Carabao & FA Premier League

မန်စီးတီးနဲ့ပွဲမှာ အပြောင်းအလဲ ၃ ခု ပြုလုပ်သွားနိုင်တဲ့ အာတီတာ

အာဆင်နယ်အသင်းဟာ ယနေ့ညမှာ အက်ဖ်အေဖလားစတုတ္ထအဆင့်ပွဲစဉ်အဖြစ် မန်ချက်စတာစီးတီးအိမ်ကွင်းကို သွားရောက်ယှဉ်ပြိုင်ရမှာဖြစ်တာကြောင့် အာတီတာ ဘယ်လို လူစာရင်းနဲ့ ပွဲထွက်လာမလဲဆိုတာ စိတ်ဝင်စားဖွယ် စောင့်ကြည့်ရမှာဖြစ်ပါတယ်။

ဂန်နားတွေဟာ ကာရာဘောင်းဖလားပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပြီးဖြစ်တာကြောင့် အင်္ဂလန်အမှတ်ပေးချန်ပီယံတွေနဲ့ပွဲစဉ်မှာ နောက်ထပ်ဖလားတစ်လုံးကို လက်မလွှတ်ရဖို့ မျှော်လင့်နေမှာဖြစ်ပါတယ်။

ပရီးမီးယားလိဂ်ဆုဖလားစိန်ခေါ်သူ ၂ ဦးဟာ ပရီးမီးယားလိဂ်မှာ ဆုဖလားပြိုင်ပွဲအတွက် အဆုံးအဖြတ်ဖြစ်လာမယ့်ပွဲစဉ်ကို မယှဉ်ပြိုင်မီ အက်ဖ်အေဖလားပွဲစဉ်ကို ယှဉ်ပြိုင်ကစားသွားမှာဖြစ်ပြီး ဒီပွဲမှာ အနိုင်ရရှိတဲ့အသင်းက ပြိုင်ဘက်တွေထက်စိတ်ပိုင်းဆိုင်ရာရ သိသိသာသာ အားသာချက် ရရှိသွားမှာ ဖြစ်ပါတယ်။

မတ် တန်နာဟာ ဖလားပြိုင်ပွဲတွေမှာ မကြာခဏ ကစားခဲ့ရပေမယ့်လည်း မန်ချက်စတာစီးတီးနဲ့ပွဲစဉ်မှာ အာရွန် ရမ်းစ်ဒေးလ်က ပွဲထွက်ကစားသွားနိုင်ပြီး ညာနောက်ခံနေရာမှာ ဘန် ဝှိုက်အစား ယခုရာသီမှာ ထင်သလောက် ပါဝင်ကစားခွင့် မရရှိခဲ့တဲ့ တိုမီယဆုက ပွဲထွက်ကစားသွားဖွယ် ရှိပါတယ်။ ဗဟိုခံစစ်နေရာမှာတော့ မန်ချက်စတာယူနိုက်တက်ကို အနိုင်ရရှိခဲ့တဲ့ပွဲစဉ်ကအတိုင်း အပြောင်းအလဲ မရှိနိုင်ဘဲ ဝီလီယံ ဆာလီဘာနဲ့ ဂါဘရီယဲလ် မာဂါလိုင်စ်တို့ ပွဲထွက်ကစားပေးသွားမှာ ဖြစ်ပါတယ်။

ဘယ်နောက်ခံနေရာမှာတော့ တီယာနီအနေနဲ့ မန်ချက်စတာယူနိုက်တက်နဲ့ပွဲစဉ်မှာ အပြင်းအထန် အားကုန်ထုတ်ကစားခဲ့ရတဲ့ ဇင်ချန်ကိုရဲ့နေရာမှာ ရှားရှားပါးပါး ပွဲထွက်ခွင့် ရရှိလာနိုင်ပြီး ကွင်းလယ်မှာတော့ သောမတ်စ် ပါတေး၊ ချာကာနဲ့ မာတင် အော်ဒီဂွါဒ်တို့အတွဲကိုပဲ မြင်တွေ့ရမှာ ဖြစ်ပါတယ်။

ဘူကာယို ဆာကာနဲ့ နကီးတီးယားတို့ တိုက်စစ်မှာ ပွဲထွက်လာနိုင်ပြီး ကမ္ဘာ့ဖလားကနေ ပြန်လာပြီးကတည်းက အကောင်းဆုံးပုံစံမှာရှိမနေခဲ့တဲ့ မာတီနယ်လီအစား အာတီတာအနေနဲ့ လီအန်ဒရို ထရော့ဆာ့ဒ်ကို အခွင့်အရေးပေးသွားဖွယ်ရှိပါတယ်။

အာဆင်နယ်ရဲ့ ခန့်မှန်းပွဲထွက်လူစာရင်း- ရမ်းစ်ဒေးလ်၊ တိုမီယဆု၊ ဆာလီဘာ၊ ဂါဘရီယဲလ် မာဂါလိုင်စ်၊ တီယာနီ၊ ပါတေး၊ ချာကာ၊ အော်ဒီဂွါဒ်၊ ဆာကာ၊နကီးတီးယား၊ ထရော့ဆာ့ဒ်။

PHOTOS CREDIT TO OWNERS

SPORTS A2Z.

ZAWGYI:

အာဆင္နယ္အသင္းဟာ ယေန႔ညမွာ အက္ဖ္ေအဖလားစတုတၳအဆင့္ပြဲစဥ္အျဖစ္ မန္ခ်က္စတာစီးတီးအိမ္ကြင္းကို သြားေရာက္ယွဥ္ၿပိဳင္ရမွာျဖစ္တာေၾကာင့္ အာတီတာ ဘယ္လို လူစာရင္းနဲ႔ ပြဲထြက္လာမလဲဆိုတာ စိတ္ဝင္စားဖြယ္ ေစာင့္ၾကည့္ရမွာျဖစ္ပါတယ္။

ဂန္နားေတြဟာ ကာရာေဘာင္းဖလားၿပိဳင္ပြဲကေန ထြက္ခြာခဲ့ရၿပီးျဖစ္တာေၾကာင့္ အဂၤလန္အမွတ္ေပးခ်န္ပီယံေတြနဲ႔ပြဲစဥ္မွာ ေနာက္ထပ္ဖလားတစ္လုံးကို လက္မလႊတ္ရဖို႔ ေမွ်ာ္လင့္ေနမွာျဖစ္ပါတယ္။

ပရီးမီးယားလိဂ္ဆုဖလားစိန္ေခၚသူ ၂ ဦးဟာ ပရီးမီးယားလိဂ္မွာ ဆုဖလားၿပိဳင္ပြဲအတြက္ အဆုံးအျဖတ္ျဖစ္လာမယ့္ပြဲစဥ္ကို မယွဥ္ၿပိဳင္မီ အက္ဖ္ေအဖလားပြဲစဥ္ကို ယွဥ္ၿပိဳင္ကစားသြားမွာျဖစ္ၿပီး ဒီပြဲမွာ အႏိုင္ရရွိတဲ့အသင္းက ၿပိဳင္ဘက္ေတြထက္စိတ္ပိုင္းဆိုင္ရာရ သိသိသာသာ အားသာခ်က္ ရရွိသြားမွာ ျဖစ္ပါတယ္။

မတ္ တန္နာဟာ ဖလားၿပိဳင္ပြဲေတြမွာ မၾကာခဏ ကစားခဲ့ရေပမယ့္လည္း မန္ခ်က္စတာစီးတီးနဲ႔ပြဲစဥ္မွာ အာ႐ြန္ ရမ္းစ္ေဒးလ္က ပြဲထြက္ကစားသြားႏိုင္ၿပီး ညာေနာက္ခံေနရာမွာ ဘန္ ဝႈိက္အစား ယခုရာသီမွာ ထင္သေလာက္ ပါဝင္ကစားခြင့္ မရရွိခဲ့တဲ့ တိုမီယဆုက ပြဲထြက္ကစားသြားဖြယ္ ရွိပါတယ္။ ဗဟိုခံစစ္ေနရာမွာေတာ့ မန္ခ်က္စတာယူႏိုက္တက္ကို အႏိုင္ရရွိခဲ့တဲ့ပြဲစဥ္ကအတိုင္း အေျပာင္းအလဲ မရွိႏိုင္ဘဲ ဝီလီယံ ဆာလီဘာနဲ႔ ဂါဘရီယဲလ္ မာဂါလိုင္စ္တို႔ ပြဲထြက္ကစားေပးသြားမွာ ျဖစ္ပါတယ္။

ဘယ္ေနာက္ခံေနရာမွာေတာ့ တီယာနီအေနနဲ႔ မန္ခ်က္စတာယူႏိုက္တက္နဲ႔ပြဲစဥ္မွာ အျပင္းအထန္ အားကုန္ထုတ္ကစားခဲ့ရတဲ့ ဇင္ခ်န္ကိုရဲ႕ေနရာမွာ ရွားရွားပါးပါး ပြဲထြက္ခြင့္ ရရွိလာႏိုင္ၿပီး ကြင္းလယ္မွာေတာ့ ေသာမတ္စ္ ပါေတး၊ ခ်ာကာနဲ႔ မာတင္ ေအာ္ဒီဂြါဒ္တို႔အတြဲကိုပဲ ျမင္ေတြ႕ရမွာ ျဖစ္ပါတယ္။

ဘူကာယို ဆာကာနဲ႔ နကီးတီးယားတို႔ တိုက္စစ္မွာ ပြဲထြက္လာႏိုင္ၿပီး ကမာၻ႔ဖလားကေန ျပန္လာၿပီးကတည္းက အေကာင္းဆုံးပုံစံမွာရွိမေနခဲ့တဲ့ မာတီနယ္လီအစား အာတီတာအေနနဲ႔ လီအန္ဒ႐ို ထေရာ့ဆာ့ဒ္ကို အခြင့္အေရးေပးသြားဖြယ္ရွိပါတယ္။

အာဆင္နယ္ရဲ႕ ခန႔္မွန္းပြဲထြက္လူစာရင္း- ရမ္းစ္ေဒးလ္၊ တိုမီယဆု၊ ဆာလီဘာ၊ ဂါဘရီယဲလ္ မာဂါလိုင္စ္၊ တီယာနီ၊ ပါေတး၊ ခ်ာကာ၊ ေအာ္ဒီဂြါဒ္၊ ဆာကာ၊နကီးတီးယား၊ ထေရာ့ဆာ့ဒ္။

PHOTOS CREDIT TO OWNERS

SPORTS A2Z.