Match Report Premier League

ကိုယ့်အထာနဲ့ကိုယ် တည်ငြိမ်ကြောင်း ဘရန့်ဖို့ဒ်ကို အနိုင်ယူပြခဲ့တဲ့ ဆောက်သမ်တန်

ဆောက်သမ်တန်အသင်းအနေနဲ့ ဒီနေ့မှာ သူတို့ရဲ့ ၃-၅-၂ ပုံစံနဲ့ပဲ ဆက်လက်ပွဲထွက်လာခဲ့ပြီး ဂိုးသမား ဖော်စတာ၊ ခံစစ်မှာ လီယန်ကို၊ ဘက်ဒ်နာရက်ခ်၊ ဆာလီဆူးတို့ ကစားခဲ့ကြသလို ကွင်းလယ်မှာတော့ ရိုမီယူ၊ ဝါ့ဒ်ပရောက်စ်နဲ့ ဒီယယ်လိုတို့ကို တွဲဖက်ပေးခဲ့ချိန်မှာ တိုက်စစ်မှာတော့ ရက်ဒ်မွန့်နဲ့ ဘရိုယာတို့ ပွဲထွက်လာခဲ့ကြတာဖြစ်ပါတယ်။

ဘရန့်ဖို့ဒ်တို့ကလည်း သူတို့ရဲ့ ပုံမှန်လူစာရင်းကိုပဲ အသုံးပြုခဲ့ပြီး ခံစစ်မှာ ပင်းနော့ခ်နဲ့ ယန်ဆွန်တို့အပြင် ရာသီအစက ခြေစွမ်းပြနိုင်ခဲ့တဲ့ အာယေး ပြန်လည်ပါဝင်လာခဲ့သလို ကွင်းလယ်မှာ ကာနို့စ်၊ ယန်နဲ့လ်၊ နော်ဂါ့ဒ်၊ ဘက်ပ်တစ္စတေနဲ့ ခြေစွမ်းပြနေတဲ့ ရိုအာဆလက်ဗ်တို့ ပွဲထွက်ခဲ့ကြချိန်မှာ တိုက်စစ်မှာ တိုနီနဲ့ အမ်ဘူးမိုတို့အတွဲကိုပဲ ခင်းကျင်းလာခဲ့ပါတယ်။

ပွဲချိန် ၅ မိနစ်မှာတော့ ဆောက်သမ်တန်တို့ အဖွင့်ဂိုး စတင်ရယူနိုင်ခဲ့ကြပြီး ဘယ်ခြမ်းမှာ ရတဲ့ ထောင့်ကန်ဘောကို အသင်းခေါင်းဆောင် ဝါ့ဒ်ပရောက်စ်က ကန်တင်ပေးရာမှာ နောက်ခံလူ ဘက်ဒ်နာရက်ခ်က ဘရန့်ဖို့ဒ်ဂိုးသမား ဖာနန်ဒက်ဇ်နဲ့ အနီးကပ်အနေအထားက ခေါင်းတိုက်သွင်းယူခဲ့လို့ အိမ်ရှင်တွေ စတင်ဦးဆောင်ခဲ့တာပါ။

ပွဲချိန် ၂၃ မိနစ်မှာတော့ ဘရန့်ဖို့ဒ်တို့ ချေပဂိုး ပြန်လည်ရှာဖွေနိုင်ခဲ့ကြပြီး ညာခြမ်းကနေ ထိုးဖောက်လာခဲ့တဲ့ အမ်ဘူးမိုက တိုနီအတွက် တင်ပေးခဲ့တဲ့ ဘောလုံးကို တိုက်စစ်မှူး အသုံးမချနိုင်ဘဲ လွဲချော်ခဲ့ချိန်မှာ လျှပ်တစ်ပြက် အနေအထားတွေမှာ လာဘ်ကောင်းတတ်တဲ့ ယန်နဲ့လ်က နောက်ကနေ Volley ကန်သွင်းပြီး ဂိုးရယူသွားခဲ့တာလည်းဖြစ်ပါတယ်။

ပွဲချိန် ၂၅ မိနစ်မှာ ယန်နဲ့လ်ရဲ့ အဝေးကန်ချက် ပြင်းပြင်းကို ဖော်စတာ ပုတ်ထုတ်ခဲ့ရသလို ပွဲချိန် ၂၇ မိနစ်မှာတော့ ထောင့်ကန်ဘောကနေ ဆောက်သမ်တန်ဘယ်နောက်ခံလူ ပေရိုရဲ့ ကန်ချက်က လွဲချော်သွားခဲ့ပြီး ပွဲချိန် ၃၃ မိနစ်မှာတော့ ရိုမီယူရဲ့ ဂိုးရှေ့က ကန်ချက်က ထိချက်မမှန်ခဲ့သလို ဖိကစားနေတဲ့ အိမ်ရှင်တို့ရဲ့ တိုက်စစ်ကို ဧည့်သည်တွေ တော်တော်လေး ခုခံကာကွယ်နေခဲ့ရတာပါ။

ပွဲချိန် ၃၇ မိနစ်မှာတော့ ဆောက်သမ်တန်တို့ ပြန်လည်ဦးဆောင်နိုင်ခဲ့ပြီး ထောင့်ကန်ဘောကနေ ပြန်ထွက်လာခဲ့တာကို ခြေစွမ်းပြနေခဲ့တဲ့ ဒီယာလိုက ဧရိယာထိပ်ကနေ လှမ်းကန်သွင်းခဲ့ရာမှာ ဂိုးတိုင်ထိပြီး ပြန်ထွက်လာခဲ့တဲ့ ဘောလုံးက ကာကွယ်ဖို့ ကြိုးစားတဲ့ ဂိုးသမား ဖာနန်ဒက်ဇ်ရဲ့ လက်နဲ့ထိပြီး ဂိုးထဲကို ဝင်သွားခဲ့လို့ ပထမပိုင်းမှာ နှစ်ဂိုး-တစ်ဂိုးဖြစ်နေခဲ့ပါတယ်။

ဒုတိယပိုင်းမှာလည်း ဖိကစားနေတဲ့ အိမ်ရှင်တွေပဲ အလုပ်ဖြစ်ခဲ့ပြီး ပွဲချိန် ၄၉ မိနစ်မှာ တန်ပြန်တိုက်စစ်ကနေ ရိုမီယူ ကန်တင်ပေးလိုက်တဲ့ ဘောလုံးကို ဘယ်ခြမ်းက အချိန်ကိုက် ပြေးတက်သွားတဲ့ လူငယ်တိုက်စစ်မှူး ဘရိုယာက လိုက်လံရယူပြီး လွတ်လွတ်ကျွတ်ကျွတ် ကန်သွင်းခွင့်ရခဲ့တာမှာ ဂိုးသမား ခြေထောက်နဲ့ ထိခဲ့ပေမယ့် ဂိုးထဲကို ဆိုက်ဆိုက်မြိုက်မြိုက် ဝင်သွားခဲ့လို့ ဆောက်သမ်တန်တို့ ပွဲကို ထိန်းချုပ်နိုင်ခဲ့ပါတယ်။

ဒီနောက်ပိုင်းမှာ ဘရန့်ဖို့ဒ်တို့အနေနဲ့ တဖြည်းဖြည်း အမှားများလာခဲ့သလို ဆောက်သမ်တန်တို့ စိတ်ကြိုက်ကစားနိုင်ခွင့်ကို ပေးလိုက်ရပြီး ပွဲချိန် မိနစ် ၇၀ မှာတော့ ခံစစ်က ရှင်းထုတ်လိုက်တဲ့ ဘောလုံးကို နောက်တန်းကြားထဲကနေ လူမကျွံဘဲ ရယူနိုင်ခဲ့တဲ့ ရှေအက်ဒမ်စ်က လူစားဝင်ပြီး ၅ မိနစ်အကြာမှာ ထိန်းသိမ်းရယူပြီး ဂိုးသမားပေါ်က ကျော်ကန်သွင်းနိုင်ခဲ့တာပါ။

လက်ကျန်ပွဲချိန်တွေမှာတော့ ဧည့်သည်တွေရဲ့ တိုက်စစ်ဆင်မှုတွေကို ဂိုးထပ်မပေးရအောင် ထိန်းသိမ်းကစားပြီး နိုင်ပွဲတစ်ပွဲကို အမှားအယွင်း မရှိဘဲ ရယူသွားနိုင်ခဲ့သလို ပွဲချိန်အပြည့်မှာ ဆောက်သမ်တန်တို့ လေးဂိုး-တစ်ဂိုးနဲ့ အောင်ပွဲခံနိုင်ခဲ့ကြပြီး ဘရန့်ဖို့ဒ်ကို ပြန်ကျော်တက်နိုင်ခဲ့သလို အမှတ်ပေး ဇယားရဲ့ အဆင့် ၁၁ မှာ ရပ်တည်နိုင်ခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ေဆာက္သမ္တန္အသင္းအေနနဲ႔ ဒီေန႔မွာ သူတို႔ရဲ႕ ၃-၅-၂ ပုံစံနဲ႔ပဲ ဆက္လက္ပြဲထြက္လာခဲ့ၿပီး ဂိုးသမား ေဖာ္စတာ၊ ခံစစ္မွာ လီယန္ကို၊ ဘက္ဒ္နာရက္ခ္၊ ဆာလီဆူးတို႔ ကစားခဲ့ၾကသလို ကြင္းလယ္မွာေတာ့ ႐ိုမီယူ၊ ဝါ့ဒ္ပေရာက္စ္နဲ႔ ဒီယယ္လိုတို႔ကို တြဲဖက္ေပးခဲ့ခ်ိန္မွာ တိုက္စစ္မွာေတာ့ ရက္ဒ္မြန႔္နဲ႔ ဘ႐ိုယာတို႔ ပြဲထြက္လာခဲ့ၾကတာျဖစ္ပါတယ္။

ဘရန႔္ဖို႔ဒ္တို႔ကလည္း သူတို႔ရဲ႕ ပုံမွန္လူစာရင္းကိုပဲ အသုံးျပဳခဲ့ၿပီး ခံစစ္မွာ ပင္းေနာ့ခ္နဲ႔ ယန္ဆြန္တို႔အျပင္ ရာသီအစက ေျခစြမ္းျပႏိုင္ခဲ့တဲ့ အာေယး ျပန္လည္ပါဝင္လာခဲ့သလို ကြင္းလယ္မွာ ကာႏို႔စ္၊ ယန္နဲ႔လ္၊ ေနာ္ဂါ့ဒ္၊ ဘက္ပ္တစၥေတနဲ႔ ေျခစြမ္းျပေနတဲ့ ႐ိုအာဆလက္ဗ္တို႔ ပြဲထြက္ခဲ့ၾကခ်ိန္မွာ တိုက္စစ္မွာ တိုနီနဲ႔ အမ္ဘူးမိုတို႔အတြဲကိုပဲ ခင္းက်င္းလာခဲ့ပါတယ္။

ပြဲခ်ိန္ ၅ မိနစ္မွာေတာ့ ေဆာက္သမ္တန္တို႔ အဖြင့္ဂိုး စတင္ရယူႏိုင္ခဲ့ၾကၿပီး ဘယ္ျခမ္းမွာ ရတဲ့ ေထာင့္ကန္ေဘာကို အသင္းေခါင္းေဆာင္ ဝါ့ဒ္ပေရာက္စ္က ကန္တင္ေပးရာမွာ ေနာက္ခံလူ ဘက္ဒ္နာရက္ခ္က ဘရန႔္ဖို႔ဒ္ဂိုးသမား ဖာနန္ဒက္ဇ္နဲ႔ အနီးကပ္အေနအထားက ေခါင္းတိုက္သြင္းယူခဲ့လို႔ အိမ္ရွင္ေတြ စတင္ဦးေဆာင္ခဲ့တာပါ။

ပြဲခ်ိန္ ၂၃ မိနစ္မွာေတာ့ ဘရန႔္ဖို႔ဒ္တို႔ ေခ်ပဂိုး ျပန္လည္ရွာေဖြႏိုင္ခဲ့ၾကၿပီး ညာျခမ္းကေန ထိုးေဖာက္လာခဲ့တဲ့ အမ္ဘူးမိုက တိုနီအတြက္ တင္ေပးခဲ့တဲ့ ေဘာလုံးကို တိုက္စစ္မႉး အသုံးမခ်ႏိုင္ဘဲ လြဲေခ်ာ္ခဲ့ခ်ိန္မွာ လွ်ပ္တစ္ျပက္ အေနအထားေတြမွာ လာဘ္ေကာင္းတတ္တဲ့ ယန္နဲ႔လ္က ေနာက္ကေန Volley ကန္သြင္းၿပီး ဂိုးရယူသြားခဲ့တာလည္းျဖစ္ပါတယ္။

ပြဲခ်ိန္ ၂၅ မိနစ္မွာ ယန္နဲ႔လ္ရဲ႕ အေဝးကန္ခ်က္ ျပင္းျပင္းကို ေဖာ္စတာ ပုတ္ထုတ္ခဲ့ရသလို ပြဲခ်ိန္ ၂၇ မိနစ္မွာေတာ့ ေထာင့္ကန္ေဘာကေန ေဆာက္သမ္တန္ဘယ္ေနာက္ခံလူ ေပ႐ိုရဲ႕ ကန္ခ်က္က လြဲေခ်ာ္သြားခဲ့ၿပီး ပြဲခ်ိန္ ၃၃ မိနစ္မွာေတာ့ ႐ိုမီယူရဲ႕ ဂိုးေရွ႕က ကန္ခ်က္က ထိခ်က္မမွန္ခဲ့သလို ဖိကစားေနတဲ့ အိမ္ရွင္တို႔ရဲ႕ တိုက္စစ္ကို ဧည့္သည္ေတြ ေတာ္ေတာ္ေလး ခုခံကာကြယ္ေနခဲ့ရတာပါ။

ပြဲခ်ိန္ ၃၇ မိနစ္မွာေတာ့ ေဆာက္သမ္တန္တို႔ ျပန္လည္ဦးေဆာင္ႏိုင္ခဲ့ၿပီး ေထာင့္ကန္ေဘာကေန ျပန္ထြက္လာခဲ့တာကို ေျခစြမ္းျပေနခဲ့တဲ့ ဒီယာလိုက ဧရိယာထိပ္ကေန လွမ္းကန္သြင္းခဲ့ရာမွာ ဂိုးတိုင္ထိၿပီး ျပန္ထြက္လာခဲ့တဲ့ ေဘာလုံးက ကာကြယ္ဖို႔ ႀကိဳးစားတဲ့ ဂိုးသမား ဖာနန္ဒက္ဇ္ရဲ႕ လက္နဲ႔ထိၿပီး ဂိုးထဲကို ဝင္သြားခဲ့လို႔ ပထမပိုင္းမွာ ႏွစ္ဂိုး-တစ္ဂိုးျဖစ္ေနခဲ့ပါတယ္။

ဒုတိယပိုင္းမွာလည္း ဖိကစားေနတဲ့ အိမ္ရွင္ေတြပဲ အလုပ္ျဖစ္ခဲ့ၿပီး ပြဲခ်ိန္ ၄၉ မိနစ္မွာ တန္ျပန္တိုက္စစ္ကေန ႐ိုမီယူ ကန္တင္ေပးလိုက္တဲ့ ေဘာလုံးကို ဘယ္ျခမ္းက အခ်ိန္ကိုက္ ေျပးတက္သြားတဲ့ လူငယ္တိုက္စစ္မႉး ဘ႐ိုယာက လိုက္လံရယူၿပီး လြတ္လြတ္ကြၽတ္ကြၽတ္ ကန္သြင္းခြင့္ရခဲ့တာမွာ ဂိုးသမား ေျခေထာက္နဲ႔ ထိခဲ့ေပမယ့္ ဂိုးထဲကို ဆိုက္ဆိုက္ၿမိဳက္ၿမိဳက္ ဝင္သြားခဲ့လို႔ ေဆာက္သမ္တန္တို႔ ပြဲကို ထိန္းခ်ဳပ္ႏိုင္ခဲ့ပါတယ္။

ဒီေနာက္ပိုင္းမွာ ဘရန႔္ဖို႔ဒ္တို႔အေနနဲ႔ တျဖည္းျဖည္း အမွားမ်ားလာခဲ့သလို ေဆာက္သမ္တန္တို႔ စိတ္ႀကိဳက္ကစားႏိုင္ခြင့္ကို ေပးလိုက္ရၿပီး ပြဲခ်ိန္ မိနစ္ ၇၀ မွာေတာ့ ခံစစ္က ရွင္းထုတ္လိုက္တဲ့ ေဘာလုံးကို ေနာက္တန္းၾကားထဲကေန လူမကြၽံဘဲ ရယူႏိုင္ခဲ့တဲ့ ေရွအက္ဒမ္စ္က လူစားဝင္ၿပီး ၅ မိနစ္အၾကာမွာ ထိန္းသိမ္းရယူၿပီး ဂိုးသမားေပၚက ေက်ာ္ကန္သြင္းႏိုင္ခဲ့တာပါ။

လက္က်န္ပြဲခ်ိန္ေတြမွာေတာ့ ဧည့္သည္ေတြရဲ႕ တိုက္စစ္ဆင္မႈေတြကို ဂိုးထပ္မေပးရေအာင္ ထိန္းသိမ္းကစားၿပီး ႏိုင္ပြဲတစ္ပြဲကို အမွားအယြင္း မရွိဘဲ ရယူသြားႏိုင္ခဲ့သလို ပြဲခ်ိန္အျပည့္မွာ ေဆာက္သမ္တန္တို႔ ေလးဂိုး-တစ္ဂိုးနဲ႔ ေအာင္ပြဲခံႏိုင္ခဲ့ၾကၿပီး ဘရန႔္ဖို႔ဒ္ကို ျပန္ေက်ာ္တက္ႏိုင္ခဲ့သလို အမွတ္ေပး ဇယားရဲ႕ အဆင့္ ၁၁ မွာ ရပ္တည္ႏိုင္ခဲ့ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.