Match Report Other Leagues Serie A UCL&UEL

ဂျင်းမဲကြီး တန်ခိုးနဲ့ ပေါ်တိုကို ခက်ခက်ခဲခဲ ကျော်ဖြတ်နိုင်ခဲ့တဲ့ အင်တာမီလန်

အင်တာမီလန်အသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား အိုနာနာ၊ ခံစစ်မှာ ရှကရီညာ၊ အချယ်ဘီနဲ့ ဘက်စတိုနီတို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ ဒါမီယန်၊ ဒီမာကို၊ ဘာရဲလား၊ မစ်ခီတာရီယန်နဲ့ ချယ်လ်ဟာနိုးလူးတို့ကို ခင်းကျင်းလာခဲ့သလို တိုက်စစ်မှာတော့ ဂျက်ကိုနဲ့ လော်တာရို မာတီနက်ဇ်တို့ကို ပွဲထုတ်လာခဲ့တာဖြစ်ပါတယ်။

ဧည့်သည် ပေါ်တိုတို့ကတော့ ဂိုးသမား ဒီယိုဂို ကော့စတာ၊ ခံစစ်မှာ ပီပီ၊ အီဗန် မာကာနို၊ ဂျာအို မာရီယိုနဲ့ ဆာနူဆီတို့ကို အထိုင်ချခဲ့သလို ကွင်းလယ်မှာတော့ ဂရူယစ်ချ်၊ အူရီဘေး၊ အော့တာဗျို၊ ပက်ပီ အာကွီနိုနဲ့ ဂါလီနိုတို့ကို စုဖွဲ့လာခဲ့သလို တိုက်စစ်မှာတော့ တာရီမီတစ်ဦးတည်းကို တင်ကစားလာခဲ့တာပါ။

စီးရီးအေ အဆင့် ၂ နဲ့ ပေါ်တူဂီ ပရီမေရာလီဂါ အဆင့် ၂ တို့ တွေ့ဆုံပွဲကတော့ ချန်ပီယံလိဂ်ရဲ့ ဟိုတစ်ခေတ်ကလိုမျိုး ပြိုင်ဆိုင်မှု ပြင်းထန်ခြင်း မရှိတော့တာကို တွေ့ရပြီး အင်တာတို့က ဘောလုံးကိုင်ကစားနိုင်ခဲ့ပေမယ့် ထိထိရောက်ရောက် ဂိုးပေါက် ခြိမ်းခြောက်နိုင်မှုကတော့ ပေါ်တိုတို့နဲ့ သူမသာ ကိုယ်မသာပဲ ဖြစ်နေခဲ့ပါတယ်။

မော်ရင်ညိုနဲ့ ချန်ပီယံလိဂ်ဖလားတွေကို ယူခဲ့ကြတဲ့ နှစ်သင်းစလုံးမှာ အင်တာတို့အနေနဲ့ နည်းပြ ဆီမိုနီ အင်ဇာဂီလက်ထဲမှာ ဆွဲဆောင်မှုရှိတဲ့ ကစားဟန်မျိုးကို တည်ဆောက်မထားနိုင်ခဲ့သလို ပေါ်တိုတို့ကလည်း ဒီနှစ်ပိုင်းတွေမှာ ဇာတာကျနေပြီး ပြည်တွင်းမှာ အဓိက ပြိုင်ဘက် ဘင်ဖီကာကို မယှဉ်နိုင်ခဲ့ချိန်မှာ နောက်ထပ် ပြိုင်ဘက်တစ်သင်းဖြစ်တဲ့ စပို့တင်း လစ္စဘွန်းတို့က ပိုဆိုးနေလို့သာ ဖြေသာခဲ့တာပါ။

ကြီးမိုက်ကြီး ပီပီ ဦးဆောင်တဲ့ ပေါ်တိုခံစစ်ရဲ့ ခပ်ကြမ်းကြမ်း ကစားပုံတွေမှာ အင်တာတို့ အခွင့်အရေး သိပ်မရခဲ့သလို ကပ္ပတိန်လက်ပတ်ကြီးနဲ့ လော်တာရို မာတီနက်ဇ်ကလည်း အလွဲတွေ များနေခဲ့ပြီး ထောင့်ကန်ဘောကို အတိုပေးပြီး လှမ်းကျုံးတဲ့ ချယ်လ်ဟာနိုးလူးရဲ့ အဝေးကစ်က အတော်လေး ကောင်းခဲ့ပေမယ့် ဂိုးသမား ကော့စတာ ပုတ်ထုတ်သွားနိုင်ခဲ့ပါတယ်။

ဒီနောက်မှာတော့ ဧည့်သည်တွေဘက်က တာရီမီ နောက်ပေါက်နဲ့ ချပေးတာကို ဂရူယစ်ချ်ရဲ့ အပြင်းကန်ချက်က ဂိုးသမား အိုနာနာရဲ့ ဒူးနဲ့ထိပြီး ထွက်ခဲ့သလို အိမ်ရှင်တွေဘက်ကတော့ ဖရီးကစ်ကနေ ဘက်စတိုနီရဲ့ ခေါင်းတိုက်ချက်က ပေါ်တိုဂိုးသမား ကော့စတာ ပုတ်ထုတ်တာခံခဲ့ရပြီး ဘောလုံးကို ဘယ်လိုလွဲအောင်ကန်ရမယ်ဆိုတာ အကျွမ်းကျင်ဆုံးဖြစ်နေတဲ့ လော်တာရို မာတီနက်ဇ်ကြောင့်လည်း ပထမပိုင်းမှာ ဂိုးမရှိသရေပဲဖြစ်နေခဲ့တာပါ။

အင်တာမီလန်ကစားသမားဟောင်းဖြစ်တဲ့ နည်းပြ ဆာဂျီယို ကွန်ဆေးဆာအိုရဲ့ ပေါ်တိုတို့ဘက်က အပြောင်းအလဲကို စတင်ခဲ့ပြီး ဂါလီနိုအစား အီဗာနီလ်ဆန် ဝင်လာခဲ့သလို အပိုင်အခွင့်အရေးတွေ အလုပ်မဖြစ်ခဲ့တဲ့ အီတလီသားတွေကတော့ ဒီမာကို၊ ဂျက်ကိုနဲ့ မစ်ခီတာရီယန်တို့ကို ဆက်တိုက်လဲခဲ့ပြီး ဂိုဆန်စ်၊ လူကာကူးနဲ့ ဘရိုဇိုဗစ်ချ်တို့ကို ထည့်ကစားလာခဲ့သလို ပိုမိုပြီး ဖိအားပေးလာနိုင်ခဲ့ပါတယ်။

ပွဲချိန် ၇၈ မိနစ်မှာတော့ ပေါ်တိုဘက်က အဓိက ကစားသမားဖြစ်တဲ့ အော့တာဗျို နှစ်ဝါတစ်နီနဲ့ အထုတ်ခံခဲ့ရတာကြောင့် အင်တာတို့ တစ်ယောက်အသာနဲ့ ကစားခွင့်ရခဲ့ပြီး ဧည့်သည်တွေဘက်က တာရီမီအစား နောက်ခံလူ ဝန်ဒဲလ်ကို ထည့်သွင်းခဲ့သလို အိမ်ရှင်တွေဘက်ကတော့ ရှကရီညာ အစား ဒမ်းဖရီးစ်ကို ထည့်ပြီး တောင်ပံတိုက်စစ်ကို အားဖြည့်လာခဲ့တာပါ။

ပွဲချိန် ၈၆ မိနစ်မှာတော့ ဒီနေ့အတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို အင်တာတို့ ရယူသွားခဲ့ကြပြီး ဒီဂိုးကိုတော့ ညာခြမ်းကနေ ဘရိုဇိုဗစ်ချ်နဲ့ အပေးအယူလုပ်လာခဲ့တဲ့ ဘာရဲလားက ဂိုးရှေ့ ဖြတ်ပို့ပေးရာမှာ လူကာကူးက ခေါင်းတိုက်ခွင့်ရခဲ့ပြီး ဘောလုံးက တိုင်ထိပြီး ပြန်ထွက်အလာမှာ သူကပဲ နောက်တစ်ကြိမ် ဘယ်ခြေနဲ့ Volley အပိုင်ကန်သွင်းခွင့်ရခဲ့တာကြောင့် ဂိုးအဖြစ် ပြောင်းလဲနိုင်ခဲ့တာဖြစ်ပါတယ်။

ပွဲချိန်အပြည့်မှာတော့ ဂိုးပေါက် ၁၈ ကြိမ်ကန်ပြီး ၄ ကြိမ်သာ ဂိုးပေါက်တည့်ခဲ့တဲ့ အင်တာမီလန်တို့အနေနဲ့ ပေါ်တိုကို တစ်ဂိုး-ဂိုးမရှိနဲ့ နိုင်ပွဲရဖို့ ဂျင်းမဲကြီးလို့ နာမည်ကျော်တဲ့ လူကာကူးရဲ့ ကယ်တင်ခြင်းကို ခံခဲ့ရပြီး ချန်ပီယံလိဂ် ရှုံးထွက် ၁၆ သင်းအဆင့် ပထမကျော့နိုင်ပွဲကို ရယူနိုင်ခဲ့ကြပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အင္တာမီလန္အသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးသမား အိုနာနာ၊ ခံစစ္မွာ ရွကရီညာ၊ အခ်ယ္ဘီနဲ႔ ဘက္စတိုနီတို႔ကို အသုံးျပဳခဲ့ၿပီး ကြင္းလယ္မွာေတာ့ ဒါမီယန္၊ ဒီမာကို၊ ဘာရဲလား၊ မစ္ခီတာရီယန္နဲ႔ ခ်ယ္လ္ဟာႏိုးလူးတို႔ကို ခင္းက်င္းလာခဲ့သလို တိုက္စစ္မွာေတာ့ ဂ်က္ကိုနဲ႔ ေလာ္တာ႐ို မာတီနက္ဇ္တို႔ကို ပြဲထုတ္လာခဲ့တာျဖစ္ပါတယ္။

ဧည့္သည္ ေပၚတိုတို႔ကေတာ့ ဂိုးသမား ဒီယိုဂို ေကာ့စတာ၊ ခံစစ္မွာ ပီပီ၊ အီဗန္ မာကာႏို၊ ဂ်ာအို မာရီယိုနဲ႔ ဆာႏူဆီတို႔ကို အထိုင္ခ်ခဲ့သလို ကြင္းလယ္မွာေတာ့ ဂ႐ူယစ္ခ်္၊ အူရီေဘး၊ ေအာ့တာဗ်ိဳ၊ ပက္ပီ အာကြီႏိုနဲ႔ ဂါလီႏိုတို႔ကို စုဖြဲ႕လာခဲ့သလို တိုက္စစ္မွာေတာ့ တာရီမီတစ္ဦးတည္းကို တင္ကစားလာခဲ့တာပါ။

စီးရီးေအ အဆင့္ ၂ နဲ႔ ေပၚတူဂီ ပရီေမရာလီဂါ အဆင့္ ၂ တို႔ ေတြ႕ဆုံပြဲကေတာ့ ခ်န္ပီယံလိဂ္ရဲ႕ ဟိုတစ္ေခတ္ကလိုမ်ိဳး ၿပိဳင္ဆိုင္မႈ ျပင္းထန္ျခင္း မရွိေတာ့တာကို ေတြ႕ရၿပီး အင္တာတို႔က ေဘာလုံးကိုင္ကစားႏိုင္ခဲ့ေပမယ့္ ထိထိေရာက္ေရာက္ ဂိုးေပါက္ ၿခိမ္းေျခာက္ႏိုင္မႈကေတာ့ ေပၚတိုတို႔နဲ႔ သူမသာ ကိုယ္မသာပဲ ျဖစ္ေနခဲ့ပါတယ္။

ေမာ္ရင္ညိဳနဲ႔ ခ်န္ပီယံလိဂ္ဖလားေတြကို ယူခဲ့ၾကတဲ့ ႏွစ္သင္းစလုံးမွာ အင္တာတို႔အေနနဲ႔ နည္းျပ ဆီမိုနီ အင္ဇာဂီလက္ထဲမွာ ဆြဲေဆာင္မႈရွိတဲ့ ကစားဟန္မ်ိဳးကို တည္ေဆာက္မထားႏိုင္ခဲ့သလို ေပၚတိုတို႔ကလည္း ဒီႏွစ္ပိုင္းေတြမွာ ဇာတာက်ေနၿပီး ျပည္တြင္းမွာ အဓိက ၿပိဳင္ဘက္ ဘင္ဖီကာကို မယွဥ္ႏိုင္ခဲ့ခ်ိန္မွာ ေနာက္ထပ္ ၿပိဳင္ဘက္တစ္သင္းျဖစ္တဲ့ စပို႔တင္း လစၥဘြန္းတို႔က ပိုဆိုးေနလို႔သာ ေျဖသာခဲ့တာပါ။

ႀကီးမိုက္ႀကီး ပီပီ ဦးေဆာင္တဲ့ ေပၚတိုခံစစ္ရဲ႕ ခပ္ၾကမ္းၾကမ္း ကစားပုံေတြမွာ အင္တာတို႔ အခြင့္အေရး သိပ္မရခဲ့သလို ကပၸတိန္လက္ပတ္ႀကီးနဲ႔ ေလာ္တာ႐ို မာတီနက္ဇ္ကလည္း အလြဲေတြ မ်ားေနခဲ့ၿပီး ေထာင့္ကန္ေဘာကို အတိုေပးၿပီး လွမ္းက်ဳံးတဲ့ ခ်ယ္လ္ဟာႏိုးလူးရဲ႕ အေဝးကစ္က အေတာ္ေလး ေကာင္းခဲ့ေပမယ့္ ဂိုးသမား ေကာ့စတာ ပုတ္ထုတ္သြားႏိုင္ခဲ့ပါတယ္။

ဒီေနာက္မွာေတာ့ ဧည့္သည္ေတြဘက္က တာရီမီ ေနာက္ေပါက္နဲ႔ ခ်ေပးတာကို ဂ႐ူယစ္ခ်္ရဲ႕ အျပင္းကန္ခ်က္က ဂိုးသမား အိုနာနာရဲ႕ ဒူးနဲ႔ထိၿပီး ထြက္ခဲ့သလို အိမ္ရွင္ေတြဘက္ကေတာ့ ဖရီးကစ္ကေန ဘက္စတိုနီရဲ႕ ေခါင္းတိုက္ခ်က္က ေပၚတိုဂိုးသမား ေကာ့စတာ ပုတ္ထုတ္တာခံခဲ့ရၿပီး ေဘာလုံးကို ဘယ္လိုလြဲေအာင္ကန္ရမယ္ဆိုတာ အကြၽမ္းက်င္ဆုံးျဖစ္ေနတဲ့ ေလာ္တာ႐ို မာတီနက္ဇ္ေၾကာင့္လည္း ပထမပိုင္းမွာ ဂိုးမရွိသေရပဲျဖစ္ေနခဲ့တာပါ။

အင္တာမီလန္ကစားသမားေဟာင္းျဖစ္တဲ့ နည္းျပ ဆာဂ်ီယို ကြန္ေဆးဆာအိုရဲ႕ ေပၚတိုတို႔ဘက္က အေျပာင္းအလဲကို စတင္ခဲ့ၿပီး ဂါလီႏိုအစား အီဗာနီလ္ဆန္ ဝင္လာခဲ့သလို အပိုင္အခြင့္အေရးေတြ အလုပ္မျဖစ္ခဲ့တဲ့ အီတလီသားေတြကေတာ့ ဒီမာကို၊ ဂ်က္ကိုနဲ႔ မစ္ခီတာရီယန္တို႔ကို ဆက္တိုက္လဲခဲ့ၿပီး ဂိုဆန္စ္၊ လူကာကူးနဲ႔ ဘ႐ိုဇိုဗစ္ခ်္တို႔ကို ထည့္ကစားလာခဲ့သလို ပိုမိုၿပီး ဖိအားေပးလာႏိုင္ခဲ့ပါတယ္။

ပြဲခ်ိန္ ၇၈ မိနစ္မွာေတာ့ ေပၚတိုဘက္က အဓိက ကစားသမားျဖစ္တဲ့ ေအာ့တာဗ်ိဳ ႏွစ္ဝါတစ္နီနဲ႔ အထုတ္ခံခဲ့ရတာေၾကာင့္ အင္တာတို႔ တစ္ေယာက္အသာနဲ႔ ကစားခြင့္ရခဲ့ၿပီး ဧည့္သည္ေတြဘက္က တာရီမီအစား ေနာက္ခံလူ ဝန္ဒဲလ္ကို ထည့္သြင္းခဲ့သလို အိမ္ရွင္ေတြဘက္ကေတာ့ ရွကရီညာ အစား ဒမ္းဖရီးစ္ကို ထည့္ၿပီး ေတာင္ပံတိုက္စစ္ကို အားျဖည့္လာခဲ့တာပါ။

ပြဲခ်ိန္ ၈၆ မိနစ္မွာေတာ့ ဒီေန႔အတြက္ တစ္လုံးတည္းေသာ အႏိုင္ဂိုးကို အင္တာတို႔ ရယူသြားခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ညာျခမ္းကေန ဘ႐ိုဇိုဗစ္ခ်္နဲ႔ အေပးအယူလုပ္လာခဲ့တဲ့ ဘာရဲလားက ဂိုးေရွ႕ ျဖတ္ပို႔ေပးရာမွာ လူကာကူးက ေခါင္းတိုက္ခြင့္ရခဲ့ၿပီး ေဘာလုံးက တိုင္ထိၿပီး ျပန္ထြက္အလာမွာ သူကပဲ ေနာက္တစ္ႀကိမ္ ဘယ္ေျခနဲ႔ Volley အပိုင္ကန္သြင္းခြင့္ရခဲ့တာေၾကာင့္ ဂိုးအျဖစ္ ေျပာင္းလဲႏိုင္ခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္အျပည့္မွာေတာ့ ဂိုးေပါက္ ၁၈ ႀကိမ္ကန္ၿပီး ၄ ႀကိမ္သာ ဂိုးေပါက္တည့္ခဲ့တဲ့ အင္တာမီလန္တို႔အေနနဲ႔ ေပၚတိုကို တစ္ဂိုး-ဂိုးမရွိနဲ႔ ႏိုင္ပြဲရဖို႔ ဂ်င္းမဲႀကီးလို႔ နာမည္ေက်ာ္တဲ့ လူကာကူးရဲ႕ ကယ္တင္ျခင္းကို ခံခဲ့ရၿပီး ခ်န္ပီယံလိဂ္ ရႈံးထြက္ ၁၆ သင္းအဆင့္ ပထမေက်ာ့ႏိုင္ပြဲကို ရယူႏိုင္ခဲ့ၾကပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.