Premier League

အာဆင်နယ်နဲ့ ဇင်ချန်ကိုရဲ့ ချီးကျူးစရာ ကြိုဆိုမှုကို ထုတ်ပြောလိုက်တဲ့ ကီဗီယာရဲ့ အေးဂျင့်

အာဆင်နယ်အသင်းရဲ့ မိသားစုကြီးလို ဖြစ်နေခဲ့တဲ့ အသင်းလိုက် စိတ်နေစိတ်ထားနဲ့ တစ်ဦးနဲ့တစ်ဦးကြား လေးစားချစ်ခင်မှုတွေနဲ့ ပြည့်နေတဲ့ အမ်းမရိတ်ကွင်းထဲက သဘောထားနဲ့ အိုလက်ဇန်ဒါ ဇင်ချန်ကိုရဲ့ ကြိုဆိုမှုကို နောက်ဆုံးရောက်လာခဲ့တဲ့ နောက်ခံလူ ယာကုဘ် ကီဗီယာရဲ့ အေးဂျင့်က ထုတ်ဖော်ပြောကြားခဲ့ရာမှာတော့ ပရိသတ်အားလုံးက ကြည်နူးစရာဖြစ်ခဲ့ရပါတယ်။

အသက် ၂၂ နှစ်အရွယ် ပိုလန်နောက်ခံလူအနေနဲ့ အာဆင်နယ်တို့က မန်ချက်စတာယူနိုက်တက်အသင်းကို အိမ်ကွင်းမှာ လက်ခံကစားခဲ့ရတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ရောက်ရှိလာခဲ့တာဖြစ်ပြီး ဆေးစစ်မှုခံယူဆဲ အနေအထားမှာ ရှိနေခဲ့ပေမယ့် ပွဲကိုတော့ ပွဲကြည့်စင်ပေါ်ကနေ ချစ်သူနဲ့အတူ ကြည့်ရှုအားပေးခဲ့တာဖြစ်ပါတယ်။

အစဉ်အလာ ပြိုင်ဘက်အသင်းကို သုံးဂိုး-နှစ်ဂိုးနဲ့ ပွဲချိန် မိနစ် ၉၀ ရောက်မှ စိတ်လှုပ်ရှားဖွယ်ရာ အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ သူ့ထက် တစ်ရက်စောပြီး အသင်းကို ရောက်ခဲ့တဲ့ တောင်ပံကစားသမား လီယန်ဒရို ထရော့ဆတ်ကတော့ လူစားဝင်ကစားသမားအဖြစ် ပါဝင်ကစားပေးခဲ့ပြီး အနိုင်ရစေမယ့်ဂိုးကို တည်ဆောက်ရာမှာ ပါဝင်ပတ်သက်နိုင်ခဲ့သလို ကစားသမားသစ်နှစ်ဦးအနေနဲ့ လပ်ကီးကောင်းခဲ့တယ်လို့လည်း ဆိုရမှာပါ။

ပွဲအပြီးမှာ အာဆင်နယ်ကစားသမားတွေအနေနဲ့ လှိုက်လှိုက်လှဲလှဲ ပျော်ရွှင်စွာ အောင်ပွဲခံခဲ့ကြပြီး ဒီထဲမှာ နွေရာသီက ပေါင် ၃၂ သန်းနဲ့ ရောက်ရှိလာခဲ့တဲ့ ဘယ်နောက်ခံလူ ဇင်ချန်ကိုကတော့ အနိုင်ဂိုးကို ဖန်တီးရာမှာ အဓိကကျခဲ့သူပီပီ အတက်ကြွဆုံးဖြစ်ခဲ့ပြီး သူ့နဲ့ တွေ့ဆုံခဲ့တဲ့ ပိုလန်သားနဲ့ သူ့အေးဂျင့်အတွက်တော့ အံ့ဩဝမ်းသာစရာဖြစ်ခဲ့ရပါတယ်။

ကီဗီယာရဲ့ အေးဂျင့်ဖြစ်သူ ပါဗယ်လ် ဇီမွန်ချစ်က သူ့ရဲ့ ကစားသမားနဲ့အတူ အာဆင်နယ်အသင်းရဲ့ ကွင်းတွင်း ဥမင်ကို ဝင်ရောက်သွားခဲ့ချိန်မှာ ဇင်ချန်ကိုနဲ့ ကြုံတွေ့ခဲ့ရတဲ့ အကြောင်းကို မီဒီယာတွေဆီ ထုတ်ဖော်ပြောကြားခဲ့ပြီး သူတို့နှစ်ဦးအနေနဲ့ မယုံနိုင်လောက်အောင် ဝမ်းမြောက်ဝမ်းသာဖြစ်ခဲ့ရကြောင်း ဆိုခဲ့တာပါ။

“အဲ့ဒီနေ့က ပွဲအပြီးမှာ အဝတ်လဲခန်းထဲ သွားဖို့တော့ ကျွန်တော်ရော ကီဗီယာပါ စီစဉ်မထားခဲ့ပါဘူး။ ဒါပေမယ့် ရှေ့က ဖြတ်လျှောက်တော့ အဲ့ဒီမှာ ဇင်ချန်ကိုက သူ့ကို မြင်သွားပြီး အဝတ်လဲခန်းထဲကို ဆွဲသွင်းခဲ့တာပါ။ ‘မင်း ဒီကို ရောက်နေမှတော့ ငါတို့အသင်းဖော်ပဲ၊ ငါတို့နဲ့အတူတူပေါ့’ဆိုပြီး အတူတူ အောင်ပွဲခံခိုင်းခဲ့တယ်လေ”လို့ ပိုလန်သတင်းဌာန ကာနယ် စပို့တိုဗီကို ပြောကြားသွားခဲ့တာဖြစ်ပါတယ်။

အာဆင်နယ်အသင်းကို မန်စီးတီးအသင်းက ရောက်လာခဲ့တာ ၆ လသာ ရှိခဲ့သေးပေမယ့် ဇင်ချန်ကိုဟာ မြန်မြန်ဆန်ဆန်ပဲ အသင်းသားတွေရဲ့ အချစ်တော်တစ်ဦးနဲ့ ခေါင်းဆောင်ကောင်းတစ်ဦးဖြစ်လာခဲ့သလို နိုင်လိုစိတ်နဲ့ ချန်ပီယံဖြစ်နိုင်မယ်လို့ ယုံကြည်စိတ်ကို မြှင့်တင်ပေးနိုင်ခဲ့ပြီး နည်းပြ မီခယ်လ် အာတီတာအတွက်တော့ ထူးခြားကောင်းမွန်တဲ့ ခေါ်ယူမှုနဲ့ နည်းစနစ်ပိုင်းဆိုင်ရာအတွက် ကြီးမားတဲ့ သက်ရောက်မှုဖြစ်ခဲ့ကြောင်းလည်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အာဆင္နယ္အသင္းရဲ႕ မိသားစုႀကီးလို ျဖစ္ေနခဲ့တဲ့ အသင္းလိုက္ စိတ္ေနစိတ္ထားနဲ႔ တစ္ဦးနဲ႔တစ္ဦးၾကား ေလးစားခ်စ္ခင္မႈေတြနဲ႔ ျပည့္ေနတဲ့ အမ္းမရိတ္ကြင္းထဲက သေဘာထားနဲ႔ အိုလက္ဇန္ဒါ ဇင္ခ်န္ကိုရဲ႕ ႀကိဳဆိုမႈကို ေနာက္ဆုံးေရာက္လာခဲ့တဲ့ ေနာက္ခံလူ ယာကုဘ္ ကီဗီယာရဲ႕ ေအးဂ်င့္က ထုတ္ေဖာ္ေျပာၾကားခဲ့ရာမွာေတာ့ ပရိသတ္အားလုံးက ၾကည္ႏူးစရာျဖစ္ခဲ့ရပါတယ္။

အသက္ ၂၂ ႏွစ္အ႐ြယ္ ပိုလန္ေနာက္ခံလူအေနနဲ႔ အာဆင္နယ္တို႔က မန္ခ်က္စတာယူႏိုက္တက္အသင္းကို အိမ္ကြင္းမွာ လက္ခံကစားခဲ့ရတဲ့ ပရီးမီးယားလိဂ္ပြဲစဥ္မွာ ေရာက္ရွိလာခဲ့တာျဖစ္ၿပီး ေဆးစစ္မႈခံယူဆဲ အေနအထားမွာ ရွိေနခဲ့ေပမယ့္ ပြဲကိုေတာ့ ပြဲၾကည့္စင္ေပၚကေန ခ်စ္သူနဲ႔အတူ ၾကည့္ရႈအားေပးခဲ့တာျဖစ္ပါတယ္။

အစဥ္အလာ ၿပိဳင္ဘက္အသင္းကို သုံးဂိုး-ႏွစ္ဂိုးနဲ႔ ပြဲခ်ိန္ မိနစ္ ၉၀ ေရာက္မွ စိတ္လႈပ္ရွားဖြယ္ရာ အႏိုင္ရခဲ့တဲ့ ပြဲစဥ္မွာ သူ႔ထက္ တစ္ရက္ေစာၿပီး အသင္းကို ေရာက္ခဲ့တဲ့ ေတာင္ပံကစားသမား လီယန္ဒ႐ို ထေရာ့ဆတ္ကေတာ့ လူစားဝင္ကစားသမားအျဖစ္ ပါဝင္ကစားေပးခဲ့ၿပီး အႏိုင္ရေစမယ့္ဂိုးကို တည္ေဆာက္ရာမွာ ပါဝင္ပတ္သက္ႏိုင္ခဲ့သလို ကစားသမားသစ္ႏွစ္ဦးအေနနဲ႔ လပ္ကီးေကာင္းခဲ့တယ္လို႔လည္း ဆိုရမွာပါ။

ပြဲအၿပီးမွာ အာဆင္နယ္ကစားသမားေတြအေနနဲ႔ လႈိက္လႈိက္လွဲလွဲ ေပ်ာ္႐ႊင္စြာ ေအာင္ပြဲခံခဲ့ၾကၿပီး ဒီထဲမွာ ေႏြရာသီက ေပါင္ ၃၂ သန္းနဲ႔ ေရာက္ရွိလာခဲ့တဲ့ ဘယ္ေနာက္ခံလူ ဇင္ခ်န္ကိုကေတာ့ အႏိုင္ဂိုးကို ဖန္တီးရာမွာ အဓိကက်ခဲ့သူပီပီ အတက္ႂကြဆုံးျဖစ္ခဲ့ၿပီး သူ႔နဲ႔ ေတြ႕ဆုံခဲ့တဲ့ ပိုလန္သားနဲ႔ သူ႔ေအးဂ်င့္အတြက္ေတာ့ အံ့ဩဝမ္းသာစရာျဖစ္ခဲ့ရပါတယ္။

ကီဗီယာရဲ႕ ေအးဂ်င့္ျဖစ္သူ ပါဗယ္လ္ ဇီမြန္ခ်စ္က သူ႔ရဲ႕ ကစားသမားနဲ႔အတူ အာဆင္နယ္အသင္းရဲ႕ ကြင္းတြင္း ဥမင္ကို ဝင္ေရာက္သြားခဲ့ခ်ိန္မွာ ဇင္ခ်န္ကိုနဲ႔ ႀကဳံေတြ႕ခဲ့ရတဲ့ အေၾကာင္းကို မီဒီယာေတြဆီ ထုတ္ေဖာ္ေျပာၾကားခဲ့ၿပီး သူတို႔ႏွစ္ဦးအေနနဲ႔ မယုံႏိုင္ေလာက္ေအာင္ ဝမ္းေျမာက္ဝမ္းသာျဖစ္ခဲ့ရေၾကာင္း ဆိုခဲ့တာပါ။

“အဲ့ဒီေန႔က ပြဲအၿပီးမွာ အဝတ္လဲခန္းထဲ သြားဖို႔ေတာ့ ကြၽန္ေတာ္ေရာ ကီဗီယာပါ စီစဥ္မထားခဲ့ပါဘူး။ ဒါေပမယ့္ ေရွ႕က ျဖတ္ေလွ်ာက္ေတာ့ အဲ့ဒီမွာ ဇင္ခ်န္ကိုက သူ႔ကို ျမင္သြားၿပီး အဝတ္လဲခန္းထဲကို ဆြဲသြင္းခဲ့တာပါ။ ‘မင္း ဒီကို ေရာက္ေနမွေတာ့ ငါတို႔အသင္းေဖာ္ပဲ၊ ငါတို႔နဲ႔အတူတူေပါ့’ဆိုၿပီး အတူတူ ေအာင္ပြဲခံခိုင္းခဲ့တယ္ေလ”လို႔ ပိုလန္သတင္းဌာန ကာနယ္ စပို႔တိုဗီကို ေျပာၾကားသြားခဲ့တာျဖစ္ပါတယ္။

အာဆင္နယ္အသင္းကို မန္စီးတီးအသင္းက ေရာက္လာခဲ့တာ ၆ လသာ ရွိခဲ့ေသးေပမယ့္ ဇင္ခ်န္ကိုဟာ ျမန္ျမန္ဆန္ဆန္ပဲ အသင္းသားေတြရဲ႕ အခ်စ္ေတာ္တစ္ဦးနဲ႔ ေခါင္းေဆာင္ေကာင္းတစ္ဦးျဖစ္လာခဲ့သလို ႏိုင္လိုစိတ္နဲ႔ ခ်န္ပီယံျဖစ္ႏိုင္မယ္လို႔ ယုံၾကည္စိတ္ကို ျမႇင့္တင္ေပးႏိုင္ခဲ့ၿပီး နည္းျပ မီခယ္လ္ အာတီတာအတြက္ေတာ့ ထူးျခားေကာင္းမြန္တဲ့ ေခၚယူမႈနဲ႔ နည္းစနစ္ပိုင္းဆိုင္ရာအတြက္ ႀကီးမားတဲ့ သက္ေရာက္မႈျဖစ္ခဲ့ေၾကာင္းလည္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.