Match Report Premier League UCL&UEL

လူကာကူးရဲ့ တစ်ဂိုးတည်းနဲ့ အနိုင်ရပြီး ကစားပုံတိုးတက်ဖို့ လိုနေသေးတဲ့ ချဲလ်ဆီး

ချဲလ်ဆီးအသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား ကီပါကို သုံးစွဲမယ်လို့ သတင်းထွက်နေခဲ့ပေမယ့် မန်ဒီကိုသာ ဆက်သုံးသွားခဲ့ပြီး ပုံမှန် ၃-၄-၃ ကစားကွက်ထဲ ကွင်းလယ်လူ ကွန်တေ မပါဝင်နိုင်ချိန်မှာ ကိုဗာချစ်ကိုပဲ ဂျော်ဂျင်ညိုနဲ့ တွဲထုတ်သွားခဲ့သလို တိုက်စစ်မှာတော့ လူကာကူးနောက်က ဇီးယက်ရှ်နဲ့ မေဆန်မောင်တို့ ပွဲထွက်လာခဲ့ကြပါတယ်။

ဇင်းနစ်ကတော့ အီရန်တိုက်စစ်မှူး အက်ဇ်မုန်၊ ဘရာဇီးလ်ယူ-၂၃ အသင်းရဲ့ တောင်ပံကစားသမားတွေဖြစ်ကြတဲ့ မဲလ်ကွမ်နဲ့ ကလော်ဒင်ညိုတို့နဲ့ ၅-၄-၁ ကစားကွက်နဲ့ စတမ်းဖို့ဒ်ဘရစ်ချ်မှာ တောင့်ခံနိုင်ဖို့ ကြိုးစားလာခဲ့သလို ခံစစ်မှာ ကစားသမား ၇ ယောက် ၈ ယောက်လောက်အထိ ပိတ်ဆို့တဲ့ ဗျူဟာနဲ့ ရင်ဆိုင်လာခဲ့တာပါ။

ဒီနေ့ပွဲကို ယူအီးအက်ဖ်အေဥက္ကဋ္ဌ အလက်ဇန်းဒါး ဆက်ဖရင် လာရောက်ခဲ့ပြီး ချဲလ်ဆီးကစားသမားတွေဖြစ်ကြတဲ့ ဂိုးသမား မန်ဒီ၊ ကွင်းလယ်လူ ကွန်တေနဲ့ ဂျော်ဂျင်ညို၊ နည်းပြ တူဟယ်လ်တို့ကို ချန်ပီယံလိဂ်တစ်ရာသီစာ အကောင်းဆုံးဆုတွေကို ချီးမြှင့်သွားခဲ့တာကိုလည်း တွေ့မြင်ခဲ့ရပြီး ပြင်သစ် ကွင်းလယ်လူကတော့ ဒဏ်ရာနဲ့ ပွဲမကစားနိုင်ပေမယ့် ချဲလ်ဆီးဆွယ်တာနဲ့ တက်ရောက်လာခဲ့တာဖြစ်ပါတယ်။

ဇင်းနစ်ရဲ့ တစ်သင်းလုံးပိတ်ထားတဲ့ ကစားကွက်ကို ချဲလ်ဆီးနည်းပြ တူဟယ်လ်အနေနဲ့ သူ့ရဲ့ ခံစစ်လုံအောင်သုံးတဲ့ တောင်ပံသမားတွေကို ခံစစ်အားပြုတဲ့ ဂျိမ်းစ်နဲ့ အလွန်ဆိုတို့ကို ထည့်သွင်းထားချိန်မှာ ထိုးဖောက်ဖို့ ခက်နေခဲ့ပြီး သူ့အနေနဲ့ အသင်းလူစာရင်း တည်ငြိမ်လွန်းနေတာကို ထိုက်သင့်တဲ့ပွဲတွေမှာ အပြောင်းအလဲလုပ်ပြီး စွန့်စားရဲဖို့တော့ လိုအပ်နေတာပါ။

ချဲလ်ဆီးကွင်းလယ်နဲ့ ဖန်တီးပေးပို့သူ ကစားသမားတွေအနေနဲ့ လူကာကူးရဲ့ ပြေးလမ်းကြောင်းထဲကို ဘောလုံးထည့်မပေးနိုင်သေးတာကို တွေ့ရပြီး နားလည်မှု အပြည့်အဝရဖို့ လိုအပ်ဆဲဖြစ်နေတာကို တွေ့ခဲ့ရသလို သူ့ကို Hold-up Play တွေအတွက်သာ မဟုတ်ဘဲ တိုက်စစ်ဆင်မှုတွေမှာ တိတိကျကျ ဘောလုံးခင်းပေးနိုင်ဖို့ ပျက်ကွက်ခဲ့ပြီး ပထမပိုင်းမှာ ဂိုးမရှိသရေပဲဖြစ်နေခဲ့ပါတယ်။

ဒုတိယပိုင်းမှာတော့ စိတ်သိပ်ရှည်ပုံမရတဲ့ ရူဒီဂါရဲ့ ခံစစ်နေရာကနေ တိုက်စစ်အထိ တစ်ကိုယ်တော်ဆွဲပြေးပြီး ရုန်းပြခဲ့တဲ့ ကန်ချက်က ဘေးထွက်ခဲ့သလို မေဆန်မောင်နဲ့ ဇီးယက်ရှ်တို့ကတော့ ဇင်းနစ်နောက်တန်းကြားမှာ နစ်နေဆဲဖြစ်ပြီး ဒါကို ကူဖို့ လျင်မြန်တဲ့ တောင်ပံသမားတွေကို မထည့်ခဲ့တဲ့ တူဟယ်လ်ရဲ့ ဆုံးဖြတ်ချက်က အားမရစရာဖြစ်ခဲ့ပါတယ်။

ဇီးယက်ရှ်ကတော့ နောက်ပွဲတွေမှာ ထည့်ကစားဖို့ မကောင်းဘူးလို့ ထင်ရပြီး ပွဲချိန် ၆၃ မိနစ်မှာတော့ သူ့ကို ဟာဗတ်ဇ်နဲ့ လဲကစားခဲ့ရာမှာတော့ တိုက်စစ်တွဲလုံးတွေက သိသိသာသာ တက်လာခဲ့သလို ဇင်းနစ်ခံစစ်က အာရုံများသွားခဲ့ပြီး ပွဲချိန် ၆၉ မိနစ်မှာတော့ ညာခြမ်းက အက်ဇ်ပီလီကွေတာရဲ့ Deep Cross ကို လူကာကူးက နေရာယူမှန်မှန်နဲ့ သေသေသပ်သပ် ခေါင်းတိုက်သွင်းနိုင်ခဲ့လို့ တစ်လုံးတည်းသော အနိုင်ဂိုးကို ရရှိခဲ့ပါတယ်။

ချဲလ်ဆီးခံစစ်ကတော့ ဒီနေ့မှာ အလွန်ဆိုဘက်က အပေါက်များတာကို တွေ့ရပြီး ခံစစ်သမားတွေအနေနဲ့လည်း အက်ဇ်မုန်ရဲ့ မြန်နှုန်းကို ထိန်းချုပ်ဖို့ ခက်ခဲခဲ့သလို ပွဲချိန် မိနစ် ၈၀ မှာ အီရန်သားရဲ့ အနိမ့်ဘောဖြတ်တင်မှုကို လူစားဝင်တိုက်စစ်မှူး ဇူးဘား လေးနေလို့သာ ထိချက်နောက်ကျပြီး တိုင်ဘေးက ကပ်ထွက်သွားခဲ့ရသလို ချေပဂိုးပြန်ပေးရဖို့ နီးစပ်ခဲ့ပြီး ဒီကနေ ဂိုးသမား မန်ဒီကိုလည်း ထိခိုက်ဒဏ်ရာရစေခဲ့တာပါ။

လက်ကျန်ပွဲချိန်တွေမှာတော့ ချဲလ်ဆီးတို့ အခွင့်အရေးတွေကို အသုံးမချနိုင်တော့သလို ဂိုးပေါက် ၁၁ ကြိမ် ကန်သွင်းမှုမှာ ၂ ကြိမ်သာ တည့်ခဲ့တာကတော့ ပြောစရာလည်းဖြစ်ခဲ့ပြီး ဒီနေ့ကစားပုံကလည်း ပျင်းစရာဖြစ်နေခဲ့တာကြောင့် တန်ပြန်တိုက်စစ်က လူကာကူးရဲ့ ကြိုးစားမှုကို ပိတ်ဆို့ခံခဲ့ရအပြီးမှာ တစ်ဂိုး-ဂိုးမရှိနဲ့ပဲ ပွဲပြီးဆုံးခဲ့ပါတယ်။

ဒီနေ့ပွဲကို လေ့လာကြည့်ရင်တော့ နည်းပြ တူဟယ်လ်အနေနဲ့ Ball Possession, Pass Accuracy တွေ များရုံလောက်နဲ့ ကျေနပ်မနေသင့်တော့ပဲ တိုက်စစ်မှာ အခွင့်အရေးတွေ ပိုမိုဖန်တီးပေးနိုင်သူတွေကို အသုံးပြုသင့်ပြီဖြစ်သလို ချေးလ်ဝဲလ်နဲ့ တီမို ဗာနာတို့လို မြန်နှုန်းမြင့် ကစားသမားတွေကို ကစားကွက်ထဲ ထည့်သွင်းသင့်ပြီး လာမယ့်ပွဲတွေမှာ ပရိသတ်တွေအတွက် ဂိုးတွေ ပိုမိုမြင်တွေ့ရအောင် ပြောင်းလဲသင့်နေပြီဖြစ်ကြောင်း သုံးသပ်လိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ခ်ဲလ္ဆီးအသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးသမား ကီပါကို သုံးစြဲမယ္လို႔ သတင္းထြက္ေနခဲ့ေပမယ့္ မန္ဒီကိုသာ ဆက္သုံးသြားခဲ့ၿပီး ပုံမွန္ ၃-၄-၃ ကစားကြက္ထဲ ကြင္းလယ္လူ ကြန္ေတ မပါဝင္ႏိုင္ခ်ိန္မွာ ကိုဗာခ်စ္ကိုပဲ ေဂ်ာ္ဂ်င္ညိဳနဲ႔ တြဲထုတ္သြားခဲ့သလို တိုက္စစ္မွာေတာ့ လူကာကူးေနာက္က ဇီးယက္ရွ္နဲ႔ ေမဆန္ေမာင္တို႔ ပြဲထြက္လာခဲ့ၾကပါတယ္။

ဇင္းနစ္ကေတာ့ အီရန္တိုက္စစ္မႉး အက္ဇ္မုန္၊ ဘရာဇီးလ္ယူ-၂၃ အသင္းရဲ႕ ေတာင္ပံကစားသမားေတြျဖစ္ၾကတဲ့ မဲလ္ကြမ္နဲ႔ ကေလာ္ဒင္ညိဳတို႔နဲ႔ ၅-၄-၁ ကစားကြက္နဲ႔ စတမ္းဖို႔ဒ္ဘရစ္ခ်္မွာ ေတာင့္ခံႏိုင္ဖို႔ ႀကိဳးစားလာခဲ့သလို ခံစစ္မွာ ကစားသမား ၇ ေယာက္ ၈ ေယာက္ေလာက္အထိ ပိတ္ဆို႔တဲ့ ဗ်ဴဟာနဲ႔ ရင္ဆိုင္လာခဲ့တာပါ။

ဒီေန႔ပြဲကို ယူအီးအက္ဖ္ေအဥကၠ႒ အလက္ဇန္းဒါး ဆက္ဖရင္ လာေရာက္ခဲ့ၿပီး ခ်ဲလ္ဆီးကစားသမားေတြျဖစ္ၾကတဲ့ ဂိုးသမား မန္ဒီ၊ ကြင္းလယ္လူ ကြန္ေတနဲ႔ ေဂ်ာ္ဂ်င္ညိဳ၊ နည္းျပ တူဟယ္လ္တို႔ကို ခ်န္ပီယံလိဂ္တစ္ရာသီစာ အေကာင္းဆုံးဆုေတြကို ခ်ီးျမႇင့္သြားခဲ့တာကိုလည္း ေတြ႕ျမင္ခဲ့ရၿပီး ျပင္သစ္ ကြင္းလယ္လူကေတာ့ ဒဏ္ရာနဲ႔ ပြဲမကစားႏိုင္ေပမယ့္ ခ်ဲလ္ဆီးဆြယ္တာနဲ႔ တက္ေရာက္လာခဲ့တာျဖစ္ပါတယ္။

ဇင္းနစ္ရဲ႕ တစ္သင္းလုံးပိတ္ထားတဲ့ ကစားကြက္ကို ခ်ဲလ္ဆီးနည္းျပ တူဟယ္လ္အေနနဲ႔ သူ႔ရဲ႕ ခံစစ္လုံေအာင္သုံးတဲ့ ေတာင္ပံသမားေတြကို ခံစစ္အားျပဳတဲ့ ဂ်ိမ္းစ္နဲ႔ အလြန္ဆိုတို႔ကို ထည့္သြင္းထားခ်ိန္မွာ ထိုးေဖာက္ဖို႔ ခက္ေနခဲ့ၿပီး သူ႔အေနနဲ႔ အသင္းလူစာရင္း တည္ၿငိမ္လြန္းေနတာကို ထိုက္သင့္တဲ့ပြဲေတြမွာ အေျပာင္းအလဲလုပ္ၿပီး စြန႔္စားရဲဖို႔ေတာ့ လိုအပ္ေနတာပါ။

ခ်ဲလ္ဆီးကြင္းလယ္နဲ႔ ဖန္တီးေပးပို႔သူ ကစားသမားေတြအေနနဲ႔ လူကာကူးရဲ႕ ေျပးလမ္းေၾကာင္းထဲကို ေဘာလုံးထည့္မေပးႏိုင္ေသးတာကို ေတြ႕ရၿပီး နားလည္မႈ အျပည့္အဝရဖို႔ လိုအပ္ဆဲျဖစ္ေနတာကို ေတြ႕ခဲ့ရသလို သူ႔ကို Hold-up Play ေတြအတြက္သာ မဟုတ္ဘဲ တိုက္စစ္ဆင္မႈေတြမွာ တိတိက်က် ေဘာလုံးခင္းေပးႏိုင္ဖို႔ ပ်က္ကြက္ခဲ့ၿပီး ပထမပိုင္းမွာ ဂိုးမရွိသေရပဲျဖစ္ေနခဲ့ပါတယ္။

ဒုတိယပိုင္းမွာေတာ့ စိတ္သိပ္ရွည္ပုံမရတဲ့ ႐ူဒီဂါရဲ႕ ခံစစ္ေနရာကေန တိုက္စစ္အထိ တစ္ကိုယ္ေတာ္ဆြဲေျပးၿပီး ႐ုန္းျပခဲ့တဲ့ ကန္ခ်က္က ေဘးထြက္ခဲ့သလို ေမဆန္ေမာင္နဲ႔ ဇီးယက္ရွ္တို႔ကေတာ့ ဇင္းနစ္ေနာက္တန္းၾကားမွာ နစ္ေနဆဲျဖစ္ၿပီး ဒါကို ကူဖို႔ လ်င္ျမန္တဲ့ ေတာင္ပံသမားေတြကို မထည့္ခဲ့တဲ့ တူဟယ္လ္ရဲ႕ ဆုံးျဖတ္ခ်က္က အားမရစရာျဖစ္ခဲ့ပါတယ္။

ဇီးယက္ရွ္ကေတာ့ ေနာက္ပြဲေတြမွာ ထည့္ကစားဖို႔ မေကာင္းဘူးလို႔ ထင္ရၿပီး ပြဲခ်ိန္ ၆၃ မိနစ္မွာေတာ့ သူ႔ကို ဟာဗတ္ဇ္နဲ႔ လဲကစားခဲ့ရာမွာေတာ့ တိုက္စစ္တြဲလုံးေတြက သိသိသာသာ တက္လာခဲ့သလို ဇင္းနစ္ခံစစ္က အာ႐ုံမ်ားသြားခဲ့ၿပီး ပြဲခ်ိန္ ၆၉ မိနစ္မွာေတာ့ ညာျခမ္းက အက္ဇ္ပီလီေကြတာရဲ႕ Deep Cross ကို လူကာကူးက ေနရာယူမွန္မွန္နဲ႔ ေသေသသပ္သပ္ ေခါင္းတိုက္သြင္းႏိုင္ခဲ့လို႔ တစ္လုံးတည္းေသာ အႏိုင္ဂိုးကို ရရွိခဲ့ပါတယ္။

ခ်ဲလ္ဆီးခံစစ္ကေတာ့ ဒီေန႔မွာ အလြန္ဆိုဘက္က အေပါက္မ်ားတာကို ေတြ႕ရၿပီး ခံစစ္သမားေတြအေနနဲ႔လည္း အက္ဇ္မုန္ရဲ႕ ျမန္ႏႈန္းကို ထိန္းခ်ဳပ္ဖို႔ ခက္ခဲခဲ့သလို ပြဲခ်ိန္ မိနစ္ ၈၀ မွာ အီရန္သားရဲ႕ အနိမ့္ေဘာျဖတ္တင္မႈကို လူစားဝင္တိုက္စစ္မႉး ဇူးဘား ေလးေနလို႔သာ ထိခ်က္ေနာက္က်ၿပီး တိုင္ေဘးက ကပ္ထြက္သြားခဲ့ရသလို ေခ်ပဂိုးျပန္ေပးရဖို႔ နီးစပ္ခဲ့ၿပီး ဒီကေန ဂိုးသမား မန္ဒီကိုလည္း ထိခိုက္ဒဏ္ရာရေစခဲ့တာပါ။

လက္က်န္ပြဲခ်ိန္ေတြမွာေတာ့ ခ်ဲလ္ဆီးတို႔ အခြင့္အေရးေတြကို အသုံးမခ်ႏိုင္ေတာ့သလို ဂိုးေပါက္ ၁၁ ႀကိမ္ ကန္သြင္းမႈမွာ ၂ ႀကိမ္သာ တည့္ခဲ့တာကေတာ့ ေျပာစရာလည္းျဖစ္ခဲ့ၿပီး ဒီေန႔ကစားပုံကလည္း ပ်င္းစရာျဖစ္ေနခဲ့တာေၾကာင့္ တန္ျပန္တိုက္စစ္က လူကာကူးရဲ႕ ႀကိဳးစားမႈကို ပိတ္ဆို႔ခံခဲ့ရအၿပီးမွာ တစ္ဂိုး-ဂိုးမရွိနဲ႔ပဲ ပြဲၿပီးဆုံးခဲ့ပါတယ္။

ဒီေန႔ပြဲကို ေလ့လာၾကည့္ရင္ေတာ့ နည္းျပ တူဟယ္လ္အေနနဲ႔ Ball Possession, Pass Accuracy ေတြ မ်ား႐ုံေလာက္နဲ႔ ေက်နပ္မေနသင့္ေတာ့ပဲ တိုက္စစ္မွာ အခြင့္အေရးေတြ ပိုမိုဖန္တီးေပးႏိုင္သူေတြကို အသုံးျပဳသင့္ၿပီျဖစ္သလို ေခ်းလ္ဝဲလ္နဲ႔ တီမို ဗာနာတို႔လို ျမန္ႏႈန္းျမင့္ ကစားသမားေတြကို ကစားကြက္ထဲ ထည့္သြင္းသင့္ၿပီး လာမယ့္ပြဲေတြမွာ ပရိသတ္ေတြအတြက္ ဂိုးေတြ ပိုမိုျမင္ေတြ႕ရေအာင္ ေျပာင္းလဲသင့္ေနၿပီျဖစ္ေၾကာင္း သုံးသပ္လိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.