Carabao & FA Match Report Premier League

ကိုဗစ်ထိနေတယ်လို့ ပလီထားပေမယ့် ဆွင်းဒန်ကို လူစုံနီးပါးသုံးပြီး အနိုင်ယူခဲ့တဲ့ မန်စီးတီး

မန်ချက်စတာစီးတီးနည်းပြ ဂွါဒီယိုလာအနေနဲ့ ကိုဗစ်ဖြစ်နေခဲ့တယ်လို့ ဆိုခဲ့ပြီး သူ့ရဲ့ လူစာရင်းမှာ ကစားသမား ၇ ယောက်အထိ မလေ့ကျင့်နိုင်ဘဲ ခွဲခြားထားခဲ့ရတယ်လို့ ပွဲကြိုမှာ ဟုတ်ဟုတ်ငြားငြား ပြောထားခဲ့ပေမယ့် ပွဲထွက်လူစာရင်းမှာတော့ ကစားသမားတချို့ကလွဲလို့ ဝေါ်လ်ကာ၊ ဒီဘရိုင်းနား၊ ဘာနာဒို၊ ဂွန်ဒိုးဝမ်၊ ကန်ဆယ်လို၊ ဒီယက်စ်တို့လို လူစုံပါဝင်လာခဲ့ပြီး သူ့ရဲ့ စကားတွေကို ယုံစားလို့မရကြောင်း ပြသခဲ့တာလည်းဖြစ်ပါတယ်။

ဖလားပွဲဂိုးသမား စတက်ဖင်နဲ့ လူငယ်ကစားသမား ပါးလ်မားကလွဲလို့ ဆရာတွေ များခဲ့တဲ့ မန်စီးတီးတို့အနေနဲ့ လက်ထောက်နည်းပြ ဘောရဲလ်ကို ကိုင်တွယ်စေခဲ့သလို ဘာနာဒို ဆေးလ်ဗား အပိုင်လုံးကို ဖြုန်းခဲ့လို့ စောစောစီးစီး ဂိုးမရခဲ့တာဖြစ်ပြီး ဆွင်းဒန်တို့ကို ဘယ်ခြမ်းက ကန်ဆယ်လိုရဲ့ တိုက်စစ်နဲ့ အဓိက ဖိကစားခဲ့တာပါ။

ပွဲချိန် ၁၄ မိနစ်မှာတော့ စီးတီးတို့ အဖွင့်ဂိုး ရခဲ့ပြီး ညာခြမ်းကနေ ဖိုဒန်လက်သစ်ဖြစ်လာမယ်လို့ ချီးကျူးခံထားခဲ့ရတဲ့ ပါးလ်မားက ဘယ်ခြေညာခြေပြပြီး ဖိန့်ခဲ့ချိန်မှာ ဆွင်းဒန်ခံစစ်က လွတ်ထွက်သွားခဲ့ပြီး သူချိုးပေးခဲ့တာကနေ ဘာနာဒို ဆေးလ်ဗားက အလိုက်သင့်နေရာယူပြီး ပိတ်သွင်းနိုင်ခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၂၈ မိနစ်မှာတော့ ဧည့်သည်တွေ ဒုတိယဦးဆောင်ဂိုးကို ရယူနိုင်ခဲ့ပြီး ဆွင်းဒန်ခံစစ်ဆီက ဘောလုံးလုယူခဲ့တဲ့ ဂျေဆူးစ်က ဒီဘရိုင်းနားနဲ့ စက္ကန့်ပိုင်းအတွင်းမှာ လျှပ်တစ်ပြက် ဝမ်းတူးရိုက်ပြီး ဂိုးသမားနဲ့ တစ်ယောက်ချင်းအတွေ့မှာ ညာဘက်အောက်ခြေကို တိတိကျကျ ကန်သွင်းယူနိုင်ခဲ့လို့ နှစ်ဂိုး-ဂိုးမရှိဖြစ်နေခဲ့တာပါ။

ပထမပိုင်းမှာတော့ နှစ်ဂိုး-ဂိုးမရှိနဲ့ပဲ ဧည့်သည် စီးတီးတို့ ဦးဆောင်ထားနိုင်ခဲ့ကြပြီး အိမ်ရှင် ဆွင်းဒန်တို့အနေနဲ့ စတာလင်၊ ဖိုဒန်၊ ဇင်ချန်ကို၊ စတုန်းစ်တို့လောက်ပဲ လွဲချော်ခဲ့ပြီး ထိပ်တန်းအဆင့်မှာ ကောင်းကောင်းရှိနေခဲ့ပြီး “လူမစုံဘူး”ဆိုခဲ့တဲ့ အသင်းကို ယှဉ်ဖို့ အိပ်မက်တောင် မမက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ဒုတိယပိုင်း ပွဲချိန် ၅၉ မိနစ်မှာတော့ မန်စီးတီးတို့ တတိယဦးဆောင်ဂိုးကို သွင်းယူနိုင်ခဲ့ပြီး ဆွင်းဒန်ဧရိယာညာဘက်ထိပ်မှာ ရရှိခဲ့တဲ့ ဖရီးကစ်ကို ကွင်းလယ်လူ ဂွန်ဒိုးဝမ်က အပြင်ဘက် လူတံတိုင်းဘေးကနေ ဝိုက်ကန်သွင်းခဲ့ရာမှာ ဘာလုပ်နေမှန်းမသိဘဲ သူ့ရဲ့ ဘယ်ခြမ်းကို လွှတ်ထားခဲ့တဲ့ ဂိုးသမား ဝါ့ဒ် မကာကွယ်နိုင်ခဲ့ဘဲ ဂိုးပေးလိုက်ရတာပါ။

ပွဲချိန် ၆၂ မိနစ်မှာတော့ ပင်နယ်တီ မပေးလဲရတဲ့ ဖျက်ထုတ်မှုမျိုးကို လက်ဆောင်ပေးခဲ့တဲ့ ဒိုင်လူကြီး ဒါရင်း အင်္ဂလန်ကြောင့် ရတဲ့ အခွင့်အရေးကို ရှာဖွေခဲ့တဲ့ ဂျေဆူးစ်က ကိုယ်တိုင်ကန်သွင်းခဲ့ပေမယ့်လည်း သူ့ရဲ့ မသပ်မရပ် လှည့်စားမှုက မအောင်မြင်ခဲ့ဘဲ ဂိုးသမားက ညာဘက်ထောင့်ကို ဒိုက်ပစ်ပြီး ပုတ်ထုတ်သွားခဲ့တာကြောင့် စီးတီးတို့ ဂိုးတစ်ဂိုး လွဲချော်ခဲ့ရပါတယ်။

ပွဲချိန် ၇၈ မိနစ်မှာတော့ အိမ်ရှင် ဆွင်းဒန်တို့ ချေပဂိုးတစ်ဂိုး ပြန်လည်ရှာဖွေနိုင်ခဲ့ကြပြီး မန်စီးတီးကွင်းလယ်လူ ရိုဒရီရဲ့ ပေါ့ပေါ့ဆဆ နောက်ပြန် ပေးမှုက ထိချက်မမှန်ခဲ့တာကနေ ကွင်းလယ်လူ ဝီလီယမ်စ်က ဖြတ်ယူသွားခဲ့ပြီး ညာခြမ်းကို ချပေးခဲ့ရာမှာ တောင်ပံကနေ လိုက်ပါလာတဲ့ မက်ကာဒီက ဂိုးသမားအောက်ကနေ အနိမ့်ဘောကန်သွင်းပြီး ဂိုးအဖြစ် ပြောင်းလဲနိုင်ခဲ့တာပါ။

ပွဲချိန် ၈၂ မိနစ်မှာတော့ ဒီဂိုးအတွက် စီးတီးတို့ ပြန်လည်တုံ့ပြန်နိုင်ခဲ့ပြီး လူငယ်ကစားသမား ပါးလ်မားက ဘာနာဒို ဆေးလ်ဗားရဲ့ ကန်ချက် ပိတ်ဆို့ခံရပြီး ပြန်ထွက်လာတာကနေ အဝေးတိုင်အပေါ်ထောင့်ကို အပြင်းကန်သွင်းသွားခဲ့ရာမှာ ဧည့်သည်တွေအတွက် စတုတ္ထဂိုး ရရှိသွားခဲ့တာလည်း ဖြစ်ပါတယ်။

ပွဲချိန်အပြည့်မှာတော့ လူစုံနီးပါးထုတ်ကစားခဲ့တဲ့ မန်ချက်စတာစီးတီးတို့ အက်ဖ်အေဖလား တတိယအဆင့်မှာ လေးဂိုး-တစ်ဂိုးနဲ့ အောင်ပွဲခံခဲ့ပြီး ဒုတိယတန်းကလပ် ဆွင်းဒန်ကို ကျော်ဖြတ်နိုင်ခဲ့သလို စတုတ္တအဆင့်ကို တက်ရောက်သွားနိုင်ခဲ့ပြီး ဂွါဒီယိုလာ မပါနိုင်ခဲ့ပေမယ့် သူ့ရဲ့ နည်းစနစ်အတိုင်း လက်ထောက်နည်းပြ ဘောရဲလ်ရဲ့ ထိန်းကျောင်းနိုင်မှုနဲ့ မျက်နှာလှခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မန္ခ်က္စတာစီးတီးနည္းျပ ဂြါဒီယိုလာအေနနဲ႔ ကိုဗစ္ျဖစ္ေနခဲ့တယ္လို႔ ဆိုခဲ့ၿပီး သူ႔ရဲ႕ လူစာရင္းမွာ ကစားသမား ၇ ေယာက္အထိ မေလ့က်င့္ႏိုင္ဘဲ ခြဲျခားထားခဲ့ရတယ္လို႔ ပြဲႀကိဳမွာ ဟုတ္ဟုတ္ျငားျငား ေျပာထားခဲ့ေပမယ့္ ပြဲထြက္လူစာရင္းမွာေတာ့ ကစားသမားတခ်ိဳ႕ကလြဲလို႔ ေဝၚလ္ကာ၊ ဒီဘ႐ိုင္းနား၊ ဘာနာဒို၊ ဂြန္ဒိုးဝမ္၊ ကန္ဆယ္လို၊ ဒီယက္စ္တို႔လို လူစုံပါဝင္လာခဲ့ၿပီး သူ႔ရဲ႕ စကားေတြကို ယုံစားလို႔မရေၾကာင္း ျပသခဲ့တာလည္းျဖစ္ပါတယ္။

ဖလားပြဲဂိုးသမား စတက္ဖင္နဲ႔ လူငယ္ကစားသမား ပါးလ္မားကလြဲလို႔ ဆရာေတြ မ်ားခဲ့တဲ့ မန္စီးတီးတို႔အေနနဲ႔ လက္ေထာက္နည္းျပ ေဘာရဲလ္ကို ကိုင္တြယ္ေစခဲ့သလို ဘာနာဒို ေဆးလ္ဗား အပိုင္လုံးကို ျဖဳန္းခဲ့လို႔ ေစာေစာစီးစီး ဂိုးမရခဲ့တာျဖစ္ၿပီး ဆြင္းဒန္တို႔ကို ဘယ္ျခမ္းက ကန္ဆယ္လိုရဲ႕ တိုက္စစ္နဲ႔ အဓိက ဖိကစားခဲ့တာပါ။

ပြဲခ်ိန္ ၁၄ မိနစ္မွာေတာ့ စီးတီးတို႔ အဖြင့္ဂိုး ရခဲ့ၿပီး ညာျခမ္းကေန ဖိုဒန္လက္သစ္ျဖစ္လာမယ္လို႔ ခ်ီးက်ဴးခံထားခဲ့ရတဲ့ ပါးလ္မားက ဘယ္ေျခညာေျချပၿပီး ဖိန႔္ခဲ့ခ်ိန္မွာ ဆြင္းဒန္ခံစစ္က လြတ္ထြက္သြားခဲ့ၿပီး သူခ်ိဳးေပးခဲ့တာကေန ဘာနာဒို ေဆးလ္ဗားက အလိုက္သင့္ေနရာယူၿပီး ပိတ္သြင္းႏိုင္ခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္ ၂၈ မိနစ္မွာေတာ့ ဧည့္သည္ေတြ ဒုတိယဦးေဆာင္ဂိုးကို ရယူႏိုင္ခဲ့ၿပီး ဆြင္းဒန္ခံစစ္ဆီက ေဘာလုံးလုယူခဲ့တဲ့ ေဂ်ဆူးစ္က ဒီဘ႐ိုင္းနားနဲ႔ စကၠန႔္ပိုင္းအတြင္းမွာ လွ်ပ္တစ္ျပက္ ဝမ္းတူး႐ိုက္ၿပီး ဂိုးသမားနဲ႔ တစ္ေယာက္ခ်င္းအေတြ႕မွာ ညာဘက္ေအာက္ေျခကို တိတိက်က် ကန္သြင္းယူႏိုင္ခဲ့လို႔ ႏွစ္ဂိုး-ဂိုးမရွိျဖစ္ေနခဲ့တာပါ။

ပထမပိုင္းမွာေတာ့ ႏွစ္ဂိုး-ဂိုးမရွိနဲ႔ပဲ ဧည့္သည္ စီးတီးတို႔ ဦးေဆာင္ထားႏိုင္ခဲ့ၾကၿပီး အိမ္ရွင္ ဆြင္းဒန္တို႔အေနနဲ႔ စတာလင္၊ ဖိုဒန္၊ ဇင္ခ်န္ကို၊ စတုန္းစ္တို႔ေလာက္ပဲ လြဲေခ်ာ္ခဲ့ၿပီး ထိပ္တန္းအဆင့္မွာ ေကာင္းေကာင္းရွိေနခဲ့ၿပီး “လူမစုံဘူး”ဆိုခဲ့တဲ့ အသင္းကို ယွဥ္ဖို႔ အိပ္မက္ေတာင္ မမက္ႏိုင္ခဲ့တာ ျဖစ္ပါတယ္။

ဒုတိယပိုင္း ပြဲခ်ိန္ ၅၉ မိနစ္မွာေတာ့ မန္စီးတီးတို႔ တတိယဦးေဆာင္ဂိုးကို သြင္းယူႏိုင္ခဲ့ၿပီး ဆြင္းဒန္ဧရိယာညာဘက္ထိပ္မွာ ရရွိခဲ့တဲ့ ဖရီးကစ္ကို ကြင္းလယ္လူ ဂြန္ဒိုးဝမ္က အျပင္ဘက္ လူတံတိုင္းေဘးကေန ဝိုက္ကန္သြင္းခဲ့ရာမွာ ဘာလုပ္ေနမွန္းမသိဘဲ သူ႔ရဲ႕ ဘယ္ျခမ္းကို လႊတ္ထားခဲ့တဲ့ ဂိုးသမား ဝါ့ဒ္ မကာကြယ္ႏိုင္ခဲ့ဘဲ ဂိုးေပးလိုက္ရတာပါ။

ပြဲခ်ိန္ ၆၂ မိနစ္မွာေတာ့ ပင္နယ္တီ မေပးလဲရတဲ့ ဖ်က္ထုတ္မႈမ်ိဳးကို လက္ေဆာင္ေပးခဲ့တဲ့ ဒိုင္လူႀကီး ဒါရင္း အဂၤလန္ေၾကာင့္ ရတဲ့ အခြင့္အေရးကို ရွာေဖြခဲ့တဲ့ ေဂ်ဆူးစ္က ကိုယ္တိုင္ကန္သြင္းခဲ့ေပမယ့္လည္း သူ႔ရဲ႕ မသပ္မရပ္ လွည့္စားမႈက မေအာင္ျမင္ခဲ့ဘဲ ဂိုးသမားက ညာဘက္ေထာင့္ကို ဒိုက္ပစ္ၿပီး ပုတ္ထုတ္သြားခဲ့တာေၾကာင့္ စီးတီးတို႔ ဂိုးတစ္ဂိုး လြဲေခ်ာ္ခဲ့ရပါတယ္။

ပြဲခ်ိန္ ၇၈ မိနစ္မွာေတာ့ အိမ္ရွင္ ဆြင္းဒန္တို႔ ေခ်ပဂိုးတစ္ဂိုး ျပန္လည္ရွာေဖြႏိုင္ခဲ့ၾကၿပီး မန္စီးတီးကြင္းလယ္လူ ႐ိုဒရီရဲ႕ ေပါ့ေပါ့ဆဆ ေနာက္ျပန္ ေပးမႈက ထိခ်က္မမွန္ခဲ့တာကေန ကြင္းလယ္လူ ဝီလီယမ္စ္က ျဖတ္ယူသြားခဲ့ၿပီး ညာျခမ္းကို ခ်ေပးခဲ့ရာမွာ ေတာင္ပံကေန လိုက္ပါလာတဲ့ မက္ကာဒီက ဂိုးသမားေအာက္ကေန အနိမ့္ေဘာကန္သြင္းၿပီး ဂိုးအျဖစ္ ေျပာင္းလဲႏိုင္ခဲ့တာပါ။

ပြဲခ်ိန္ ၈၂ မိနစ္မွာေတာ့ ဒီဂိုးအတြက္ စီးတီးတို႔ ျပန္လည္တုံ႔ျပန္ႏိုင္ခဲ့ၿပီး လူငယ္ကစားသမား ပါးလ္မားက ဘာနာဒို ေဆးလ္ဗားရဲ႕ ကန္ခ်က္ ပိတ္ဆို႔ခံရၿပီး ျပန္ထြက္လာတာကေန အေဝးတိုင္အေပၚေထာင့္ကို အျပင္းကန္သြင္းသြားခဲ့ရာမွာ ဧည့္သည္ေတြအတြက္ စတုတၳဂိုး ရရွိသြားခဲ့တာလည္း ျဖစ္ပါတယ္။

ပြဲခ်ိန္အျပည့္မွာေတာ့ လူစုံနီးပါးထုတ္ကစားခဲ့တဲ့ မန္ခ်က္စတာစီးတီးတို႔ အက္ဖ္ေအဖလား တတိယအဆင့္မွာ ေလးဂိုး-တစ္ဂိုးနဲ႔ ေအာင္ပြဲခံခဲ့ၿပီး ဒုတိယတန္းကလပ္ ဆြင္းဒန္ကို ေက်ာ္ျဖတ္ႏိုင္ခဲ့သလို စတုတၱအဆင့္ကို တက္ေရာက္သြားႏိုင္ခဲ့ၿပီး ဂြါဒီယိုလာ မပါႏိုင္ခဲ့ေပမယ့္ သူ႔ရဲ႕ နည္းစနစ္အတိုင္း လက္ေထာက္နည္းျပ ေဘာရဲလ္ရဲ႕ ထိန္းေက်ာင္းႏိုင္မႈနဲ႔ မ်က္ႏွာလွခဲ့ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.