Carabao & FA

လီဗာပူးလ်ကို ဒိုင်ထပ်မကူဖို့ တောင်းဆိုလိုက်တဲ့ ပိုချက်တီနို

မူရီဆီယို ပိုချက်တီနိုက တနင်္ဂနွေနေ့ လီဗာပူးလ်နဲ့ ကစားရမယ့် ကာရာဘောင်းဖလားဗိုလ်လုပွဲကို ကိုင်တွယ်မယ့် ဒိုင်လူကြီး ခရစ္စ ကက်ဗ်နာကို မျှမျှတတ ကိုင်တွယ်သွားဖို့ တောင်းဆိုခဲ့ပါတယ်။

ချဲလ်ဆီးနည်းပြဟာ ဇန်နဝါရီ ၃၁ ရက်နေ့က အန်းဖီးမှာ လီဗာပူးလ်ကို ၄-၁ နဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်တုန်းက ဒိုင်လူကြီးရဲ့ ဆုံးဖြတ်ချက် အများအပြားကြောင့် စိတ်ပျက်ဒေါသထွက်ခဲ့ရတာ ဖြစ်ပါတယ်။

တနင်္ဂနွေနေ့ပွဲစဉ်ဟာ ပိုချက်တီနိုအတွက် ချဲလ်ဆီးနည်းပြဘဝ ပထမဆုံး ဖလားရရှိနိုင်မယ့် အခွင့်အရေးအဖြစ် ရှိနေတာဖြစ်ပြီး ယာဂန် ကလော့ပ်ကလည်း ယခုရာသီကုန်မှာ လီဗာပူးလ်နဲ့ လမ်းမခွဲခင် နောက်ထပ် ဆုဖလားတစ်လုံး ထပ်မံရယူဖို့ ကြိုးပမ်းသွားမှာ ဖြစ်ပါတယ်။

ကလော့ပ်နဲ့ လီဗာပူးလ်တို့ ဒီရာသီ ဆုဖလား အနိုင်ရဖို့အတွက် နောက်ထပ် အပိုဖိအားတွေရှိနေလားလို့ မေးမြန်းခဲ့ရာမှာ ပိုချက်တီနိုက “မေးခွန်းကောင်းပဲ။ သူ့အတွက် ဖိအားမရှိပါဘူး။ လီဗာပူးလ်နဲ့အတူ အောင်ပွဲခံချင်တဲ့သူတွေအတွက်တော့ ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ ကျွန်တော်တို့ ဆုံးဖြတ်ချက်တစ်ခုချင်းစီတိုင်းမှာ မျှမျှတတနဲ့ ယှဉ်ပြိုင်သွားဖို့ သေချာအောင် လုပ်ဖို့ လိုအပ်တယ်လို့ ထင်ပါတယ်။ ကျွန်တော်တို့ အန်းဖီးမှာ လီဗာပူးလ်နဲ့ ကစားခဲ့ရတုန်းက ဆုံးဖြတ်ချက်အများအပြားက ကျွန်တော်တို့အတွက် အဓိကကျတဲ့ဆုံးဖြတ်ချက် တစ်ခုတောင် မရခဲ့ဘူးလို့ ထင်တယ်။ ပင်နယ်တီ ၂ ကြိမ် မပေးခဲ့ဘူး။ တစ်ဦးချင်းတိုက်ပွဲတွေ၊ ၅၀-၅၀ အခြေအနေတွေမှာ အမြဲတမ်း တခြားဘက်အတွက်ပဲ ဖြစ်ခဲ့တယ်။ အမြဲတမ်း အနီရောင်ဘက်ကပဲ။ ကျွန်တော်ကတော့ မျှမျှတတပုံစံနဲ့ပဲ ဆက်ဆံတာ ခံချင်တယ်”

“ဟုတ်တာပေါ့။ ကျွန်တော်တို့ အောင်ပွဲခံသွားမှာပါ။ ကျွန်တော်က လီဗာပူးလ်က အံ့အားသင့်စရာကောင်းပြီး ကလော့ပ်က ကမ္ဘာပေါ်က အကောင်းဆုံးနည်းပြတွေထဲက တစ်ဦးဆိုတာကို ပြောမယ့် ပထမဆုံးသူပါ။ ဒါပေမယ့် ကျွန်တော် အဲဒီမှာ နောက်ဆုံးကစားခဲ့ရပြီးနောက် ကျွန်တော် ဝင်ဘလေကို သွားချင်တာဖြစ်ပြီး ဖိအားခံစားချင်တာမဟုတ်ဘူးလို့ ထင်ပါတယ်။ တူညီတဲ့အဆင့်အတန်းမှာ ကစားရမယ့်ပွဲဖြစ်ပြီး အကောင်းဆုံးအသင်းက အနိုင်ရပါလိမ့်မယ်။ ဒါပေမယ့် လူတွေအများကြီးဆီက ဖိအားတွေကို ခံစားဖို့မဟုတ်ပါဘူး။”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မူရီဆီယို ပိုခ်က္တီႏိုက တနဂၤေႏြေန႔ လီဗာပူးလ္နဲ႔ ကစားရမယ့္ ကာရာေဘာင္းဖလားဗိုလ္လုပြဲကို ကိုင္တြယ္မယ့္ ဒိုင္လူႀကီး ခရစၥ ကက္ဗ္နာကို မွ်မွ်တတ ကိုင္တြယ္သြားဖို႔ ေတာင္းဆိုခဲ့ပါတယ္။

ခ်ဲလ္ဆီးနည္းျပဟာ ဇန္နဝါရီ ၃၁ ရက္ေန႔က အန္းဖီးမွာ လီဗာပူးလ္ကို ၄-၁ နဲ႔ ရႈံးနိမ့္ခဲ့တဲ့ပြဲစဥ္တုန္းက ဒိုင္လူႀကီးရဲ႕ ဆုံးျဖတ္ခ်က္ အမ်ားအျပားေၾကာင့္ စိတ္ပ်က္ေဒါသထြက္ခဲ့ရတာ ျဖစ္ပါတယ္။

တနဂၤေႏြေန႔ပြဲစဥ္ဟာ ပိုခ်က္တီႏိုအတြက္ ခ်ဲလ္ဆီးနည္းျပဘဝ ပထမဆုံး ဖလားရရွိႏိုင္မယ့္ အခြင့္အေရးအျဖစ္ ရွိေနတာျဖစ္ၿပီး ယာဂန္ ကေလာ့ပ္ကလည္း ယခုရာသီကုန္မွာ လီဗာပူးလ္နဲ႔ လမ္းမခြဲခင္ ေနာက္ထပ္ ဆုဖလားတစ္လုံး ထပ္မံရယူဖို႔ ႀကိဳးပမ္းသြားမွာ ျဖစ္ပါတယ္။

ကေလာ့ပ္နဲ႔ လီဗာပူးလ္တို႔ ဒီရာသီ ဆုဖလား အႏိုင္ရဖို႔အတြက္ ေနာက္ထပ္ အပိုဖိအားေတြရွိေနလားလို႔ ေမးျမန္းခဲ့ရာမွာ ပိုခ်က္တီႏိုက “ေမးခြန္းေကာင္းပဲ။ သူ႔အတြက္ ဖိအားမရွိပါဘူး။ လီဗာပူးလ္နဲ႔အတူ ေအာင္ပြဲခံခ်င္တဲ့သူေတြအတြက္ေတာ့ ျဖစ္ေကာင္း ျဖစ္ႏိုင္ပါတယ္။ ကြၽန္ေတာ္တို႔ ဆုံးျဖတ္ခ်က္တစ္ခုခ်င္းစီတိုင္းမွာ မွ်မွ်တတနဲ႔ ယွဥ္ၿပိဳင္သြားဖို႔ ေသခ်ာေအာင္ လုပ္ဖို႔ လိုအပ္တယ္လို႔ ထင္ပါတယ္။ ကြၽန္ေတာ္တို႔ အန္းဖီးမွာ လီဗာပူးလ္နဲ႔ ကစားခဲ့ရတုန္းက ဆုံးျဖတ္ခ်က္အမ်ားအျပားက ကြၽန္ေတာ္တို႔အတြက္ အဓိကက်တဲ့ဆုံးျဖတ္ခ်က္ တစ္ခုေတာင္ မရခဲ့ဘူးလို႔ ထင္တယ္။ ပင္နယ္တီ ၂ ႀကိမ္ မေပးခဲ့ဘူး။ တစ္ဦးခ်င္းတိုက္ပြဲေတြ၊ ၅၀-၅၀ အေျခအေနေတြမွာ အၿမဲတမ္း တျခားဘက္အတြက္ပဲ ျဖစ္ခဲ့တယ္။ အၿမဲတမ္း အနီေရာင္ဘက္ကပဲ။ ကြၽန္ေတာ္ကေတာ့ မွ်မွ်တတပုံစံနဲ႔ပဲ ဆက္ဆံတာ ခံခ်င္တယ္”

“ဟုတ္တာေပါ့။ ကြၽန္ေတာ္တို႔ ေအာင္ပြဲခံသြားမွာပါ။ ကြၽန္ေတာ္က လီဗာပူးလ္က အံ့အားသင့္စရာေကာင္းၿပီး ကေလာ့ပ္က ကမာၻေပၚက အေကာင္းဆုံးနည္းျပေတြထဲက တစ္ဦးဆိုတာကို ေျပာမယ့္ ပထမဆုံးသူပါ။ ဒါေပမယ့္ ကြၽန္ေတာ္ အဲဒီမွာ ေနာက္ဆုံးကစားခဲ့ရၿပီးေနာက္ ကြၽန္ေတာ္ ဝင္ဘေလကို သြားခ်င္တာျဖစ္ၿပီး ဖိအားခံစားခ်င္တာမဟုတ္ဘူးလို႔ ထင္ပါတယ္။ တူညီတဲ့အဆင့္အတန္းမွာ ကစားရမယ့္ပြဲျဖစ္ၿပီး အေကာင္းဆုံးအသင္းက အႏိုင္ရပါလိမ့္မယ္။ ဒါေပမယ့္ လူေတြအမ်ားႀကီးဆီက ဖိအားေတြကို ခံစားဖို႔မဟုတ္ပါဘူး။”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.