Carabao & FA

ဖလား ၄ လုံးမယူချင်လို့ အရှုံးခံလိုက်တာလို့ ပြောဆိုလိုက်တဲ့ ဂွါဒီယိုလာ

မန်ချက်စတာစီးတီးနည်းပြ ပပ် ဂွါဒီယိုလာက ဗုဒ္ဓဟူးနေ့ညမှာ နယူးကာဆယ်ကို ရှုံးနိမ့်ခဲ့ပြီး ကာရာဘောင်းဖလားပြိုင်ပွဲကနေ ထွက်ခွာခဲ့ပြီးနောက် ဆုဖလား ၄ လုံးမျှော်လင့်ချက်အဆုံးသတ်သွားခဲ့တာကို မစိုးရိမ်ဘူးလို့ ပြောကြားခဲ့ပါတယ်။

ဂွါဒီယိုလာရဲ့အသင်းဟာ စိန့်ဂျိမ်းစ် ပါ့ခ်မှာ ကစားခဲ့တဲ့ ကာရာဘောင်းဖလား တတိယအဆင့်ပွဲစဉ်မှာ ၁-၀ နဲ့ ရှုံးနိမ့်ခဲ့တာဖြစ်ပြီး အလက်ဇန်းဒါး အီဆက်ခ်က ၅၃ မိနစ်မှာ ငှက်ကျားတွေအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း မန်ချက်စတာစီးတီးဟာ ပရီးမီးယားလိဂ်၊ ချန်ပီယံလိဂ်၊ အက်ဖ်အေဖလားတို့ ပါဝင်တဲ့ ဖလား ၃ လုံးကို နောက်ထပ်တစ်ကြိမ် မျှော်လင့်လို့ ရနိုင်သေးပြီး ဆုဖလား ၄ လုံးမရနိုင်တော့တာနဲ့ပတ်သက်ပြီး စိတ်ပျက်မိလားလို့ မေးမြန်းခြင်းခံခဲ့ရတာဖြစ်ပါတယ်။

“ခင်ဗျားက ဆုဖလား ၄ လုံးရဖို့က ပစ်မှတ်လို့ ထင်နေတာလား။ ပွင့်ပွင့်လင်းလင်း ပြောရရင် မဟုတ်ဘူးဗျ။ ကျွန်တော်တို့ တကယ်ကောင်းကောင်း ယှဉ်ပြိုင်နိုင်ခဲ့ပြီး ဆုဖလား ၃ လုံးရတာထက် ပိုပြီးတော့ စိတ်ကျေနပ်ခဲ့တယ်။ ကျွန်တော်တို့ရဲ့ မျှော်မှန်းချက်တွေက မြင့်မားပါတယ်။ ဒါပေမယ့် အဲဒါနဲ့ပတ်သက်ပြီး စိတ်ကျေနပ်ဖို့အတွက် မြင့်မားသင့်သလောက် မမြင့်မားပါဘူး။ ”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မန္ခ်က္စတာစီးတီးနည္းျပ ပပ္ ဂြါဒီယိုလာက ဗုဒၶဟူးေန႔ညမွာ နယူးကာဆယ္ကို ရႈံးနိမ့္ခဲ့ၿပီး ကာရာေဘာင္းဖလားၿပိဳင္ပြဲကေန ထြက္ခြာခဲ့ၿပီးေနာက္ ဆုဖလား ၄ လုံးေမွ်ာ္လင့္ခ်က္အဆုံးသတ္သြားခဲ့တာကို မစိုးရိမ္ဘူးလို႔ ေျပာၾကားခဲ့ပါတယ္။

ဂြါဒီယိုလာရဲ႕အသင္းဟာ စိန႔္ဂ်ိမ္းစ္ ပါ့ခ္မွာ ကစားခဲ့တဲ့ ကာရာေဘာင္းဖလား တတိယအဆင့္ပြဲစဥ္မွာ ၁-၀ နဲ႔ ရႈံးနိမ့္ခဲ့တာျဖစ္ၿပီး အလက္ဇန္းဒါး အီဆက္ခ္က ၅၃ မိနစ္မွာ ငွက္က်ားေတြအတြက္ တစ္လုံးတည္းေသာ အႏိုင္ဂိုးကို သြင္းယူေပးခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း မန္ခ်က္စတာစီးတီးဟာ ပရီးမီးယားလိဂ္၊ ခ်န္ပီယံလိဂ္၊ အက္ဖ္ေအဖလားတို႔ ပါဝင္တဲ့ ဖလား ၃ လုံးကို ေနာက္ထပ္တစ္ႀကိမ္ ေမွ်ာ္လင့္လို႔ ရႏိုင္ေသးၿပီး ဆုဖလား ၄ လုံးမရႏိုင္ေတာ့တာနဲ႔ပတ္သက္ၿပီး စိတ္ပ်က္မိလားလို႔ ေမးျမန္းျခင္းခံခဲ့ရတာျဖစ္ပါတယ္။

“ခင္ဗ်ားက ဆုဖလား ၄ လုံးရဖို႔က ပစ္မွတ္လို႔ ထင္ေနတာလား။ ပြင့္ပြင့္လင္းလင္း ေျပာရရင္ မဟုတ္ဘူးဗ်။ ကြၽန္ေတာ္တို႔ တကယ္ေကာင္းေကာင္း ယွဥ္ၿပိဳင္ႏိုင္ခဲ့ၿပီး ဆုဖလား ၃ လုံးရတာထက္ ပိုၿပီးေတာ့ စိတ္ေက်နပ္ခဲ့တယ္။ ကြၽန္ေတာ္တို႔ရဲ႕ ေမွ်ာ္မွန္းခ်က္ေတြက ျမင့္မားပါတယ္။ ဒါေပမယ့္ အဲဒါနဲ႔ပတ္သက္ၿပီး စိတ္ေက်နပ္ဖို႔အတြက္ ျမင့္မားသင့္သေလာက္ မျမင့္မားပါဘူး။ ”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.