Other Leagues

အယ်လ် နက်ဆာရဲ့ဆော်ဒီဖလားပွဲစဉ်အတွက် သတင်းစကားပေးပို့လိုက်တဲ့ ရော်နယ်လ်ဒို

ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ ဆော်ဒီပရိုလိဂ်ပြိုင်ဘက် အယ်လ် အစ်တီဟတ်နဲ့ ယှဉ်ပြိုင်ကစားရမယ့် ဆော်ဒီစူပါဖလားပွဲစဉ်အတွက် စိတ်လှုပ်ရှားမှုကို ထုတ်ဖော် ပြောကြားခဲ့ပါတယ်။

ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ ပြီးခဲ့တဲ့အပတ်က အက်တီဖတ်နဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ဆော်ဒီ ပရိုလိဂ်ပွဲစဉ်မှာ အယ်လ် နက်ဆာအသင်းအတွက် ပွဲဦးထွက်ပါဝင်ကစားပေးခဲ့တာဖြစ်ပြီး မိနစ် ၉၀ အပြည့်ပါဝင်ကစားပေးခဲ့ရာမှာ အသင်းကို ၁-၀ နဲ့ နိုင်ပွဲရရှိအောင် ကူညီပေးနိုင်ခဲ့တာဖြစ်ပါတယ်။

ပေါ်တူဂီဂန္တဝင်တိုက်စစ်မှူးဟာ လက်ရှိမှာတော့ ယနေ့ည Najd ရဲ့ သူရဲကောင်းများအတွက် ဖလားပြိုင်ပွဲမှာ ပါဝင်ကစားပေးသွားဖို့ ပြင်ဆင်နေပြီဖြစ်ပြီး ဆော်ဒီ စူပါဖလား ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် အယ်လ် အစ်တီဟတ်နဲ့ ယှဉ်ပြိုင်ကစားချိန်မှာ အသင်းအတွက် ပွဲထွက်ပါဝင်ကစားပေးသွားဖို့ မျှော်မှန်းခြင်းခံထားရပါတယ်။

အယ်လ် နက်ဆာဟာ လိဂ်ပြိုင်ဘက်တွေနဲ့ တွေ့ဆုံယှဉ်ပြိုင်သွားဖို့ ကြိုတင်ပြင်ဆင်နေပြီး ရော်နယ်လ်ဒိုဟာ အသင်းသစ်အတွက် ပထမဆုံး သွင်းဂိုးကို သွင်းယူပေးနိုင်ဖို့အတွက် မျှော်လင့်နေမှာ ဖြစ်ပါတယ်။

အသက် ၃၇ နှစ်အရွယ်တိုက်စစ်မှူးဟာ အယ်လ် နက်ဆာအသင်းကိုလည်း ဆော်ဒီ စူပါလိဂ်အောင်ပွဲနဲ့ နောက်ထပ်ခြေတစ်လှမ်းပိုမိုနီးကပ်လာအောင် ပို့ဆောင်ပေးဖို့ စိတ်ပိုင်းဖြတ်ထားမှာဖြစ်ပြီး အယ်လ် အစ်တီဟတ်နဲ့ ပွဲမတိုင်ခင် ခရစ္စတီယာနို ရော်နယ်လ်ဒိုက ၎င်းရဲ့ စိတ်လှုပ်ရှားမှုကို လူမှုကွန်ရက်ပေါ်မှာ မျှဝေခဲ့ရာမှာ အသင်းကို ပျော်ရွှင်စရာ သတင်းစကားလည်း ပေးပို့ခဲ့တာ ဖြစ်ပါတယ်။

“မနက်ဖြန်ပွဲကြီးပွဲကောင်းကို စောင့်မျှော်နေတယ်။ သွားကြစို့ အသင်း”လို့ ရေးသားခဲ့တာ ဖြစ်ပါတယ်။ ယနေ့ပွဲစဉ်မှာ အယ်လ် အစ်တီဟတ်ကို အနိုင်ရရှိခဲ့မယ်ဆိုရင် အယ်လ် နက်ဆာအသင်းဟာ အယ်လ် ဟီလာလ် သို့မဟုတ် အယ်လ် ဖေဟာအသင်းနဲ့ ဆော်ဒီ စူပါဖလားဗိုလ်လုပွဲမှာ ရင်ဆိုင်သွားရမှာဖြစ်ပြီး ဗိုလ်လုပွဲကို လာမယ့်ဇန်နဝါရီ ၂၉ ရက်နေ့ ရီယက်ဒ်က King Fahd နိုင်ငံတကာကွင်းကြီးထဲမှာ တွေ့ဆုံယှဉ်ပြိုင်သွားရမှာဖြစ်ပါတယ်။

အယ်လ် နက်ဆာအသင်းဟာ ဆော်ဒီ ပရိုလိဂ်အမှတ်ပေးဇယားထိပ်ဆုံးမှာ ၁၄ ပွဲကနေ ရမှတ် ၃၃ မှတ်နဲ့ ရပ်တည်နေပြီး အယ်လ် အစ်တီဟတ်အသင်းက ရော်နယ်လ်ဒိုရဲ့အသင်းထက် ၂ မှတ်လျော့ တတိယနေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။

PHOTOS CREDIT TO OWNERS

SPORTS A2Z.

ZAWGYI:

ခရစၥတီယာႏို ေရာ္နယ္လ္ဒိုဟာ ေဆာ္ဒီပ႐ိုလိဂ္ၿပိဳင္ဘက္ အယ္လ္ အစ္တီဟတ္နဲ႔ ယွဥ္ၿပိဳင္ကစားရမယ့္ ေဆာ္ဒီစူပါဖလားပြဲစဥ္အတြက္ စိတ္လႈပ္ရွားမႈကို ထုတ္ေဖာ္ ေျပာၾကားခဲ့ပါတယ္။

ခရစၥတီယာႏို ေရာ္နယ္လ္ဒိုဟာ ၿပီးခဲ့တဲ့အပတ္က အက္တီဖတ္နဲ႔ ယွဥ္ၿပိဳင္ကစားခဲ့တဲ့ ေဆာ္ဒီ ပ႐ိုလိဂ္ပြဲစဥ္မွာ အယ္လ္ နက္ဆာအသင္းအတြက္ ပြဲဦးထြက္ပါဝင္ကစားေပးခဲ့တာျဖစ္ၿပီး မိနစ္ ၉၀ အျပည့္ပါဝင္ကစားေပးခဲ့ရာမွာ အသင္းကို ၁-၀ နဲ႔ ႏိုင္ပြဲရရွိေအာင္ ကူညီေပးႏိုင္ခဲ့တာျဖစ္ပါတယ္။

ေပၚတူဂီဂႏၲဝင္တိုက္စစ္မႉးဟာ လက္ရွိမွာေတာ့ ယေန႔ည Najd ရဲ႕ သူရဲေကာင္းမ်ားအတြက္ ဖလားၿပိဳင္ပြဲမွာ ပါဝင္ကစားေပးသြားဖို႔ ျပင္ဆင္ေနၿပီျဖစ္ၿပီး ေဆာ္ဒီ စူပါဖလား ဆီမီးဖိုင္နယ္ပြဲစဥ္အျဖစ္ အယ္လ္ အစ္တီဟတ္နဲ႔ ယွဥ္ၿပိဳင္ကစားခ်ိန္မွာ အသင္းအတြက္ ပြဲထြက္ပါဝင္ကစားေပးသြားဖို႔ ေမွ်ာ္မွန္းျခင္းခံထားရပါတယ္။

အယ္လ္ နက္ဆာဟာ လိဂ္ၿပိဳင္ဘက္ေတြနဲ႔ ေတြ႕ဆုံယွဥ္ၿပိဳင္သြားဖို႔ ႀကိဳတင္ျပင္ဆင္ေနၿပီး ေရာ္နယ္လ္ဒိုဟာ အသင္းသစ္အတြက္ ပထမဆုံး သြင္းဂိုးကို သြင္းယူေပးႏိုင္ဖို႔အတြက္ ေမွ်ာ္လင့္ေနမွာ ျဖစ္ပါတယ္။

အသက္ ၃၇ ႏွစ္အ႐ြယ္တိုက္စစ္မႉးဟာ အယ္လ္ နက္ဆာအသင္းကိုလည္း ေဆာ္ဒီ စူပါလိဂ္ေအာင္ပြဲနဲ႔ ေနာက္ထပ္ေျခတစ္လွမ္းပိုမိုနီးကပ္လာေအာင္ ပို႔ေဆာင္ေပးဖို႔ စိတ္ပိုင္းျဖတ္ထားမွာျဖစ္ၿပီး အယ္လ္ အစ္တီဟတ္နဲ႔ ပြဲမတိုင္ခင္ ခရစၥတီယာႏို ေရာ္နယ္လ္ဒိုက ၎ရဲ႕ စိတ္လႈပ္ရွားမႈကို လူမႈကြန္ရက္ေပၚမွာ မွ်ေဝခဲ့ရာမွာ အသင္းကို ေပ်ာ္႐ႊင္စရာ သတင္းစကားလည္း ေပးပို႔ခဲ့တာ ျဖစ္ပါတယ္။

“မနက္ျဖန္ပြဲႀကီးပြဲေကာင္းကို ေစာင့္ေမွ်ာ္ေနတယ္။ သြားၾကစို႔ အသင္း”လို႔ ေရးသားခဲ့တာ ျဖစ္ပါတယ္။ ယေန႔ပြဲစဥ္မွာ အယ္လ္ အစ္တီဟတ္ကို အႏိုင္ရရွိခဲ့မယ္ဆိုရင္ အယ္လ္ နက္ဆာအသင္းဟာ အယ္လ္ ဟီလာလ္ သို႔မဟုတ္ အယ္လ္ ေဖဟာအသင္းနဲ႔ ေဆာ္ဒီ စူပါဖလားဗိုလ္လုပြဲမွာ ရင္ဆိုင္သြားရမွာျဖစ္ၿပီး ဗိုလ္လုပြဲကို လာမယ့္ဇန္နဝါရီ ၂၉ ရက္ေန႔ ရီယက္ဒ္က King Fahd ႏိုင္ငံတကာကြင္းႀကီးထဲမွာ ေတြ႕ဆုံယွဥ္ၿပိဳင္သြားရမွာျဖစ္ပါတယ္။

အယ္လ္ နက္ဆာအသင္းဟာ ေဆာ္ဒီ ပ႐ိုလိဂ္အမွတ္ေပးဇယားထိပ္ဆုံးမွာ ၁၄ ပြဲကေန ရမွတ္ ၃၃ မွတ္နဲ႔ ရပ္တည္ေနၿပီး အယ္လ္ အစ္တီဟတ္အသင္းက ေရာ္နယ္လ္ဒိုရဲ႕အသင္းထက္ ၂ မွတ္ေလ်ာ့ တတိယေနရာမွာ ရပ္တည္ေနတာျဖစ္ပါတယ္။

PHOTOS CREDIT TO OWNERS

SPORTS A2Z.