Match Report Premier League

ခံစစ္က မပီျပင္ေသးေပမယ့္ ထက္ျမက္တဲ့ တုိက္စစ္တြဲလုံးေတြနဲ႔ မန္စီးတီးတုိ႔ သုံးမွတ္ရယူ

ဝုလ္ဗ္စ္တုိ႔ရဲ႕ မိုလီေနာ့စ္ကြင္းမွာ မန္ခ်က္စတာစီးတီးတုိ႔အေနနဲ႔ ေျခခ်င္း အရမ္းမကြာခဲ့ေပမယ့္ တုိက္စစ္ဆင္မွဳနဲ႔ အဆုံးသတ္မွဳပုိင္းမွာ ပုိမို တိက်ျပတ္သားတဲ့ ပုံစံေတြကို ျပသႏိုင္ခဲ့လုိ႔ ေနာက္က်အႏုိင္ဂိုးတစ္ဂိုးနဲ႔အတူ သုံးဂိုး-တစ္ဂိုးနဲ႔ ေအာင္ပြဲခံႏုိင္ခဲ့ၿပီး အဖြင့္လွႏုိင္ခဲ့ပါတယ္။

ဒီေန႔ပြဲမွာ ခံစစ္ကိုေတာ့ ဂၽြန္စတုန္းစ္နဲ႔ ကစားသမားသစ္ ေအကီတုိ႔ တြဲၿပီး ပြဲထြက္လာခဲ့လို႔ ပရိသတ္ေတြ စိုးရိမ္ခဲ့ရေပမယ့္ ကစားပုံကေတာ့ မႏွစ္ကထက္ တုိးတက္လာခဲ့ၿပီး အျမင့္ေဘာနဲ႔ လူကပ္ပုံတခ်ဳိ႕မွာသာ အားနည္းခဲ့တာျဖစ္လုိ႔ လူစုံလာရင္ေတာ့ ဒီထက္ပုိၿပီး စိတ္ခ်ႏိုင္ဖြယ္လည္း ရွိပါတယ္။

မန္စီးတီးတို႔အတြက္ အဖြင့္ဂိုးကို ပြဲခ်ိန္ မိနစ္ ၂၀ မွာ ႐ိုမန္ ဆိုက္စ္က ကီဗင္ ဒီဘ႐ိုင္းနားကုိ ဂိုးဧရိယာထဲမွာ မလိုအပ္ဘဲ ေလ်ာထိုးဖ်က္ထုတ္ခဲ့လို႔ ရခဲ့တဲ့ ပင္နယ္တီကို ပရီးမီးယားလိဂ္အေကာင္းဆုံးကစားသမားက သူကိုယ္တုိင္ပဲ ကန္သြင္းယူခဲ့ၿပီး ဦးေဆာင္ႏုိင္ခဲ့ပါတယ္။

ပြဲခ်ိန္ ၃၇ မိနစ္မွာေတာ့ တန္ျပန္တုိက္စစ္ကို လွလွပပနဲ႔ ခင္းက်င္းခဲ့ၿပီး ဖိုဒန္ အစျပဳခဲ့တဲ့ ေဘာလုံးကို ေဂ်ဆူးစ္ဆီက တစ္ဆင့္ရယူၿပီး ေတာင္ပံကေန ဂိုးဧရိယာထဲ ဝင္လာတဲ့ စတာလင္က သူ႕ကို ပိတ္ဆုိ႔ဖို႔ ႀကဳိးစားတဲ့ ပက္ထရီစီယိုေဘးကေန Cut Back ျပန္ခ်ဳိးေပးတာကို ဖိုဒန္ကပဲ အဆုံးျပန္သတ္ႏုိင္ခဲ့လို႔ ပထမပုိင္းကို မန္စီးတီးတုိ႔ ႏွစ္ဂိုး-ဂိုးမရွိနဲ႔ ဦးေဆာင္ေနပါတယ္။

တန္ျပန္တုိက္စစ္ေတြကို လ်င္လ်င္ျမန္ျမန္ ကစားတတ္တဲ့ ဝုလ္ဗ္စ္တုိ႔ ဒုတိယပုိင္းမွာ ဖိကစားၿပီး ေခ်ပဂိုး ရယူဖို႔ ႀကဳိးစားေပးမယ့္ ဒုိဟာတီ မရွိကတည္းက Wing Back ေနရာမွာ ဆင္းကစားေနရတဲ့ ထရာအုိေရးရဲ႕ ျဖတ္တင္ေဘာေတြကို အရင္ေတာင္ပံသမားအျဖစ္ ကစားတုန္းက ပုိမိုေစာင့္စားေနရတဲ့အတြက္ လွ်ပ္တစ္ျပက္ အျမန္ထိုးႏွက္ႏုိင္စြမ္းလည္း ေပ်ာက္ဆုံးေနခဲ့ပါတယ္။

ပြဲခ်ိန္ ၇၈ မိနစ္မွာေတာ့ ေထာင့္ကန္ေဘာက ျပန္ထြက္လာတဲ့ ေဘာလုံးကို ပုိဒင့္စ္က ဒီဘ႐ိုင္းနားရဲ႕ ေပါင္ၾကားထဲက ဆြဲထြက္ၿပီး အနီးကပ္ မ,တင္ေပးခဲ့တာကို ဂၽြန္စတုန္းစ္ လူကပ္ပုံ အားနည္းေနမွဳကို အခြင့္ေကာင္းယူႏုိင္ခဲ့တဲ့ ရာအူးလ္ ဟီမီနက္ဇ္က ေခါင္းတုိက္ၿပီး ေခ်ပႏုိင္ခဲ့ပါတယ္။

ဒီေနာက္ပုိင္းမွာေတာ့ ဝုလ္ဗ္စ္တို႔ သေရဂိုးအတြက္ ႀကဳိးစားခဲ့ၾကေပမယ့္ မန္စီးတီးတုိ႔အေနနဲ႔ ကြင္းလယ္မွာတင္ ျဖတ္ေတာက္သြားႏုိင္ခဲ့လို႔ အရာမထင္ခဲ့ေတာ့ဘဲ နာက်င္အခ်ိန္ပုိ ေလးမိနစ္စြန္းစြန္းမွာေတာ့ လက္ပစ္ေဘာကေန ေဘာလုံးရသြားတဲ့ ေဂ်ဆူးစ္က ေထာင့္က်ဥ္းအေနအထားက ကံစမ္းခဲ့ရမွာ ေနာက္ခံလူေျခေထာက္နဲ႔ထိၿပီး လမ္းေၾကာင္းေျပာင္းဝင္သြားခဲ့လို႔ တတိယအႏုိင္ဂိုးရခဲ့ၿပီး သုံးဂိုး-တစ္ဂိုးနဲ႔ ပြဲၿပီးဆုံးခဲ့ပါတယ္။

ဒီေန႔ပြဲကေတာ့ ဂြါဒီယိုလာအေနနဲ႔ ခံစစ္ကို ဂၽြန္စတုန္းစ္နဲ႔ စိတ္ခ်လုိ႔ မရေသးဘဲ ကြန္ပနီေနရာကို အစားထိုးမယ့္သူတစ္ေယာက္ကို မျဖစ္မေန ေခၚရဦးမယ္ဆုိတာကို သတိေပးလိုက္တာပဲျဖစ္ၿပီး ေနာက္တန္းမွာ ေတာင့္တင္းသြားရင္ စိုးရိမ္စရာမလိုတဲ့ တုိက္စစ္ဆင္မွဳေတြနဲ႔ ရာသီသစ္တစ္ခုကို ေကာင္းေကာင္းစိန္ေခၚႏုိင္မွာျဖစ္ေၾကာင္းလည္း ေတြ႕ရွိခဲ့ရသလို ဝုလ္ဗ္စ္ကေတာ့ ထရာအိုေရးကို ေရွ႕ျပန္ပုိ႔ႏုိင္မွ အဆင္ေျပလိမ့္မွာျဖစ္ေၾကာင္း သုံးသပ္ေရးသားလုိက္ရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: ဝုလ်ဗ်စ်တို့ရဲ့ မိုလီနော့စ်ကွင်းမှာ မန်ချက်စတာစီးတီးတို့အနေနဲ့ ခြေချင်း အရမ်းမကွာခဲ့ပေမယ့် တိုက်စစ်ဆင်မှုနဲ့ အဆုံးသတ်မှုပိုင်းမှာ ပိုမို တိကျပြတ်သားတဲ့ ပုံစံတွေကို ပြသနိုင်ခဲ့လို့ နောက်ကျအနိုင်ဂိုးတစ်ဂိုးနဲ့အတူ သုံးဂိုး-တစ်ဂိုးနဲ့ အောင်ပွဲခံနိုင်ခဲ့ပြီး အဖွင့်လှနိုင်ခဲ့ပါတယ်။

ဒီနေ့ပွဲမှာ ခံစစ်ကိုတော့ ဂျွန်စတုန်းစ်နဲ့ ကစားသမားသစ် အေကီတို့ တွဲပြီး ပွဲထွက်လာခဲ့လို့ ပရိသတ်တွေ စိုးရိမ်ခဲ့ရပေမယ့် ကစားပုံကတော့ မနှစ်ကထက် တိုးတက်လာခဲ့ပြီး အမြင့်ဘောနဲ့ လူကပ်ပုံတချို့မှာသာ အားနည်းခဲ့တာဖြစ်လို့ လူစုံလာရင်တော့ ဒီထက်ပိုပြီး စိတ်ချနိုင်ဖွယ်လည်း ရှိပါတယ်။

မန်စီးတီးတို့အတွက် အဖွင့်ဂိုးကို ပွဲချိန် မိနစ် ၂၀ မှာ ရိုမန် ဆိုက်စ်က ကီဗင် ဒီဘရိုင်းနားကို ဂိုးဧရိယာထဲမှာ မလိုအပ်ဘဲ လျောထိုးဖျက်ထုတ်ခဲ့လို့ ရခဲ့တဲ့ ပင်နယ်တီကို ပရီးမီးယားလိဂ်အကောင်းဆုံးကစားသမားက သူကိုယ်တိုင်ပဲ ကန်သွင်းယူခဲ့ပြီး ဦးဆောင်နိုင်ခဲ့ပါတယ်။

ပွဲချိန် ၃၇ မိနစ်မှာတော့ တန်ပြန်တိုက်စစ်ကို လှလှပပနဲ့ ခင်းကျင်းခဲ့ပြီး ဖိုဒန် အစပြုခဲ့တဲ့ ဘောလုံးကို ဂျေဆူးစ်ဆီက တစ်ဆင့်ရယူပြီး တောင်ပံကနေ ဂိုးဧရိယာထဲ ဝင်လာတဲ့ စတာလင်က သူ့ကို ပိတ်ဆို့ဖို့ ကြိုးစားတဲ့ ပက်ထရီစီယိုဘေးကနေ Cut Back ပြန်ချိုးပေးတာကို ဖိုဒန်ကပဲ အဆုံးပြန်သတ်နိုင်ခဲ့လို့ ပထမပိုင်းကို မန်စီးတီးတို့ နှစ်ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်နေပါတယ်။

တန်ပြန်တိုက်စစ်တွေကို လျင်လျင်မြန်မြန် ကစားတတ်တဲ့ ဝုလ်ဗ်စ်တို့ ဒုတိယပိုင်းမှာ ဖိကစားပြီး ချေပဂိုး ရယူဖို့ ကြိုးစားပေးမယ့် ဒိုဟာတီ မရှိကတည်းက Wing Back နေရာမှာ ဆင်းကစားနေရတဲ့ ထရာအိုရေးရဲ့ ဖြတ်တင်ဘောတွေကို အရင်တောင်ပံသမားအဖြစ် ကစားတုန်းက ပိုမိုစောင့်စားနေရတဲ့အတွက် လျှပ်တစ်ပြက် အမြန်ထိုးနှက်နိုင်စွမ်းလည်း ပျောက်ဆုံးနေခဲ့ပါတယ်။

ပွဲချိန် ၇၈ မိနစ်မှာတော့ ထောင့်ကန်ဘောက ပြန်ထွက်လာတဲ့ ဘောလုံးကို ပိုဒင့်စ်က ဒီဘရိုင်းနားရဲ့ ပေါင်ကြားထဲက ဆွဲထွက်ပြီး အနီးကပ် မ,တင်ပေးခဲ့တာကို ဂျွန်စတုန်းစ် လူကပ်ပုံ အားနည်းနေမှုကို အခွင့်ကောင်းယူနိုင်ခဲ့တဲ့ ရာအူးလ် ဟီမီနက်ဇ်က ခေါင်းတိုက်ပြီး ချေပနိုင်ခဲ့ပါတယ်။

ဒီနောက်ပိုင်းမှာတော့ ဝုလ်ဗ်စ်တို့ သရေဂိုးအတွက် ကြိုးစားခဲ့ကြပေမယ့် မန်စီးတီးတို့အနေနဲ့ ကွင်းလယ်မှာတင် ဖြတ်တောက်သွားနိုင်ခဲ့လို့ အရာမထင်ခဲ့တော့ဘဲ နာကျင်အချိန်ပို လေးမိနစ်စွန်းစွန်းမှာတော့ လက်ပစ်ဘောကနေ ဘောလုံးရသွားတဲ့ ဂျေဆူးစ်က ထောင့်ကျဉ်းအနေအထားက ကံစမ်းခဲ့ရမှာ နောက်ခံလူခြေထောက်နဲ့ထိပြီး လမ်းကြောင်းပြောင်းဝင်သွားခဲ့လို့ တတိယအနိုင်ဂိုးရခဲ့ပြီး သုံးဂိုး-တစ်ဂိုးနဲ့ ပွဲပြီးဆုံးခဲ့ပါတယ်။

ဒီနေ့ပွဲကတော့ ဂွါဒီယိုလာအနေနဲ့ ခံစစ်ကို ဂျွန်စတုန်းစ်နဲ့ စိတ်ချလို့ မရသေးဘဲ ကွန်ပနီနေရာကို အစားထိုးမယ့်သူတစ်ယောက်ကို မဖြစ်မနေ ခေါ်ရဦးမယ်ဆိုတာကို သတိပေးလိုက်တာပဲဖြစ်ပြီး နောက်တန်းမှာ တောင့်တင်းသွားရင် စိုးရိမ်စရာမလိုတဲ့ တိုက်စစ်ဆင်မှုတွေနဲ့ ရာသီသစ်တစ်ခုကို ကောင်းကောင်းစိန်ခေါ်နိုင်မှာဖြစ်ကြောင်းလည်း တွေ့ရှိခဲ့ရသလို ဝုလ်ဗ်စ်ကတော့ ထရာအိုရေးကို ရှေ့ပြန်ပို့နိုင်မှ အဆင်ပြေလိမ့်မှာဖြစ်ကြောင်း သုံးသပ်ရေးသားလိုက်ရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.