Ligue1

ရာထူးတိုး ဆုံးဖြတ်ရာမှာ မက်ဆီကို ကျော်ပြီး ဥက္ကဌကြီးကို မျက်နှာလုပ်ခဲ့တဲ့ ဂဲလ်တီယာ

ပီအက်စ်ဂျီနည်းပြ ခရစ္စတိုဖီ ဂဲလ်တီယာဟာ ဘာစီလိုနာဂန္တဝင်က ပဲရစ်မှာ အသားကျနေပြီဖြစ်ပေမယ့်လည်း ပီအက်စ်ဂျီပထမအသင်းထဲက ရာထူးတိုးဆုံးဖြတ်ရာမှာ လီယွန်နယ် မက်ဆီကို လစ်လျူရှုခဲ့ပါတယ်။

မက်ဆီဟာ ပီအက်စ်ဂျီနဲ့ ဒုတိယမြောက်ရာသီကို ဖြတ်သန်းနေသူဖြစ်ပြီး လာမယ့်နွေရာသီမှာ အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးတော့မှာဖြစ်ပေမယ့်လည်း လိဂန်းထိပ်သီးအသင်းကြီးနဲ့ စာချုပ်သစ် ချုပ်ဆိုဖို့ သဘောတူညီခြင်းမရှိသေးတာဖြစ်ပါတယ်။ ဘလွန်ဒေါ ၇ ဆုရှင်ဟာ ကာတာက ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အာဂျင်တီးနားအသင်းနဲ့အတူ ကမ္ဘာ့ဖလားအောင်မြင်မှု ရရှိခဲ့ပြီးနောက် အပြောင်းအရွှေ့အတွက် ရွေးချယ်စရာတွေ ပိုမိုများပြားလာစေခဲ့တာ ဖြစ်ပါတယ်။

လီယွန်နယ် မက်ဆီဟာ ခရစ္စတီယာနို ရော်နယ်လ်ဒိုလိုမျိုး ဆော်ဒီ အာရေဗျကို မက်မောလောက်ဖွယ် ငွေကြေးပမာဏနဲ့ ပြောင်းရွှေ့နိုင်ခြေရှိတယ်လို့ သတင်းတွေ ထွက်ပေါ်နေခဲ့ပြီး မေဂျာလိဂ်ကနေလည်း စိတ်ဝင်စားမှုကို ရရှိနေတာ ဖြစ်ပါတယ်။ ဂဲလ်တီယာက မကြာသေးမီက မက်ဆီရဲ့ အသင်းဖော် ခီလီယန် အမ်ဘာပေက ပရက်စ်နဲလ် ကင်ပန်ဘီကို ကျော်ပြီး ဒုတိယအသင်းခေါင်းဆောင်အဖြစ် ရာထူးတိုးမြှင့်ခြင်းခံခဲ့ရတယ်လို့ အတည်ပြု ပြောကြားခဲ့တာ ဖြစ်ပါတယ်။

အမ်ဘာပေဟာ ပေးစ်ဒီကက်ဆဲလ်ကို ၇-၀ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲမှာ အသင်းခေါင်းဆောင် မာကင်ညို့စ် အရန်ခုံထိုင်နေခဲ့ရချိန်မှာ အသင်းခေါင်းဆောင်လက်ပတ်ကို ဝတ်ဆင်ကစားခဲ့ပြီး တစ်ဦးတည်း ၅ ဂိုးအထိ သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

“ရာသီအစကတည်းက သူက ဒုတိယအသင်းခေါင်းဆောင်အဖြစ် ကျွန်တော် ဆုံးဖြတ်ခဲ့တယ်။ သူက မာကင်ညို့စ် မရှိတဲ့အချိန်မှာ ဒီလက်ပတ်နဲ့ ထိုက်တန်ပါတယ်။ ဘာလို့လဲဆိုတော့ သူ ဆက်နေဖို့ ဆုံးဖြတ်ခဲ့လို့ပါ။ သူက ပြက္ခဒိန်နှစ်တစ်နှစ်အတွင်း ၅၆ ဂိုးသွင်းခဲ့တယ်”

“သူက ကမ္ဘာ့အဆင့်တိုက်စစ်မှူးတွေထဲက တစ်ဦး၊ ကမ္ဘာပေါ်ကအကောင်းဆုံးကစားသမားတွေထဲကတစ်ဦးပါ။ သူက အဲဒါကို နှစ်သက်တယ်။ သူက ဂိုးတွေသွင်းယူဖို့ ပုံစံထုတ်ထားတဲ့သူပါ။ သူက အလွဲသုံးစားမလုပ်ဘဲ ဂိုးတွေက ပေါင်းစပ်ကစားပြီးနောက်မှာ သဘာဝအတိုင်း ရောက်လာခဲ့တာပါ”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

လီယွန်နယ် မက်ဆီဟာ အသင်းဟောင်း ဘာစီလိုနာအတွက်ရော၊ လက်ရှိမှာ အာဂျင်တီးနားလက်ရွေးစင်အသင်းအတွက်ပါ အသင်းခေါင်းဆောင်အဖြစ် ဦးဆောင်ကစားခဲ့သူဖြစ်ပြီး ဂဲလ်တီယာရဲ့ ချန်ပီယံလိဂ်စီမံကိန်းထဲမှာ တစ်စိတ်တပိုင်းအဖြစ် ရှိနေဆဲဖြစ်တာကြောင့် စာချုပ်သစ် ချုပ်ဆိုနိုင်ဆဲဖြစ်ပါတယ်။

PHOTOS CREDIT TO OWNERS

SPORTS A2Z.

ZAWGYI:

ပီအက္စ္ဂ်ီနည္းျပ ခရစၥတိုဖီ ဂဲလ္တီယာဟာ ဘာစီလိုနာဂႏၲဝင္က ပဲရစ္မွာ အသားက်ေနၿပီျဖစ္ေပမယ့္လည္း ပီအက္စ္ဂ်ီပထမအသင္းထဲက ရာထူးတိုးဆုံးျဖတ္ရာမွာ လီယြန္နယ္ မက္ဆီကို လစ္လ်ဴရႈခဲ့ပါတယ္။

မက္ဆီဟာ ပီအက္စ္ဂ်ီနဲ႔ ဒုတိယေျမာက္ရာသီကို ျဖတ္သန္းေနသူျဖစ္ၿပီး လာမယ့္ေႏြရာသီမွာ အသင္းနဲ႔ စာခ်ဳပ္သက္တမ္းကုန္ဆုံးေတာ့မွာျဖစ္ေပမယ့္လည္း လိဂန္းထိပ္သီးအသင္းႀကီးနဲ႔ စာခ်ဳပ္သစ္ ခ်ဳပ္ဆိုဖို႔ သေဘာတူညီျခင္းမရွိေသးတာျဖစ္ပါတယ္။ ဘလြန္ေဒါ ၇ ဆုရွင္ဟာ ကာတာက ကမာၻ႔ဖလားၿပိဳင္ပြဲမွာ အာဂ်င္တီးနားအသင္းနဲ႔အတူ ကမာၻ႔ဖလားေအာင္ျမင္မႈ ရရွိခဲ့ၿပီးေနာက္ အေျပာင္းအေ႐ႊ႕အတြက္ ေ႐ြးခ်ယ္စရာေတြ ပိုမိုမ်ားျပားလာေစခဲ့တာ ျဖစ္ပါတယ္။

လီယြန္နယ္ မက္ဆီဟာ ခရစၥတီယာႏို ေရာ္နယ္လ္ဒိုလိုမ်ိဳး ေဆာ္ဒီ အာေရဗ်ကို မက္ေမာေလာက္ဖြယ္ ေငြေၾကးပမာဏနဲ႔ ေျပာင္းေ႐ႊ႕ႏိုင္ေျခရွိတယ္လို႔ သတင္းေတြ ထြက္ေပၚေနခဲ့ၿပီး ေမဂ်ာလိဂ္ကေနလည္း စိတ္ဝင္စားမႈကို ရရွိေနတာ ျဖစ္ပါတယ္။ ဂဲလ္တီယာက မၾကာေသးမီက မက္ဆီရဲ႕ အသင္းေဖာ္ ခီလီယန္ အမ္ဘာေပက ပရက္စ္နဲလ္ ကင္ပန္ဘီကို ေက်ာ္ၿပီး ဒုတိယအသင္းေခါင္းေဆာင္အျဖစ္ ရာထူးတိုးျမႇင့္ျခင္းခံခဲ့ရတယ္လို႔ အတည္ျပဳ ေျပာၾကားခဲ့တာ ျဖစ္ပါတယ္။

အမ္ဘာေပဟာ ေပးစ္ဒီကက္ဆဲလ္ကို ၇-၀ နဲ႔ အႏိုင္ရရွိခဲ့တဲ့ပြဲမွာ အသင္းေခါင္းေဆာင္ မာကင္ညိဳ႕စ္ အရန္ခုံထိုင္ေနခဲ့ရခ်ိန္မွာ အသင္းေခါင္းေဆာင္လက္ပတ္ကို ဝတ္ဆင္ကစားခဲ့ၿပီး တစ္ဦးတည္း ၅ ဂိုးအထိ သြင္းယူႏိုင္ခဲ့တာ ျဖစ္ပါတယ္။

“ရာသီအစကတည္းက သူက ဒုတိယအသင္းေခါင္းေဆာင္အျဖစ္ ကြၽန္ေတာ္ ဆုံးျဖတ္ခဲ့တယ္။ သူက မာကင္ညိဳ႕စ္ မရွိတဲ့အခ်ိန္မွာ ဒီလက္ပတ္နဲ႔ ထိုက္တန္ပါတယ္။ ဘာလို႔လဲဆိုေတာ့ သူ ဆက္ေနဖို႔ ဆုံးျဖတ္ခဲ့လို႔ပါ။ သူက ျပကၡဒိန္ႏွစ္တစ္ႏွစ္အတြင္း ၅၆ ဂိုးသြင္းခဲ့တယ္”

“သူက ကမာၻ႔အဆင့္တိုက္စစ္မႉးေတြထဲက တစ္ဦး၊ ကမာၻေပၚကအေကာင္းဆုံးကစားသမားေတြထဲကတစ္ဦးပါ။ သူက အဲဒါကို ႏွစ္သက္တယ္။ သူက ဂိုးေတြသြင္းယူဖို႔ ပုံစံထုတ္ထားတဲ့သူပါ။ သူက အလြဲသုံးစားမလုပ္ဘဲ ဂိုးေတြက ေပါင္းစပ္ကစားၿပီးေနာက္မွာ သဘာဝအတိုင္း ေရာက္လာခဲ့တာပါ”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

လီယြန္နယ္ မက္ဆီဟာ အသင္းေဟာင္း ဘာစီလိုနာအတြက္ေရာ၊ လက္ရွိမွာ အာဂ်င္တီးနားလက္ေ႐ြးစင္အသင္းအတြက္ပါ အသင္းေခါင္းေဆာင္အျဖစ္ ဦးေဆာင္ကစားခဲ့သူျဖစ္ၿပီး ဂဲလ္တီယာရဲ႕ ခ်န္ပီယံလိဂ္စီမံကိန္းထဲမွာ တစ္စိတ္တပိုင္းအျဖစ္ ရွိေနဆဲျဖစ္တာေၾကာင့္ စာခ်ဳပ္သစ္ ခ်ဳပ္ဆိုႏိုင္ဆဲျဖစ္ပါတယ္။

PHOTOS CREDIT TO OWNERS

SPORTS A2Z.