International World Cup

မာတီနက်ဇ်ကြောင့် လာမယ့်ရာသီ ပင်နယ်တီစည်းမျဉ်းပြောင်းလဲတော့မယ့် IFAB

လာမယ့်ရာသီကနေစပြီး ပင်နယ်တီစည်းမျဉ်းကို ပြောင်းလဲဖို့ စီစဉ်နေပြီလို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပြီးနောက် အီမီလီယာနို မာတီနက်ဇ်ဟာ ၎င်းရဲ့ ချဉ်းကပ်ပုံကို မဖြစ်မနေ ပြောင်းလဲရတော့မယ့်ပုံပေါ်ပါတယ်။

နိုင်ငံတကာဘောလုံးအဖွဲ့ချုပ်ဘုတ်အဖွဲ့က လာမယ့် မတ်လ လန်ဒန်မှာ ကျင်းပမယ့် AGM အစည်အဝေးမှာ ပွဲစဉ်အတွင်း အသုံးပြုနေတဲ့ လက်ရှိ စည်းမျဉ်းစည်းကမ်းတွေကို ပြန်လည်သုံးသပ်ပြီး ပြုပြင်ပြောင်းလဲမှုတွေကို ပြုလုပ်သွားမယ်လို့ မျှော်မှန်းထားတာဖြစ်ပါတယ်။

ဒီအစည်းအဝေးမှာ အဓိကဆွေးနွေးမယ့် ကြီးမားတဲ့အကြောင်းအရာတွေထဲက တစ်ခုမှာ ပင်နယ်တီကန်သွင်းမှုပါဝင်ပြီး ဂိုးသမားတွေဆီကနေ စိတ်ဓာတ်စစ်ဆင်ရေးပြုလုပ်တဲ့နည်းလမ်းတွေနဲ့ပတ်သက်ပြီး အဓိကထား ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။

The Sun သတင်းဌာနက မာတင် လစ်ပ်တန်ရဲ့ ပြောကြားချက်အရ IFAB က ဂိုးသမားတွေဟာ အမျိုးမျိုးသော နည်းဗျူဟာတွေနဲ့ ပင်နယ်တီကန်သွင်းသူတွေကို မမျှတစွာ အာရုံထွေပြားအောင် လုပ်ခွင့် မရရှိသင့်ဘူးလို့ ယုံကြည်နေတယ်လို့ သိရပါတယ်။

အဲဒီသတင်းဟာ အက်စတန် ဗီလာဂိုးသမား အီမီလီယာနို မာတီနက်ဇ်အတွက် သတင်းဆိုးဖြစ်လာခဲ့ပြီဖြစ်ပြီး အာဂျင်တီးနားဂိုးသမားဟာ ပင်နယ်တီမှာ ပြိုင်ဘက်ကစားသမားတွေကို အာရုံထွေပြားအောင်လုပ်ရာမှာ အထူးကျွမ်းကျင်သူဖြစ်ပြီး ကိုပါအမေရိကနဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပြိုင်ဘက်ကစားသမားတွေကို ပင်နယ်တီမှာ အနိုင်ယူနိုင်ခဲ့တာဖြစ်ပါတယ်။

ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ မာတီနက်ဇ်ဟာ ဒိုင်လူကြီးကို ပင်နယ်တီစက်ဝိုင်းပေါ်မှာ ဘောလုံးတည်ထားမှုကို စစ်ဆေးပေးဖို့ တောင်းဆိုပြီး ကင်းစလေ ကိုးမန်းကို ပင်နယ်တီကန်သွင်းဖို့ အကြာကြီး စောင့်ဆိုင်းရအောင် ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ ဘိုင်ယန်မြူးနစ်ကြယ်ပွင့်ဟာ စိတ်လှုပ်ရှားနေခဲ့ပုံပေါ်ပြီး မာတီနက်ဇ်က ကင်းစလေ ကိုးမန်းရဲ့ ကန်သွင်းရာမှာ ကာကွယ်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ပြီးတဲ့နောက်မှာ ရီးရဲလ်မက်ဒရစ်ကွင်းလယ်ကြယ်ပွင့် အော်ရယ်လီယန် ချွင်မင်နီ ကန်သွင်းဖို့ လုပ်ဆောင်နေချိန်မှာ မာတီနက်ဇ်ဟာ ဂိုးစည်းပေါ်ကို ဘောလုံးနဲ့အတူ လျှောက်သွားခဲ့ပြီး ပင်နယ်တီဧရိယာအစွန်ကို ဘောလုံးကို ပစ်ခဲ့တာဖြစ်ပါတယ်။ ကမ္ဘာ့ဖလားရွှေလက်အိတ်ဆုရှင်ဟာ ၎င်းရဲ့ အပြုအမူကြောင့် အဝါကတ်ပြား ပြသခြင်းခံခဲ့ရပေမယ့်လည်း ၎င်းရဲ့ စိတ်ဓာတ်စစ်ဆင်ရေးဟာ အောင်မြင်ခဲ့ပြီး ချွင်မင်နီရဲ့ ကန်ချက်က ဂိုးတိုင်ဘေးကို ဝိုက်ထွက်သွားခဲ့တာ ဖြစ်ပါတယ်။

PHOTOS CREDIT TO OWNERS

SPORTS A2Z.

ZAWGYI:

လာမယ့္ရာသီကေနစၿပီး ပင္နယ္တီစည္းမ်ဥ္းကို ေျပာင္းလဲဖို႔ စီစဥ္ေနၿပီလို႔ သတင္းေတြ ထြက္ေပၚလာခဲ့ၿပီးေနာက္ အီမီလီယာႏို မာတီနက္ဇ္ဟာ ၎ရဲ႕ ခ်ဥ္းကပ္ပုံကို မျဖစ္မေန ေျပာင္းလဲရေတာ့မယ့္ပုံေပၚပါတယ္။

ႏိုင္ငံတကာေဘာလုံးအဖြဲ႕ခ်ဳပ္ဘုတ္အဖြဲ႕က လာမယ့္ မတ္လ လန္ဒန္မွာ က်င္းပမယ့္ AGM အစည္အးေဝးမွာ ပြဲစဥ္အတြင္း အသုံးျပဳေနတဲ့ လက္ရွိ စည္းမ်ဥ္းစည္းကမ္းေတြကို ျပန္လည္သုံးသပ္ၿပီး ျပဳျပင္ေျပာင္းလဲမႈေတြကို ျပဳလုပ္သြားမယ္လို႔ ေမွ်ာ္မွန္းထားတာျဖစ္ပါတယ္။

ဒီအစည္းအေဝးမွာ အဓိကေဆြးေႏြးမယ့္ ႀကီးမားတဲ့အေၾကာင္းအရာေတြထဲက တစ္ခုမွာ ပင္နယ္တီကန္သြင္းမႈပါဝင္ၿပီး ဂိုးသမားေတြဆီကေန စိတ္ဓာတ္စစ္ဆင္ေရးျပဳလုပ္တဲ့နည္းလမ္းေတြနဲ႔ပတ္သက္ၿပီး အဓိကထား ေဆြးေႏြးသြားမွာ ျဖစ္ပါတယ္။

The Sun သတင္းဌာနက မာတင္ လစ္ပ္တန္ရဲ႕ ေျပာၾကားခ်က္အရ IFAB က ဂိုးသမားေတြဟာ အမ်ိဳးမ်ိဳးေသာ နည္းဗ်ဴဟာေတြနဲ႔ ပင္နယ္တီကန္သြင္းသူေတြကို မမွ်တစြာ အာ႐ုံေထြျပားေအာင္ လုပ္ခြင့္ မရရွိသင့္ဘူးလို႔ ယုံၾကည္ေနတယ္လို႔ သိရပါတယ္။

အဲဒီသတင္းဟာ အက္စတန္ ဗီလာဂိုးသမား အီမီလီယာႏို မာတီနက္ဇ္အတြက္ သတင္းဆိုးျဖစ္လာခဲ့ၿပီျဖစ္ၿပီး အာဂ်င္တီးနားဂိုးသမားဟာ ပင္နယ္တီမွာ ၿပိဳင္ဘက္ကစားသမားေတြကို အာ႐ုံေထြျပားေအာင္လုပ္ရာမွာ အထူးကြၽမ္းက်င္သူျဖစ္ၿပီး ကိုပါအေမရိကနဲ႔ ကမာၻ႔ဖလားၿပိဳင္ပြဲမွာ ၿပိဳင္ဘက္ကစားသမားေတြကို ပင္နယ္တီမွာ အႏိုင္ယူႏိုင္ခဲ့တာျဖစ္ပါတယ္။

ကမာၻ႔ဖလားဗိုလ္လုပြဲမွာ မာတီနက္ဇ္ဟာ ဒိုင္လူႀကီးကို ပင္နယ္တီစက္ဝိုင္းေပၚမွာ ေဘာလုံးတည္ထားမႈကို စစ္ေဆးေပးဖို႔ ေတာင္းဆိုၿပီး ကင္းစေလ ကိုးမန္းကို ပင္နယ္တီကန္သြင္းဖို႔ အၾကာႀကီး ေစာင့္ဆိုင္းရေအာင္ ျပဳလုပ္ခဲ့တာ ျဖစ္ပါတယ္။ ဘိုင္ယန္ျမဴးနစ္ၾကယ္ပြင့္ဟာ စိတ္လႈပ္ရွားေနခဲ့ပုံေပၚၿပီး မာတီနက္ဇ္က ကင္းစေလ ကိုးမန္းရဲ႕ ကန္သြင္းရာမွာ ကာကြယ္ႏိုင္ခဲ့တာ ျဖစ္ပါတယ္။

ၿပီးတဲ့ေနာက္မွာ ရီးရဲလ္မက္ဒရစ္ကြင္းလယ္ၾကယ္ပြင့္ ေအာ္ရယ္လီယန္ ခြၽင္မင္နီ ကန္သြင္းဖို႔ လုပ္ေဆာင္ေနခ်ိန္မွာ မာတီနက္ဇ္ဟာ ဂိုးစည္းေပၚကို ေဘာလုံးနဲ႔အတူ ေလွ်ာက္သြားခဲ့ၿပီး ပင္နယ္တီဧရိယာအစြန္ကို ေဘာလုံးကို ပစ္ခဲ့တာျဖစ္ပါတယ္။ ကမာၻ႔ဖလားေ႐ႊလက္အိတ္ဆုရွင္ဟာ ၎ရဲ႕ အျပဳအမူေၾကာင့္ အဝါကတ္ျပား ျပသျခင္းခံခဲ့ရေပမယ့္လည္း ၎ရဲ႕ စိတ္ဓာတ္စစ္ဆင္ေရးဟာ ေအာင္ျမင္ခဲ့ၿပီး ခြၽင္မင္နီရဲ႕ ကန္ခ်က္က ဂိုးတိုင္ေဘးကို ဝိုက္ထြက္သြားခဲ့တာ ျဖစ္ပါတယ္။

PHOTOS CREDIT TO OWNERS

SPORTS A2Z.