Analysis Article Premier League

အာဆင်နယ်တို့ ပရီးမီးယားလိဂ်ကို ဗိုလ်စွဲဖို့ ထောက်ခံပေးနေတဲ့ အချက် ၃ ချက်

ပရီးမီးယားလိဂ်မှာ ၁၉ ပွဲကစားပြီး ရမှတ် ၅၀ ရရှိထားခဲ့တဲ့ အာဆင်နယ်တို့အနေနဲ့ ဒီနေရာကို ရောက်ရှိနေတဲ့အတွက် ပြိုင်ဘက်ပရိသတ်တွေနဲ့ မလိုသူတွေဆီက အပျက်သဘောဆောင်တဲ့ မှတ်ချက်များစွာ ရရှိထားခဲ့ပြီး သူတို့တွေအနေနဲ့ ရှုံးပွဲတစ်ပွဲသာ ရှိသေးချိန်မှာ အဆင့် ၁ နေရာကနေ လာမယ့် ကာလတွေအတွင်း ဖယ်ပေးရလိမ့်မယ်လို့လည်း လေတိုက်မှုတွေကို ကြုံတွေ့နေခဲ့ရတာဖြစ်ပါတယ်။

နည်းပြ မီခယ်လ် အာတီတာရဲ့ အသင်းအနေနဲ့ လက်ရှိအနေအထားမှာ အတည်ငြိမ်ဆုံးပုံစံကို ပြသထားနိုင်တဲ့ အသင်းဖြစ်နေပြီး ဥရောပ ထိပ်တန်းလိဂ်တွေမှာလည်း ရမှတ်အမြင့်မားဆုံးကို စီးရီးအေက နာပိုလီအသင်းနဲ့အတူ ပိုင်ဆိုင်ထားခဲ့သလို အကြောင်းကြောင်း အချက်ချက်တွေကတော့ အာဆင်နယ်တို့ တစ်ကျော့ပြန် ဗိုလ်စွဲဖို့ကို ထောက်ခံနေခဲ့တာပါ။

၃။ ကောင်းမွန်တဲ့ ခံစစ်ကို ပိုင်ဆိုင်ထားခြင်း
ဂန်းနားတွေအနေနဲ့ ဒီရာသီမှာ အတော်လေး ဟန်ချက်ညီတဲ့ အသင်းတစ်သင်းကို တည်ဆောက်ထားနိုင်ရာမှာ ခံစစ်ပိုင်း စွမ်းဆောင်ရည်လည်း အဓိကကျနေခဲ့ပြီး ၁၉ ပွဲမှာ ၁၆ ဂိုးသာ ပေးထားရသလို Clean Sheet ၉ ပွဲအထိ ရထားခဲ့တာက ဒီရာသီမှာ နယူးကာဆယ်လ်တို့နောက်မှာ ဒုတိယအကောင်းဆုံးလည်း ဖြစ်နေခဲ့ပါတယ်။

ဂါဘရီယယ်လ် မာဂါလိုင်စ်နဲ့ ဝီလီယမ် ဆာလီဘာတို့ရဲ့ ခံစစ်ဗဟိုက တော်တော်လေး တည်ငြိမ်သလို သူတို့တွေအနေနဲ့ အဝေးကွင်းတွေမှာ သတိပိုထားပြီး ကစားတဲ့အတွက် ဂိုးပေးရ ပိုနည်းလေ့ရှိပြီး အိမ်ကွင်းမှာတော့ ဖွင့်ကစားတတ်လို့သာ ရှေ့ကလည်းသွင်း နောက်ကလည်း တစ်ဂိုးလောက်တော့ ပြန်ပေးပြီး Clean Sheet နည်းနေခဲ့တာပါ။

ဘန်ဝှိုက်နဲ့ ဇင်ချန်ကိုတို့ကတော့ တောင်ပံခံစစ်တွေမှာ အကောင်းဆုံးတော့ မဟုတ်ပေမယ့် သူတို့ရဲ့ နေရာလွတ်တွေကို ကူညီကစားခဲ့တဲ့ ပါတေး၊ ဆာကာနဲ့ မာတီနယ်လီနဲ့ အော်ဒီဂွါဒ်တို့က Defensive Contribution ကောင်းကောင်းနဲ့ အသင်းလိုက် မခိုမကပ်ဘဲ ဖြည့်ဆည်းကစားပေးနေခဲ့လို့ ခံစစ်ကတော့ စိတ်ချလို့ ရနိုင်တာဖြစ်ပါတယ်။

၂။ တိုက်စစ်ပိုင်းက တည်ငြိမ်မှုရှိခြင်း
အာဆင်နယ်တို့ တိုက်စစ်က ငါးဂိုးခြောက်ဂိုး သွင်းလေ့ မရှိပေမယ့် နှစ်ဂိုးလောက် ပျမ်းမျှ ရနိုင်ဖို့အတွက် အာမခံချက်ကို ပိုင်ဆိုင်ထားပါတယ်။ ပြိုင်ဘက် အသင်းတွေအနေနဲ့ ဆာကာ၊ အော်ဒီဂွါဒ်နဲ့ မာတီနယ်လီတို့ရဲ့ တိုက်စစ်ပိုင်းမှာ နှစ်ဦးလောက်ကိုပဲ ကာကွယ်နိုင်ခွင့် ရှိနေပြီး တစ်ဦးဦးက လွတ်သွားတာနဲ့ ဂိုးတွေ ရှာဖွေနိုင်သလို နယူးကာဆယ်လ်တို့သာ ရှိသမျှလူကုန် ခံစစ်ပိတ်ကစားပြီး အမ်းမရိတ်မှာ Clean Sheet ယူသွားခဲ့တာပါ။

ဂန်းနားတွေအနေနဲ့ ဒီရာသီ ၁၉ ပွဲမှာ ၄၅ ဂိုး သွင်းယူထားပြီး ဒုတိယ ဂိုးအများဆုံး သွင်းယူထားခဲ့သလို မန်စီးတီးတို့နောက် ၈ ဂိုးသာ လျော့နည်းနေပြီး တိုက်စစ်နဲ့ ကွင်းလယ်က တစ်ဦးကောင်း တစ်ယောက်ကောင်း မဟုတ်ဘဲ အားလုံးနီးပါးက ဂိုးသွင်းစွမ်းရည်ကို ပိုင်ဆိုင်ထားခဲ့တာက သူတို့အတွက် အားသာချက်တစ်ရပ်လည်းဖြစ်နေပါတယ်။

၁။ အောင်မြင်မှုကို ဆာလောင်နေကြခြင်း
ဂန်းနားတွေအနေနဲ့ ၂၀၀၃-၀၄ ရာသီနောက်ပိုင်းမှာ အမှတ်ပေးချန်ပီယံဆုနဲ့ ဝေးကွာနေခဲ့ရပြီး လက်စတာစီးတီး ဖလားရသွားတဲ့ ရာသီမှာတောင် ဆယ်မှတ်အကွာက ဒုတိယနဲ့ပဲ ကျေနပ်ခဲ့ရလို့ အာဆင်ဝင်းဂါးနောက်ပိုင်းမှာ သူတို့တွေအတွက်တော့ အသင်းကြီးတစ်သင်းဆိုတဲ့ ဂုဏ်ပုဒ်ကို ဆုဖလားနဲ့ ပြန်သက်သေပြဖို့ လိုအပ်နေခဲ့တာဖြစ်ပါတယ်။

ဒီရာသီမှာတော့ အသင်းကို လူငယ်တွေနဲ့ အခြေခံတည်ဆောက်ခဲ့တာက တော်တော်ကြီး တိုးတက်ကောင်းမွန်လာသလို ဘယ်သူမှ မထင်တာကို လုပ်ပြရင်း အားလုံးကလည်း ယုံကြည်မှု ရှိနေခဲ့ကြပြီဖြစ်လို့ အသင်းသားတွေကြားမှာ ပိုင်ဆိုင်ထားတဲ့ နိုင်လိုစိတ်အပြင် အောင်မြင်မှုကို ဆာလောင်ကြတဲ့ စိတ်ဓာတ်ပြင်းပြမှုကလည်း သူတို့ကို တစ်ကျော့ပြန် ချန်ပီယံအဖြစ် တွန်းပို့သွားနိုင်တာဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ပရီးမီးယားလိဂ္မွာ ၁၉ ပြဲကစားၿပီး ရမွတ္ ၅၀ ရရွိထားခဲ့တဲ့ အာဆင္နယ္တို႔အေနနဲ႔ ဒီေနရာကို ေရာက္ရွိေနတဲ့အတြက္ ၿပိဳင္ဘက္ပရိသတ္ေတြနဲ႔ မလိုသူေတြဆီက အပ်က္သေဘာေဆာင္တဲ့ မွတ္ခ်က္မ်ားစြာ ရရွိထားခဲ့ၿပီး သူတို႔ေတြအေနနဲ႔ ရႈံးပြဲတစ္ပြဲသာ ရွိေသးခ်ိန္မွာ အဆင့္ ၁ ေနရာကေန လာမယ့္ ကာလေတြအတြင္း ဖယ္ေပးရလိမ့္မယ္လို႔လည္း ေလတိုက္မႈေတြကို ႀကဳံေတြ႕ေနခဲ့ရတာျဖစ္ပါတယ္။

နည္းျပ မီခယ္လ္ အာတီတာရဲ႕ အသင္းအေနနဲ႔ လက္ရွိအေနအထားမွာ အတည္ၿငိမ္ဆုံးပုံစံကို ျပသထားႏိုင္တဲ့ အသင္းျဖစ္ေနၿပီး ဥေရာပ ထိပ္တန္းလိဂ္ေတြမွာလည္း ရမွတ္အျမင့္မားဆုံးကို စီးရီးေအက နာပိုလီအသင္းနဲ႔အတူ ပိုင္ဆိုင္ထားခဲ့သလို အေၾကာင္းေၾကာင္း အခ်က္ခ်က္ေတြကေတာ့ အာဆင္နယ္တို႔ တစ္ေက်ာ့ျပန္ ဗိုလ္စြဲဖို႔ကို ေထာက္ခံေနခဲ့တာပါ။

၃။ ေကာင္းမြန္တဲ့ ခံစစ္ကို ပိုင္ဆိုင္ထားျခင္း
ဂန္းနားေတြအေနနဲ႔ ဒီရာသီမွာ အေတာ္ေလး ဟန္ခ်က္ညီတဲ့ အသင္းတစ္သင္းကို တည္ေဆာက္ထားႏိုင္ရာမွာ ခံစစ္ပိုင္း စြမ္းေဆာင္ရည္လည္း အဓိကက်ေနခဲ့ၿပီး ၁၉ ပြဲမွာ ၁၆ ဂိုးသာ ေပးထားရသလို Clean Sheet ၉ ပြဲအထိ ရထားခဲ့တာက ဒီရာသီမွာ နယူးကာဆယ္လ္တို႔ေနာက္မွာ ဒုတိယအေကာင္းဆုံးလည္း ျဖစ္ေနခဲ့ပါတယ္။

ဂါဘရီယယ္လ္ မာဂါလိုင္စ္နဲ႔ ဝီလီယမ္ ဆာလီဘာတို႔ရဲ႕ ခံစစ္ဗဟိုက ေတာ္ေတာ္ေလး တည္ၿငိမ္သလို သူတို႔ေတြအေနနဲ႔ အေဝးကြင္းေတြမွာ သတိပိုထားၿပီး ကစားတဲ့အတြက္ ဂိုးေပးရ ပိုနည္းေလ့ရွိၿပီး အိမ္ကြင္းမွာေတာ့ ဖြင့္ကစားတတ္လို႔သာ ေရွ႕ကလည္းသြင္း ေနာက္ကလည္း တစ္ဂိုးေလာက္ေတာ့ ျပန္ေပးၿပီး Clean Sheet နည္းေနခဲ့တာပါ။

ဘန္ဝႈိက္နဲ႔ ဇင္ခ်န္ကိုတို႔ကေတာ့ ေတာင္ပံခံစစ္ေတြမွာ အေကာင္းဆုံးေတာ့ မဟုတ္ေပမယ့္ သူတို႔ရဲ႕ ေနရာလြတ္ေတြကို ကူညီကစားခဲ့တဲ့ ပါေတး၊ ဆာကာနဲ႔ မာတီနယ္လီနဲ႔ ေအာ္ဒီဂြါဒ္တို႔က Defensive Contribution ေကာင္းေကာင္းနဲ႔ အသင္းလိုက္ မခိုမကပ္ဘဲ ျဖည့္ဆည္းကစားေပးေနခဲ့လို႔ ခံစစ္ကေတာ့ စိတ္ခ်လို႔ ရႏိုင္တာျဖစ္ပါတယ္။

၂။ တိုက္စစ္ပိုင္းက တည္ၿငိမ္မႈရွိျခင္း
အာဆင္နယ္တို႔ တိုက္စစ္က ငါးဂိုးေျခာက္ဂိုး သြင္းေလ့ မရွိေပမယ့္ ႏွစ္ဂိုးေလာက္ ပ်မ္းမွ် ရႏိုင္ဖို႔အတြက္ အာမခံခ်က္ကို ပိုင္ဆိုင္ထားပါတယ္။ ၿပိဳင္ဘက္ အသင္းေတြအေနနဲ႔ ဆာကာ၊ ေအာ္ဒီဂြါဒ္နဲ႔ မာတီနယ္လီတို႔ရဲ႕ တိုက္စစ္ပိုင္းမွာ ႏွစ္ဦးေလာက္ကိုပဲ ကာကြယ္ႏိုင္ခြင့္ ရွိေနၿပီး တစ္ဦးဦးက လြတ္သြားတာနဲ႔ ဂိုးေတြ ရွာေဖြႏိုင္သလို နယူးကာဆယ္လ္တို႔သာ ရွိသမွ်လူကုန္ ခံစစ္ပိတ္ကစားၿပီး အမ္းမရိတ္မွာ Clean Sheet ယူသြားခဲ့တာပါ။

ဂန္းနားေတြအေနနဲ႔ ဒီရာသီ ၁၉ ပြဲမွာ ၄၅ ဂိုး သြင္းယူထားၿပီး ဒုတိယ ဂိုးအမ်ားဆုံး သြင္းယူထားခဲ့သလို မန္စီးတီးတို႔ေနာက္ ၈ ဂိုးသာ ေလ်ာ့နည္းေနၿပီး တိုက္စစ္နဲ႔ ကြင္းလယ္က တစ္ဦးေကာင္း တစ္ေယာက္ေကာင္း မဟုတ္ဘဲ အားလုံးနီးပါးက ဂိုးသြင္းစြမ္းရည္ကို ပိုင္ဆိုင္ထားခဲ့တာက သူတို႔အတြက္ အားသာခ်က္တစ္ရပ္လည္းျဖစ္ေနပါတယ္။

၁။ ေအာင္ျမင္မႈကို ဆာေလာင္ေနၾကျခင္း
ဂန္းနားေတြအေနနဲ႔ ၂၀၀၃-၀၄ ရာသီေနာက္ပိုင္းမွာ အမွတ္ေပးခ်န္ပီယံဆုနဲ႔ ေဝးကြာေနခဲ့ရၿပီး လက္စတာစီးတီး ဖလားရသြားတဲ့ ရာသီမွာေတာင္ ဆယ္မွတ္အကြာက ဒုတိယနဲ႔ပဲ ေက်နပ္ခဲ့ရလို႔ အာဆင္ဝင္းဂါးေနာက္ပိုင္းမွာ သူတို႔ေတြအတြက္ေတာ့ အသင္းႀကီးတစ္သင္းဆိုတဲ့ ဂုဏ္ပုဒ္ကို ဆုဖလားနဲ႔ ျပန္သက္ေသျပဖို႔ လိုအပ္ေနခဲ့တာျဖစ္ပါတယ္။

ဒီရာသီမွာေတာ့ အသင္းကို လူငယ္ေတြနဲ႔ အေျခခံတည္ေဆာက္ခဲ့တာက ေတာ္ေတာ္ႀကီး တိုးတက္ေကာင္းမြန္လာသလို ဘယ္သူမွ မထင္တာကို လုပ္ျပရင္း အားလုံးကလည္း ယုံၾကည္မႈ ရွိေနခဲ့ၾကၿပီျဖစ္လို႔ အသင္းသားေတြၾကားမွာ ပိုင္ဆိုင္ထားတဲ့ ႏိုင္လိုစိတ္အျပင္ ေအာင္ျမင္မႈကို ဆာေလာင္ၾကတဲ့ စိတ္ဓာတ္ျပင္းျပမႈကလည္း သူတို႔ကို တစ္ေက်ာ့ျပန္ ခ်န္ပီယံအျဖစ္ တြန္းပို႔သြားႏိုင္တာျဖစ္ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.