Analysis Article Premier League

ပရီးမီးယားလိဂ်ရဲ့ လက်ရှိ အကောင်းဆုံး လူငယ်ကစားသမား ၅ ဦး

၂၀၂၂-၂၃ ရာသီ ပရီးမီးယားလိဂ်မှာ ခြေစွမ်းပြနိုင်တဲ့ လူငယ်ကစားသမားတွေ ပေါ်ထွက်လာခဲ့ပြီး တချို့ကတော့ သက်ဆိုင်ရာအသင်းတွေအတွက် ထိပ်ဆုံးကနေ ခြေစွမ်းပြခဲ့ကြသလို တချို့ကတော့ စီနီယာကစားသမားတွေနဲ့ မနီးရိုးစွဲလိုက်ပြီး အနာဂတ်မှာ တောက်ပမယ့် ကြယ်ပွင့်၊ ဒါမှမဟုတ် လက်ရှိ အနေအထားမှာပဲ အကောင်းဆုံး ပုံစံတစ်ခုမှာ ရပ်တည်နေတဲ့ ဇာတ်လိုက်ကျော်ကလေးတွေ ဖြစ်လာခဲ့ကြတာပါ။

ဒီထဲကမှ ဒီရာသီမှာ စွမ်းဆောင်ရည် အမြင့်ဆုံးနဲ့ ပရိသတ်တွေ နှစ်သက်သဘောကျအောက် ကစားနိုင်မှု အရှိဆုံး လူငယ်ကြယ်ပွင့် ၅ ဦးကို ရွေးချယ် တင်ဆက်ပေးလိုက်ပြီး မန်ချက်စတာယူနိုက်တက်၊ ဆောက်သမ်တန်၊ အာဆင်နယ်နဲ့ မန်ချက်စတာစီးတီးက ကစားသမားတွေ ပါဝင်နေခဲ့ပါတယ်။

၅။ အာလေဟန်ဒရို ဂါနာချို (မန်ချက်စတာယူနိုက်တက်)
ခရစ္စတီယာနို ရော်နယ်လ်ဒို၊ အန်ထော်နီ မာစီယယ်လ်နဲ့ ဂျေဒန် ဆန်ချိုတို့အကျမှာ တစ်ရှိန်ထိုး အချိန်ကိုက် တက်လာခဲ့တဲ့ အာဂျင်တီးနား လူငယ်ကြယ်ပွင့်ဟာ ပြီးခဲ့တဲ့ ဇူလိုင်လကမှ အသက် ၁၈ နှစ်ပြည့်ခဲ့သူဖြစ်ပြီး နည်းပြ အဲရစ် တန်ဟတ်ရဲ့ လျှို့ဝှက်လက်နက်တစ်ခုဖြစ်လာခဲ့သလို လွန်ခဲ့တဲ့ ဆယ်စုနှစ်အတွင်းမှာ ယူနိုက်တက် အကယ်ဒမီရဲ့ အတောက်ပဆုံး ဖြစ်ခဲ့တဲ့ ထုတ်ကုန်လို့လည်း ဆိုရမှာပါ။

မားကပ်စ် ရက်ရှ်ဖို့ဒ်ရဲ့ ဒုန်းဒိုင်းအုန်းဂွမ်းဆိုတဲ့ လက်ဝှေ့ကျော်စတိုင်နဲ့ ခြားနားပြီး ကိုယ်ဖော့ပညာကောင်းတဲ့ သိုင်းသမားလိုဖြစ်နေတဲ့ ဂါနာချိုဟာ ရဲရဲရင့်ရင့် ဘောလုံးကိုင်နိုင်တဲ့ ကစားသမားဖြစ်သလို ဂိုးပေါက်ကို ဘယ်လိုထိုးဖောက်ရမယ်ဆိုတာ နားလည်ထားပြီး အသင်းဖော်တွေကို ဖန်တီးပေးဖို့ကိုလည်း မတွန့်မဆုတ် တစ်ကိုယ်ကောင်းမဆန်တဲ့ ကစားသမားမျိုးဖြစ်လို့ စီနီယာတွေထက်တောင် ယုံကြည်မှု ပြည့်ဝတယ်လို့ ချီးကျူးခံထားရပါတယ်။

၄။ ရိုမီယို လာဗီယာ (ဆောက်သမ်တန်)
မန်ချက်စတာစီးတီးရဲ့ အစ်တီဟတ်အကယ်ဒမီထွက် ကစားသမားကတော့ ဒီရာသီမှာမှ ဆောက်သမ်တန်အသင်းကို သူ့ရဲ့ ပုံမှန်ကစားခွင့်အတွက် ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး အသင်းရဲ့ အခြေအနေ မကောင်းပေမယ့် သူ့ရဲ့ ခြေစွမ်းကတော့ အသင်းခေါင်းဆောင် ဂျိမ်းစ် ဝါ့ဒ်-ပရောက်စ်နဲ့အတူ ပုံမှန်ထက် ကောင်းမွန်အောင် ကစားပြထားနိုင်ပါတယ်။

ကွင်းလယ်ဗဟိုနဲ့ ညာတောင်ပံတိုက်စစ်တွေမှာ ကစားနိုင်တဲ့ အသက် ၁၉ နှစ်အရွယ် ဘယ်လ်ဂျီယမ်သားဟာ ဒီရာသီမှာ စိန့်တို့အတွက် ပရီးမီးယားလိဂ် ၁၁ ပွဲ ကစားပေးထားပြီး ဘောလုံးပေးပို့မှု ၈၆.၃ ရာခိုင်နှုန်း တိကျခဲ့သလို အဝေးကန်ချက်တွေကို ပြုလုပ်နိုင်သူလည်းဖြစ်ပါတယ်။ ခံစစ်ပိုင်း အတွက်လည်း အားကိုးနိုင်သူဖြစ်တဲ့ လာဗီယာအနေနဲ့ ဒီပွဲတွေမှာ အောင်မြင်တဲ့ ဖျက်ထုတ်မှု အကြိမ် ၂၀ ပြုလုပ်ထားနိုင်ပြီး ဒီထက် မြင့်မားရာဆီကို ရောက်ရှိနိုင်ဦးမယ့်သူလည်းဖြစ်နေခဲ့တာပါ။

၃။ ဝီလီယမ် ဆာလီဘာ (အာဆင်နယ်)
စန်အီတျန်၊ နိစ်နဲ့ မာဆေးလ်တို့မှာ သုံးရာသီဆက်တိုက် အငှားထွက်ကစားလိုက်တာက သူ့အတွက် မှန်ကန်တဲ့ လမ်းကြောင်းဖြစ်သွားခဲ့ပါတယ်။ အာဆင်နယ်တို့ စတင်ခေါ်ယူစဉ်တုန်းက အသက် ၁၈ နှစ်အရွယ်သာ ရှိသေးတဲ့ ဆာလီဘာဟာ ဒီအရွယ်၊ ဒီအတွေ့အကြုံနဲ့ ပရီးမီးယားလိဂ်မှာ ဝင်တိုးခဲ့ရင် ဘူးသီး အမွေးသပ်လိုက်သလိုဖြစ်သွားနိုင်ပေမယ့် အသင်းရဲ့ မှန်ကန်တဲ့ စီမံခန့်ခွဲမှုက သူ့ကို ရင်းနှီးပြီးသား ပြင်သစ်လိဂန်ကို ပို့ဆောင်ထားခဲ့တာပါ။

ပြီးခဲ့တဲ့ ရာသီက မာဆေးလ်အသင်းနဲ့ အောင်မြင်ခဲ့အပြီး ဒီရာသီမှာတော့ အသင်းကို ပြန်ရောက်လာခဲ့ချိန်မှာ ခရစ္စတယ်လ်ပဲလေ့စ်နဲ့ ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်ကို ကစားခွင့် စတင်ရရှိခဲ့သလို ဒီကတည်းက ဆက်တိုက်ပါဝင်ခွင့် ရရှိထားပြီး ၂ ဂိုးသွင်း ၁ ဂိုး ဖန်တီးထားနိုင်သလို အာဆင်နယ်တို့ရဲ့ ခံစစ်ကြောင်းမှာ လျင်မြန်သွက်လက်တဲ့ ကစားပုံနဲ့ ဖျက်ထုတ်မှု ၂၅ ကြိမ်၊ ရှင်းထုတ်မှု ၅၉ ကြိမ် ပြုလုပ်ထားနိုင်ခဲ့တာဖြစ်ပါတယ်။

၂။ ဖီးလ် ဖိုဒန် (မန်ချက်စတာစီးတီး)
ဖိုဒန်အနေနဲ့ ဒီရာသီမှာ တိုက်စစ်မှူးသစ် အာလင်း ဟားလန်းနဲ့အတူ တွဲကစားခဲ့ရပြီး မန်ချက်စတာယူနိုက်တက်ကို ဒါဘီပွဲမှာ ဟက်ထရစ် သွင်းနိုင်ခဲ့ပေမယ့် ခြေစွမ်းကတော့ တည်ငြိမ်မှု နည်းနေခဲ့ပါတယ်။ မိုးပျံအောင် ကောင်းလွန်းခဲ့တဲ့ ပွဲတွေ ရှိခဲ့ပေမယ့် အလုပ်မဖြစ်တဲ့ ပွဲတွေကိုလည်း မြင်ခဲ့ရပြီး နည်းပြ ပက်ပ် ဂွါဒီယိုလာရဲ့ လူထုတ်ပုံတွေက သူ့ကို လုံလောက်တဲ့ အကူအညီနဲ့ ပံ့ပိုးမှုတွေ မရဘဲ ပျက်ကွက်စေခဲ့တာပါ။

ဒါပေမယ့် ဒီရာသီ ၁၈ ပွဲ ကစားထားခဲ့ရာမှာ ဖိုဒန်အနေနဲ့ ၇ ဂိုးသွင်း ၄ ဂိုး ဖန်တီးထားနိုင်ခဲ့ပြီး ဂိုးပေါက်ကန်ချက် ၂၈ ကြိမ်အထိ ပြုလုပ်ထားနိုင်သလို တစ်ပွဲပျမ်းမျှ Key Pass ၁.၂ ကြိမ် ပြုလုပ်ထားနိုင်တာကြောင့် ပုံမှန်ခြေစွမ်း မတည်ငြိမ်တာကလွဲရင် အကောင်းဆုံးအဆင့်မှာ ရှိနေခဲ့ပြီး မန်စီးတီးတို့အတွက် ဆုဖလားတွေ စိန်ခေါ်ရာမှာ အရေးပါဦးမယ့်သူလည်းဖြစ်နေပါတယ်။

၁။ ဘူကာယို ဆာကာ (အာဆင်နယ်)
အာဆင်နယ်အသင်းနဲ့ ပရီးမီးယားလိဂ်ရဲ့ ထိပ်ဆုံးမှာ ရပ်တည်နေဖို့ အကောင်းဆုံး ခြေစွမ်းပြနိုင်သူတွေထဲမှာ ပွဲမရွေး ကွင်းမရွေးတဲ့ ဆာကာက အကောင်းဆုံးဖြစ်တယ်လို့ဆိုရင် အားလုံး ငြင်းကြလိမ့်မယ် မထင်ပါဘူး။ အသက် ၂၁ နှစ်ရွယ် နိုင်ဂျီးရီးယားနွယ်ဖွား ကစားသမားဟာ ဂန်းနားတွေနဲ့ စတုတ္ထရာသီကို ဖြတ်သန်းနေချိန်မှာ ပြီးခဲ့တဲ့ ရာသီတွေကထက် သိသိသာသာ ခြေစွမ်းမြင့်မားခဲ့သလို ညာတောင်ပံတစ်လျှောက်မှာ ဘယ်နောက်ခံလူတွေရဲ့ အိပ်မက်ဆိုးဖြစ်လာခဲ့ပါတယ်။

ပြီးခဲ့တဲ့ ရာသီက ပရီးမီးယားလိဂ်မှာ ၁၁ ဂိုးသွင်းပြီး ၇ ဂိုး ဖန်တီးပေးထားတဲ့ ဆာကာအနေနဲ့ ဒီရာသီမှာတော့ ရာသီတစ်ဝက်ကျိုးချိန်မှာပဲ ၇ ဂိုးသွင်း ၇ ဂိုး ဖန်တီးပေးထားတာဖြစ်ပြီး အာဆင်နယ်အသင်းရဲ့ ထိပ်တန်းအကျိုးပြုကစားသမားဖြစ်နေခဲ့သလို ပြီးခဲ့တဲ့ မန်ချက်စတာယူနိုက်တက်နဲ့ ပွဲမှာတော့ သူ့ရဲ့ အဝေးကန်ချက်နဲ့ ဂိုးသွင်းပြခဲ့တာက သူဟာ ရွိုင်းကီးန်ပြောသလိုပဲ ရီးရဲလ်မက်ဒရစ်အဆင့် ကစားသမားဖြစ်နေပြီလို့ ဆိုရတော့မှာလည်း ဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

၂၀၂၂-၂၃ ရာသီ ပရီးမီးယားလိဂ္မွာ ေျခစြမ္းျပႏိုင္တဲ့ လူငယ္ကစားသမားေတြ ေပၚထြက္လာခဲ့ၿပီး တခ်ိဳ႕ကေတာ့ သက္ဆိုင္ရာအသင္းေတြအတြက္ ထိပ္ဆုံးကေန ေျခစြမ္းျပခဲ့ၾကသလို တခ်ိဳ႕ကေတာ့ စီနီယာကစားသမားေတြနဲ႔ မနီး႐ိုးစြဲလိုက္ၿပီး အနာဂတ္မွာ ေတာက္ပမယ့္ ၾကယ္ပြင့္၊ ဒါမွမဟုတ္ လက္ရွိ အေနအထားမွာပဲ အေကာင္းဆုံး ပုံစံတစ္ခုမွာ ရပ္တည္ေနတဲ့ ဇာတ္လိုက္ေက်ာ္ကေလးေတြ ျဖစ္လာခဲ့ၾကတာပါ။

ဒီထဲကမွ ဒီရာသီမွာ စြမ္းေဆာင္ရည္ အျမင့္ဆုံးနဲ႔ ပရိသတ္ေတြ ႏွစ္သက္သေဘာက်ေအာက္ ကစားႏိုင္မႈ အရွိဆုံး လူငယ္ၾကယ္ပြင့္ ၅ ဦးကို ေ႐ြးခ်ယ္ တင္ဆက္ေပးလိုက္ၿပီး မန္ခ်က္စတာယူႏိုက္တက္၊ ေဆာက္သမ္တန္၊ အာဆင္နယ္နဲ႔ မန္ခ်က္စတာစီးတီးက ကစားသမားေတြ ပါဝင္ေနခဲ့ပါတယ္။

၅။ အာေလဟန္ဒ႐ို ဂါနာခ်ိဳ (မန္ခ်က္စတာယူႏိုက္တက္)
ခရစၥတီယာႏို ေရာ္နယ္လ္ဒို၊ အန္ေထာ္နီ မာစီယယ္လ္နဲ႔ ေဂ်ဒန္ ဆန္ခ်ိဳတို႔အက်မွာ တစ္ရွိန္ထိုး အခ်ိန္ကိုက္ တက္လာခဲ့တဲ့ အာဂ်င္တီးနား လူငယ္ၾကယ္ပြင့္ဟာ ၿပီးခဲ့တဲ့ ဇူလိုင္လကမွ အသက္ ၁၈ ႏွစ္ျပည့္ခဲ့သူျဖစ္ၿပီး နည္းျပ အဲရစ္ တန္ဟတ္ရဲ႕ လွ်ိဳ႕ဝွက္လက္နက္တစ္ခုျဖစ္လာခဲ့သလို လြန္ခဲ့တဲ့ ဆယ္စုႏွစ္အတြင္းမွာ ယူႏိုက္တက္ အကယ္ဒမီရဲ႕ အေတာက္ပဆုံး ျဖစ္ခဲ့တဲ့ ထုတ္ကုန္လို႔လည္း ဆိုရမွာပါ။

မားကပ္စ္ ရက္ရွ္ဖို႔ဒ္ရဲ႕ ဒုန္းဒိုင္းအုန္းဂြမ္းဆိုတဲ့ လက္ေဝွ႔ေက်ာ္စတိုင္နဲ႔ ျခားနားၿပီး ကိုယ္ေဖာ့ပညာေကာင္းတဲ့ သိုင္းသမားလိုျဖစ္ေနတဲ့ ဂါနာခ်ိဳဟာ ရဲရဲရင့္ရင့္ ေဘာလုံးကိုင္ႏိုင္တဲ့ ကစားသမားျဖစ္သလို ဂိုးေပါက္ကို ဘယ္လိုထိုးေဖာက္ရမယ္ဆိုတာ နားလည္ထားၿပီး အသင္းေဖာ္ေတြကို ဖန္တီးေပးဖို႔ကိုလည္း မတြန႔္မဆုတ္ တစ္ကိုယ္ေကာင္းမဆန္တဲ့ ကစားသမားမ်ိဳးျဖစ္လို႔ စီနီယာေတြထက္ေတာင္ ယုံၾကည္မႈ ျပည့္ဝတယ္လို႔ ခ်ီးက်ဴးခံထားရပါတယ္။

၄။ ႐ိုမီယို လာဗီယာ (ေဆာက္သမ္တန္)
မန္ခ်က္စတာစီးတီးရဲ႕ အစ္တီဟတ္အကယ္ဒမီထြက္ ကစားသမားကေတာ့ ဒီရာသီမွာမွ ေဆာက္သမ္တန္အသင္းကို သူ႔ရဲ႕ ပုံမွန္ကစားခြင့္အတြက္ ေျပာင္းေ႐ႊ႕လာခဲ့သူျဖစ္ၿပီး အသင္းရဲ႕ အေျခအေန မေကာင္းေပမယ့္ သူ႔ရဲ႕ ေျခစြမ္းကေတာ့ အသင္းေခါင္းေဆာင္ ဂ်ိမ္းစ္ ဝါ့ဒ္-ပေရာက္စ္နဲ႔အတူ ပုံမွန္ထက္ ေကာင္းမြန္ေအာင္ ကစားျပထားႏိုင္ပါတယ္။

ကြင္းလယ္ဗဟိုနဲ႔ ညာေတာင္ပံတိုက္စစ္ေတြမွာ ကစားႏိုင္တဲ့ အသက္ ၁၉ ႏွစ္အ႐ြယ္ ဘယ္လ္ဂ်ီယမ္သားဟာ ဒီရာသီမွာ စိန႔္တို႔အတြက္ ပရီးမီးယားလိဂ္ ၁၁ ပြဲ ကစားေပးထားၿပီး ေဘာလုံးေပးပို႔မႈ ၈၆.၃ ရာခိုင္ႏႈန္း တိက်ခဲ့သလို အေဝးကန္ခ်က္ေတြကို ျပဳလုပ္ႏိုင္သူလည္းျဖစ္ပါတယ္။ ခံစစ္ပိုင္း အတြက္လည္း အားကိုးႏိုင္သူျဖစ္တဲ့ လာဗီယာအေနနဲ႔ ဒီပြဲေတြမွာ ေအာင္ျမင္တဲ့ ဖ်က္ထုတ္မႈ အႀကိမ္ ၂၀ ျပဳလုပ္ထားႏိုင္ၿပီး ဒီထက္ ျမင့္မားရာဆီကို ေရာက္ရွိႏိုင္ဦးမယ့္သူလည္းျဖစ္ေနခဲ့တာပါ။

၃။ ဝီလီယမ္ ဆာလီဘာ (အာဆင္နယ္)
စန္အီတ်န္၊ နိစ္နဲ႔ မာေဆးလ္တို႔မွာ သုံးရာသီဆက္တိုက္ အငွားထြက္ကစားလိုက္တာက သူ႔အတြက္ မွန္ကန္တဲ့ လမ္းေၾကာင္းျဖစ္သြားခဲ့ပါတယ္။ အာဆင္နယ္တို႔ စတင္ေခၚယူစဥ္တုန္းက အသက္ ၁၈ ႏွစ္အ႐ြယ္သာ ရွိေသးတဲ့ ဆာလီဘာဟာ ဒီအ႐ြယ္၊ ဒီအေတြ႕အႀကဳံနဲ႔ ပရီးမီးယားလိဂ္မွာ ဝင္တိုးခဲ့ရင္ ဘူးသီး အေမြးသပ္လိုက္သလိုျဖစ္သြားႏိုင္ေပမယ့္ အသင္းရဲ႕ မွန္ကန္တဲ့ စီမံခန႔္ခြဲမႈက သူ႔ကို ရင္းႏွီးၿပီးသား ျပင္သစ္လိဂန္ကို ပို႔ေဆာင္ထားခဲ့တာပါ။

ၿပီးခဲ့တဲ့ ရာသီက မာေဆးလ္အသင္းနဲ႔ ေအာင္ျမင္ခဲ့အၿပီး ဒီရာသီမွာေတာ့ အသင္းကို ျပန္ေရာက္လာခဲ့ခ်ိန္မွာ ခရစၥတယ္လ္ပဲေလ့စ္နဲ႔ ပရီးမီးယားလိဂ္အဖြင့္ပြဲစဥ္ကို ကစားခြင့္ စတင္ရရွိခဲ့သလို ဒီကတည္းက ဆက္တိုက္ပါဝင္ခြင့္ ရရွိထားၿပီး ၂ ဂိုးသြင္း ၁ ဂိုး ဖန္တီးထားႏိုင္သလို အာဆင္နယ္တို႔ရဲ႕ ခံစစ္ေၾကာင္းမွာ လ်င္ျမန္သြက္လက္တဲ့ ကစားပုံနဲ႔ ဖ်က္ထုတ္မႈ ၂၅ ႀကိမ္၊ ရွင္းထုတ္မႈ ၅၉ ႀကိမ္ ျပဳလုပ္ထားႏိုင္ခဲ့တာျဖစ္ပါတယ္။

၂။ ဖီးလ္ ဖိုဒန္ (မန္ခ်က္စတာစီးတီး)
ဖိုဒန္အေနနဲ႔ ဒီရာသီမွာ တိုက္စစ္မႉးသစ္ အာလင္း ဟားလန္းနဲ႔အတူ တြဲကစားခဲ့ရၿပီး မန္ခ်က္စတာယူႏိုက္တက္ကို ဒါဘီပြဲမွာ ဟက္ထရစ္ သြင္းႏိုင္ခဲ့ေပမယ့္ ေျခစြမ္းကေတာ့ တည္ၿငိမ္မႈ နည္းေနခဲ့ပါတယ္။ မိုးပ်ံေအာင္ ေကာင္းလြန္းခဲ့တဲ့ ပြဲေတြ ရွိခဲ့ေပမယ့္ အလုပ္မျဖစ္တဲ့ ပြဲေတြကိုလည္း ျမင္ခဲ့ရၿပီး နည္းျပ ပက္ပ္ ဂြါဒီယိုလာရဲ႕ လူထုတ္ပုံေတြက သူ႔ကို လုံေလာက္တဲ့ အကူအညီနဲ႔ ပံ့ပိုးမႈေတြ မရဘဲ ပ်က္ကြက္ေစခဲ့တာပါ။

ဒါေပမယ့္ ဒီရာသီ ၁၈ ပြဲ ကစားထားခဲ့ရာမွာ ဖိုဒန္အေနနဲ႔ ၇ ဂိုးသြင္း ၄ ဂိုး ဖန္တီးထားႏိုင္ခဲ့ၿပီး ဂိုးေပါက္ကန္ခ်က္ ၂၈ ႀကိမ္အထိ ျပဳလုပ္ထားႏိုင္သလို တစ္ပြဲပ်မ္းမွ် Key Pass ၁.၂ ႀကိမ္ ျပဳလုပ္ထားႏိုင္တာေၾကာင့္ ပုံမွန္ေျခစြမ္း မတည္ၿငိမ္တာကလြဲရင္ အေကာင္းဆုံးအဆင့္မွာ ရွိေနခဲ့ၿပီး မန္စီးတီးတို႔အတြက္ ဆုဖလားေတြ စိန္ေခၚရာမွာ အေရးပါဦးမယ့္သူလည္းျဖစ္ေနပါတယ္။

၁။ ဘူကာယို ဆာကာ (အာဆင္နယ္)
အာဆင္နယ္အသင္းနဲ႔ ပရီးမီးယားလိဂ္ရဲ႕ ထိပ္ဆုံးမွာ ရပ္တည္ေနဖို႔ အေကာင္းဆုံး ေျခစြမ္းျပႏိုင္သူေတြထဲမွာ ပြဲမေ႐ြး ကြင္းမေ႐ြးတဲ့ ဆာကာက အေကာင္းဆုံးျဖစ္တယ္လို႔ဆိုရင္ အားလုံး ျငင္းၾကလိမ့္မယ္ မထင္ပါဘူး။ အသက္ ၂၁ ႏွစ္႐ြယ္ ႏိုင္ဂ်ီးရီးယားႏြယ္ဖြား ကစားသမားဟာ ဂန္းနားေတြနဲ႔ စတုတၳရာသီကို ျဖတ္သန္းေနခ်ိန္မွာ ၿပီးခဲ့တဲ့ ရာသီေတြကထက္ သိသိသာသာ ေျခစြမ္းျမင့္မားခဲ့သလို ညာေတာင္ပံတစ္ေလွ်ာက္မွာ ဘယ္ေနာက္ခံလူေတြရဲ႕ အိပ္မက္ဆိုးျဖစ္လာခဲ့ပါတယ္။

ၿပီးခဲ့တဲ့ ရာသီက ပရီးမီးယားလိဂ္မွာ ၁၁ ဂိုးသြင္းၿပီး ၇ ဂိုး ဖန္တီးေပးထားတဲ့ ဆာကာအေနနဲ႔ ဒီရာသီမွာေတာ့ ရာသီတစ္ဝက္က်ိဳးခ်ိန္မွာပဲ ၇ ဂိုးသြင္း ၇ ဂိုး ဖန္တီးေပးထားတာျဖစ္ၿပီး အာဆင္နယ္အသင္းရဲ႕ ထိပ္တန္းအက်ိဳးျပဳကစားသမားျဖစ္ေနခဲ့သလို ၿပီးခဲ့တဲ့ မန္ခ်က္စတာယူႏိုက္တက္နဲ႔ ပြဲမွာေတာ့ သူ႔ရဲ႕ အေဝးကန္ခ်က္နဲ႔ ဂိုးသြင္းျပခဲ့တာက သူဟာ ႐ြိဳင္းကီးန္ေျပာသလိုပဲ ရီးရဲလ္မက္ဒရစ္အဆင့္ ကစားသမားျဖစ္ေနၿပီလို႔ ဆိုရေတာ့မွာလည္း ျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.