ရုရှားရဲ့တိုက်ခိုက်ခြင်းခံခဲ့ရပြီးနောက် နိုင်ငံကို ကာကွယ်ဖို့အတွက် ပိုပြီးတောင် စိတ်ပိုင်းဖြတ်လာနိုင်ကြပြီလို့ ပြောကြားခဲ့ပါတယ်။
“ကျွန်တော်တို့ ဗုံးကြဲတိုက်ခိုက်မှုရဲ့ ရလဒ်တွေကို မြင်တွေ့ခဲ့ပြီး ပြည်သူတွေ သေဆုံးနေပါတယ်။ အခုအချိန် စိတ်က အားလုံး ဒေါသထွက်နေကြတယ်။ ကျွန်တော် လူတွေကို စကားပြောဆိုခဲ့ပြီး သူတို့တွေက ဒီနိုင်ငံကို စွန့်ခွာပြီး ထွက်မသွားချင်ကြပါဘူး။ ဒီတက်ကြွလှုပ်ရှားမှုတွေက အားလုံးကို အားတွေ အများကြီးပိုတက်လာစေပြီး အားလုံးကလည်း သူတို့တွေ ဒီက ထွက်မသွားချင်ဘူးဆိုတာ နားလည်သွားတယ်။ ကျွန်တော်တို့ရဲ့ မြို့ကို ကျွန်တော်တို့ ကာကွယ်ချင်တယ်။ ကျွန်တော်တို့ရဲ့ အိမ်တွေကို ကျွန်တော်တို့ ကာကွယ်ချင်တယ်”
“ကျွန်တော်တို့မှာ အခုအချိန်ရှိနေတာက လျှပ်စစ်မီး၊ အပူဒဏ်၊ ဂတ်စ်၊ ရေရှိပါတယ်”လို့ ပြောကြားခဲ့ပါတယ်။ ပူတင်က ယူကရိန်းကို စစ်ကြေညာပြီးကတည်းက ၂၀၁၄ ခုနှစ်ကတည်းက ကိဗ်မြို့တော်ဝန်အဖြစ် တာဝန်ထမ်းဆောင်နေတဲ့ ဗီတာလီ ကလစ်ချ်ကိုက ၎င်းရဲ့ ညီဖြစ်သူ ဝလာဒီမာ ကလစ်ချ်ကိုနဲ့အတူ တိုက်ခိုက်ဖို့ အဆင်သင့်ရှိကြောင်း ပြောကြားခဲ့တာဖြစ်ပါတယ်။
REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.
ZAWGYI:
ယူကရိန်းနိုင်ငံက ပျက်စီးနေတဲ့ မြို့တစ်မြို့မှာ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးအစီအစဉ်မှာ ဘောက်ဆင်ချန်ပီယံဟောင်း ဗီတာလီ ကလစ်ခ်ျကိုက ရုရှားဟာ စစ်ဘက်ဆိုင်ရာ ပစ်မှတ်တွေကိုသာ ပစ်မှတ်ထားတိုက်ခိုက်နေတာဖြစ်တယ်ဆိုတဲ့ ပြောဆိုမှုတွေကို သောက်ပိုတွေလို့ တုံ့ပြန်ခဲ့ပါတယ်။
ယူကရိန်းနိုင်ငံမြို့တော် ကိဗ်ရဲ့ မြို့တော်ဝန်ဖြစ်တဲ့ ကလစ်ခ်ျကိုဟာ ရုရှားနိုင်ငံက ယူကရိန်းနိုင်ငံကို ကျူးကျော်တိုက်ခိုက်ပြီးနောက်ပိုင်း ၎င်းရဲ့ညီဖြစ်သူ အိုလာဒီမာ ကလစ်ခ်ျကိုနဲ့အတူ အမိမြေကို ကာကွယ်ဖို့ ရှေ့တန်းမှာ လက်နက်ကိုင် တိုက်ပွဲဝင်နေတာဖြစ်ပါတယ်။
ကိဗ်မြို့အပါအဝင် ယူကရိန်းရဲ့ အဓိကမြို့ကြီးတွေကို အဆက်မပြတ် ဗုံးကြဲတိုက်ခိုက်မှုတွေ ပြုလုပ်နေတဲ့ ရုရှးရဲ့ တိုက်ခိုက်မှုကြောင့် လူနေအဆောက်အအုံတွေများစွာ ထိခိုက်ပျက်စီးနေချိန်မှာ လက်ရှိအခြေအနေနဲ့ပတ်သက်ပြီး ဗီတာလီ ကလစ်ခ်ျကိုဟာ မေးခွန်းထုတ်ခံခဲ့ရတာဖြစ်ပါတယ်။
7news သတင်းထောက် ခရစ္စ ရီဆင်က ကလစ်ခ်ျကို ကို “ပူတင် ပြောတာကတော့ သူတို့တွေက စစ်ဘက်ဆိုင်ရာပစ်မှတ်တွေကိုပဲ ပစ်မှတ်ထားနေတာတဲ့”လို့ မေးမြန်းခဲ့ပါတယ်။ သိပ်မကြာခင်မှာပဲ ကိဗ်မြို့တော်ဝန် ဗီတာလီ ကလစ်ခ်ျကိုက စိတ်ဆိုးမာန်ဆိုးနဲ့ ‘သေ-ာက်ပို’လို့ တုံ့ပြန်ခဲ့ပြီး ပြီးတဲ့နောက်မှာ သတိပြန်ဝင်ပြီး သတင်းထောက်ကို ပြန်လည်တောင်းပန်ခဲ့ပါတယ်။
တွစ်တာမှာ အဲဒီအင်တာဗျူးဗီဒီယိုကို တင်ခဲ့တဲ့ သတင်းထောက် ခရစ္စ ရီဆင်က လေကြောင်းတိုက်ခိုက်မှုတွေနဲ့ အမြောက်ပစ်ခတ်မငတွေဟာ နိုင်ငံတလွှားက လူနေရပ်ကွက်တွေကို ဆက်လက် ထိမှန်နေတာကြောင့် ကလစ်ခ်ျကိုက “လိုရင်းကို တန်းတန်းမတ်မတ် ထိသွားစေမယ့် အလဲထိုးစကားသံပေးပို့လိုက်ကြောင်း ရေးသားခဲ့ပါတယ်။
အခြား အင်တာဗျူးတစ်ခုမှာ ကလစ်ခ်ျကိုက ကိဗ်မြို့နေ ပြည်သူတွေဟာ ရုရှားရဲ့တိုက်ခိုက်ခြင်းခံခဲ့ရပြီးနောက် နိုင်ငံကို ကာကွယ်ဖို့အတွက် ပိုပြီးတောင် စိတ်ပိုင်းဖြတ်လာနိုင်ကြပြီလို့ ပြောကြားခဲ့ပါတယ်။
REF: INTERNET SOURCES
SPORTS A2Z.