Premier League

ရော်နယ်လ်ဒိုကို ယူနိုက်တက်ခေါ်တာ အလုပ်မဖြစ်ဘူးလို့ ဝေဖန်လိုက်တဲ့ ရွန်နီ

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ဂန္ထဝင်ဂိုးသွင်းရှင် ဝိန်းရွန်နီက သူ့ရဲ့ အသင်းဟောင်းအနေနဲ့ တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်လ်ဒိုကို အိုးလ်ထရက်ဖို့ဒ်ဆီ တစ်ကျော့ပြန် ခေါ်ယူခဲ့တာဟာ အလုပ်မဖြစ်ဘဲ ရုပ်ပြကောင်းအောင် လုပ်လိုက်တဲ့ လုပ်ရပ်တစ်ခုသာဖြစ်ပြီး သရဲနီတွေအနေနဲ့ ဒီထက် ပိုမိုစွမ်းဆောင်နိုင်သူကို အလိုရှိတယ်လို့ ပြောလိုက်ပါတယ်။

၂၀၂၀-၂၁ ရာသီအပြီး အသက် ၃၅ နှစ်အရွယ်မှာ ကစားသမားဘဝကို အနိုင်နဲ့ပိုင်းပြီး အနားယူခဲ့တဲ့ အင်္ဂလန်လက်ရွေးစင်ဂိုးသွင်းဘုရင် တိုက်စစ်မှူးဟောင်းဟာ ရော်နယ်လ်ဒိုနဲ့ ယူနိုက်တက်တို့ရဲ့ ပူးပေါင်းမှုဟာ နှစ်ဦးနှစ်ဖက်စလုံးအတွက် အကျိုးမရှိဘူးလို့ ထင်မြင်နေတာလည်းဖြစ်ပြီး ဘယ်သူ့ဘက်ကမှ မျှော်မှန်းထားတဲ့အတိုင်း မဖြစ်ခဲ့ဘူးလို့လည်း ဆိုလိုက်တာပါ။

ရီးရဲလ်မက်ဒရစ်၊ ဂျူဗင်တပ်စ်အသင်းတွေနဲ့ အောင်မြင်မှုများစွာကို ရယူနိုင်ခဲ့တဲ့ အသက် ၃၇ နှစ်အရွယ် ပေါ်တူဂီသားကြီးဟာ ရွန်နီထက် အသက် ၈ လသာ ကြီးသူဖြစ်ပြီး ခန္ဓာကိုယ် ကြံ့ခိုင်မှုပိုင်းမှာ ဘယ်သူနဲ့မဆို ယှဉ်လို့ ရနေသေးပေမယ့် သူကို မျှော်လင့်ထားကြတဲ့ အရွယ်ကောင်း တိုက်စစ်မှူးတွေရဲ့ ကစားဟန်မျိုးကိုတော့ မပေးနိုင်ခဲ့သလို အိုးလ်ထရက်ဖို့ဒ်မှာ ဆုဖလားတွေနဲ့လည်း ဝေးရတော့မှာဖြစ်ပါတယ်။

ရွန်နီက သူဟာ ရော်နယ်လ်ဒိုကို ပြန်ခေါ်မယ်လို့ နွေရာသီ အပြောင်းအရွှေ့ကာလမှာ အသံထွက်လာကတည်းက “နိုး”လို့ အစဉ်တစိုက် ငြင်းခဲ့သူဖြစ်ကြောင်းဆိုလိုက်ပြီး အသင်းအနေနဲ့ သူ့ထက် ငယ်ရွယ်ပြီး ပိုမိုပေးဆပ်နိုင်တဲ့ တိုက်စစ်မှူးတွေကို ခေါ်ယူသင့်တယ်လို့ ထောက်ပြလိုက်ပြီး လက်ရှိစွမ်းဆောင်ရည်တွေကိုတော့ တစ်ဖက်က ချီးကျူးသွားခဲ့တာပါ။

“သူက ဂိုးတွေ သွင်းနိုင်တုန်းပါပဲ။ ချန်ပီယံလိဂ်အုပ်စုအဆင့်မှာ သွင်းထားခဲ့တဲ့ ဂိုးတွေရယ်၊ တော့တင်ဟမ်ကို သွင်းခဲ့တဲ့ ဟက်ထရစ်ရယ်က သူ့ရဲ့ အဆင့်အတန်းကို ပြသတုန်းပါ။ ဒါပေမယ့် အသင်းကို နှစ်နှစ်သုံးနှစ်လောက် ပွဲတိုင်းနီးပါး ဂိုးတွေ ပုံမှန်သွင်းယူပေးနိုင်မယ့် ငယ်ရွယ်တဲ့ တိုက်စစ်မှူးမျိုးကို ပွဲထွက်လူစာရင်းထဲမှာတော့ ထည့်သွင်းတည်ဆောက်သင့်ပါတယ်”

အသက်အရွယ်ကြီးရင့်လာပေမယ့် ပေါ်တူဂီ GOAT ဟာ မန်ချက်စတာယူနိုက်တက်အတွက် ပရီးမီးယားလိဂ် ၂၄ ပွဲမှာ ၁၂ ဂိုးနဲ့ နှစ်ပွဲကို တစ်ဂိုးနှုန်း သွင်းယူထားနိုင်ဆဲဖြစ်ပြီး တခြားတိုက်စစ်မှူး တော်တော်များများထက် သာလွန်နေဆဲဖြစ်သလို ချန်ပီယံလိဂ် ၇ ပွဲမှာလည်း ၆ ဂိုးသွင်းယူပြီး အသင်းကို ကြီးကြီးမားမား ကူညီနိုင်ဆဲဖြစ်နေခဲ့တာပါ။

“ခရစ္စတီယာနိုက အသက်အရွယ်ထောက်လာပြီဆိုတာကို လက်မခံချင်လည်း လက်ခံရတော့မှာပါပဲ။ သူက သူ့ရဲ့ အသက် ၂၀ ကျော်အရွယ်တွေတုန်းကလို ကောင်းသေးလို့လား… ဒါက ဘောလုံးပဲလေ။ သူက ဂိုးပေါက်ရှေ့မှာ ပြိုင်ဘက်တွေအတွက် ကြီးမားတဲ့ အန္တရာယ်ဖြစ်နေတုန်းပဲ… ဒါပေမယ့် အသင်းက သူ့ထက် ငယ်ရွယ်ပြီး ဂိုးပိုမိုဆာလောင်တဲ့သူတွေကို လိုအပ်နေတာပါ”လို့ ရွန်နီက ထောက်ပြသွားပါတယ်။

ရွန်နီက အသင်းမှာ လက်ရှိရှိနေတဲ့ ကစားသမားတွေဖြစ်ကြတဲ့ မားကပ်စ် ရက်ရှ်ဖို့ဒ်နဲ့ ဂျေဒန် ဆန်ချိုတို့ကတော့ လာမယ့်ရာသီတွေမှာ ဒီထက် ထူးချွန်ကောင်းမွန်လာဦးမယ်လို့ အားပေးလိုက်ပြီး လူငယ်လူကောင်းတွေအဖြစ် ထောက်ခံသွားခဲ့သလို ဂျက်ဆီ လင်ဂတ်နဲ့ စကော့ မက်တော်မီနေးတို့ကတော့ ပစ်ပယ်ထားလို့ မရနိုင်ဘဲ အသင်းရဲ့ လုပ်အားနှုန်းအခြေပြု စွမ်းဆောင်ရည်အတွက် အရေးပါလိမ့်မယ်လို့လည်း ဆိုသွားခဲ့တာပါ။

ဒါပေမယ့် ဒီကစားသမားတွေရဲ့ အနာဂတ်ကိုတော့ ယူနိုက်တက်တို့အတွက် သွင်းဂိုး ၂၅၃ ဂိုး စံချိန်တင် ရယူထားခဲ့တဲ့ လက်ရှိဒါဘီကောင်တီနည်းပြအနေနဲ့ အာမခံချက် သေချာမပေးနိုင်ဘဲ အိုးလ်ထရက်ဖို့ဒ်ကို လာမယ့် နည်းပြသစ်ဟာ သူ့လူတွေကို ခေါ်လာပြီး သူ့ပုံစံနဲ့ တည်ဆောက်ဦးမှာကိုလည်း တွေ့မြင်ရလိမ့်မယ်လို့ ခန့်မှန်းသွားခဲ့ကြောင်းလည်း သိရှိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

မန္ခ်က္စတာယူႏိုက္တက္အသင္းရဲ႕ ဂႏၴဝင္ဂိုးသြင္းရွင္ ဝိန္း႐ြန္နီက သူ႔ရဲ႕ အသင္းေဟာင္းအေနနဲ႔ တိုက္စစ္မႉး ခရစၥတီယာႏို ေရာ္နယ္လ္ဒိုကို အိုးလ္ထရက္ဖို႔ဒ္ဆီ တစ္ေက်ာ့ျပန္ ေခၚယူခဲ့တာဟာ အလုပ္မျဖစ္ဘဲ ႐ုပ္ျပေကာင္းေအာင္ လုပ္လိုက္တဲ့ လုပ္ရပ္တစ္ခုသာျဖစ္ၿပီး သရဲနီေတြအေနနဲ႔ ဒီထက္ ပိုမိုစြမ္းေဆာင္ႏိုင္သူကို အလိုရွိတယ္လို႔ ေျပာလိုက္ပါတယ္။

၂၀၂၀-၂၁ ရာသီအၿပီး အသက္ ၃၅ ႏွစ္အ႐ြယ္မွာ ကစားသမားဘဝကို အႏိုင္နဲ႔ပိုင္းၿပီး အနားယူခဲ့တဲ့ အဂၤလန္လက္ေ႐ြးစင္ဂိုးသြင္းဘုရင္ တိုက္စစ္မႉးေဟာင္းဟာ ေရာ္နယ္လ္ဒိုနဲ႔ ယူႏိုက္တက္တို႔ရဲ႕ ပူးေပါင္းမႈဟာ ႏွစ္ဦးႏွစ္ဖက္စလုံးအတြက္ အက်ိဳးမရွိဘူးလို႔ ထင္ျမင္ေနတာလည္းျဖစ္ၿပီး ဘယ္သူ႔ဘက္ကမွ ေမွ်ာ္မွန္းထားတဲ့အတိုင္း မျဖစ္ခဲ့ဘူးလို႔လည္း ဆိုလိုက္တာပါ။

ရီးရဲလ္မက္ဒရစ္၊ ဂ်ဴဗင္တပ္စ္အသင္းေတြနဲ႔ ေအာင္ျမင္မႈမ်ားစြာကို ရယူႏိုင္ခဲ့တဲ့ အသက္ ၃၇ ႏွစ္အ႐ြယ္ ေပၚတူဂီသားႀကီးဟာ ႐ြန္နီထက္ အသက္ ၈ လသာ ႀကီးသူျဖစ္ၿပီး ခႏၶာကိုယ္ ႀကံ့ခိုင္မႈပိုင္းမွာ ဘယ္သူနဲ႔မဆို ယွဥ္လို႔ ရေနေသးေပမယ့္ သူကို ေမွ်ာ္လင့္ထားၾကတဲ့ အ႐ြယ္ေကာင္း တိုက္စစ္မႉးေတြရဲ႕ ကစားဟန္မ်ိဳးကိုေတာ့ မေပးႏိုင္ခဲ့သလို အိုးလ္ထရက္ဖို႔ဒ္မွာ ဆုဖလားေတြနဲ႔လည္း ေဝးရေတာ့မွာျဖစ္ပါတယ္။

႐ြန္နီက သူဟာ ေရာ္နယ္လ္ဒိုကို ျပန္ေခၚမယ္လို႔ ေႏြရာသီ အေျပာင္းအေ႐ႊ႕ကာလမွာ အသံထြက္လာကတည္းက “ႏိုး”လို႔ အစဥ္တစိုက္ ျငင္းခဲ့သူျဖစ္ေၾကာင္းဆိုလိုက္ၿပီး အသင္းအေနနဲ႔ သူ႔ထက္ ငယ္႐ြယ္ၿပီး ပိုမိုေပးဆပ္ႏိုင္တဲ့ တိုက္စစ္မႉးေတြကို ေခၚယူသင့္တယ္လို႔ ေထာက္ျပလိုက္ၿပီး လက္ရွိစြမ္းေဆာင္ရည္ေတြကိုေတာ့ တစ္ဖက္က ခ်ီးက်ဴးသြားခဲ့တာပါ။

“သူက ဂိုးေတြ သြင္းႏိုင္တုန္းပါပဲ။ ခ်န္ပီယံလိဂ္အုပ္စုအဆင့္မွာ သြင္းထားခဲ့တဲ့ ဂိုးေတြရယ္၊ ေတာ့တင္ဟမ္ကို သြင္းခဲ့တဲ့ ဟက္ထရစ္ရယ္က သူ႔ရဲ႕ အဆင့္အတန္းကို ျပသတုန္းပါ။ ဒါေပမယ့္ အသင္းကို ႏွစ္ႏွစ္သုံးႏွစ္ေလာက္ ပြဲတိုင္းနီးပါး ဂိုးေတြ ပုံမွန္သြင္းယူေပးႏိုင္မယ့္ ငယ္႐ြယ္တဲ့ တိုက္စစ္မႉးမ်ိဳးကို ပြဲထြက္လူစာရင္းထဲမွာေတာ့ ထည့္သြင္းတည္ေဆာက္သင့္ပါတယ္”

အသက္အ႐ြယ္ႀကီးရင့္လာေပမယ့္ ေပၚတူဂီ GOAT ဟာ မန္ခ်က္စတာယူႏိုက္တက္အတြက္ ပရီးမီးယားလိဂ္ ၂၄ ပြဲမွာ ၁၂ ဂိုးနဲ႔ ႏွစ္ပြဲကို တစ္ဂိုးႏႈန္း သြင္းယူထားႏိုင္ဆဲျဖစ္ၿပီး တျခားတိုက္စစ္မႉး ေတာ္ေတာ္မ်ားမ်ားထက္ သာလြန္ေနဆဲျဖစ္သလို ခ်န္ပီယံလိဂ္ ၇ ပြဲမွာလည္း ၆ ဂိုးသြင္းယူၿပီး အသင္းကို ႀကီးႀကီးမားမား ကူညီႏိုင္ဆဲျဖစ္ေနခဲ့တာပါ။

“ခရစၥတီယာႏိုက အသက္အ႐ြယ္ေထာက္လာၿပီဆိုတာကို လက္မခံခ်င္လည္း လက္ခံရေတာ့မွာပါပဲ။ သူက သူ႔ရဲ႕ အသက္ ၂၀ ေက်ာ္အ႐ြယ္ေတြတုန္းကလို ေကာင္းေသးလို႔လား… ဒါက ေဘာလုံးပဲေလ။ သူက ဂိုးေပါက္ေရွ႕မွာ ၿပိဳင္ဘက္ေတြအတြက္ ႀကီးမားတဲ့ အႏၲရာယ္ျဖစ္ေနတုန္းပဲ… ဒါေပမယ့္ အသင္းက သူ႔ထက္ ငယ္႐ြယ္ၿပီး ဂိုးပိုမိုဆာေလာင္တဲ့သူေတြကို လိုအပ္ေနတာပါ”လို႔ ႐ြန္နီက ေထာက္ျပသြားပါတယ္။

႐ြန္နီက အသင္းမွာ လက္ရွိရွိေနတဲ့ ကစားသမားေတြျဖစ္ၾကတဲ့ မားကပ္စ္ ရက္ရွ္ဖို႔ဒ္နဲ႔ ေဂ်ဒန္ ဆန္ခ်ိဳတို႔ကေတာ့ လာမယ့္ရာသီေတြမွာ ဒီထက္ ထူးခြၽန္ေကာင္းမြန္လာဦးမယ္လို႔ အားေပးလိုက္ၿပီး လူငယ္လူေကာင္းေတြအျဖစ္ ေထာက္ခံသြားခဲ့သလို ဂ်က္ဆီ လင္ဂတ္နဲ႔ စေကာ့ မက္ေတာ္မီေနးတို႔ကေတာ့ ပစ္ပယ္ထားလို႔ မရႏိုင္ဘဲ အသင္းရဲ႕ လုပ္အားႏႈန္းအေျချပဳ စြမ္းေဆာင္ရည္အတြက္ အေရးပါလိမ့္မယ္လို႔လည္း ဆိုသြားခဲ့တာပါ။

ဒါေပမယ့္ ဒီကစားသမားေတြရဲ႕ အနာဂတ္ကိုေတာ့ ယူႏိုက္တက္တို႔အတြက္ သြင္းဂိုး ၂၅၃ ဂိုး စံခ်ိန္တင္ ရယူထားခဲ့တဲ့ လက္ရွိဒါဘီေကာင္တီနည္းျပအေနနဲ႔ အာမခံခ်က္ ေသခ်ာမေပးႏိုင္ဘဲ အိုးလ္ထရက္ဖို႔ဒ္ကို လာမယ့္ နည္းျပသစ္ဟာ သူ႔လူေတြကို ေခၚလာၿပီး သူ႔ပုံစံနဲ႔ တည္ေဆာက္ဦးမွာကိုလည္း ေတြ႕ျမင္ရလိမ့္မယ္လို႔ ခန႔္မွန္းသြားခဲ့ေၾကာင္းလည္း သိရွိရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.