Ligue1 Other Leagues

မက်ဆီနဲ့ ရော်နယ်လ်ဒိုတို့ကို ဘယ်လိုသဘောထားလဲဆိုတာ ပြောပြခဲ့တဲ့ ကာကာ

ဘရာဇီးလ်ဂန္တဝင် ကာကာဟာ ခရစ္စတီယာနို ရော်နယ်လ်ဒိုနဲ့ လီယွန်နယ် မက်ဆီတို့ကြား GOAT အငြင်းအခုံကို တုံ့ပြန်ခဲ့တဲ့ စကားဟာ ပြန်လည်ထွက်ပေါ်လာခဲ့ပါတယ်။

တသက်တာအကောင်းဆုံးကစားသမား ၂ ဦးဟာ ဆယ်စုနှစ် တစ်ခုခွဲကျော် တစ်ယောက်နဲ့တစ်ယောက် အပြိုင်အဆိုင် ခြေစွမ်းပြသခဲ့ကြတာဖြစ်ပြီး မက်ဆီနဲ့ ရော်နယ်လ်ဒိုတို့ထဲက ဘယ်သူက ပိုမိုကောင်းမွန်တဲ့ကစားသမားလဲဆိုတဲ့ အငြင်းအခုံဟာ အမြင်အမျိုးမျိုးကွဲပြားစေခဲ့တာ အခုအချိန်အထိပဲ ဖြစ်ပါတယ်။

ခေတ်သစ်ဘောလုံးဂန္တဝင် ၂ ဦးကြားက ဘယ်သူ့ကို ရွေးချယ်မလဲလို့ မေးမြန်းခဲ့တဲ့အချိန်မှာ ကာကာက လီယွန်နယ် မက်ဆီနဲ့ ခရစ္စတီယာနို ရော်နယ်လ်ဒိုတို့ ၂ ဦးစလုံးရဲ့ ကောင်းကွက်တွေကို အဓိကထား ပြောဆိုသွားခဲ့တာဖြစ်ပါတယ်။

ကမ္ဘာ့ဖလားချန်ပီယံဘရာဇီးလ်ကွင်းလယ်တိုက်စစ်ကစားသမားဟောင်းက လီယွန်နယ် မက်ဆီကို ဉာဏ်ကြီးရှင်အဖြစ် ချီးကျူးခဲ့သလို ခရစ္စတီယာနို ရော်နယ်လ်ဒိုကို ၎င်းရဲ့ အလွန်ကြီးမားတဲ့ စိတ်ပိုင်းဆိုင်ရာအတွက် ချီးကျူးခဲ့ပေမယ့်လည်း ရီးရဲလ်မက်ဒရစ်အသင်းဖော်ဟောင်း ပေါ်တူဂီကြယ်ပွင့်ကိုတော့ အောင်မြင်မှုရရှိဖို့ စိတ်ပိုင်းဖြတ်နိုင်စွမ်းကြောင့် ရွေးချယ်ရလိမ့်မယ်လို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

“ကျွန်တော် လီယွန်နယ် မက်ဆီနဲ့ ခရစ္စတီယာနို ရော်နယ်လ်ဒိုကို ဒီလိုမျိုး ခွဲပြောရလိမ့်မယ်။ တစ်ယောက်က ဉာဏ်ကြီးရှင်နဲ့ တခြားတစ်ယောက်ကတော့ အရမ်းကို အားကောင်းတဲ့စိတ်ပိုင်းဆိုင်ရာရှိပါတယ်။ အခု ခင်ဗျားက ကျွန်တော့်အသင်းအတွက် ဘယ်သူကို လိုချင်လဲလို့ မေးမြန်းခဲ့မယ်ဆိုရင် ကျွန်တော် ခရစ္စတီယာနိုကို ရွေးချယ်ရလိမ့်မယ်။ သူ့ရဲ့ ကျရှုံးနိုင်တဲ့အခွင့်အရေးက အရမ်းကို သေးငယ်ပါတယ်။ သူက အရမ်းကို စိတ်ပိုင်းဖြတ်ထားပြီး အာရုံစိုက်ထားပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

လီယွန်နယ် မက်ဆီနဲ့ ရော်နယ်လ်ဒိုတို့ဟာ ဆယ်စုနှစ်တစ်ခုကျော်အထိ ဘောလုံးပြိုင်ပွဲကို လွှမ်းမိုးထားနိုင်ခဲ့ကြသူတွေဖြစ်တယ်ဆိုတာကို ၎င်းတို့ ၂ နှစ်ဦးပေါင်း ဘလွန်ဒေါ ၁၂ ဆုအထိ ရရှိခဲ့တာကို ကြည့်ရင် သိနိုင်မှာဖြစ်ပါတယ်။

လီယွန်နယ် မက်ဆီဟာ ဘလွန်ဒေါဆုကို ၇ ကြိမ်အထိ စံချိန်တင်ဆွတ်ခူးနိုင်ခဲ့ချိန်မှာ ရော်နယ်လ်ဒိုကလည်း ၅ ကြိမ်အထိ ရရှိခဲ့တာဖြစ်ပြီး ကာကာဟာ ရော်နယ်လ်ဒိုနဲ့ မက်ဆီတို့ ဘလွန်ဒေါဆုပြိုင်ပွဲကို မလွှမ်းမိုးခင် နောက်ဆုံး ဆုရရှိခဲ့တဲ့ ကစားသမားဖြစ်ခဲ့တာဖြစ်ပါတယ်။

PHOTOS CREDIT TO OWNERS

SPORTS A2Z.

ZAWGYI:

ဘရာဇီးလ္ဂႏၲဝင္ ကာကာဟာ ခရစၥတီယာႏို ေရာ္နယ္လ္ဒိုနဲ႔ လီယြန္နယ္ မက္ဆီတို႔ၾကား GOAT အျငင္းအခုံကို တုံ႔ျပန္ခဲ့တဲ့ စကားဟာ ျပန္လည္ထြက္ေပၚလာခဲ့ပါတယ္။

တသက္တာအေကာင္းဆုံးကစားသမား ၂ ဦးဟာ ဆယ္စုႏွစ္ တစ္ခုခြဲေက်ာ္ တစ္ေယာက္နဲ႔တစ္ေယာက္ အၿပိဳင္အဆိုင္ ေျခစြမ္းျပသခဲ့ၾကတာျဖစ္ၿပီး မက္ဆီနဲ႔ ေရာ္နယ္လ္ဒိုတို႔ထဲက ဘယ္သူက ပိုမိုေကာင္းမြန္တဲ့ကစားသမားလဲဆိုတဲ့ အျငင္းအခုံဟာ အျမင္အမ်ိဳးမ်ိဳးကြဲျပားေစခဲ့တာ အခုအခ်ိန္အထိပဲ ျဖစ္ပါတယ္။

ေခတ္သစ္ေဘာလုံးဂႏၲဝင္ ၂ ဦးၾကားက ဘယ္သူ႔ကို ေ႐ြးခ်ယ္မလဲလို႔ ေမးျမန္းခဲ့တဲ့အခ်ိန္မွာ ကာကာက လီယြန္နယ္ မက္ဆီနဲ႔ ခရစၥတီယာႏို ေရာ္နယ္လ္ဒိုတို႔ ၂ ဦးစလုံးရဲ႕ ေကာင္းကြက္ေတြကို အဓိကထား ေျပာဆိုသြားခဲ့တာျဖစ္ပါတယ္။

ကမာၻ႔ဖလားခ်န္ပီယံဘရာဇီးလ္ကြင္းလယ္တိုက္စစ္ကစားသမားေဟာင္းက လီယြန္နယ္ မက္ဆီကို ဉာဏ္ႀကီးရွင္အျဖစ္ ခ်ီးက်ဴးခဲ့သလို ခရစၥတီယာႏို ေရာ္နယ္လ္ဒိုကို ၎ရဲ႕ အလြန္ႀကီးမားတဲ့ စိတ္ပိုင္းဆိုင္ရာအတြက္ ခ်ီးက်ဴးခဲ့ေပမယ့္လည္း ရီးရဲလ္မက္ဒရစ္အသင္းေဖာ္ေဟာင္း ေပၚတူဂီၾကယ္ပြင့္ကိုေတာ့ ေအာင္ျမင္မႈရရွိဖို႔ စိတ္ပိုင္းျဖတ္ႏိုင္စြမ္းေၾကာင့္ ေ႐ြးခ်ယ္ရလိမ့္မယ္လို႔ ေျပာၾကားခဲ့တာ ျဖစ္ပါတယ္။

“ကြၽန္ေတာ္ လီယြန္နယ္ မက္ဆီနဲ႔ ခရစၥတီယာႏို ေရာ္နယ္လ္ဒိုကို ဒီလိုမ်ိဳး ခြဲေျပာရလိမ့္မယ္။ တစ္ေယာက္က ဉာဏ္ႀကီးရွင္နဲ႔ တျခားတစ္ေယာက္ကေတာ့ အရမ္းကို အားေကာင္းတဲ့စိတ္ပိုင္းဆိုင္ရာရွိပါတယ္။ အခု ခင္ဗ်ားက ကြၽန္ေတာ့္အသင္းအတြက္ ဘယ္သူကို လိုခ်င္လဲလို႔ ေမးျမန္းခဲ့မယ္ဆိုရင္ ကြၽန္ေတာ္ ခရစၥတီယာႏိုကို ေ႐ြးခ်ယ္ရလိမ့္မယ္။ သူ႔ရဲ႕ က်ရႈံးႏိုင္တဲ့အခြင့္အေရးက အရမ္းကို ေသးငယ္ပါတယ္။ သူက အရမ္းကို စိတ္ပိုင္းျဖတ္ထားၿပီး အာ႐ုံစိုက္ထားပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

လီယြန္နယ္ မက္ဆီနဲ႔ ေရာ္နယ္လ္ဒိုတို႔ဟာ ဆယ္စုႏွစ္တစ္ခုေက်ာ္အထိ ေဘာလုံးၿပိဳင္ပြဲကို လႊမ္းမိုးထားႏိုင္ခဲ့ၾကသူေတြျဖစ္တယ္ဆိုတာကို ၎တို႔ ၂ ႏွစ္ဦးေပါင္း ဘလြန္ေဒါ ၁၂ ဆုအထိ ရရွိခဲ့တာကို ၾကည့္ရင္ သိႏိုင္မွာျဖစ္ပါတယ္။

လီယြန္နယ္ မက္ဆီဟာ ဘလြန္ေဒါဆုကို ၇ ႀကိမ္အထိ စံခ်ိန္တင္ဆြတ္ခူးႏိုင္ခဲ့ခ်ိန္မွာ ေရာ္နယ္လ္ဒိုကလည္း ၅ ႀကိမ္အထိ ရရွိခဲ့တာျဖစ္ၿပီး ကာကာဟာ ေရာ္နယ္လ္ဒိုနဲ႔ မက္ဆီတို႔ ဘလြန္ေဒါဆုၿပိဳင္ပြဲကို မလႊမ္းမိုးခင္ ေနာက္ဆုံး ဆုရရွိခဲ့တဲ့ ကစားသမားျဖစ္ခဲ့တာျဖစ္ပါတယ္။

PHOTOS CREDIT TO OWNERS

SPORTS A2Z.