Match Report Premier League

နာကျင်အချိန်ပိုက မန်စီးတီး ရှုံးဖို့ပေးသလား ထင်ခဲ့ရတဲ့ အစ်တီဟတ်က ပျားတုပ်တဲ့ပွဲ

မန်ချက်စတာစီးတီးအသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား အီဒါဆန်၊ ခံစစ်မှာ လာပေါ့တ်၊ အာကန်ဂျီ၊ ဂျွန်စတုန်းစ်နဲ့ ကန်ဆယ်လိုတို့ကို သုံးစွဲခဲ့သလို ကွင်းလယ်မှာတော့ ရိုဒရီ၊ ဒီဘရိုင်းနားနဲ့ ဂွန်ဒိုးဝမ်တို့ကိုပဲ ခင်းကျင်းလာခဲ့ပြီး တိုက်စစ်မှာတော့ ဘာနာဒို ဆေးလ်ဗား၊ ဟားလန်းနဲ့ ဖိုဒန်တို့ကို ခပ်မှားမှားပဲ ပွဲထုတ်လာခဲ့ပါတယ်။

အစ်တီဟတ်ကို ဧည့်သည်အဖြစ် လာကစားတဲ့ ဘရန့်ဖို့ဒ်တို့ကတော့ ဂိုးသမား ရာယာ၊ ခံစစ်မှာ ဇန်ကာ၊ ပင်းနော့ခ်နဲ့ ဘန်မီးတို့ကို ထားခဲ့သလို ကွင်းလယ်မှာတော့ အွန်ယီကာ၊ ယန်နဲ့လ်၊ ယန်ဆင်၊ ရီကို ဟင်နရီနဲ့ ရိုဆလက်ဗ်တို့ကို အထိုင်ချလာခဲ့ပြီး တိုက်စစ်မှာတော့ အမ်ဘူးမိုနဲ့ တိုနီတို့ နှစ်ယောက်ကို တင်ကစားလာခဲ့တာပါ။

မန်စီးတီးနည်းပြ ဂွါဒီယိုလာကတော့ ရှေ့တန်းဘယ်အစွန်မှာ ဘယ်သန်ကို ထားကစားတဲ့ အမှားကို ဆက်လက်ကျူးလွန်ခဲ့ချိန်မှာ ဘောလုံးထွက်ဖို့အတွက် သူအားကိုးတဲ့ ကန်ဆယ်လိုကလည်း ဘယ်ခြမ်းမှာ ခြေစွမ်းမပြနိုင်ခဲ့ဘဲ ဂွန်ဒိုးဝမ်ကပါ ထင်သလောက် မဖန်တီးနိုင်ချိန်မှာ ဒီဘရိုင်းနားတစ်ယောက်တည်း ရုန်းကန်နေခဲ့ရပြီး အကျိုးဆက်ကတော့ ဟားလန်း ဘောလုံးရဖို့ ခက်သွားခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၁၆ မိနစ်မှာ ဘရန့်ဖို့ဒ်တို့ အဖွင့်ဂိုး ရယူသွားနိုင်ခဲ့ကြပြီး ခံစစ်မှာရတဲ့ ဖရီးကစ်ကနေ ဂိုးသမား ရာယာ ကန်တင်ပေးတာကို ဘန်မီးက ဧရိယာထဲမှာ ခေါင်းတိုက်ချခဲ့ရာမှာ တိုနီက အီဒါဆန်နဲ့ အနီးကပ် ခေါင်းထပ်တိုက်ပြီး သွင်းယူသွားခဲ့သလို ဒီဂိုးအတွက် လူကျွံဘောတောင်းဖို့ စီးတီးဘက်က ကြိုးစားခဲ့ကြပေမယ့် ရှေ့မကြည့်နောက်မကြည့်နဲ့ အတင်းပြေးဆင်းတဲ့ ဂျွန်စတုန်းစ်ကြောင့် လူကျွံထောင်ချောက် ပျက်ခဲ့လို့ ဂိုးပဲဖြစ်သွားခဲ့တာပါ။

ဒီနောက်မှာတော့ စီးတီးတို့ ပင်နယ်တီရမယ့် အခွင့်အရေး သုံးကြိမ်လောက် ငြင်းပယ်ခံခဲ့ရသလို ဟားလန်းဆီကိုလည်း ဒီဘရိုင်းနားကတောင် ဘောလုံးရောက်အောင် မပေးနိုင်လို့ အိမ်ရှင်တွေ တိုက်စစ်က တော်တော်လေး ငိုချင်စရာကောင်းနေခဲ့ပြီး ဂရီးလစ်ရှ်ကို မသုံးခဲ့ချိန်မှာ ဖိုဒန်ရဲ့ ဘယ်ခြမ်းကတော့ ကန်ရင်လည်း တလွဲ၊ ပေးရင်လည်း တလွဲပဲဖြစ်နေခဲ့ပါတယ်။

နာကျင်အချိန်ပို ၂ မိနစ်မှာတော့ မထင်မှတ်တဲ့ အနေအထားကနေ စီးတီးတို့ ပြန်လည်ချေပနိုင်ခဲ့ကြပြီး ဒီဂိုးကတော့ ဒီဘရိုင်းနားရဲ့ ထောင့်ကန်ဘောကနေ အာကန်ဂျီက ခေါင်းတိုက်ချခဲ့ရာမှာ ဘရန့်ဖို့ဒ်နောက်တန်းတွေ ရှိမနေတဲ့ ဘယ်ခြမ်းက လွတ်နေခဲ့တဲ့ ဖိုဒန်က Volley အပြင်းကန်သွင်းပြီး ရယူသွားနိုင်ခဲ့လို့ ပထမပိုင်းမှာ တစ်ဂိုးစီသရေဖြစ်နေခဲ့တာပါ။

ဒုတိယပိုင်းမှာလည်း စီးတီးတို့ အရန်ခုံတန်းကို တော်တော်နဲ့ မထိခဲ့တာကြောင့် အလုပ်မဖြစ်တဲ့ ကစားကွက်နဲ့ပဲ ဆက်လက်ထိုးဖောက်နေခဲ့ပြီး ဖိကစားရင်း ကန်သွင်းဖို့ ကြိုးစားသမျှက ဘရန့်ဖို့ဒ်ခံစစ်နဲ့ ထိထွက်ရင်ထွက်၊ မထွက်ရင် တိုင်ဘေးဘားကျော် ဟင်ဟာတောက်ကျွတ်ပဲဖြစ်နေခဲ့ချိန်မှာ ဧည့်သည်တွေကတော့ ကွင်းလယ်ကို ပိုငြိမ်စေဖို့နဲ့ ကောင်တာပြန်ကစားဖို့ ယန်နဲ့လ်နဲ့ အမ်ဘူးမိုတို့အစား နော်ဂါ့ဒ်နဲ့ ဝစ်ဆာတို့ကို ထည့်သွင်းလာခဲ့ပါတယ်။

ပွဲချိန် ၈၇ မိနစ်မှာတော့ မန်စီးတီးဘက်က ကန်ဆယ်လိုအစား အယ်လ်ဗာရက်ဇ်ကို ထည့်သွင်းခဲ့သလို ဘရန့်ဖို့ဒ်ဘက်ကတော့ အွန်ယီကာအစား ဒါဆေးလ်ဗားကို လူစားလဲခဲ့ပြီး အိမ်ရှင်တွေရဲ့ အဝေးကစ်တွေကတော့ ဧည့်သည်ဂိုးသမား ရာယာ ဖြုံစရာ မဟုတ်ခဲ့ချိန်မှာ ရှေ့မှာ ခေါင်းပေါက်ထားတဲ့ လာပေါ့တ်ကို ကုသချိန်ကြောင့် နာကျင်အချိန်ပို ၁၀ မိနစ်အထိ သတ်မှတ်ပေးခဲ့တာပါ။

နာကျင်အချိန်ပို ၈ မိနစ်မှာတော့ စီးတီးတို့ ဖိကစားနေရာကနေ ဘရန့်ဖို့ဒ်တို့ ကောင်တာကနေ ဦးဆောင်ဂိုး ပြန်လည်သွင်းယူသွားခဲ့ကြပြီး ဒီဂိုးကိုတော့ ဘယ်ခြမ်းကနေ ဝစ်ဆာက ဝင်ဖျက်တဲ့ ဒီဘရိုင်းနားကို ကျော်ဖြတ်ပြီး ဘယ်ခြမ်းက ချိုးပေးခဲ့ရာမှာ ညာခြမ်းက ရသွားတဲ့ ဒါဆေးလ်ဗားက အာကန်ဂျီကို ကျော်ဖြတ်ပြီး အနိမ့်ဘော ချိုးပေးခဲ့တာကို တိုနီကပဲ အနီးကပ် ပိတ်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

နောက်တစ်မိနစ်အကြာမှာ ဖိကစားရင်းနဲ့ ဖိုဒန် လူပေးမှားရာကနေ ဒါဆေးလ်ဗားကပဲ ညာခြမ်းကနေ ကောင်တာဖောက်ပြီး ဖန်တီးပေးတာကို တိုနီ ဟက်ထရစ်ရဖို့ အခွင့်အရေးကြုံခဲ့ပေမယ့် ကန်ချက်က အီဒါဆန်ကို ကျော်ဖြတ်ပြီး ဂိုးထဲအသွားမှာ ဒီဘရိုင်းနားက လမ်းကနေ ရှင်းထုတ်နိုင်ခဲ့လို့သာ မန်စီးတီးတို့ အရှက်မကွဲခဲ့ရတာပါ။

ပွဲချိန်အပြည့်မှာတော့ အစ်တီဟတ်မှာ မန်စီးတီးတို့ကို ဘရန့်ဖို့ဒ်တို့အနေနဲ့ အိမ်ကွင်းရှုံးပွဲကြုံတွေ့အောင် နှစ်ဂိုး-တစ်ဂိုးရလဒ်နဲ့ စွမ်းနိုင်ခဲ့ကြပြီး ပွဲမတိုင်ခင်က အိမ်ရှင်တွေ နိုင်မယ်လို့ မှန်းထားသမျှ ဘောလုံးကျွမ်းကျင်သူတွေကို ပက်လက်လန်စေခဲ့ချိန်မှာ နှစ်မှတ်အသာနဲ့ ဦးဆောင်ထားတဲ့ အာဆင်နယ်တို့ကတော့ ဒီည နောက်ကျပွဲမှာ ဝုလ်ဗ်စ်ကို ဘာရလဒ်ထွက်ထွက် ကမ္ဘာ့ဖလားမနားခင်မှာ အမှတ်ပေးဇယားထိပ်မှာ ဆက်ပြီးရပ်တည်နိုင်ဖို့ သေချာသွားခဲ့ပြီဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

မန္ခ်က္စတာစီးတီးအသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးသမား အီဒါဆန္၊ ခံစစ္မွာ လာေပါ့တ္၊ အာကန္ဂ်ီ၊ ဂြၽန္စတုန္းစ္နဲ႔ ကန္ဆယ္လိုတို႔ကို သုံးစြဲခဲ့သလို ကြင္းလယ္မွာေတာ့ ႐ိုဒရီ၊ ဒီဘ႐ိုင္းနားနဲ႔ ဂြန္ဒိုးဝမ္တို႔ကိုပဲ ခင္းက်င္းလာခဲ့ၿပီး တိုက္စစ္မွာေတာ့ ဘာနာဒို ေဆးလ္ဗား၊ ဟားလန္းနဲ႔ ဖိုဒန္တို႔ကို ခပ္မွားမွားပဲ ပြဲထုတ္လာခဲ့ပါတယ္။

အစ္တီဟတ္ကို ဧည့္သည္အျဖစ္ လာကစားတဲ့ ဘရန႔္ဖို႔ဒ္တို႔ကေတာ့ ဂိုးသမား ရာယာ၊ ခံစစ္မွာ ဇန္ကာ၊ ပင္းေနာ့ခ္နဲ႔ ဘန္မီးတို႔ကို ထားခဲ့သလို ကြင္းလယ္မွာေတာ့ အြန္ယီကာ၊ ယန္နဲ႔လ္၊ ယန္ဆင္၊ ရီကို ဟင္နရီနဲ႔ ႐ိုဆလက္ဗ္တို႔ကို အထိုင္ခ်လာခဲ့ၿပီး တိုက္စစ္မွာေတာ့ အမ္ဘူးမိုနဲ႔ တိုနီတို႔ ႏွစ္ေယာက္ကို တင္ကစားလာခဲ့တာပါ။

မန္စီးတီးနည္းျပ ဂြါဒီယိုလာကေတာ့ ေရွ႕တန္းဘယ္အစြန္မွာ ဘယ္သန္ကို ထားကစားတဲ့ အမွားကို ဆက္လက္က်ဴးလြန္ခဲ့ခ်ိန္မွာ ေဘာလုံးထြက္ဖို႔အတြက္ သူအားကိုးတဲ့ ကန္ဆယ္လိုကလည္း ဘယ္ျခမ္းမွာ ေျခစြမ္းမျပႏိုင္ခဲ့ဘဲ ဂြန္ဒိုးဝမ္ကပါ ထင္သေလာက္ မဖန္တီးႏိုင္ခ်ိန္မွာ ဒီဘ႐ိုင္းနားတစ္ေယာက္တည္း ႐ုန္းကန္ေနခဲ့ရၿပီး အက်ိဳးဆက္ကေတာ့ ဟားလန္း ေဘာလုံးရဖို႔ ခက္သြားခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္ ၁၆ မိနစ္မွာ ဘရန႔္ဖို႔ဒ္တို႔ အဖြင့္ဂိုး ရယူသြားႏိုင္ခဲ့ၾကၿပီး ခံစစ္မွာရတဲ့ ဖရီးကစ္ကေန ဂိုးသမား ရာယာ ကန္တင္ေပးတာကို ဘန္မီးက ဧရိယာထဲမွာ ေခါင္းတိုက္ခ်ခဲ့ရာမွာ တိုနီက အီဒါဆန္နဲ႔ အနီးကပ္ ေခါင္းထပ္တိုက္ၿပီး သြင္းယူသြားခဲ့သလို ဒီဂိုးအတြက္ လူကြၽံေဘာေတာင္းဖို႔ စီးတီးဘက္က ႀကိဳးစားခဲ့ၾကေပမယ့္ ေရွ႕မၾကည့္ေနာက္မၾကည့္နဲ႔ အတင္းေျပးဆင္းတဲ့ ဂြၽန္စတုန္းစ္ေၾကာင့္ လူကြၽံေထာင္ေခ်ာက္ ပ်က္ခဲ့လို႔ ဂိုးပဲျဖစ္သြားခဲ့တာပါ။

ဒီေနာက္မွာေတာ့ စီးတီးတို႔ ပင္နယ္တီရမယ့္ အခြင့္အေရး သုံးႀကိမ္ေလာက္ ျငင္းပယ္ခံခဲ့ရသလို ဟားလန္းဆီကိုလည္း ဒီဘ႐ိုင္းနားကေတာင္ ေဘာလုံးေရာက္ေအာင္ မေပးႏိုင္လို႔ အိမ္ရွင္ေတြ တိုက္စစ္က ေတာ္ေတာ္ေလး ငိုခ်င္စရာေကာင္းေနခဲ့ၿပီး ဂရီးလစ္ရွ္ကို မသုံးခဲ့ခ်ိန္မွာ ဖိုဒန္ရဲ႕ ဘယ္ျခမ္းကေတာ့ ကန္ရင္လည္း တလြဲ၊ ေပးရင္လည္း တလြဲပဲျဖစ္ေနခဲ့ပါတယ္။

နာက်င္အခ်ိန္ပို ၂ မိနစ္မွာေတာ့ မထင္မွတ္တဲ့ အေနအထားကေန စီးတီးတို႔ ျပန္လည္ေခ်ပႏိုင္ခဲ့ၾကၿပီး ဒီဂိုးကေတာ့ ဒီဘ႐ိုင္းနားရဲ႕ ေထာင့္ကန္ေဘာကေန အာကန္ဂ်ီက ေခါင္းတိုက္ခ်ခဲ့ရာမွာ ဘရန႔္ဖို႔ဒ္ေနာက္တန္းေတြ ရွိမေနတဲ့ ဘယ္ျခမ္းက လြတ္ေနခဲ့တဲ့ ဖိုဒန္က Volley အျပင္းကန္သြင္းၿပီး ရယူသြားႏိုင္ခဲ့လို႔ ပထမပိုင္းမွာ တစ္ဂိုးစီသေရျဖစ္ေနခဲ့တာပါ။

ဒုတိယပိုင္းမွာလည္း စီးတီးတို႔ အရန္ခုံတန္းကို ေတာ္ေတာ္နဲ႔ မထိခဲ့တာေၾကာင့္ အလုပ္မျဖစ္တဲ့ ကစားကြက္နဲ႔ပဲ ဆက္လက္ထိုးေဖာက္ေနခဲ့ၿပီး ဖိကစားရင္း ကန္သြင္းဖို႔ ႀကိဳးစားသမွ်က ဘရန႔္ဖို႔ဒ္ခံစစ္နဲ႔ ထိထြက္ရင္ထြက္၊ မထြက္ရင္ တိုင္ေဘးဘားေက်ာ္ ဟင္ဟာေတာက္ကြၽတ္ပဲျဖစ္ေနခဲ့ခ်ိန္မွာ ဧည့္သည္ေတြကေတာ့ ကြင္းလယ္ကို ပိုၿငိမ္ေစဖို႔နဲ႔ ေကာင္တာျပန္ကစားဖို႔ ယန္နဲ႔လ္နဲ႔ အမ္ဘူးမိုတို႔အစား ေနာ္ဂါ့ဒ္နဲ႔ ဝစ္ဆာတို႔ကို ထည့္သြင္းလာခဲ့ပါတယ္။

ပြဲခ်ိန္ ၈၇ မိနစ္မွာေတာ့ မန္စီးတီးဘက္က ကန္ဆယ္လိုအစား အယ္လ္ဗာရက္ဇ္ကို ထည့္သြင္းခဲ့သလို ဘရန႔္ဖို႔ဒ္ဘက္ကေတာ့ အြန္ယီကာအစား ဒါေဆးလ္ဗားကို လူစားလဲခဲ့ၿပီး အိမ္ရွင္ေတြရဲ႕ အေဝးကစ္ေတြကေတာ့ ဧည့္သည္ဂိုးသမား ရာယာ ၿဖဳံစရာ မဟုတ္ခဲ့ခ်ိန္မွာ ေရွ႕မွာ ေခါင္းေပါက္ထားတဲ့ လာေပါ့တ္ကို ကုသခ်ိန္ေၾကာင့္ နာက်င္အခ်ိန္ပို ၁၀ မိနစ္အထိ သတ္မွတ္ေပးခဲ့တာပါ။

နာက်င္အခ်ိန္ပို ၈ မိနစ္မွာေတာ့ စီးတီးတို႔ ဖိကစားေနရာကေန ဘရန႔္ဖို႔ဒ္တို႔ ေကာင္တာကေန ဦးေဆာင္ဂိုး ျပန္လည္သြင္းယူသြားခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ဘယ္ျခမ္းကေန ဝစ္ဆာက ဝင္ဖ်က္တဲ့ ဒီဘ႐ိုင္းနားကို ေက်ာ္ျဖတ္ၿပီး ဘယ္ျခမ္းက ခ်ိဳးေပးခဲ့ရာမွာ ညာျခမ္းက ရသြားတဲ့ ဒါေဆးလ္ဗားက အာကန္ဂ်ီကို ေက်ာ္ျဖတ္ၿပီး အနိမ့္ေဘာ ခ်ိဳးေပးခဲ့တာကို တိုနီကပဲ အနီးကပ္ ပိတ္သြင္းယူသြားခဲ့တာျဖစ္ပါတယ္။

ေနာက္တစ္မိနစ္အၾကာမွာ ဖိကစားရင္းနဲ႔ ဖိုဒန္ လူေပးမွားရာကေန ဒါေဆးလ္ဗားကပဲ ညာျခမ္းကေန ေကာင္တာေဖာက္ၿပီး ဖန္တီးေပးတာကို တိုနီ ဟက္ထရစ္ရဖို႔ အခြင့္အေရးႀကဳံခဲ့ေပမယ့္ ကန္ခ်က္က အီဒါဆန္ကို ေက်ာ္ျဖတ္ၿပီး ဂိုးထဲအသြားမွာ ဒီဘ႐ိုင္းနားက လမ္းကေန ရွင္းထုတ္ႏိုင္ခဲ့လို႔သာ မန္စီးတီးတို႔ အရွက္မကြဲခဲ့ရတာပါ။

ပြဲခ်ိန္အျပည့္မွာေတာ့ အစ္တီဟတ္မွာ မန္စီးတီးတို႔ကို ဘရန႔္ဖို႔ဒ္တို႔အေနနဲ႔ အိမ္ကြင္းရႈံးပြဲႀကဳံေတြ႕ေအာင္ ႏွစ္ဂိုး-တစ္ဂိုးရလဒ္နဲ႔ စြမ္းႏိုင္ခဲ့ၾကၿပီး ပြဲမတိုင္ခင္က အိမ္ရွင္ေတြ ႏိုင္မယ္လို႔ မွန္းထားသမွ် ေဘာလုံးကြၽမ္းက်င္သူေတြကို ပက္လက္လန္ေစခဲ့ခ်ိန္မွာ ႏွစ္မွတ္အသာနဲ႔ ဦးေဆာင္ထားတဲ့ အာဆင္နယ္တို႔ကေတာ့ ဒီည ေနာက္က်ပြဲမွာ ဝုလ္ဗ္စ္ကို ဘာရလဒ္ထြက္ထြက္ ကမာၻ႔ဖလားမနားခင္မွာ အမွတ္ေပးဇယားထိပ္မွာ ဆက္ၿပီးရပ္တည္ႏိုင္ဖို႔ ေသခ်ာသြားခဲ့ၿပီျဖစ္ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.